သုံးသပ်ချက်များ

YBS က ပေးသောသင်ခန်းစာ

January 17, 2017

ရန်ကုန်မြို့တွင်းနှစ်ပေါင်းများစွာပြေးဆွဲခဲ့သည့် မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး(မထသ)ကို ဖျက်သိမ်းကာ Yangon Bus Service (YBS) ဖြင့်အစားထိုးသည့် စီမံကိန်းကိုယမန်နေ့(ဇန်နဝါရီ ၁၆)က စတင်အကောင်အထည်ဖော်ခဲ့ရာတွင် ကသောင်းကနင်းဖြစ်ခဲ့ရသည်။ မော်တော်ယာဉ်စီးနင်းသူများမကျေမနပ်ပြောဆိုသည့်အထဲတွင် မော်တော်ယာဉ်စီးရေမလုံလောက်သောကြောင့် မှတ်တိုင်တွင်အချိန်ကြာမြင့်စွာစောင့်ရခြင်း၊ ယာဉ်လမ်းကြောင်များသေချာမသိခြင်းနှင့် အဆင့်ဆင့်စီးရသည့်အတွက် အချိန်ပိုမိုကုန်သလိုယာဉ်စီးခပိုမိုကုန်ကျမှုတို့သည် အဓိကပြဿ      နာများဖြစ်လျက်ရှိသည်။ ယာဉ်လိုင်းနာမည်နှင့် ပြေးဆွဲသည့်လမ်းကြောင်းသာပြောင်းသွားသော်လည်း စီးရသည့်ဘတ်စ်ကား၊ဆက်ဆံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာယခင်လူများဖြစ်နေသည်ဟုဆိုကာထောက်ပြသူများလည်းရှိပါသည်။ တစ်ဖက်တွင်လည်းစနစ်ဟောင်းမှ စနစ်သစ်သို့ကူးပြောင်းရာတွင် ဖြစ်လေ့ဖြစ်ထရှိသည့် တဒင်္ဂအဆင်မပြေမှုများကို စိတ်ရှည်သည်းခံပေးကြပါရန် တိုက်တွန်းပြောဆိုသံများကိုလည်းကြားရသည်။ ဆိုရလျှင် ယမန်နေ့တစ်နေ့လုံး Facebook လူမှုကွန်ယက်သည် ဆန့်ကျင်ဘက်အမြင်အမျိုးမျိုးရှိသူများ၏ အယူအဆများ၊ ငြင်းခုန်မှုများ၊ ဒေါသများဖြင့် ပြည့်နှက်လျက်ရှိသည်ကိုတွေ့ရသည်။ မြေပြင်တွင်တော့ ဘတ်စ်ကားမှတ်တိုင်များတွင် သောင်တင်နေသောရာထောင်ချီသည့်ခရီးသည်များ အတတ်နိုင်ဆုံးအဆင်ပြေစေရန် လုပ်အားပေးကြသူများ၊ မိမိတို့ကိုယ်ပိုင်ယာဉ်များဖြင့် ခရီးသည်နိုင်သလောက် အခမဲ့တင်ဆောင်သူများကိုလည်း မြင်တွေ့ရပါသည်။ အထက်ပါမြင်ကွင်းမျိုးကို ကျွန်ုပ်တို့ မည်သည့်အချိန်ထိမြင်တွေ့ရမည်ကိုမူမှန်းဆမရနိုင်သေးပါ။ သေချာသည့်အချက်မှာ […]

အပြည့်အစုံဖတ်ရန်

မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ၂၈နှစ်ခရီး သင်ခန်းစာများနှင့် အပြုသဘောရှေ့ဆက် ထူထောင်နိုင်စေရေး

