သတင်းများ

မိုင်းပွန်မှာ ပိတ်မိနေတဲ့ကားတွေကို ဒီနေ့လမ်းပြန်ဖွင့်ပေးပြီ

March 1, 2024

တောင်ကြီး – ၂၀၂၄ မတ် ၁ (မော်ကွန်း) တောင်ကြီး-ကျိုင်းတုံလမ်းပိုင်း၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့မှာ တိုက်ပွဲတွေကြောင့် လမ်းကြောင်းပိတ်ထားရာကနေ ဒီနေ့ ပြန်ပြီး လမ်းဖွင့်ပေးလိုက်ပြီးလို့ အဲဒီမြို့မှာပိတ်မိနေတဲ့ ကုန်ကားသမားတချို့က မော်ကွန်းကိုပြောပါတယ်။ “ အခုလမ်းဖွင့်ပေးနေပြီဗျ။ ကျွန်တော့်ကား မြို့အထွက် တံတားနားကိုရောက်လာပြီ” လို့ ဒီနေ့မနက် ၁၁ နာရီဝန်းကျင်မှာ ကုန်ကားသမားတစ်ဦးက ပြောပါတယ်။ သူ့ဟာ အဲဒီမြို့မှာ တိုက်ပွဲတွေကြောင့် ကိုးရက်ပိတ်မိနေခဲ့ရသူပါ။ ပြီးခဲ့တဲ့လ ၂၀ ရက်ကစပြီး ဟိုပုံးမြို့နယ်နဲ့ လွိုင်လင်မြို့နယ်အစပ်၊ လွိုင်လင်အပိုင်ထဲက မိုင်းပွန်မြို့မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA)၊ မဟာမိတ်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားကတည်းက အဲဒီ့လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ထားခဲ့တာကြောင့် ရာပေါင်းများစွာသော ခရီးသည်ကား၊ ကုန်ကားနဲ့ အိမ်စီးကားတွေ ပိတ်မိနေခဲ့တာပါ။ “ တိုက်ပွဲကငြိမ်ပြီထင်တာပဲ။ စောစောပိုင်းကတော့ […]

အပြည့်အစုံဖတ်ရန်

စလင်းမှာစစ်ကောင်စီလေယာဉ်တစ်စင်းပျက်ကျ၊ ပိုင်းလော့နှစ်ဦးလေထီးဖြင့်ခုန်ချလွတ်မြောက်

February 29, 2024

မကွေး-၂၀၂၄ ဖေဖော်ဝါရီ ၂၉ (မော်ကွန်း) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဒီနေ့လယ်ပိုင်းက လေယာဉ်ပျက်ကျရာမှာ လေထီးနဲ့ခုန်ထွက်လွတ်မြောက်သွားတဲ့ ပိုင်းလော့နှစ်ဦးကို စစ်ကောင်စီတပ်က ပြန်ခေါ်သွားပြီလို့ စလင်းဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတာလို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ “ဖြစ်စဉ်ကတော့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်မှာ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲက ကြိုဝန်းကြီးကျေးရွာက လယ်ကွင်းထဲမှာ MIG 29 အမျိုးအစားပျက်ကျတယ်။ (ပိုင်းလော့နှစ်ဦးက)လေယာဉ်ပျက်ကျတဲ့အချိန်မှာ လေထီးနဲ့ခုန်ထွက်သွားတယ်။ ထွက်သွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီလေတပ်ကပဲ Mi 17 နဲ့ခေါ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီလေယာဉ်ဟာ မကွေးလေတပ်ကနေပျံတက်လာတဲ့ လေယာဉ်ဖြစ်ပြီး ပျက်ကျပြီးနောက်မှာတော့ စစ်ကောင်စီ တပ်သားတွေရောက်ရှိလာပြီး လေယာဉ်အစိတ်အပိုင်းတချို့ကို ပြန်သယ်ယူကာ ဓာတ်ပုံရိုက်ပြီး ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံခြားငွေကြေးစျေးကွက် လှုပ်ခတ်

