ကောင်းကင်တခိုမှာ ငြိမ်းချမ်းရေးသက်တံ ဖြန့်ကြက်ကွန့် မြူးနေပါပြီ။
နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူများ စားဝတ်နေရေးဖူလုံကြွယ်ဝရန် မရှိမဖြစ်လိုအပ်သော အချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများကင်းဝေး လျက် တည်ငြိမ်သောနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအ နေတို့လည်း ပါဝင်ပါသည်။ ပဋိပက္ခများဆိုရာတွင် စစ်မက်ဖြစ်ပွားခြင်းသာမက နိုင်ငံ အတွင်းရှိ လူမျိုးတစ်စုနှင့်တစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ယုံ ကြည်ကိုးကွယ်ရာဘာသာ မတူညီကြသူတစ်ဖက်နှင့်တစ်ဖက်၊ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု၊ အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူပြည်သားတို့အကြား အပြန်အလှန်လေးစားမှု ပျက်ပြား ခြင်း၊ ယုံကြည်မှုလျော့ပါးခြင်း၊ သံသယများနေခြင်းတို့်ဖြစ်ပါ သည်။ ထိုပဋိပက္ခများတည်ရှိနေသမျှ ရုပ်ပိုင်းဆိုင်ရာအခြေ အနေများ မည်မျှတည်ငြိမ်နေပါစေ စိုးရိမ်ကြောင့်ကြမှုများ ဖြစ် ပေါ်လျက် ငြိမ်းချမ်းမှုပျက်ပြားရပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ခြင်းဆိုသည်မှာ လူသားတိုင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်လုံး တည်ငြိမ်အေးချမ်းစွာ ဖြစ်တည်နေခြင်း နှင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလို […]
တစ်ချိန်တည်းမှာပဲ မီဒီယာဥပဒေမူကြမ်းသည်လည်း အားပေးမြှောက်စား ဖြည့်ဆည်းရမည့် အကြောင်းတစ်ရပ်ဟု မှတ်ချက်ပြုရမည်ဖြစ်၏။ သေချာဂရုစိုက်ထုတ်နုတ်ပြရမည်က တော့ ပြည်သူ့အကျိုးစီးပွားဆိုင်ရာ မည်သည့်ဥပဒေမဆို ပြည်သူ ကိုယ်တိုင် ပါဝင်ဝန်းရံဖို့ လိုအပ်ချက်ပင်ဖြစ်သည်။
၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။ ထွန်းသိန်းဦး ရေးသည်။ မနှစ်၊ နှစ်ကုန်ပိုင်းလောက်က နယူးယောက် တိုင်း(မ်)သတင်းစာတွင် မြန်မာဘာသာစကားနှင့် ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ ဆောင်းပါးဆိုလိုရင်းက မြန်မာဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားထက် နိုင်ငံရေးဝေါဟာရရှားပါးသည်၊ နိုင်ငံရေးဆိုင်ရာ စကားလုံးများ၏ အဓိပ္ပာယ်ကို ပြည့်စုံတိကျအောင် ပြန်ဆိုနိုင်ရန် လုံလောက်သည့် ဝေါဟာရ မရှိ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးအနာဂတ် အရေးကြီး နေချိန်တွင် မြန်မာဝေါဟာရ မလုံလောက်မှုမှာ နိုင်ငံရေးပြောင်းလဲမှုများအတွက် နှောင့်နှေးမှု တစ်ခုဖြစ်သည်ဟူသော (ယခင်)သမ္မတအကြံ ပေး ဦးသန့်မြင့်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဆောင်းပါးရှင် တောမတ်ဖူလာက မြန်မာဘာသာ စကား ဖွံ့ဖြိုးမှုနောက်ကျပုံကို ထောက်ပြရေးသား ထားခြင်းဖြစ်သည် မြန်မာဝေါဟာရဆင်းရဲမှု ဆောင်းပါးတွင် မြန်မာနိုင်ငံသည် လွတ်လပ်စွာရေးသား ထုတ်ဝေခွင့်ကို […]
၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က လာမယ့်တစ်လ၊ နှစ်လခန့် အတွင်း ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး စတင် ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းပြော ဆိုပြီးချိန်ကစလို့ NLD အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်တွေ လှုပ်ရှားသက်ဝင်လာခဲ့ပါ ပြီ။ တကယ်တော့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သတ်မှတ်ချက်များအရ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို လေးလတစ် ကြိမ်ပြုလုပ်ရမှာပါ။ ဒါကြောင့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကို မေလမှာ ဒုတိယအကြိမ်ကျင်းပ ရမှာဖြစ်ပေမယ့် မကျင်းပခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လ နှောင်းပိုင်းမှာမှ ကျင်းပနိုင်ဖို့ စီစဉ်ထား […]
