နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၉)မှ သတင်းသုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ မောင်သင်တုန်း ပံ့ပိုးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံရေးအလို့ငှာ ဘာသာ သာသနာ ကို အလွဲသုံးစားမပြုလုပ်ရန် ပါရှိသော်လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအတွင်း အမျိုးသားရေးဟူသော စကားလုံးကို တွင်တွင်သုံးကာ ဘာသာရေးကို အသုံးပြု၍ မဲဆွယ်စည်းရုံးလှုပ် ရှားမှုများ ရှိနေသည်ကို တွေ့ရသည်။ ဘာသာရေးကို အခြေခံ၍ မဲဆွယ်စည်းရုံးသည့် ကိစ္စရပ် များကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် ရွေးကောက်ပွဲ ဥပဒေ ၆၅(က) တွင် ဖော်ပြထားပြီး ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ် ငွေတစ်သိန်း ချမှတ်နိုင်သော်လည်း ယနေ့ထိ တရားဝင်တိုင်ကြား မှုများ မရှိသေးသလို ရွေးကောက်ပွဲကော်မရှင်ကလည်း တစ်စုံ တစ်ရာသတိပေး အရေးယူမှုမျိုး မတွေ့ရသေးပါ။ နိုင်ငံရေးပါတီအချို့က […]
လူသား လုံခြုံရေး လမ်းစဉ် မဟာဗျူဟာများကို ရပ်ရွာအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်များတွင် ထည့်သွင်း ဆောင်ရွက်လျှင် စစ်မက်ပဋိပက္ခ ကင်းမဲ့သော အနိဋ္ဌ ငြိမ်းချမ်းရေး ကို ရယူနိုင်ရုံမျှ သာမက တရားမျှတ၍ သာယာ ဝပြောမှု ရှိသော ဣဋ္ဌ ငြိမ်းချမ်းရေးကိုပါ ရယူနိုင်မည် ဖြစ်သည်ဟု ယူဆမိသည်။
မတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ မောင်မောင်ထွန်း ရေးသည်။ (၁) ၂ဝ၁၅ ကို ထိတ်လန့်စရာ သွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဖွင့်လှစ်လိုက်သော ပြင်သစ်မဂ္ဂဇင်း တိုက်ခိုက်ခံရ မှုနှင့်ပတ်သက်၍ သဘောထားအမြင်များ ကမ္ဘာ့သတင်းစာတို့ တွင် လျှံထွက်လာခဲ့ရာ တစ်ကိုယ်ရေ လွတ်လပ်မှုနှင့် လူ့အခွင့် အရေးကို ရှေ့တန်းတင်သော အနောက်မီဒီယာများက လွတ်လပ် စွာ ရေးသားပြောဆိုခွင့်ဘက်က ကာကွယ်ရပ်တည်သလို ဘာ သာရေးကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သဘော ထားသော အာရှနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံများတွင်တော့ ဤ ဖြစ်ရပ်မှာ ဘာသာတရားကို သရော်စော်ကားမှု၏ မဖြစ်သင့် သော အကျိုးဆက်ဟု ယူဆကြပါသည်။ နယူးယောက်တိုင်း(မ်)၏ နာမည်ကျော် ပင်တိုင်ဆောင်းပါး ရှင်တောမတ်ဖရိုင်းမင်းက ဤသွေးထွက်သံယိုကိစ္စကို […]
မကြာမီထွက် ရှိလာမည်။ (အောက်ဖော်ပြပါဆောင်းပါးမှာ October 10 ရက်နေ့တွင် ဈေးကွက်ထဲရောက်ရှိမည့် မော်ကွန်းမဂ္ဂဇင်း October လထုတ်မှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါသည်) သန်းထိုက် ရေးသည်။ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းကာလမှာ မပြီး ပြတ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဆင်းရဲမွဲတေမှုပြဿ နာ၊ ရခိုင်အရေး၊ သဘာဝဘေးအ္တနရာယ်ကျရောက်ခဲ့တဲ့ ဒေသတွေ ပြန်လည်ထူ ထောင်ရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ များစွာသော စိန်ခေါ်မှု တွေက နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး အသစ် တက်လာမယ့် အစိုးအဖွဲ့ကို စောင့်ကြိုနေကြပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၂ဝ၁၅ ရွေးကောက်ပွဲအလွန်တက်လာမယ့် အစိုးရသစ် အနေနဲ့ မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမှာကတော့ ပြည်တွင်းငြိမ်း ချမ်းရေးကိစ္စပါ။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားလာခဲ့တဲ့ […]