February 29, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၉ (မော်ကွန်း) ယခုရက်ပိုင်းအတွင်း လှုပ်ခတ်လာတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဒေါ်လာဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတယ်လို့ ငွေကြေးဈေးကွက်စောင့်ကြည့်သူတွေနဲ့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။ အထူးသဖြင့် စစ်ကောင်စီကပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်သူလူထုအကြား စိုးရိမ်မှုတွေ မြင့်တက်လာပြီး ပြည်ပကိုထွက်ခွာသူတွေများလာခဲ့ပါတယ်။ ပြည်ပထွက်ခွာမယ့်သူတွေ များလာတာနဲ့အမျှ ဒေါ်လာဝယ်လိုအားလည်းမြင့်တက်လာကာ ဒေါ်လာဈေးကွက်လှုပ်ခတ်လာတာလို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “နိုင်ငံခြားထွက်တဲ့သူတွေ များလာတဲ့အမျှ နိုင်ငံခြားငွေ၊ အထူးသဖြင့် ဒေါ်လာဝယ်လိုအားလည်း မြင့်တက်လာတယ်။ ပြီးတော့ ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လည်း အခုလို ဈေးကွက်လည်း မတည်မငြိမ်ဖြစ်လာတယ်” လို့ သူက သုံးသပ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေမထုတ်ပြန်ခင်က ဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ကျပ် ၃,၅၀၀ ဝန်းကျင်မှာပဲ ရှိနေရာက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းမှာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာတယ်လို့ ၎င်းဒေါ်လာဝယ်ရောင်းက ပြောပါတယ်။ ဒေါ်လာဈေးဟာ […]

အပြည့်အစုံဖတ်ရန်

သိမ်ဆိပ်ကတံတားချိုးခံရပေမယ့် လမ်းပိုင်းပွင့်နေတယ်လို့ ယာဉ်လိုင်းနဲ့ ကုန်တင်ယာဉ်တွေပြော

February 28, 2024

ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သထုံမြို့နယ်၊ သိမ်ဆိပ်မြို့၊ မိုးကောင်းဘုရားကြီးအနီးက တံတားငယ်တစ်စင်း ဒီမနက် ၃ နာရီ ဝန်းကျင်က အချိုးခံခဲ့ရပေမယ့် ကွင်းလမ်းရှိတာကြောင့် လမ်းပိုင်းပြတ်တောက်မှု မဖြစ်ဖူးလို့ အဲဒီလမ်းပိုင်းကို အသုံးပြုနေတဲ့ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက ပြောပါတယ်။ အဲဒီ့တံတားဟာ မိုင်းခွဲဖျက်ဆီးခံရပြီး အလုံးစုံပျက်စီးသွားပေမယ့် အနီးဝန်းကျင်မှာ ဒေသခံတွေသုံးတဲ့ ကျေးလက်လမ်းတွေရှိသလို ချောင်းဟာလည်း သေးငယ်တဲ့အတွက်ကြောင့် လမ်းပိုင်းကို ဖြတ်သန်းသွားလို့ရတာလို့ သူတို့ကဆိုပါတယ်။ “တံတားကတော့ကျိုးသွားတယ်။ တံတားအောက်မှာ အောက်လမ်းကရှိတယ်။ အဲဒီအောက်လမ်းက တက်နေကြတယ်။ ဒီနေ့တစ်ရက်တော့ ကျွန်တော်တို့တွေလည်း ခရီးသည်တွေအတွက် အခက်အခဲဖြစ်မှာစိုးလို့ တစ်ရက်နားလိုက်တယ်။ မနက်ဖြန်တော့ ပြန်ထွက်ပါမယ်” လို့ ရန်ကုန်-မော်လမြိုင်-ထားဝယ် ပြေးဆွဲနေတဲ့ ရွှေဝယ်မင်းယာဉ်လိုင်းက အရောင်းစာရေးတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ ရန်ကုန်-ထားဝယ် မောင်းနေတဲ့ […]

