ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ ဇော်မင်း ရေးသည်။ လက်ပံတောင်းတောင်မှာ အင်အားသုံးနှိမ်နင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ တရားဝင် မတောင်းပန်ရင် အထွေ ထွေသပိတ်အထိ ဆက်လက်ဆင်နွဲှသွားမယ်လို့ သံဃာတော် များက ဆိုထားပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြင်ပါ တယ်။ အစိုးရဘက်က အထွေထွေသပိတ်အထိ ဖြစ်လာမှာကို မလိုလားဘူး၊ စိုးရိမ်တယ်ဆိုရင် အမှန်တကယ် လေးလေးစားစားနဲ့ သံဃာတော်ထုကို တောင်းပန်ဖို့ လိုပါတယ်၊ ဝတ်ကျေတန်းကျေ တောင်းပန်တာမျိုးဆိုရင်တော့ ဝေဖန်ခံရဦးမှာပါ။ အခု ကျွန်တော်တို့ တိုင်းပြည်မှာ လက်ပံတောင်းကိစ္စ တစ်ခုတည်းသာ မဟုတ်ဘဲ မိမိဆန္ဒကို ဖော်ထုတ်တဲ့ပွဲတွေ နေရာ အတော်များများမှာ တွေ့လာရပါတယ်၊ ဒီနေရာမှာ အမြင်တွေ အမျိုးမျိုး ရှိလာတာလည်း တွေ့ရပါတယ်။ (ပြည်ထောင်စုဝန်ကြီးနှစ်ဦး၊ ပြည်ထဲရေးဒုဝန်ကြီး၊ […]
၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉) မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ မောင်ကျပ်ခိုး ရေးသည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ထူပြောသည့် နိုင်ငံဖြစ်သော်လည်း ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကို ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဆုံးရှုံးခဲ့ရသော အသက်အိုးအိမ် စည်း စိမ်ပေါင်းမြောက်မြားစွာတို့က သက်သေထူခဲ့ပြီး ဖြစ်ပါသည်။ အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် နိုင်ငံတော် အဆင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးအဖွဲ့ အစည်းများကို နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး သုံးနှစ်နီးပါးခန့် ကြာမြင့်ပြီးမှ စတင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခုအခါတွင် ထို အဖွဲ့အစည်းများသည် ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ ကို အာရှ-ပစိဖိတ်ဒေသအတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသော် လည်း မြန်မာနိုင်ငံဘေးအန္တရာယ်ကာကွယ်ရေးကဏ္ဍတွင် စိန် ခေါ်မှုများ ရှိနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ ဘေးအ္တနရာယ်ကာကွယ်ရေး ကဏ္ဍတွင် ကြိုတင်သတိပေးချက်ထုတ်ပြန်ရေးမှာ အားနည်းနေ […]
ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ ဒီဇင်ဘာ- ၂၀၁၂ – ဇန်နဝါရီ-၂၀၁၃ ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ သုံးသပ်ချက် ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ နှစ်ဆယ်ရာစု၏အဆုံး နိဂုံးပိုင်းနှစ် ကာလများတွင် နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲစေသည့် သမိုင်းဝင်ဖြစ်ပေါ်တိုးပွားမှုကြီး သုံးရပ် ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ . . . (၁) ဆိုဗီယက်ကွန်မြူနစ်စနစ်ကြီးပြိုကွဲပျက်စီးသွားခြင်း (၂) စစ်အေးခေတ်ကြီးတစ်ခေတ် အဆုံးသတ်သွားခြင်း (၃) ဒီမိုကရေစီစနစ် တိုးပွား ပြန့်နှံ့လာခြင်းတို့ပင်ဖြစ်ကြသည်။ အဆိုပါ အပြန်အလှန် နီးကပ်ဆက် စပ်နေသည့် သမိုင်းဝင် ဖြစ်ပေါ်တိုးပွားမှု ကြီးသုံးရပ် ပေါ်ပေါက်လာခြင်းကြောင့် အစဉ်အလာ နိုင်ငံတကာဆက်ဆံရေး ပုံစံ ကောင်းများကို မှောက်လှန်ပြောင်းလဲ ပစ်လိုက်သကဲ့သို့ တိုင်းပြည်များ၏ ပြည် တွင်းနိုင်ငံရေး အခင်းအကျင်းများကို လည်း […]
