သုံးသပ်ချက်များ

အပွင့်ဆိုင်တွေ့ဆုံပွဲများ နောက်ကွယ်တွင် မြန်မာ့နိုင်ငံရေး

January 8, 2015

ဒီဇင်ဘာ၊ ၂၀၁၄ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားသော လေးပွင့် ဆိုင်ဆိုသည်မှာ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်ကြသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ကို တပ်မတော်အဖြစ်နှင့်စဉ်းစား၍ ၎င်းင်းကိုယ် တိုင်က ပြည်သူကိုကိုယ်စားပြုပြီး ရင်ဆိုင်ဆွေးနွေးမည့် ပုံစံဖြစ် သည်။ ယခင်အစိုးရက စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ၎င်းင်းတို့နှင့်ဆွေးနွေးလိုရင်းဖြစ်သော်လည်း သူရဦးရွှေမန်းမှလွဲ၍ ကျန်နှစ်ယောက်ကတော့ ကာလအတန် ကြာအောင် တုံဏှိဘာဝေလုပ်နေခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား လာရောက်မည့်ရက်မတိုင်မီ နှစ်ပတ်အလိုတွင်တော့ နိုင်ငံတော် သမ္မတက ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရန် ပြောဆိုထားသူများ အပါအဝင်ပုဂ္ဂိုလ် ၁၃ ဦးကို နှစ်ရက်အတွင်း ဖိတ်၍ “နိုင်ငံရေးအင်အားစုငါးဖွဲ့” ဟု သုံးနှုန်းကာဆွေးနွေးပွဲကျင်းပခဲ့သည်။ အဆိုပါပွဲသည်တိုင်းပြည်အတွက် အကျိုးရလဒ်တစ်စုံ တစ်ရာ မထွက်ပေါ်ခဲ့သော်လည်း ထိုပွဲအပြီးရက်သတ္တပတ်နှစ်ပတ်  အကြာတွင် ပြုလုပ်သော အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် […]

အပြည့်အစုံဖတ်ရန်

ကိုယ့်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာပေသိုက် တည်ထောင်ရေး

January 7, 2015

၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။ မောင်ကျပ်ခိုး ရေးသည်။ “ကျောက်သား၊ ရွှေ၊ ငွေ၊ သတ္တု၊ ပေရွက်၊ ထန်းရွက်တို့ထက် တွင် အက္ခရာတင်၍ ခရီးဆန့်ခဲ့သော မြန်မာစာပေသတို့သမီးငယ် သည် ယခုအခါတွင် စက္ကူခေတ်ကို ကျော်လွှားပြီး သကာလ ဒစ် ဂျစ်တယ် နည်းပညာလှိုင်းလုံးကြီးကို ခုန်စီး၍ ကူးမျောစပြုနေ လေပြီ။ သို့ဖြစ်၍ စာပေမြတ်နိုးသူတို့အနေဖြင့် မြန်မာစာပေ ပြန့် ပွား တိုးတက်ထွန်းကားစေရန် မိမိတို့ စွမ်းသမျှ လုံ့လအင်အား စိုက်ထုတ်၍ နည်းလမ်းများ စဉ်ဆက်မပြတ်ရှာဖွေပြီး ဒစ်ဂျစ် တယ်နည်းပညာ လှိုင်းလုံးကြီး၏ အရှိန်အဟုန်ကို ကောင်းမွန်စွာ အသုံးချနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ချေသည်” ပိဋကတ်တိုက် ယဉ်ကျေးမှု ထူးထွေများမြောင်လှသော မြန်မာ့ယဉ်ကျေးမှုထုံးတမ်း […]

အပြည့်အစုံဖတ်ရန်

ရိုလာကိုစတာစီးခဲ့ရသည့် မြန်မာနိုင်ငံ (အယ်ဒီတာ အာဘော်)