January 13, 2017

အာဏာရှင်စနစ်ပုံစံတစ်မျိုးမျိုးမှ ရုန်းထွက် ကြခြင်းကို ယနေ့မော်ဒန်စကားအရ ‘ဒီမို ကရေစီ အကူးအပြောင်း’၊ ‘ဒီမိုကရေစီ ဖော် ဆောင် ကူးပြောင်းခြင်း’ဟု ခေါ်ဝေါ်သုံးနှုန်း ကြပါ၏။ ထိုသို့ရုန်းထွက်ရန် ကြိုးစား အားထုတ်ဆဲ နိုင်ငံများကိုလည်း ‘အကူး အပြောင်းနိုင်ငံများ’ဟု နာမည်တပ် ကြသည်။ စာရေးသူတို့နိုင်ငံသည်လည်း ထိုစာရင်းထဲ ပေါက်နေခဲ့သည်မှာ ၂၈ နှစ်တိတိ ကျော်လာခဲ့ပြီဟု ယေဘုယျ ဆိုနိုင်ပါ၏။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆုံမှတ် အဖြစ်ထား၍ တွက်ချက် ယူငင်ပြောဆိုလိုက်ခြင်းဖြစ်ပြီး အာဏာ ရှင်စနစ် ပုံစံအောက်ကို တကယ်တမ်းကျရောက်ခဲ့၊ ကျရောက် ခံ ခဲ့ကြရသည်ကတော့ ၁၉၆၂၊ မတ် ၂ ရက် တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့ချိန်ကတည်းက ဖြစ်သည်။ ၁၉၆၇ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ် အရေးအခင်း၊ […]

အပြည့်အစုံဖတ်ရန်

နှစ်သစ်မှာ NLD ပြောင်းလဲချိန်တန်ပြီ ။

January 9, 2017

ဆိုရလျှင် အစိုးရသစ်သည် စိန်ခေါ်မှုအဟောင်းနှင့် အသစ်တို့ကြားတွင် ညှပ်ပူးညှပ်ပိတ်ဖြစ်လျက်ရှိသည်။ မည်သို့သော အနေအထားရောက်နေသည်ဖြစ်စေ ပြည်သူများ မျှော်လင့်နေကြသည်က သေနတ်သံများတိတ်ရေး၊ ၎င်းတို့စားဝတ်နေရေး တိုးတက်ကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးမြင့်မားရေး၊ ရာဇဝတ်မှုများ လျော့ကျရေးပင်ဖြစ်သည်။

အပြည့်အစုံဖတ်ရန်

စစ်နှင့် ငြိမ်းချမ်းရေး ရွေးကြရမည်

December 19, 2016

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၇ဝ နီးပါး ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ပဋိပက္ခမျိုးစုံကို နေ့ချင်းညချင်းမပြောနဲ့၊ နှစ်လုံးပေါက်ထိုင်ဖြေရှင်းတောင် ပြေလည်နိုင်ဖွယ် မရှိပါဘူး။

အပြည့်အစုံဖတ်ရန်

ကြက်တူရွေးလေးများ မဖြစ်စေလိုပါ

November 22, 2016

ကောင်းမွန်သော အဆောက်အအုံ၊ ကလေးကစားကွင်း၊ သင်ထောက်ကူများရှိရန် အရေးကြီးသလို စဉ်းစားချင့်ချိန်ကာ သင်ပြနည်း၊ ကလေးစိတ်ပညာ၊ သင်ကြားရ မည့် ဘာသာရပ်ကို ကျွမ်းကျင်သော ဆရာ၊ ဆရာမများရှိလျှင် လက်ရှိ နိုင်ငံအနေအထားနှင့် အတော်အဆင်ပြေမည်ဖြစ် လေသည်။

အပြည့်အစုံဖတ်ရန်

အယူဝါဒရေး စစ်ပွဲများ ပြို ကွဲချိန်

November 18, 2016

ပြည်တွင်းစစ်ဖြစ်ရတာ အရင်းခံအားဖြင့် အယူဝါဒရေးတိုက်ပွဲ (Ideological Clash) ကြောင့် ဖြစ်ခဲ့ရတာပါ။ အထူးသဖြင့် ကွန်မြူ နစ်တွေနဲ့ အုပ်စိုးသူ ဖဆပလထဲမှ အာဏာရ ဆိုရှယ်လစ် တွေအကြား အယူအဆရေးရာ သဘောထားကွဲလွဲမှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ခဲ့ကြတာပါ။

အပြည့်အစုံဖတ်ရန်

ရခိုင်ဒေသ တည်ငြိမ်ရေး အကြမ်းဖက်အဖွဲ့အစည်းတွေကို ရှုတ်ချပေးပါ

November 16, 2016

လူ့အခွင့်အရေးလေးစားလိုက်နာရေး၊ ယင်းဒေသရှိ မွတ်စလင်များအား တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုပေးရေးနှင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရေးကိစ္စများကိုသာ ပြောဆိုတိုက်တွန်းနေ၍ ပြီးမည်မဟုတ်ဘဲ ဘာသာရေးအခြေပြုအကြမ်းဖက်တိုက်ခိုက်မှုများကို ဝိုင်းဝန်းရှုတ်ချပေးရန်လည်း လိုအပ်ပါလိမ့်မည်။ ထို့ပြင် အကြမ်းဖက်ကွန်ရက်ထဲ ဒေသခံမွတ်စလင်များ ပါမသွားရေးကိုလည်း တတ်နိုင်သည့်ဘက်က နှိုးဆော်သတိပေး ကြရန်လည်း လိုအပ်ပါသည်။

