တင်းမာနေတဲ့အခြေနေကိုသိသိနဲ့ လူအုပ်ထဲကားမောင်းလာပြီး ဆဲပြေးတာဟာ တမင်ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖြစ်အောင်လုပ်ဆောင်တယ်ဆိုတာထင်ရှားပါတယ်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားသော်လည်း အင်အားနည်းသော ဘာသာဝင်များ၏ အဆိုပါအခွင့်အရေးမှာ အနည်းနှင့် အများဆိုသလို ခြိမ်းခြောက်ခံနေရသည်။ ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အဆိုးရွားဆုံးချိုးဖောက်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း၌ တရုတ်၊ အီရန်၊ ဆော်ဒီအာရေးဗီးယားတို့နှင့် အတူ မြန်မာနိုင်ငံ ပါဝင်နေလျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် – အမေရိကန်ပြည်ထောင်စုကော်မရှင်(USCIRF)၏ ၂၀၁၇ခုနှစ် အစီရင်ခံစာက ဖော်ပြထားသည်။ မကြာသေးခင်က ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးကျောင်း နှစ်ကျောင်းကို ရဟန်းအချို့ပါဝင်သည့် အမျိုးသားရေးလှုပ်သူတစ်စုက ဖိအားပေးပိတ်ခိုင်းခြင်းသည် အင်အားနည်းသော ဘာသာဝင်များကို အနိုင်ကျင့်သည့် လုပ်ရပ်အဖြစ် ဝေဖန်ကဲ့ရဲ့စရာ ဖြစ်နေပါသည်။ ထိုကဲ့သို့ ခြိမ်းခြောက်ဖိအားပေးပိတ်ခိုင်းသူများကို အရေးမယူသည့်အပြင် ပြဿ နာကြီးထွား မလာစေရေးအတွက် ဟုဆိုကာ အဆိုပါဘာသာရေးကျောင်းနှစ်ကျောင်းကို အာဏာပိုင်များက […]
‘ပန်ဆန်းညီလာခံ’ ဆုံးဖြတ်ချက်ဟာ ပင်လုံညီ လာခံကို စွန့်ပယ်ခြင်း မဟုတ်သလို ပြည်တွင်းစစ်ပြဿ နာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးမူကိုလည်း ပစ်ပယ်တာ မဟုတ်ပါ ဘူး။ ပြည်တွင်းစစ်မီးကို ပိုမိုတောက်လောင်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားပြုနေတဲ့ NCA စာချုပ်ကို အစား ထိုးနိုင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဝိုင်းဝန်းရှာဖွေ ဖော်ထုတ်ကြဖို့ လှုံ့ဆော်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုမှုဆိုတာ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရလက်ထဲမှာ ရှိတာ မဟုတ်တဲ့အတွက် နိုင်ငံရဲ့အခြေအနေဟာ အချိန်မရွေး ကြိုက် သလိုဖြစ်သွားနိုင်တယ်ဆိုတာကလည်း သတိထားစရာ တစ်ခုပါ
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးမှာလည်း ဇာတ်မျောကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ မှန်းဆမရဖြစ်နေပါသည်။ ပုံစံဟောင်း၊ ပုံစံသစ်နှစ်မျိုးဖြင့် အကျပ်ရိုက်နေသော ရခိုင်ပဋိပက္ခကိုလည်း ငြိမ်းအေး အောင် မဖြေရှင်းနိုင်သေးသဖြင့် မြန်မာ့ပုံရိပ်သည် ကမ္ဘာ့အလယ်တွင် လက်ညှိုးထိုး ကဲ့ရဲ့စရာ ဖြစ်မြဲဖြစ်လျက် ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာသည့် အစိုးရဖြစ်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ကန့်သတ်ထားမှုကြောင့် လုပ်ပိုင်ခွင့်အကန့်အသတ်သာ ရှိပါသည်။ ထိုအချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက နားလည်ကြသည့်တိုင် ရေရှည်အတွက် အလုပ်မဖြစ်၊ အဖြေမထွက်နိုင်