အပြည့်အစုံဖတ်ရန်

တနင်္သာရီလမ်းပိုင်းကို အသုံးပြုတဲ့ ကုန်တင်ယာဉ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေ အခွန်ကောက်နေ၊ ရတဲ့ငွေနဲ့ စစ်ကောင်စီကိုတော်လှန်နေတယ်လို့ တပ်ဖွဲ့တချို့တုံ့ပြန်

February 28, 2024

ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ထားဝယ်နဲ့မြိတ်ဒေသကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ကုန်စည်တင်ပို့ကူးသန်းနေတဲ့ ယာဉ်တွေထံကနေ အဲဒီဘက်မှာ ပြည်ထောင်စုလမ်းမကြီးတွေအထိ စစ်ရေးလွှမ်းမိုးထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အခွန်ကောက်ယူနေပြီး နေရာဒေသနဲ့ တပ်ဖွဲ့အပေါ်မူတည်ကာ နှုန်းထားကွဲပြားကြတယ်လို့ အဲဒီလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ ကုန်တင်ယာဉ်မောင်းတချို့က ပြောပါတယ်။ ရန်ကုန်ကနေထွက်လာတဲ့ ကုန်တင်ယာဉ်တစ်စီးဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအစပ်က ပြည်ထောင်စုလမ်းပိုင်းပေါ် ဖြတ်သန်းတာနဲ့ စတင်အခွန်ဆောင်ရတာဖြစ်ပြီး အဲဒီကတစ်ဆင့် ဆက်သွားရင် တနင်္သာရီတိုင်းအတွင်းမှာလည်း မတူညီတဲ့ နေရာတွေမှာ အခွန်ဆောင်ရတယ်လို့ သူတို့က ပြောပါတယ်။ “သံဖြူဇရပ်ကျော်တာနဲ့ ဟိုဘက်ဆိုရင် PDF တွေကို လမ်းပေါ်မှာ စတွေ့ရပြီ။ သူတို့က ယာဉ်တွေကို တစ်နှစ်စာ အခွန်ဆောင်ခိုင်းတယ်” လို့ ထားဝယ်- ရန်ကုန်မောင်းတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပြတယ်။ အခွန်ကောက်ယူမှုကို တော်လှန်ရေးတပ်ဖွဲ့တွေက ရေးမြို့နယ်နဲ့ ပုလောမြို့နယ်တွေအတွင်းမှာ […]

အပြည့်အစုံဖတ်ရန်

ရှမ်းပြည်နယ်တောင်ပိုင်းကတိုက်ပွဲတွေကြောင့် စစ်ရှောင်တစ်သိန်းနီးပါးရှိလာ

February 28, 2024

ရှမ်းတောင်-၂၀၂၄ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ လွိုင်လင်၊ မိုင်းပွန်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတစ်သိန်းနီးပါးအထိရှိလာပြီး စစ်ရှောင်ဦးရေဆက်တိုးလာနိုင်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ရှောင်ရတဲ့ကျေးရွာ ၁၂၀ ကျော်နဲ့ မြို့ပေါ်ရပ်ကွက်ခြောက်ခုရှိပြီး“ အခုလည်း လွိုင်လင်၊ မိုင်းပွန်ဘက်တွေမှာ တိုက်ပွဲတွေဆက်ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်။ စစ်ကောင်စီက သူတို့စခန်းတွေက‌နေ လက်နက်ကြီးနဲ့ နေ့တိုင်းရွာတွေဘက်ကို ပစ်တာတွေရှိတော့ ရွာတွေမှာနေမရတော့လို့ ရှောင်လာကြတဲ့သူက ပိုများလာတယ်။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်လာနိုင်ချေရှိလို့ စစ်ရှောင်ဦးရေက ထပ်တိုးလာနိုင်တယ်လို့ ပြောလို့ရပါတယ်”လို့ သူကပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်၊ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေနဲ့ PNLA မဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့လ ၂၁ ရက်ကစလို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ […]

