သုံးသပ်ချက်များ

တွေးခေါ်ပုံပြောင်းမှသာ အပြောင်းအလဲ ဖော်ဆောင်နိူင်မည် အပိုင်း(၂)

June 12, 2015

Photo : Zayar Hlaing ယခုဆောင်းပါးမှာ မော်ကွန်မဂ္ဂဇင်း အမှတ်(၂၀)၊ ဖေဖော်ဝါရီလ၊ ၂၀၁၅ တွင်ဖော်ပြခဲ့ပြီး ယခုပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ဘင်နီဒီ ရေး၍ သူရိန်ဝင်း ဘာသာပြန်သည်။   ကျွန်တော်ရေးနေသည့် ရွေးကောက်ပွဲစနစ်အကြောင်း သုံးသပ်ချက်ဆောင်းပါး အခန်းဆက်အတွက် တစ်ချိန်က ကျွန်တော့်အလုပ်ဋ္ဌာန၏ အကြီးအကဲလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်ခဲ့သူဆီကို ရေးခဲ့သည့် e-mail ကို ပြန်လည်ဖော်ပြကာအစပျိုးလိုက်သည်က ပိုကောင်းမည်ဟု ကျွန်တော်တွေးမိသည်။ သူက ထိုင်းနိူင်ငံမှာ အခြားသူ၏ လူမှုအသိုင်းအဝိုင်းများနှင့်အတူ နိူင်ငံအတွက် မည်သည့်စနစ်က အကောင်းဆုံးဖြစ်နိူင်မည်နည်းဟူ၍ သူတတ်နိူင်သလောက် ကြိုးစားနေသူလည်းဖြစ်သည်။ e-mail ကိုယခင်ပို့ခဲ့သည့်အတိုင်း ဖော်ပြလိုက်ပြီး ကျွန်တော့်အတွေးများ၊သုံးသပ်ချက်များနှင့် ရောနှောထားပါသည်။ ဘယ်စနစ်တစ်ခုမှ ကောင်းတယ်၊ ဆိုးတယ် မရှိဘူးဟု ကျွန် တော်အမြဲပြောခဲ့ပါသည်။  ယခုအထိလည်း ကျွန်တော်သည် ထို အယူအဆကို ဆုပ်ကိုင်ထားဆဲပင်။ […]

အပြည့်အစုံဖတ်ရန်

နိူင်ငံရေး ရေသေရပ်ဝန်း

June 11, 2015

ယခု သတင်းသုံးသပ်ချက်ဆောင်းပါးသည် အမှတ်(၂၀)၊  ဖေဖော်ဝါရီလ၊ ၂၀၁၅ ၊ တွင်ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ သန်းစိုးနိူင် ရေးသားသည်။ ၂ဝ၁၅၊ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတဦးသိန်းစိန်က ”ယနေ့အချိန်အခါတွင် နိုင်ငံတော်၌ ဖြစ် ထွန်းလျက်ရှိသော နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အဆင့်ဆင့်တို့သည် အတိုင်းအတာတစ်ခုသို့ အောင်မြင် စွာ ရောက်ရှိနေပြီဖြစ်သည်။ မိမိတို့အစိုးရ၏ နိုင်ငံရေးအရလည်း ကောင်း၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအရ လည်း ကောင်း၊ ငြိမ်းချမ်းရေးတွက်လည်းကောင်း ကြိုးပမ်းအကောင် အထည်ဖော်ခဲ့ကြသည့်အထဲမှ သိသာထင်ရှားသည့် ရလဒ်တစ်ခု မှာ နိုင်ငံရေးယဉ်ကျေးမှုသည် အသက်ဝင်ရှင်သန်လာခြင်းပင် ဖြစ်သည်။ စေ့စပ်ဆွေးနွေးအဖြေရှာကြရန်ဆိုသည့် နိုင်ငံရေးယဉ် ကျေးမှုသစ် အသက်ဝင်ရှင်သန်လာသည့်အတွက် ဒီမိုကရေစီ […]

အပြည့်အစုံဖတ်ရန်

ပြိုကွဲသွားသော ယုံကြည်မှု မိုးတိမ်

June 11, 2015

ယခု သတင်းသုံးသပ်ချက်ဆောင်းပါးသည် အမှတ်(၁၉)၊  ဒီဇင်ဘာလ၊ ၂၀၁၅ ၊ တွင်ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ သန်းစိုးနိူင် ရေးသားသည်။ ၂ဝ၁၄၊ နိုဝင်ဘာ ၁၉ ရက်က KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ ခရာဘွမ်တောင် ကြောမှာ နေရာယူတပ်စွဲထားတဲ့ မြန်မာ့တပ်မတော် တပ်စခန်းမှ A105 တောင်ပေါ်ပစ် အမြောက်နဲ့ ုKIA ဗိုလ်သင်တန်းကျောင်းကို ဦးတည်ပစ်ခတ်တဲ့အတွက် စစ်ရေးပြဖို့ စုဝေး နေတဲ့ သင်တန်းသား ၂၃ ဦး ကျဆုံးပြီး သင်တန်းသားနဲ့ သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးသွားတဲ့ သင်တန်းသားတွေထဲမှာKIA သင်တန်းသား တွေ သာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ […]