ကမ္ဘာပေါ်မှာ လှုပ်ခဲ့သမျှ ငလျင်အားလုံးရဲ့ ၉ဝ ရာခိုင်နှုန်း ဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှအင်အားပြင်းထန်တဲ့ ငလျင်အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ်လည်နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ကွယ်လွန်သူ ပါမောက္ခဟန်တင်တန် (Hungtinton) က ‘တတိယလှိုင်း’ (Third Wave) စာတမ်းထဲမှာ ၇ဝ ခုနှစ်နောက် ပိုင်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း သွားတဲ့ နိုင်ငံတွေအကြောင်းကို လေ့လာသုံးသပ်တင်ပြသွားခဲ့ပါ တယ်။ ဒီလို အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်းမှာ ‘အရပ် ဘက်-စစ်ဘက် ဆက်ဆံရေး’တွေရဲ့ အရေးပါမှုကို ပညာရှင် လောကမှာ အရင်ဆုံးထောက်ပြသတိပေးသွားသူဟာလည်း သူပါပဲ။ နောက်ပိုင်း ၁၉၉ဝ ခုနှစ်ဝန်းကျင်မှာ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့အခါ ခွဲထွက်သွားတဲ့ ပြည်နယ်တွေနဲ့ အရှေ့ဥရောပ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်းမှာလည်း ဒီ အရပ် ဘက်-စစ်ဘက်ဆက်ဆံရေးဟာ ထပ်မံအရေးပါလာခဲ့ပြန်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရဲ့ အလွန်ရှုပ် ထွေးအရေးပါတဲ့ ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီး […]
မေ-ဇွန် – ၂၀၁၃ ၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ သင်ကာ ရေးသည်။ (က) တကယ်တော့ မြန်မာ-မွတ်ဆလင်၊ မြန်မာ-တရုတ် မုန်းတီး မှု နှစ်မျိုးစလုံး မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီ အမြစ်တွယ်ပြီး ချိန် ကိုက်ဗုံးလို ဖြစ်နေတာကတော့ ငြင်းမရတဲ့ အချက်ပါပဲ။ ဒီနေရာ မှာ မြန်မာ-မွတ်ဆလင် မုန်းတီးမှုကိုပဲ ကွက်ပြီး လေ့လာကြည့် မယ်။ အရှိတရားများနဲ့ ဖြစ်နိုင်ခြေများကိုသာ ထည့်တွက်မှာ ဖြစ် လို့ နှစ်ဖက်စလုံး နာချင်နာမယ်၊ သာချင်သာမယ်။ တရားဝင် ပြောဆိုဖော်ပြခြင်းမရှိတဲ့ နောက်ကွယ်က Factor တွေ၊ ပြဋ္ဌာန်းခြင်း မရှိပေမယ့် လက်တွေ့အရှိတရားတွေ၊ ခေတ်နဲ့ စနစ်၊ တစ်သီးပုဂ္ဂလမှသည် အမျိုးသားရေးဝါဒအထိ အနှစ်ချုပ် အကျဉ်းထုတ်ကြည့်မယ်။ စုံချင်မှလည်း […]
ကယား (ကရင်နီ) မတ်လ-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄) မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ အယ်ဒီတာအဖွဲ့ စုစည်းသည်။ ဦးသိန်းစိန်အစိုးရတက်လာသည့် နှစ်နှစ်တာကာလ အတွင်း တိုင်းရင်းသားနယ်မြေများတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါသလဲ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များမှ နိုင်ငံရေး သမားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို မော်ကွန်း မဂ္ဂဇင်းက မေးမြန်းခဲ့ရာမှာတော့ ၎င်းတို့က အောက်ပါအတိုင်း ပြောပြကြပါသည်။ ကချင် ကချင်ပြည်နယ်၌ နှစ်နှစ်တာ ကာလအတွင်း မည်သို့သော ပြောင်းလဲမှု တွေ ရှိပါသလဲဟု ကချင်တိုင်းရင်းသား ရေးရာ အတိုင် ပင်ခံအဖွဲ့၏ နာယကဖြစ်သူ ဒေါ်အင်ဖန်ဂျရာကို မေးကြည့်တော့… အခု (အပစ်ရပ်ပြီး) ဆွေးနွေးနေ တာတွေက ဟန်ပြပဲ။ အလုပ်ဖြစ်လိမ့်မယ် လို့ […]
မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်းမဂ္ဂဇင်း မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုး(ဘောဂဗေဒ) ရေးသည်။ ယခင်စစ်အစိုးရကာလတစ်လျှောက်လုံး ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အင်ဂျီအိုအဖွဲ့အစည်း များအနေဖြင့် လူမှုရေးအကျိုးပြုလုပ်ငန်းများနှင့် လူသားချင်းစာ နာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များကိုသာ ဘောင်အတွင်း ကနေ ဆောင်ရွက်ခွင့်ရခဲ့ကြပြီး အခြားအရာများကို လုပ်ဆောင် ရန်မဖြစ်နိုင်ခဲ့ပါ။ နောက်ပိုင်းပေါ်ပေါက်ခဲ့သော