အပြည့်အစုံဖတ်ရန်

တောင်ကြီး-လွိုင်လင်လမ်းပိတ်ထားတာကြောင့် တရုတ်ကိုတင်ပို့မယ့် ဖရဲနဲ့သခွားမွှေးတွေ ပြည်တွင်းမှာပဲ အရှုံးခံရောင်းရတော့မည်

February 27, 2024

ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)  ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး-လွိုင်လင်ကားလမ်း ပိတ်ထားတာ သီတင်းတစ်ပတ်နီးပါး ကြာမြင့်လာပြီးနောက် တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ ဖရဲနဲ့ သခွားမွှေးတွေကို ပြည်တွင်းဈေးကွက်မှာပဲ အရှုံးခံရောင်းချရတော့မယ်လို့ ကုန်သည်တွေနဲ့ တောင်သူတွေက ပြောပါတယ်။ တောင်ကြီး-လွိုင်လင်ကားလမ်းပေါ်က မိုင်းပွန်မြို့အနီးမှာ ယခုလ ၂၀ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ လမ်းကိုပိတ်ဆို့လိုက်တာ တပတ်နီးပါး ကြာမြင့်နေပါပြီ။ တရုတ်နိုင်ငံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဝင်ပေါက်တွေကို မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလမှာ ထိန်းချုပ်ထားလိုက်တာကြောင့် တရုတ်နဲ့ကုန်သွယ်မှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားနယ်စပ်ကို အဓိကထားလာကြတာပါ။ မိုင်းလားနယ်စပ်ကုန်သွယ်ရေးဂိတ်ကို သွားမယ့်ယာဉ်တွေဟာ ရှမ်းတောင်ပိုင်းကနေ ရှမ်းအရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ အဆိုပါလမ်းကို အသုံးပြုပြီး […]

အပြည့်အစုံဖတ်ရန်

ကျောက်မဲမှာ မပေါက်ကွဲသေးတဲ့ဗုံးသီတစ်လုံးကိုထိမိပေါက်ကွဲတာကြောင့် တစ်ဦးသေ၊ သုံးဦးဒဏ်ရာပြင်းထန်

February 27, 2024

ကျောက်မဲ-၂၀၂၄ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ကြံခင်းတစ်ခုမှာ မနေ့က ညနေပိုင်းက ကြံခင်းလုပ်သားတွေအလုပ်လုပ်နေရင်း မပေါက်ကွဲသေးတဲ့ဗုံးသီးတစ်ခုကိုထိမိပြီး ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဖြစ်စဉ်က ကျွန်တော်တို့ကို ဂဃနဏမသိရဘူး။ နင်းမိတာလား၊ သွားဆွဲနှုတ်တာလားမသိဘူး။ သေဆုံးတစ်ယောက်၊ ဒဏ်ရာရတာသုံးယောက်။ ထိခိုက်ဒဏ်ရာတွေကများတယ်၊ မိုင်းစဆိုတော့လေ၊ ဗိုက်တွေကော၊ အစတွေဆိုတော့ ဟိုအပေါက်၊ ဒီအပေါက်တွေ အဲဒီလိုဖြစ်နေတာ” လို့ သူကပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက နှစ်ယောက်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးဆေးရုံကို ညတွင်းချင်းပို့လိုက်ရတယ်လို့ သူကဆက်ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့သူဟာ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသားသုံးဦးရဲ့ အမည်နဲ့လိပ်စာတွေကိုတော့ မသိရသေးဘူးလို့ ကမ်းလင့်လက်များအသင်းက ဆိုပါတယ်။ အခုလ ၂ […]

အပြည့်အစုံဖတ်ရန်

အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွားရဲ့မြို့ကတိုက်ပွဲ စစ်ကောင်စီကို ဘယ်လောက်အထိ အကျပ်ရိုက်စေမလဲ