အပြည့်အစုံဖတ်ရန်

ရခိုင်အရေး အမြန်ဆုံးကိုင်တွယ်ပါ

June 8, 2015

  (၂၀၁၅၊ဇွန်လထုတ်၊ေမာ်ကွန်း မဂ္ဂဇင်း အမှတ်(၂၄) မှ အယ်ဒီတာအာဘော်ဖြစ်ပါသည်။) ရခိုင်ပြည်နယ်တွင် လူမျိုးရေး၊ ဘာသာရေးဆန်သော ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း ထိုသုံးနှစ်တာကာလအတွင်း အစိုးရအနေနှင့် နှစ်ဖက်လူမှုအသိုင်းအဝိုင်းကြား ပြန်လည်သဟဇာတဖြစ်ရေး ဆောင်ရွက် နိုင်ခြင်းမရှိသေးသကဲ့သို့ အိုးမဲ့အိမ်မဲ့များကို ပြန်လည်နေရာချထားရေးနှင့်ပတ်သက်လျှင်လည်း အားရလောက်အောင်    ဆောင်ရွက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ ထိုအခြင်းအရာကိုကြည့်ပြီး လေ့လာသူတို့က အစိုးရသည် ရခိုင်အရေးအား ပြီးပြတ်သွားအောင် ရှင်းလင်းလိုသည့် ဆန္ဒမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်စရာနေရာဒေသတစ်ခုအဖြစ် ဆက်လက်သဘောထားဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်ကြ သည်။ ရွေးကောက်ပွဲ ကာလများတွင် ဘင်္ဂါလီများအား မက်လုံးပေးကာ ၎င်းတို့ထံမှ ဆန္ဒမဲရယူခဲ့ဖူးသည့် အတိတ်က ဖြစ်ရပ် များကလည်း အထက်ပါသံသယကို အားကောင်းစေပါသည်။ လောလောဆယ်မြင်တွေ့နေရသည့် အခင်းအကျင်းအရ ယာယီသက်သေခံလက်မှတ် (White Card) များကို သိမ်း ဆည်းကာ နိုင်ငံသားလျှောက်လွှာတင်သူများကို ၁၉၈၂ […]

အပြည့်အစုံဖတ်ရန်

စွမ်းအားရှင်ကို အစိုးရတာဝန်ယူဖြေရှင်းရမည်

March 7, 2015

ဇေယျာလှိုင် ရေးသည်။ မတ် ၅ ရက်နေ့ဟာ လက်ရှိအစိုးရရဲ့ ပြည်သူတွေပေါ်ထားတဲ့ သဘောထားကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ သမိုင်းဝင်မယ့်နေ့ပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေသုံးခဲ့တဲ့ နည်းလမ်းတွေကိုပဲသုံးနေသေးတယ်ဆိုတာ သက်သေပြလိုက်တဲ့နေ့လည်းပဲ ဖြစ်ပါတယ်။ လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေသူတွေကို ယူနီဖောင်းဝတ်လက်နက်ကိုင်တပ်ဖွဲ့ရော၊ ယူနီဖောင်းမပါ လူရမ်းကားတွေနဲ့ပါ ရန်ကုန်မြို့လယ်ခေါင်တည့်တည့်မှာ အကြမ်းဖက်ခဲ့တာဟာ အစိုးရတစ်ရပ်အနေနဲ့တော်တော်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရတဲ့ ရဲတွေဟာ အရပ်သားတစ်ယောက်ကို အခြားအရပ်သားတစ်ယောက်က ရိုက်ပုတ်ကန်ကျောက်နေတာကို အရေးမယူတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးတယ်ဆိုတာဟာ လူယဉ်ကျေးတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ စွမ်းအားရှင်ဆိုတဲ့ထင်ရာစိုင်း လူ့အရိုင်းစိုင်းတွေကို သရုပ်ခွဲကြည့်ရင် ကျားမကြီးငယ်မရွေး ပါဝင်နေတာတွေ့ရပါတယ်။ သရုပ်အပျက်ဆုံးဖြစ်ရပ်ကတော့ ဆူးလေစေတီတော်ရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို စွပ်ကျယ်ချိုင်းပြတ် မင်ကြောင်အပြည့်နဲ့ လူငယ်အမျိုးသားတစ်ဦးက လည်ပင်းကသိုင်းဖက်လို့၊ နောက်တစ်ယောက်က နောက်ကနေ လက်ကိုလိမ်ချိုးပြီး ဖမ်းခေါ်သွားတဲ့မြင်ကွင်းပါပဲ။ လူမြင်ကွင်းမှာတောင် ဒီလောက်အတင့်ရဲစော်ကားနေတဲ့သူတွေဟာ လူမမြင်ကွယ်ရာမှာဆိုရင် မတွေးဝံ့စရာပါပဲ။ […]