December 30, 2014

  (၂၀၁၅၊ဒီဇင်ဘာလ-ဇန်နဝါရီလထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။) အပျော်စီးရထား (ရိုလာကိုစတာ) စီးသကဲ့သို့ တစ်ဟုန်ထိုး အတက်အကျ၊ အလှည့်အပတ်ကြမ်းလှသော ၂၀၁၄ ခုနှစ်ကား ပြည်ဖုံးကားချပြီး နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းဦးမည့် ၂၀၁၅ ကို ပွဲထုတ်ရန် မကြာမီ လမ်းဖယ်ပေးရ တော့မည်ဖြစ်သည်။ ၂၀၁၄ တစ်နှစ်လုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် နိုင်ငံရေးနယ်ပယ်၌ (အခြေခံဥပဒေကို နောင်အစိုးရ လက်ထက် ကျမှ ပြင်ဆင် နိုင်တော့မည်ဟု သူရဦးရွှေမန်း ထုတ်ဖော်ပြောဆိုမှုမပြုခင်အထိ) အခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှု များ အရှိန်မြင့်တက်ခဲ့သည်ကို တွေ့ရသကဲ့သို့ အချိုးကျကိုယ်စားပြုစနစ်(PR) ကျင့်သုံးသင့်၊ မသင့် ငြင်းခုံမှုသည်လည်း အတော်ပွဲဆူခဲ့သည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးခေါင်းဆောင်များတွေ့ဆုံမှု၊ အမေရိကန်သမ္မတ၏ မြန်မာပြည်ခရီးစဉ်တို့နှင့် ပတ် သက်ပြီး အများပြည်သူကြား ရင်ခုန်စရာဖြစ်ခဲ့သကဲ့သို့ အပစ်ရပ်စကား၊ ငြိမ်းချမ်းရေးစကား ပြောဆိုနေချိန်မှာပဲ […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲစနစ်သစ်သို့ ကူးပြောင်းခြင်း

December 29, 2014

(အပိုင်း-၁) (ကလောင်အမည် ဘင်နီဒီ (Beni D) သည် စာရေးဆရာတစ် ဦး ဖြစ်သလို အာရှဆိုင်ရာ နိုင်ငံရေးနှင့် ရွေးကောက်ပွဲရေးရာ သုံးသပ်သူတစ်ဦးလည်း ဖြစ်ပါ သည်။ ပြောင်းလဲနေသော အခြေအနေများကို လေ့လာ ရန် သူသည် မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်လေ့ ရှိပြီး ၁၉၉၈ ခုနှစ်ကတည်းက ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မှတ်တမ်းတင်နေသူ တစ်ဦးလည်း ဖြစ်သည်။) ဘင်နီဒီ ရေး၍ သူရိန်ဝင်းဘာသာပြန်သည်။ မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုသည် ရှုပ်ထွေး၍ နားလည်ရခက်သည်။  ရလဒ်ကို အာမခံချက်ပေးနိုင်သည့် သီအိုရီတစ်ခုတော့ရှိသည်။ အတောင်အလက်စုံလင်သော ဒီမိုကရေစီ ထွက်ပေါ်လာနိုင်ရေးကို ဖြစ်ထွန်းလာစေမည့် သီအိုရီတစ်ခုဖြစ်သည်။ လူအများအမွှမ်းတင် ပြောဆိုနေသည့် ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ်လိုက်ပါ။ ထိုသို့ရွေးချယ်လိုက်ခြင်းသည် အခြေအနေတစ်ခုကို မျှော်လင့် နိုင်မည့် […]

အပြည့်အစုံဖတ်ရန်

တစ်ကျော့ပြန် သေနတ်သံများ

December 29, 2014

သန်းစိုးနိုင် ရေးသည်။ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ စက်တင်ဘာရှစ်ရက်ကနေစတင်ပြီး နှစ်ရက်ကြာဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ဒုတိယမူကြမ်းအဆင့်မှာ ဆုံးဖြတ်ချက်မချနိုင်ခဲ့တဲ့ အရေးကြီးအချက်အချို့ကို အစိုးရနဲ့ မဆွေးနွေးခင်ကြိုတင်ညှိနှိုင်းပြီး တတိယမူကြမ်းကို အဆိုပြုနိုင်အောင် ဝိုင်းဝန်းပြင်ဆင်ခဲ့ကြတာပါ။ ဒီတတိယမူ ကြမ်းကို ဆွေးနွေးလို့ အဆင်ပြေကြမယ်ဆိုရင် ၂၀၁၅ ခုနှစ်မကုန်မီ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင် လိမ့်မယ်လို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ယုံကြည်မျှော်လင့်ခဲ့ကြပါတယ်။ ဒီလိုမျှော်လင့်ရ တာလည်း ဒုတိယမူကြမ်းဆွေးနွေး ပွဲမှာ အဆင့်မြင့် တပ်မတော်အရာရှိကြီး များကိုယ်တိုင် တက်ြွကစွာ ပါဝင်လာခဲ့ရုံမက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကိုယ်တိုင်က နိုင်ငံရေးမူဘောင်ချမှတ်ဆွေးနွေးရာမှာ ‘ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး’ နဲ့ ‘ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေး’ […]