NCA စာချုပ်ကို ပြည့်စုံကောင်းမွန် တယ်လို့ မယူဆကြဘူး။ NCA စာချုပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကန့်အသတ် ဖြစ်လာရုံမက စစ်ပွဲတွေ ကျယ် ပြန့်လာပြီး အရှိန်အဟုန် ကြီးထွားမြင့်မားလာတယ်။
ငြိမ်း ချမ်းရေးကို စစ်ပွဲနဲ့ ထူထောင်လို့မရဘဲ နိုင်ငံရေးနည်းအရ ဖြေ ရှင်းရမယ်ဆိုတာကို မူအရသဘောတူရင် တစ်ပြည်လုံးရှိ စစ်ဆင် ရေးတွေ ရပ်စဲပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရပါ လိမ့်မယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်လက်မှတ်ထိုးလာရေးအတွက် မူဝါဒဆိုင်ရာ ဖြေ လျှော့မှုတွေ လုပ်ပေးရမှာသာ ဖြစ်ပြီး စစ်ရေးအရ ဖိအားပေးမှု တွေအားလုံး ရုပ်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။
စမစ် တင်ပြခဲ့သည် မှာ ငွေကြေး (Currency) ဟူသည်မှာ ကုန်စည်များရောင်းဝယ် ရေးကို ချောမွေ့အောင် ထောက်ပံ့ပေးသည့် အရာသာ ဖြစ်ပြီး နိုင်ငံတစ်ခု ကြွယ်ဝချမ်းသာစေသည့် အကြောင်းရင်းမဟုတ်။ ငွေစက္ကူများသည် နိုင်ငံတို့၏ ရွှေ၊ ငွေစသော ဥစ္စာဓနတို့ကို အလုံ ပိတ် အဆောက်အအုံကြီးများအတွင်းတွင် သိမ်းဆည်းထားဖို့ မလိုစေဘဲ လူတို့၏ ရောင်းရေးဝယ်တာများကို အဆင်ပြေအောင် အသုံးချဖို့ ဖြစ်သည်။
သုတေသနပြုလေ့လာချက်အရ MSG နဲ့ Aspartame ပေါင်းစပ်ပါဝင်မှုဟာ ပိုမိုအန္တရာယ်ကြီးမားတာကို တွေ့ရှိလာပါ တယ်။ MRE လို့ခေါ်တဲ့ Meal Ready to Eat အသင့်စားနိုင် အောင် စီမံထားတဲ့ အစားအစာတွေ Instant Foods ထဲမှာ MSG ပါဝင်တတ်ပြီး အဲဒါကိုစားပြီး Aspartame ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဖျော်ရည်ကို သောက်သုံးခဲ့ရင် အဲဒီက ထွက်ပေါ်လာတဲ့ ပစ္စည်းဟာ ဦးနှောက်မှာရှိတဲ့ Hypothalamus ခေါ်တဲ့ ဗဟိုချက် အစိတ်အပိုင်းကို ထိခိုက်စေပါတော့တယ်။
ဒီအနေအထားဟာ ပြည်တွင်းစစ်ရှည်ကြာဦးမယ့် လက္ခဏာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်နိုင်တဲ့ အလား အလာကို ညွှန်ပြနေပါတယ်။ တပ်မတော်ရဲ့ ‘သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေး’ သဘောထားနဲ့ စစ်ရေးဖိအားအောက် မှာ ပြည်တွင်းစစ် နှစ် ၇ဝ နီးပါး ရှည်ကြာခဲ့သလို အမျိုးသား လက်နက်ကိုင်အဖွဲ့အစည်း ၃ဝ နီးပါး တိုးပွားများလာခဲ့တာကို သင်ခန်းစာယူသင့်ပါပြီ။
လက်သည်တရားခံ မဖော်ထုတ်နိုင်သေးသည့် ငါးလောင်းပြိုင်လူသတ်မှုကဲ့သို့သော ဖြစ်ရပ်မျိုးကလည်း ရှေ့တွင် ရှိခဲ့သည်ဖြစ်ရာယခုဖြစ်စဉ်တွင်လည်း နောက်ကွယ်က ‘လက်မည်း’ကို အလင်းရောင်ထဲ ဆွဲထုတ်ပြနိုင်ပါမည်လား ဆိုသည်မှာ သံသယဖြစ်မည်ဆိုလျှင်လည်း ဖြစ်ချင်စရာပင်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."