မေလ ၁ ရက်ကနေ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ ခြောက်ရက်ကြာ ပန်ဆန်းညီလာခံတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီညီ လာခံကြီးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (UPWC) နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ သဘောတူထားတဲ့ ‘တစ်ပြည်လုံးအပစ်ရပ် ရေးသဘောတူစာချုပ်’ (NCA) မူကြမ်းကို ပြန်လည်သုံးသပ်ညှိ နှိုင်းရင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ သဘော ထားနဲ့ အကြံပြုချက်အသီးသီးကို တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါ တယ်။ တကယ်တော့ NCA စာချုပ်မူကြမ်း ဆွေးနွေးပွဲအဆင့် ဆင့်မှာ UWSP အဖွဲ့ မပါဖြစ်ခဲ့ပါဘူး။ ရံဖန်ရံခါ လေ့လာသူအဖြစ် နဲ့ တက်ရောက်ခဲ့ကြဖူးတာပဲ ရှိပါတယ်။ ဒီလို NCA စာချုပ်မူ ကြမ်း ဆွေးနွေးပွဲအဆင့်ဆင့်မှာ မပါဝင်ခဲ့တဲ့UWSP အဖွဲ့ဟာ UPWC […]
၂၀၁၃၊နိူဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ၊ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိူင် ရေးသည်။ ၇ဝ ခုနှစ်လောက်က စတင်ခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး တတိယလှိုင်း (Third Wave) လှုပ်ရှားမှုအတွင်းမှာ နိုင်ငံ ပေါင်းရှစ်ဆယ်ကျော်ခန့်ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ထောင်စုနှစ်အကုန်ပိုင်းကို ရောက်ချိန်မှာတော့ ဒီနိုင်ငံ တွေရဲ့ သုံးပုံတစ်ပုံလောက်သာ ဒီမိုကရေစီနိုင်ငံအဖြစ် ဆက် လက်ရပ်တည်နိုင်ခဲ့ကြတယ်။ နိုင်ငံအများစုဟာ အာဏာရှင်စနစ် အသွင် သဏ္ဌ္ဌ္ဌ္ဌန်အမျိုးမျိုးအောက်ကို ပြန်လည်ရောက်ရှိသွားခဲ့ ကြရတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအချက်အမျိုးမျိုးအနက် အဓိကအကြောင်းအချက်ဟာ အရပ်ဘက်ဒီမိုကရေစီအစိုးရများ အနေနဲ့ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ ကြရတဲ့ စစ်တပ်ကို ဒီမိုကရေစီတပ်မတော်အဖြစ် အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်ကို ကောင်းမွန်အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီမှာမေးစရာ မေးခွန်း တွေ ရှိလာတာက… ဒီမိုကရေစီ […]
၂၀၁၄၊ဇူလိုင်-သြဂတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ မြင့်ကျော်ရေးသည်။ ယခုလပိုင်းတွေမှာ သတင်းမီဒီယာသမားများ ဖမ်းဆီးခံရသည့် သတင်း၊ ထောင်ဒဏ် အပြစ်ပေးခံရသည့်သတင်းများဆက်တိုက်ဆိုသလို ကြားနေရသည်။ ၂ဝ၁၃ ခုနှစ်အကုန်ပိုင်းလွိုင်ကော်သတင်းထောက် မခိုင်ကိစ္စမှစတင်ကာDVB သတင်းထောက် ထောင်ဒဏ်တစ်နှစ်အပြစ်ပေးလိုက်သည့် သတင်း၊ ယူနတီဂျာနယ်သတင်းထောက် လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ကို ထောင်ဒဏ် ၁ဝ နှစ်စီ အပြစ်ပေးခံရသည့် သတင်းနှင့်နောက်ဆုံး Biမွန်းတည့်နေဂျာနယ်မှ အယ်ဒီတာနှင့် ပိုင်ရှင်များအဖမ်းခံနေရသည့် သတင်းတို့ဖြစ်သည်။ လွန်ခဲ့သည့်ခြောက်လကျော်အတွင်း သတင်းသမားများ ဆက်တိုက် တရားစွဲဖမ်းဆီးခံရမှုများကို ကြည့်လျှင် အစိုးရနှင့် သတင်းမီဒီယာအကြား ပွတ်တိုက်မှုတစ်ရပ်ရှိနေပြီဆိုသည်မှာ ထင်ရှားသည်။ ယခုပွတ်တိုက်မှုမဖြစ်ပွားမီ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းသတင်းမီဒီယာနယ်ပယ်တွင် တိုးတက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။ ပြောင်းလဲတိုးတက်မှုများကို ပြန်ကြည့်သည့်အခါဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်သည့် ၂ဝ၁၁ ခုနှစ်နှောင်းပိုင်းတွင် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများအား ပိတ်ပင်ထားမှုကို သမ္မတဦးသိန်းစိန်က ဖြေလျော့ပေးခဲ့ခြင်းဖြင့်သတင်းမီဒီယာဖြေလျော့မှုလုပ်ငန်းစဉ်များ စတင်ခဲ့သည်။ ပထမဆုံး ထင်ရှားသည့် […]
၂၀၁၄၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၄)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိူင် ရေးသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ မြန်မာ့နိုင်ငံရေး အခင်း အကျင်းဟာ အမေရိကန်၊ EU တို့ ထင်မြင်ယူဆ မျှော်လင့်နေကြ သလို ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေကြတာ မဟုတ်သေးပါဘူး။ ပြည်တွင်းက အာဏာရအဝန်းအဝိုင်းနဲ့ ခရိုနီ စီးပွားရေး အသိုင်းအဝိုင်းတွေက ဝိုင်းဝန်း လက်ခုပ်သြဘာပေးနေ ကြသလို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေတ်ကြီးတစ်ခေတ်ထဲ ကို ဝင်ရောက်နေတာလည်း မဟုတ်ပါဘူး။ ဒါ့ထက်ပိုပြီး တိတိကျ ကျပြောရရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး (Democratic Transition) ဖြစ်စဉ်ကိုတောင် မတက်လှမ်းနိုင်သေးဘဲ မူဝါဒ တချို့ လျှော့ဖြေ (Liberalization) ပေးတဲ့ အဆင့်ပဲ ရှိပါသေး တယ်။ ဒီလို မူဝါဒတချို့ လျှော့ဖြေပေးလိုက်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားအများစု လွတ်မြောက်လာခဲ့ကြတာဟာ […]
(၂၀၁၅၊ဇူလိုင်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။) ဖွဲ့စည်းပုံအခြေခံဥပဒေတွင်အရေးပါသောအချက်များအား ပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှုကိုဇွန်၂၅ ရက်က ပြည်ထောင်စုလွှတ် တော်တွင်မဲခွဲဆုံးဖြတ်ရာ၌ပုဒ်မ၅၉(ဃ)မှ စာစုတစ်ခုတည်းသာ ပြင်ဆင်ရန်လုံလောက်သော ထောက်ခံမဲ (၇၅ ရာခိုင်နှုန်း အထက်) ရရှိပြီး ကျန်အဆိုငါးခုမှာ ရှုံးနိမ့်ခဲ့ရသည်။ ထိုသို့ ရှုံးနိမ့်ခဲ့ရသည့်ပုဒ်မများအနက်အရေးကြီးဆုံးနှစ်ခုဖြစ်သည့် ပုဒ်မ၄၃၆(က) နှင့်(ခ)တို့လည်း ပါဝင်သည်။ ပုဒ်မ ၄၃၆(က) ၏လိုရင်းမှာ အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင်လည်း မဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့်သာ ပြင်ရမည်ဟုဆိုသည်။ ၄၃၆ (ခ)အရ ကျန်ပုဒ်မများကို ပြင်ဆင်ရာတွင်လည်း ပြည်ထောင်စုလွှတ် တော်ကိုယ် စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲဖြင့်သာ ပြင်ရမည်ဟုဆိုသည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင် အရေးကြီးဆုံး ခေါင်ချုပ်အချက်များအား ပြင်ဆင်ရေးတွင် ရှုံးနိမ့်သွားခြင်းသည် လွှတ်တော်အတွင်း […]