February 23, 2024

တောင်ကြီး-၂၀၂၄ (ဖေဖော်ဝါရီ-၂၃) ရှမ်းတောင်ပိုင်းနဲ့အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ပြည်ထောင်စုလမ်းမပေါ်က အာဇာနည်ခေါင်းဆောင် မိုင်းပွန်စော်ဘွား စဝ်စံထွန်းရဲ့မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပါပြီ။ ဒီမြို့ငယ်လေးဟာ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ မြို့တစ်ခု ပါ။ ဒီမြို့ဟာ စစ်ကောင်စီရဲ့ရှမ်းပြည်အစိုးရရုံးစိုက်ရာ ပြည်နယ်မြို့တော်တောင်ကြီးရဲ့အရှေ့ဘက် မိုင် ၄၀ သာကွာဝေးပါတယ်။ တောင်တန်းတွေပတ်ရံဝိုင်းပြီး သေးငယ်တဲ့ဒီမြို့လေးဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ ယခင်က တရုတ်နဲ့ကုန်သွယ်ရာမှာ အဓိကအသုံးပြုတဲ့ ရှမ်းမြောက်ပိုင်းလမ်းကြောင်းကနယ်မြေတွေကို ‘၁၀၂၇-စစ်ဆင်ရေး’အတွင်းမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း တရုတ်ပြည်ကိုကုန်တွေတင်ပို့ဖို့ ဒီလမ်းကြောင်းကို ကုန်သည်တွေပြောင်းလဲအသုံးပြုခဲ့ရတာပါ။ တောင်ကြီးကနေသွားရင် ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ကိုလမ်းခွဲထွက်ရတဲ့လမ်းဆုံမြို့ဖြစ်တဲ့ လွိုင်လင်မရောက်ခင် မိုင်းပွန်မြို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ဖို့ကြိုးပမ်းလာတဲ့အခါ ဒီကုန်သွယ်ရေးလမ်းကြောင်းမှာ ဝန်စည်စလွယ်တွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တွေရာနဲ့ချီပိတ်ဆို့ကုန်ပါတယ်။ တောင်ကြီးမြို့နဲ့ နယ်ချင်းစပ်နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)အကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ […]

အပြည့်အစုံဖတ်ရန်

မိုင်းပွန်တိုက်ပွဲကြောင့် ကုန်သွယ်ရေးပြတ်တောက်ကာ ရာနဲ့ချီတဲ့ယာဉ်တွေ ပိတ်မိနေ

February 23, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)  ရှမ်းပြည်နယ်တောင်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးကားလမ်းတစ်ခုဖြစ်တဲ့ တောင်ကြီး-ဟိုပုံး-လွိုင်လင်လမ်းပေါ်က တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတာလေးရက် ကြာလာပြီးနောက် ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေ အဆိုပါ လမ်းပေါ်မှာ ပိတ်မိနေပါတယ်။ တောင်ကြီး-လွိုင်လင် လမ်းပေါ်မှာရှိတဲ့ မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နဲ့ ပူးပေါင်းတပ်တွေ ဒီလ ၂၀ ရက်ကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတဲ့ ရက်ကစပြီး စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို ပိတ်ဆို့ထားကာ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေပါ မိုင်းပွန်မြို့မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ ပြောင်းတွေတင်ပြီး ရန်ကုန်ဘက်ကိုဆင်းလာတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကတော့ သူတို့ကားဟာ မိုင်းပွန်မြို့မှာ ပိတ်မိနေတာ နှစ်ရက်ရှိနေပြီး လက်နက်ကြီးပစ်ခတ်သံတွေ၊ လေယာဉ်သံတွေ ကြားရတယ်လို့ ဒီနေ့မှာ […]

အပြည့်အစုံဖတ်ရန်

တန့်ဆည်၊ ကံထူးမရွာမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက အိမ်တွေကိုမီးလိုက်ရှို့