အပြည့်အစုံဖတ်ရန်

ဦးသိန်းစိန်အစိုးရ မျက်နှာဖုံး ကွာပြန်ပြီ

March 6, 2015

ဉာဏ်လင်း ရေးသည်။ ရန်ကုန် (မတ် ၆၊ ၂၀၁၅) ယမန်နေ့က မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေကြသူများကို အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းြဖင့် မြန်မာအစိုးရသည် သူ၏ “ပြုပြင်ပြောင်းလဲရေး မျက်နှာဖုံး”ကို ခွာချပစ်လိုက်ပြန်ပါသည်။  ဦးသိန်းစိန်အစိုးရအဖို့ ၂၀၁၀ ရွေးကောက်ပွဲက ချုပ်လုပ်ပေးလိုက်သော “ပြုပြင်ပြောင်းလဲရေးမျက်နှာဖုံး”သည် ပူလောင်လွန်း၍ပဲလားမပြောတတ်။ တပ်ဆင်ထားသည့်မျက်နှာဖုံးကို ဆွဲချွတ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သည်။  ခေတ်ဟောင်းအခြေအနေများကို ပိုမိုထင်ဟပ်စေသည်က “တာဝန်” လက်ပတ်များကိုဝတ်ဆင်ထားသည့် စွမ်းအားရှင်များအား အသုံးပြုကာ ဆန္ဒပြသူများကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီး ဆွဲခေါ်သွားသည့် ကိစ္စပင်ဖြစ်သည်။  ယခင်ခေတ်တစ်လျှောက်လုံး မြန်မာပြည်သူလူထုကို ခြောက်လှန့်ခဲ့သော လက်ကိုင်တုတ်များကို လမ်းမပေါ်မောင်းတင်ပြီး ပြန်အသုံးချသည့်မြင်ကွင်းသည် ရှေ့ရေးအတွက် အင်မတန် စိတ်လေးစရာဖြစ်ရသည်။  ထိုမြင်ကွင်းများကို ကြည့်ရသူများအဖို့ ၂၀၀၇ သံဃာအရေးအခင်းကို ပြေးမြင်စေသည်၊ လက်ပံတောင်းကိစ္စကို ပြေးမြင်စေသည်။ တချို့က ၈၈ အရေးအခင်းမျိုး တစ်ကြော့ပြန်ရောက်လာနိုင်သည့် အလားအလာအဖြစ် […]

အပြည့်အစုံဖတ်ရန်

မြန်မာ့ပညာရေးစနစ်တိုးတက်ဖို့ ဘာတွေလိုနေလဲ

March 5, 2015

‘‘ပညာရှင်ပေါ် အမြင်မှန်ဖို့လိုပါတယ်။ ပညာရှင်အခွင့်အရေးကို ပြည့်ပြည့်ပေးဖို့လိုပါတယ်” ‘‘ြမန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြဿ      နာတွေထဲက တစ်ခုက ဘာလဲဆိုတော့ ပညာရေးကို လူမှုအဖွဲ့အစည်းနဲ့ ဆီလျော်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ဒါဟာ သော့ချက်ကျတယ်” ‘‘အရည်အသွေး (Quality) ညံ့တာကတော့ နိုင်ငံက မတတ်နိုင်လု့ိ ထားလိုက်တော့။ ဒါပေမဲ့ အထဲမှာပါတဲ့စာသားက မှားမှန်းသိရင်တော့ ပြင်ဖို့ကောင်းတာပေါ့” ‘‘ပိုက်ဆံဟာ သော့ချက်ကျတဲ့ အရာပဲလေ။ ဒါပေမဲ့ ပိုက်ဆံပမာဏ ဘယ်လောက်ဆိုတာတစ်ခုတည်းနဲ့တော့ မပြီးဘူး။ အရေးကြီးတာက အဲဒီပိုက်ဆံတွေကို ဦးစားပေးရွေးချယ်ထားတဲ့ နယ်ပယ်တွေမှာ ဘယ်လို ခွဲဝေအသုံးချသလဲဆိုတာပါပဲ” ‘‘ပညာရေးကို ကောင်းစေချင်တဲ့သူတွေချည်းပဲ။ အတိုက်အခံရော၊ တာဝန်ရှိသူတွေရော၊ သူတို့က ဆုံဖို့လိုတယ်။ အလယ် အလတ်ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးသလို နှစ်ဖက်က ပညာရှင်ဆန်ဆန်ဆုံကြဖို့လိုတယ်။ အဲဒီထဲမှာမှ ပညာရှင်တွေ ဝင်ပြီးအကြံပြုပါရစေလို့” (အောက်ဖော်ပြပါဆောင်းပါးမှာ ၂၀၁၃ […]