Photo : U Chit Mya ၂၀၁၅၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်ၤ(၂၁)မှ သတင်းသုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုင်ငံသားယာယီသက် သေခံလက်မှတ်(ဝှိုက်ကတ်)ဖြင့် မဲပေးခွင့်ရှိသည်ဟုသော သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်ပြု ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်း ပြန်လည်ပေးပို့ခဲ့ သည်ကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီလ ၂ရက်က သဘောတူအတည်ပြုလိုက်ကြသည်။ ယင်းသို့အတည်ပြုပြီး နှစ်ရက်အကြာတွင်တော့ သံဃာအချို့နှင့် လူအင်အားတစ်ရာခန့် ရန်ကုန်မြို့တွင် ဝှိုက်ကတ်ကိုင် ဆောင်သူများ မဲပေးခွင့်ပြုခြင်းကို ဆန္ဒထုတ်ဖော်ရန် စည်းဝေးတိုင်ပင်ခဲ့ကြသည်။ သို့သော် သာသနာရေးဝန်ကြီးအပါအဝင် အစိုးရဘက်မှ ပုဂ္ဂိုလ်များက လာရောက်ညှိနှိုင်းသဖြင့် ဆန္ဒထုတ်ဖော်မှုကို ရွှေ့ဆိုင်းခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၁ရက်တွင်တော့ သံဃာများအပါအဝင် လူငါးရာခန့်က ယင်းကိုကန့်ကွက်ကြောင်း ရန်ကုန်မြို့တွင် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ […]
၂၀၁၄၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၆)မှသုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။ ဇူလိုင် ၃ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ဟာ အတော်ထူးခြားတယ်လို့ ဆိုရမှာ ပါပဲ။ ဘာကြောင့်လဲဆိုတော့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဘယ်တုန်းကမှ တွဲမထွက်ခဲ့ဖူးတဲ့ သူရဦးရွှေမန်း၊ ဦးအောင်သောင်းနဲ့ ဦးဌေးဦးတို့သုံးဦးရဲ့ပူးတွဲ သတင်းစာရှင်းလင်းပွဲ ဖြစ်နေလို့ပါ။ သူရဦးရွှေမန်းဆိုတာ စစ်အစိုးရခေတ်မှာ တတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီးဖြစ်ခဲ့ပေမယ့် ၂၀၁၀ အာဏာခွဲေ၀ ပွဲမှာ အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာဖြစ်တဲ့ သမ္မတနေရာကို မရရှိခဲ့သူပါ။ အဲဒီအချိန်ကစပြီး သမ္မတအစိုးရအဖွဲ့နဲ့ လွှတ်တော်တို့ရဲ့ အာဏာအားပြိုင်ပွဲမှာ သူရဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်အပေါ် စိန်ခေါ်မှုများစွာနဲ့ ပြဿနာဖန်တီးခဲ့သူဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပါ။ တစ်ချိန်တည်းမှာ သူရဦးရွှေမန်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမား၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲလိုသူ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ […]