February 23, 2024

တန့်ဆည်-၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကံထူးမရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေက ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေလို့ ကံထူးမရွာအပါအဝင်‌ ကျေးရွာပေါင်း ၁၄ ရွာကျော်က ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “နေ့ခင်းကလည်း စခန်းနားရှိတဲ့နေအိမ်တွေလိုက်ရှို့နေတာ။ ဈေးတန်းထဲက ဆိုင်ခန်းတွေကိုလည်း သူတို့(စစ်ကောင်စီတပ်)တွေ ဖောက်ထွင်းထားတာ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်။ ကံထူးမတင်မကဘူး။လူဦးရေသောင်းကျော်တယ်။ ရွာပေါင်းက ၁၄ ရွာ၊ ၁၅ ရွာလောက်ရှိတယ်” လို့ သူကပြောပါတယ်။ ကံထူးမရွာမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံရဲစခန်းကို အခုလ ၂၁ ရက် မနက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေက စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက မြေပြင်ကော ဝေဟင်ကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က သေဆုံးမှုများခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့လည်း […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ ဧည့်စာရင်းပိုက်စိပ်တိုက်စစ်ပြီး တစ်ရပ်ကွက်ကို နှစ်ဦးနှုန်းဖမ်းပေးဖို့ စီမံချက်ချထားဟုဆို

February 23, 2024

ရန်ကုန်-၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေညာပြီးချိန်ကစလို့ ရန်ကုန်မြို့ပေါ်မှာ ဧည့်စာရင်းစစ်တာတွေပိုမိုလုပ်ဆောင်လာပြီး ရပ်ကွက်တစ်ခုကို တစ်ခါစစ်တိုင်း နှစ်ဦးနှုန်းဖမ်းဆီးပေးဖို့ စီမံချက်ချထားတယ်လို့ ရပ်ကွက်ရုံးဝန်ထမ်းတချို့က မော်ကွန်းကိုပြောပါတယ်။ “ပြီးခဲ့တဲ့ရက်က လာစစ်တာလမ်းထဲက အိမ်တွေအကုန်လုံး ဧည့်စာရင်းအမှန်အကန်တိုင်ထားလို့ လွတ်တယ်။ နှစ်ယောက်လောက်တော့ ရအောင်ရှာပေးရမယ်ဆိုလို့ မရလို့ ညနှစ်နာရီလောက်မှ(အိမ်)ပြန်ရတယ်။ စီမံချက်နဲ့လုပ်တဲ့ပုံစံမျိုးပဲ။ ဘာစီမံချက်လဲတော့မသိဘူး” လို့ တောင်ဥက္ကလာမြို့နယ်ထဲက ရပ်ကွက်ရုံးတစ်ခုမှာ စာရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။ အခုရက်ပိုင်းအတွင်းဧည့်စာရင်းစစ်ရာမှာလည်း အရင်ကလို မသင်္ကာတဲ့နေရာမျိုးပဲစစ်တာမဟုတ်ဘဲ ရပ်ကွက်အတွင်းက လမ်းတိုင်းနီးပါးကို စစ်ဆေးတာတွေလုပ်ဆောင်လာတယ်လို့ သူကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဧည့်စာရင်းစစ်ရင်း ဖမ်းခံရသူသုံးဦးနဲ့ပက်သက်ပြီး အကူအညီပေးခဲ့ရတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက ရပ်ကွက်ရုံးစာရေးတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ဖမ်းထားတဲ့သူတွေကို ညတွင်းချင်းရဲစခန်းခေါ်သွားတယ်။ ရဲစခန်းကျရင် ရပ်ကွက်ထဲက အာမခံပေးတဲ့သူခေါ် ၊ မနက်ကျ တရားရုံးတင်တယ်။ နေ့လယ်လောက်ကျ တစ်ယောက်ကို […]

အပြည့်အစုံဖတ်ရန်
1 … 71 72 73 74 75 76 77 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."