အပြည့်အစုံဖတ်ရန်

ထိပ်ပိုင်းခေါင်းဆောင်တွေ အဆင်မပြေတော့တဲ့အခါ…

February 23, 2015

(NEWS ANALYSIS) ရှမ်းပြည်နယ် အရှေ့မြောက်ဘက်၊ လောက်ကိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေမှာ ကျဆုံးသွားတဲ့ မြန်မာစစ်သားတွေရဲ့ ဓာတ်ပုံတွေနဲ့ ဒဏ်ရာရစစ်သားတွေရဲ့ဓာတ်ပုံတွေ ပုံစံအမျိုးမျိုးနဲ့ လူမှုကွန်ယက် ဖေ့စ်ဘွက်ခ် စာမျက်နှာပေါ်တက်လာတဲ့အခါမှာတော့ မြန်မာပြည်သူအပေါင်းတို့ရဲ့ နှလုံးသားဟာ ဆွဲကိုင်လှုပ်ခါခံလိုက်ရသလို ထိထိခိုက် ခိုက်ဖြစ်သွားခဲ့ကြပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ပုံတွေကို ကြည့်ပြီး ပြည်သူတွေဟာ ဝမ်းနည်းကြေကွဲကြတယ်။ ဂရုဏာသက်ခဲ့ကြတယ်။ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ကျော်ကြာနေခဲ့ရတာတွေ၊ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ရတာတွေ၊ အရေးအခင်း တွေမှာ ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့ အသတ်ခံခဲ့ရတာတွေ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ၊ ပြည်သူတွေ အဖမ်းအဆီးခံ၊ အနှိပ်အစက်ခံခဲ့ရတာတွေစတဲ့ နာကျည်းစရာ အဖြစ်အပျက်တွေ ဟာ နေရောင်လာလို့ လွင့်စင်ပျောက်ကွယ် သွားတဲ့မြူနှင်းလေးတွေလိုပါပဲ။ ပြည်သူတွေရဲ့ရင်ထဲမှာ အမုန်းတရားတွေအစား […]

အပြည့်အစုံဖတ်ရန်

အိပ်နေတဲ့ နဂါး သွားမနှိုးနဲ့

February 20, 2015

Photo: Map-Myawaddy ၂၀၁၅-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁)မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။ သန်းစိုးနိုင် ရေးသည်။             ၂၀၁၅၊ ဖေဖော်ဝါရီ ၉ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေမှာ စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ဦးဖုန်ကျားရှင်ဦးဆောင်တဲ့ MNDAA တို့ရဲ့ တိုက်ပွဲဟာ တာ့ရွှေထန်၊ ရှောက်ဟုန်ချိန်နယ်တွေတိုင်အောင် ပျံ့နှံ့သွားခဲ့ပြီး ၁၂ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။            ဒီ တိုက်ပွဲတွေအတွင်း MNDAA အဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းရဲ့ အဆိုအရ သူတို့ဘက်က ငါးဦးခန့်ကျဆုံးခဲ့ပြီး တပ်မတော်ဘက်က ၇၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်ကြေညာချက်အရ အရာရှိ ငါးဦးအပါ အဝင် စစ်သည် ၄၇ ဦးကျဆုံးခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်ကို နားရွက်တံတွေးဆွတ်သည့် ၄၈ ပွင့်