၂၀၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သုံးသပ်ချက်ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိူင် ရေးသည်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ဘီဘီစီ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ”အမှန်တော့ တပ်မတော်ကို ကျွန်မအလွန် လေးစားချစ်ခင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ တပ်မတော်ကို ကျွန်မ အဖေရဲ့ တပ်မတော်ပဲလို့ အမြဲ ကျွန်မသဘောထားခဲ့လို့ပါ”ဆိုပြီး ထုတ်ဖော်ပြောဆိုလိုက်ချိန်မှာ သူမကို လေးစားချစ်ခင်စွာ ထောက်ခံခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံး အံ့သြမှင်တက်မိသွားခဲ့ကြရပါတယ်။တစ်ဆက်တည်းဆိုသလို ‘တပ်မတော်နေ့’လို့ ခေါ်နေကြတဲ့ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ စစ်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ တဝီဝီ ပျံသန်းနေပြီး တင့် ကားတွေ တဝေါဝေါဆူညံစွာ ဖြတ်သန်းနေတဲ့အချိန်က ရှေ့ဆုံး တန်းမှာ နေရာယူထားတဲ့ ဗိုလ်ချုပ်ကြီးများကြားမှာ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက် ထိုင်နေတာ မြင်လိုက်ရတော့ စိတ်မကောင်းခြင်းကြီးစွာ ခံစားခဲ့ရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်အခြေခံ အပေါ်မှာ […]
(၂၀၁၅၊မေလထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၂၃) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။) အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့၏သက်တမ်းသည်လာမည့်ဇွန်ဆိုလျှင် နှစ်နှစ်ပြည့်တော့မည်ဖြစ်ရာကုန်လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်းအမျိုးစောင့်ဥပဒေလေးရပ်နှင့်ပတ်သက်ပြီး ပေါ်ထွက်လာသော ထောက်ခံသံ၊ ကန့်ကွက်သံတို့မှာ အကျယ်လောင်ဆုံးဟု ဆိုနိုင်ပါသည်။ အမျိုးစောင့်ဥပဒေများပြဋ္ဌာန်းနိုင်ရေးကို လုံးပန်းနေသည့်မဘသအဖွဲ့၏အဓိကစိုးရိမ်မှုက မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာ ကိုးကွယ်သူများပြားလာပြီး ပတ်ဝန်းကျင်မှ နိုင်ငံအချို့ကဲ့သို့ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်မှ အစ္စလာမ္မစ်နိုင်ငံအဖြစ်ပြောင်းလဲသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် ဆရာတော်ကြီးများတွင်လည်း ထိုစိုးရိမ်မှု မျိုးရှိကြပါသည်။ မိမိအမျိုးဘာသာသာသနာကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့သောမဘသအဖွဲ့၏ ရည်ရွယ်ချက်များကို နားလည်လက်ခံကြသည့်တိုင် အချို့သော လုပ်ဆောင်ချက်များအပေါ်တွင်တော့ ဝေဖန်စရာများ ရှိလာကြပါသည်။ အထူးသဖြင့် အမျိုးဘာသာသာသနာကာကွယ်ချင်စိတ် ကိန်းအောင်းလာအောင် ဟောပြောလှုံ့ဆော် စည်းရုံး ရာတွင် အခြားဘာသာဝင်များ (အထူးသဖြင့် အစ္စလာမ်ဘာသာ)ကို ပုတ်ခတ်ဟောပြောမှုများနှင့် ပတ်သက်၍ ဝေဖန် ကြခြင်းဖြစ်သည်။ အခြားဘာသာကိုပုတ်ခတ်မှကိုယ့်အမျိုးကိုချစ်ခင်စိတ်၊ကာကွယ်ထိန်းသိမ်းလိုစိတ်ကိန်းအောင်းမြင့်မားလာမည်ဟူ သောအယူအဆမျိုးမှာလုံးဝလက်ခံနိုင်စရာမရှိပါ။ထိုသို့ဟောပြောခြင်းဖြင့်မိမိဘာသာဝင်များကို သွေးထိုးပေးရာ ရောက်နိုင်သကဲ့သို့တစ်ဖက်ဘာသာဝင်များ ဒေါသဖြစ်လာအောင် သွားဆွရာလည်း ရောက်ပါသည်။ထို့ထက်ဆိုးသည်ကတစ်ဖက်လူမျိုး(သို့မဟုတ်)ဘာသာဝင်များ၏စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုထိခိုက်စေမည့်အမုန်းစကားဆန်သည့်စကားလုံးများကိုသုံးနှုန်းဟောပြောမှုများကလည်း ဝေဖန်စရာဖြစ်နေပါသည်။ထိုကဲ့သို့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."