အပြည့်အစုံဖတ်ရန်

တရားစီရင်ရေးကို လွတ်လပ်ခွင့်ပေးပါ

December 29, 2014

(၂၀၁၅၊နိူဝင်ဘာလထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၁၈) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။) တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ ကူးပြောင်းလာချိန်တွင် အုပ်ချုပ်ရေးကဏ္ဍနှင့် ဥပဒေပြုရေး ကဏ္ဍတို့၌ ပြုပြင်ပြောင်းလဲမှုများကို အထိုက်အလျောက်တွေ့လာရသော်လည်း တရားစီရင်ရေးကဏ္ဍတွင်မူ သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုဟူ၍ မတွေ့ရသေးပေ။ ဤသို့ဖြစ်နေရခြင်းမှာ ဆယ်စုနှစ်အတန်ကြာ လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်ခဲ့သော အုပ်ချုပ်ရေးယန္တရားကပဲ ၎င်း၏ အာဏာစက်အောက်မှ တရားစီရင်ရေးကဏ္ဍကိုလွှတ်မပေးသေး၍လား၊ သို့တည်းမဟုတ်အုပ်ချုပ်ရေးမဏ္ဍိုင်၏ လောင်းရိပ်အောက်တွင် ဆက်လက်မှေးစက်နေရင်းဖြင့်ရရှိလာနိုင်မည့် အကျိုးလာဘ်လာဘများကို မျှော်ကိုးနေ၍လား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ ဥပဒေရေးရာကျွမ်းကျင်သူများ၏ ပြောဆိုမှုများကို ဆန်းစစ်ကြည့်မည်ဆိုလျှင်တော့ အုပ်ချုပ်ရေးမဏ္ဍိုင်က ယနေ့ထက် တိုင်တရားစီရင်ရေးကို သူ့တောင်ပံအောက်မှ လွှတ်မပေးချင်သေးသည့်အနေအထားကို တွေ့ရသည်။ သူတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေးအတွက် တရားစီရင်ရေးယ္တရားကို ဆက်လက်အသုံးချ လျက်ရှိပါသည်။ အထူးသဖြင့် တပ်မတော်ပိုင်းနှင့် ပတ်သက်လာလျှင် ထိုအချက်မှာ ပို၍ပေါ်လွင်တတ်သည်ဟု ဥပဒေပညာရှင် အတော်များများက မှတ်ချက်ပြုသည်။ မကြာသေးခင်က […]

အပြည့်အစုံဖတ်ရန်

ထောင်မှတ်တမ်း

October 7, 2014

၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ နိုင်ငံရေးဆောင်းပါး ဖြစ်ပါသည်။ ဝေလင်း ရေးသည်။ လှောင်အိမ်တံခါးကြီးပွင့်သွားလို့ ပျံထွက်လာကြတဲ့ ငှက် တွေလို စာအုပ်တွေ ထွက်လာတာမှ အလုအယက်ကို ထွက်လာ တာပါ။ ပြောရရင် နိုင်ငံရေးစာပေတွေက အများစုပါ။ ပြည်သူတွေ စိတ်ဝင်တစားဖတ်ကြတာလည်း ဒါပဲလို့ ဆိုရမှာပါ။ စာအုပ်ဆိုင် တွေမှာ အရောင်းရဆုံးဖြစ်ရတဲ့ စာအုပ်တွေကလည်း နိုင်ငံရေး စာပေတွေပါ။ ဒီလို နိုင်ငံရေးစာပေတွေထဲမှာ “အကျဉ်းထောင် အကြောင်း” ရေးထားတဲ့ စာအုပ်တွေဟာလည်း မနည်းလှပါဘူး။ ဘယ်သူတွေရေးတဲ့ အကျဉ်းထောင်အကြောင်းလဲ။ ရာဇဝတ် သားတွေရေးတာလား။ မဟုတ်ဘူး။ ထောင်အာဏာပိုင်တွေ ရေးတာလား။ လုံးဝမဟုတ်ဘူး။ ဒီမိုကရေစီအရေးလှုပ်ရှားကြလို့ မသေရုံတမယ် ရက်ရက်စက်စက် နှိပ်စက်ခံ၊ နှစ်ရှည် ထောင်ဒဏ် တွေနဲ့ အကျဉ်းချခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ဒီမိုကရေစီအရေး […]

အပြည့်အစုံဖတ်ရန်
1 8 9 10 11

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."