အပြည့်အစုံဖတ်ရန်

၂၁ရာစု ပင်လုံညီလာခံ စစ်တမ်း

October 27, 2016

လွှတ်တော်အဆင့်ဆင့်မှာ ရွေးကောက်တင်မြှောက်ခံရခြင်းမရှိတဲ့ တပ် မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့် စစ်မှန်တဲ့ ဖက် ဒရယ်စနစ် မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့ နဲ့ နိုင်ငံရေးအင်အားစုတွေက ယူဆနေကြပါတယ်။

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ် ကင်းစခန်းများ စီးနင်းတိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်းသော သတင်းအချက်အလက် စီမံခန့်ခွဲမှု စွမ်းရည်ကို ဆန်းစစ်ခြင်း

October 25, 2016

ပြည်တွင်းပြည်ပ နိုင်ငံရေး သြဇာတိက္ကနှင့် အာဏာ ခိုင်မာစွာ ရရှိထားသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကာလ အတွင်း ရခိုင်အရေးကို ပြေလည်အောင် ဆောင်ရွက်မှုအား လက်ခံ လိုက်နာခြင်း မရှိလျှင် နောက်နောင် မည်သည့် အခါတွင်မှ ဤ အရေးကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။

အပြည့်အစုံဖတ်ရန်

ပြုပြင်ပြောင်းလဲရမည့် ကျူရှင်သံသရာ

September 16, 2016

ကျူရှင်သည် သာမန်ကိစ္စရပ် မဟုတ်၊ အလွယ်ကြိုက်သော စိတ်ဓာတ်၊ စဉ်းစားလိုစိတ်နည်းပါး မှု၊ တစ်ဦးချင်းစီ၏ ထုတ်ကုန်အရည်အသွေးနိမ့်ကျမှု၊ အုပ်ချုပ်ခဲ့ သော အစိုးရတစ်ရပ်၏ ပညာရေးအပေါ် ထားခဲ့သည့် စေတနာ စသဖြင့် ထင်ဟပ်နေသော ရေရှည်စီမံဖြေရှင်းရမည့် အကြောင်း အရာဖြစ်သည်။ အစိုးရအနေနှင့် ၎င်းအခြေအနေကို ကျော်လွှား နိုင်ရန် ပိုမိုထိရောက်သောနည်းရှာသင့်သည်။ ကျူရှင်ပပျောက် ရေးသည် ရေရှည်စီမံကိန်းဆွဲ၍ ပြုပြင်သင့်သောအကြောင်းအရာ ဖြစ်သည်။

အပြည့်အစုံဖတ်ရန်

ကျေးဂျူးး ကမ္ဘာ မိုင်ဂျာယန်

September 1, 2016

မိုင်ဂျာယန်ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီကိုယ်စားလှယ် အစုံ အညီနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ညီလာခံအစီအစဉ် နေ့တိုင်းတင်ပြခဲ့တဲ့ စာတမ်းပါ သဘောထားတွေကတော့ တစ်ရက်မှ ဆုံးဖြတ်ချက်အဖြစ် ထွက် ပေါ်မလာနိုင်ခဲ့ပါဘူး။

အပြည့်အစုံဖတ်ရန်

တရုတ်အစိုးရ၏ ခြေလှမ်းသစ်များ သတိကြီးစွာ စောင့်ကြည့်ရန်လို

August 29, 2016

အိမ်နီးချင်းနိုင်ငံနှင့် နွေးထွေးသောဆက်ဆံရေး တည်ဆောက်နိုင်ရေးသည ်လွန်စွာအရေးကြီးသကဲ့သို့ တစ်ဘက်တွင်လည်း လူ့အခွင့်အရေးလေးစားလိုက်နာခြင်းမရှိသော အဆိုပါအင်အားကြီးနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအရ ဝါးမြိုခံရမည့်ဘေးကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့်ကာ ဂရုမူသင့်ပါကြောင်း

အပြည့်အစုံဖတ်ရန်
1 … 3 4 5 6 7 8 9 … 11

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."