January 23, 2015

ဇန်နဝါရီ၊ ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်က သမ္မတ၏ ဖိတ်ကြားမှုဖြင့် နေပြည် တော်ရှိ သမ္မတအိမ်တော်၌ နိုင်ငံရေးပုဂ္ဂိုလ် ၄၈ ဦး တွေ့ဆုံခဲ့ခြင်း သည် ဥပဒေပြုလွှတ်တော်ကို နားရွက် တံတွေးဆွတ်လိုက်သလို ဖြစ် သွားသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကသမ္မတ၊ ကာချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယကတို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံ၍ နိုင်ငံရေးအကျပ်အတည်းများကို ဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်နေသော သူရဦးရွှေမန်းကသာ သဘောတူလက်ခံခဲ့ပြီး သမ္မတနှင့် ကာချုပ်တို့ဘက်ကမူ အကြောင်းအမျိုးမျိုးပြ၍ တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့မလာမီ နှစ်ပတ်အလိုတွင်တော့ “နိုင်ငံရေးအင်အားစုငါးစု” ဟု အမည်တပ်ကာ ယင်းလေးဦးအပါအဝင် အခြားပုဂ္ဂိုလ်များကိုပါ သမ္မတက ဖိတ်ကြားပြီး ၁၄ ပွင့်ဆိုင်တွေ့ဆုံစေခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် လူတစ်ဦးလျှင် ၁၀ မိနစ်စီ […]

အပြည့်အစုံဖတ်ရန်

ခရီးရှည်ကြာဦးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

January 8, 2015

  ဒီဇင်ဘာ၊ ၂၀၁၄ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရတက်လာသည့် နောက်ပိုင်းတွင် နှစ်ပေါင်း ၆၀ ကြာ ပြေလည်မှု မရရှိခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိဖို့ သိသိသာသာကြီး လုပ်ဆောင်လာသည်ကို တွေ့ခဲ့ရသည်။ ပြောရ လျှင် အစိုးရသစ်တက်လာသည်နှင့် တစ်ပြိုင်တည်း တိုင်းရင်း သား လက်နက်ကိုင်အရေးကိစ္စကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက် ဦးစွာ ကြိုးပမ်းခြင်းဖြစ်၏။ သို့သော် တာထွက်က လှခဲ့သည်တော့မဟုတ်။ အဘယ် ကြောင့်ဆိုသော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို နယ် ခြားစောင့်တပ်ပြုလုပ်ခြင်းနှင့် ဆက်စပ်ပြီး ယခင် စစ်အစိုးရလက် ထက်က လက်မှတ်ထိုးကာ အပစ်အခတ်ရပ်စဲထားသည့် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရကြား တင်းမာမှုဖြစ်ပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်မှာ ယနေ့အထိပင် ဖြစ်၏။ […]

အပြည့်အစုံဖတ်ရန်

တရားရေးမဏ္ဍိုင်ကို ဘယ်လိုတည့်မတ်ကြမလဲ

January 8, 2015

တရားရေးမဏ္ဍိုင်ကို ဘယ်လိုတည့်မတ်ကြမလဲ ဒီဇင်ဘာ၊ ၂၀၁၄     ယခုနိုင်ငံရေးအပြောင်းအလဲ တွင် ဥပဒေပြုရေးမဏ္ဍိုင် ခေါ် လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ခေါ် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တို့သည် ၎င်းတို့ ၏ တာဝန်ယူထားရာ မဏ္ဍိုင်အလိုက် ပြုပြင်ပြောင်းလဲရေးများ လုပ်နေကြသည်။ အဆိုပါ မဏ္ဍိုင်နှစ်ခုသည် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ကိုက်ညီသည့် ပြောင်းလဲမှုမျိုး မလုပ်နိုင်သေးသည့်တိုင် ယခင်နှင့် မတူသော ပြောင်းလဲမှုများ လုပ်ဆောင်လာသည်ကိုတော့ အား လုံးအသိပင်ဖြစ်၏။ မီဒီယာများတွင်လည်း နေ့စဉ်လိုလို အဆိုပါ   မဏ္ဍိုင်နှစ်ခု၏ လုပ်ရှားမှုများကို တွေ့မြင်ကြားသိနေကြရသည်။ သို့သော် တရားရေးမဏ္ဍိုင်သည် နိုင်ငံရေးပြောင်းလဲမှု လေးနှစ် ကြာလာသည့်တိုင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကို မတွေ့ရသလောက်ပင် ဖြစ်လေ၏။ နိုင်ငံတည်ဆောက်ရေး       မဏ္ဍိုင်သုံးရပ်အနက် တရားရေးမဏ္ဍိုင်သည် အသံအတိတ်ဆုံး၊ လှုပ်ရှားမှုအနည်းဆုံး ဖြစ်နေသည်။ တစ်နည်းအားဖြင့် ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် […]

အပြည့်အစုံဖတ်ရန်
1 … 7 8 9 10 11

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."