( ၂၀၁၆ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၅) တွင်ပါရှိမည့် အယ်ဒီတာ အာဘော်ဖြစ်ပါသည်။ ) အစိုးရဟောင်းထံမှ အစိုးရသစ်လက်ဆင့်ကမ်းရယူခဲ့ရသော ဆိုးမွေများစွာထဲတွင် ရခိုင်ပဋိပက္ခသည်လည်း တစ်ခုအပါအဝင်ဖြစ် သည်။ ယခင်အစိုးရက ရခိုင်ပြဿ နာအားမဖြေရှင်းဘဲ ပစ်ထားခဲ့သည်ကို အမှိုက်ကိုမရှင်းဘဲ ဖျာအောက်ထိုးထည့်ခဲ့သည်ဟု စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးက ခိုင်းနှိုင်းပြောဆိုသည်။ ထိုပြ ဿ နာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်က မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို ပြည်တွင်းပြည်ပက စိတ်ဝင်တစားစောင့်ကြည့်နေကြသော်လည်း အစိုးရသစ်က သူ၏မူဝါဒလုပ်ငန်းစဉ်များကို ယနေ့အထိ ရှင်းပြနိုင်ခြင်း မရှိသေးပါ။ ဇွန်ဆိုလျှင် သွေးမြေကျပဋိပက္ခဖြစ်ပွားခဲ့သည်မှာ လေးနှစ်ရှိပြီဖြစ်သည်။ သို့သော် ပြဿ နာမှာ သောင် မတင်၊ ရေမကျဖြစ်နေဆဲ။ လူပေါင်း ၁၃ဝ,ဝဝဝ ကျော်မှာလည်း ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရဆဲ။ […]
၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းသုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ နိုင်ငံတော်သမ္မတသစ်အဖြစ် ဦးထင်ကျော် ရွေး ကောက် တင်မြှောက်ခံရခြင်းနှင့်ပတ်သက်ပြီး KIO ဗဟိုကော်မတီက မတ် ၁၈ ရက်က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်မှာ ပြည်သူလူထုက ရွေးကောက်တင် မြှောက်လိုက်တဲ့ လွှတ်တော်နှစ်ရပ်စလုံးက မတ် ၁၅ ရက်မှာ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်မြှောက် လိုက်ခြင်းကို ကြိုဆိုကြောင်း၊ ပြည်သူလူထုဆန္ဒဖြင့် အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခွင့်ရခြင်းသည် မြန်မာ့နိုင်ငံရေးအပြောင်း အလဲမှာ တိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း၊ သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးလုပ်ငန်းတွေကို အားကြိုးမာန် တက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း KIO […]
၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၄)မှ အယ်ဒီတာ အာဘော်ဖြစ်ပါသည်။ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး နှစ်ပတ်အကြာ၊ သြင်္ကန်ကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ လှုပ်ခတ်သွားသော ပြင်း အားရစ်ချ်တာ စကေး ၆ ဒသမ ၉ အဆင့်ရှိ ငလျင်က ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုအပိုင်းတွင် အားနည်းနေဆဲ မြန်မာနိုင်ငံအား သတိပေးခေါင်း လောင်းထိုးလိုက်သကဲ့သို့ရှိပါသည်။ လူသေဆုံးမှုမရှိသည့်တိုင် အားပြင်းသော ဤငလျင်က တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာတွင် သဘာဝဘေးကြို တင်ပြင်ဆင်ရေးကိုပါ အလေးထားထည့်သွင်းလုပ်ဆောင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သော အစိုးရအား သတိပေးတပ်လှန့်လိုက်ရာလည်းကျပါသည်။ ထိုသို့အားပြင်းသော ငလျင်တစ်ခု လွန်ခဲ့သော ငါးနှစ်ကျော်၊ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ တစ်ပတ်အလို တွင် လှုပ်ခဲ့ပါသေးသည်။ ပြင်းအားရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ထိုငလျင်သည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေ […]
၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ၂ဝ၁၆၊ ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့တဲ့ဒုတိယ သက်တမ်း ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပထမဆုံးတင်သွင်းခဲ့တဲ့အရေးကြီးအဆိုကတော့ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရန် ဖြေရှင်း ပေးရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါ တယ်။ ဒီပဋိပက္ခကြောင့် ကျောင်းသူ၊ ကျောင်း သားများ၊ ဆရာ၊ ဆရာမများ အပါအဝင် ဒေသခံ ထောင်ချီပြီး နီးစပ်ရာဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြရပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ တိုက်ပွဲများကြောင့် နေအိမ်က စွန့်ခွာထွက်ပြေးလာသူတွေ စီးနင်းလိုက်ပါတဲ့ ထော်လာဂျီတစ်စီး တိမ်းမှောက် ချောက်ထဲကျလို့ သံဃာတော်တစ်ပါးအပါအဝင် […]
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၂)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သတ်မှတ်ချက် အရ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ ရက်ကနေ ၁၆ ရက် အထိ ကျင်းပခဲ့ကြပါတယ်။ ညီလာခံမှာ နိုင်ငံ ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး၊ မြေယာ နှင့် သဘာဝ ပတ် ဝန်းကျင်ဆိုပြီး ကဏ္ဍငါးခုကို အစုအဖွဲ့ငါးခုက ဆွေးနွေးတင်ပြကြပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရကိုယ်စား လှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်သား ကိုယ်စားလှယ် ၁၅ဝ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ် စားလှယ် ၁၅ဝ […]
ဒီဇင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၀)မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ပြည်တွင်းပြည်ပမှ ဝေဖန်အပြစ်တင်သံများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအချင်းချင်း အားပြိုင်လွန်ဆွဲမှုတွေကြား ကပဲ အောက်တိုဘာ ၁၅ ရက်က နေပြည် တော်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ တစ်ပြည်လုံး အပစ်ခတ်ရပ် စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးလိုက် ကြပါပြီ။ ဒီလက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို အသိ သက်သေပြုပြီး ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ် ထွန်း၊ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၊ ဒုဗိုလ်မှူးကြီး စိုးဝင်း၊ UPWC ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာ […]
(၂၀၁၅၊နိုဝင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉) တွင် ထွက်ရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။) လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်က စစ်တန်းလျားသိ့ုမပြန်လိုဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင် ကန့်လန့်လိုက်ပါနေသောကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ၌ အခက်အခဲ အတားအဆီးများနှင့် ကြုံနေရချိန်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ အငြင်းပွားဖွယ်လှုပ်ရှားမှု များကြောင့်လည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် ရှုပ်ထွေးလျက်ရှိနေပါသည်။ အတိတ်သမိုင်းကိုပြန်ကြည့်လျှင် ရဟန်းသံဃာများ၏အခန်းကဏ္ဍသည် အရေးပါခဲ့သည်မှာ မည်သို့မျှ ငြင်း၍မရ သော်လည်း ထိုစဉ်တုန်းကအခြေအနေနှင့် ယနေ့အခြေအနေတို့သည် အကွဲပြားကြီး ကွဲပြားလျက်ရှိရာ မဘသအဖွဲ့ဝင် သံဃာတော်များ နိုင်ငံရေးတွင်ပါဝင်လာမှုကို ဝေဖန်မှုများစွာရှိလာသကဲ့သို့ ယင်းအဖွဲ့၏ ရပ်တည်ချက်များနှင့်ပတ် သက်၍လည်း မေးခွန်းထုတ်စရာများဖြစ် လာရပါသည်။ ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြသည့် ယခုလိုအချိန်မျိုးတွင်၊ တစ်နည်းအားဖြင့် စနစ်ဆိုးကိုမြေမြှုပ်ကာ စနစ်သစ် ကို မွေးဖွားပေးရန် အရေးတကြီးလိုအပ်နေသည့် ယနေ့လိုအချိန်မျိုးတွင် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."