အမည်အမျိုးမျိုး ခေါင်းစဉ် တပ် ဖွဲ့စည်းခဲ့သည့် မြန်မာအင်ဂျီအိုများ၊ ပွင့်လင်းအရပ်ဘက် အဖွဲ့အစည်းများမှာလည်း မြန်မာ့လူဘောင်၏ လူမှုရေးလှုပ်ရှားမှု ရေစီးကြောင်း၌သာ ရုန်းကန်ရပ်တည်ရသည့် အနေအထားကို တွေ့ ရသည်။ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် သာ တစ်ချိန်လုံး နစ်မြုပ်နေမည့်အစား မြန်မာလူထုအတွက် နိုင်ငံရေးအသိ၊ စီးပွားရေးအသိအမြင်တို့ ကြွယ်ဝလာအောင် အဆိုပါနယ်ပယ်များတွင် စွမ်းရည်မြှင့်ပေးကြဖို့ လိုအပ်လာပြီ ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ယနေ့အချိန်အခါသည် ပြည်သူ […]
မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၄)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်၊ ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ်တော်မွေးနေ့က ခရစ်ယာန်ဘာ သာဝင်တွေ အများစုနေထိုင်တဲ့ ကချင်ပြည်နယ် အရှေ့မြောက် ဘက်ကKIA ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့လေးမှာ အကြီးအကျယ် ငလျင်လှုပ်နေခဲ့လို့ ဂဘူဂရာအီ (ပျော်ရွှင်စရာ) ခရစ္စမတ်ပွဲတော် ကို မနွှဲပျော်နိုင်ခဲ့ကြပါဘူး။ လိုင်ဇာမှာ ငလျင်လှုပ်တာ မြေပြင်တစ် ခုလုံး သိမ့်သိမ့်ခါနေခဲ့ပေမယ့် ပြီးခဲ့တဲ့ စစ်ကိုင်းတိုင်းငလျင်လို သဘာဝဘေးဒဏ်မဟုတ်တဲ့အတွက် ရစ်ချက်စတာစကေး မည် ရွေ့မည်မျှရှိမယ်ဆိုတာလည်း မှန်းဆလို့ မရခဲ့ကြပါဘူး။ တကယ် တော့ လိုင်ဇာငလျင်ဆိုတာ လူလုပ်တဲ့ ငလျင်ပါ။ ခရစ္စမတ်တစ်နေ့ လုံး တပ်မတော်က ပစ်ခတ်တဲ့ ၁ဝ၅ […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ ဝင်းဇော်လတ် ရေးသည်။ တန်ဆောင်မုန်းလပြည့်နေ့ညကို ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သော မြန်မာပြည်သူပြည်သားများသည် နောက်တစ် နေ့မနက်(နိုဝင်ဘာ ၂၉)တွင် အိပ်ရာမှ နိုးလျှင်နိုးချင်း စိတ် မသက်သာစရာ သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရလေသည်။ ထိုနေ့ အရုဏ်တက်ချိန် နံနက် ၃နာရီအချိန်ခန့်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရန် ဆန္ဒပြ တောင်းဆိုနေကြသူများ၏ သပိတ်စခန်းများကို အာဏာပိုင်တို့က အကြမ်းဖက် ဖြိုခွင်းခဲ့သည်။ ဖြိုခွင်းမှုကြောင့် သပိတ်စခန်းရှိ သံဃာတော်အများစုနှင့် လူပုဂ္ဂိုလ်တချို့ ဒဏ်ရာအကြီး အကျယ်ရခဲ့သည်။ သက်ဆိုင်ရာတို့က မျက်ရည်ယိုဗုံး အသုံးပြုဖြိုခွဲခြင်းသာ ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ သို့သော် ဒဏ်ရာရသံဃာ တော်များ၏ ခန္ဓာကိုယ်အရေပြားများပေါ်မှ စုတ်ပြတ် သွားသည့် ဒဏ်ရာဒဏ်ချက်များက သာမန်လက်နက်သုံး ဖြိုခွင်းခြင်းထက် ပိုမိုကြောင်း သက်သေခံလျက်ရှိသည်။ […]
လူ့အခွင့်အရေးအရေခြုံ ပဋိညာဉ်လား ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း ရေးသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) လူ့အခွင့်အရေးပဋိညာဉ်သည် နိုင်ငံတကာလူ့ အခွင့် အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရေးဆွဲကြပါရန် လူ့အခွင့်အရေးစောင့်ကြည့် သူများက တောင်းဆိုနေသည့်ကြားမှ အာဆီယံခေါင်းဆောင် များက လက်မှတ်ရေးထိုး အတည်ပြုလိုက်ကြပြီဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အတည် ပြုလိုက်ကြသော အဆိုပါ အာဆီယံလူ့အခွင့်အရေး ပဋိညာဉ် (ASEAN Human Rights Declaration – AHRD)၌ သက်ဆိုင်ရာအစိုးရများအတွက် ဆင်ခြေ ပေးစရာ၊ တစ်နည်းအားဖြင့် ၎င်းတို့အတွက် ”ကယ်ပေါက်”များပါရှိနေသည့်အတွက်ပြင်ဆင် ရေးဆွဲကြပါရန် လူ့အခွင့်အရေး လေ့လာသူများက တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."