ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-လွိုင်လင် ကားလမ်းပေါ်မှာရှိတဲ့ မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တွေ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့လယ်ပိုင်းမှာ မိုင်းပွန်မြို့ အနောက်မြောက်ဘက်က ကျေးရွာတွေနဲ့ တောင်ကုန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မိုင်းပွန်ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “မြို့ပေါ်တော့ မဟုတ်ဘူး။ မိုင်းပွန်အနီးနားက ရွာတွေနဲ့ တောင်ကုန်းတွေပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲနေတာ။ လေယာဉ်သံတွေရော လက်နက်ကြီးသံတွေပါ မြို့ထဲကနေ ကြားနေရတယ်” လို့ ၎င်းက ပြောပါတယ်။ မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒီနေ့လယ်ပိုင်းထိ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီတပ်ဟာ မနေ့ညနေပိုင်းကစပြီး ဟိုပုံး […]
တန့်ဆည်-၂၀၂၄ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လေယာဉ်က ဖိုက်တာက ရှစ်ကြိမ်၊ Mi-35 ကတော့ လေးကြိမ်လာပစ်တယ်ဗျ။ လေယာဉ်နဲ့ဗုံးကြဲတာက ဒေသခံနှစ်ယောက်ထိခိုက်ဒဏ်ရာရတယ်။ စိုးရိမ်ရတယ်လို့ သိရတယ်” လို့ သူကပြောပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံနှစ်ဦးဟာ ရေဦးနဲ့ တန့်ဆည်မြို့နယ်အစပ်မှာရှိတဲ့ ပကာရွာကဒေသခံတွေဖြစ်ပြီး အဲဒီရွာက ဆေးခန်းကိုဗုံးကြဲချိန်မှာ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အဲဒီဒေသခံနှစ်ဦးကို ဆေးကုသမှုပေးထားတယ်လို့ သူကဆိုပါတယ်။ ကံထူးမရွာကရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက် ၂ နာရီဝန်းကျင်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းတစ်ခုလုံးနီးပါးသိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ထားတယ်လို့ သူကဆိုပါတယ်။ […]
ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) ထိုင်းဗီဇာလျှောက်ထားမှုကို အွန်လိုင်းစနစ်နဲ့ပဲ ပြောင်းလဲလက်ခံတော့မှာဖြစ်တဲ့အတွက် ထိုင်းဗီဇာရဖို့ အရင်ထက်ပိုမိုခက်ခဲလာတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးနောက် ရန်ကုန်မြို့ကထိုင်းသံရုံးအရှေ့မှာ ဗီဇာလျှောက်ထားဖို့ တန်းစီစောင့်ဆိုင်းသူတွေ ထောင်နဲ့ချီပြီးများပြားလာတာကြောင့် အွန်လိုင်းကနေ ရက် ၃၀ ကြိုတင်ရက်ချိန်းရယူမယ်လို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့ကထုတ်ပြန်ထားပါတယ်။ မနေ့ကတော့ ဗီဇာလျှောက်ထားမှုတွေကို အွန်လိုင်းကနေ ၂၀၀ ဦး၊ တန်းစီစနစ်နဲ့ ၂၀၀ ဦး နေ့စဉ်လက်ခံသွားမယ်လို့ ထုတ်ပြန်ထားပြီးမှ အဆိုပါထုတ်ပြန်ချက်ကို ပယ်ဖျက်ပြီး အွန်လိုင်းကပဲ ခွင့်ပြုတော့မယ်လို့ ထပ်မံထုတ်ပြန်လာတာပါ။ “ပြီးခဲ့တဲ့ရက်ပိုင်းက လူအုပ်ကြီးက အရမ်းများလွန်းတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတယ်။ အရင်ရက်တွေကတော့ တိုးနိုင်မှ ဗီဇာရမှာပေါ့။ အခုက တစ်လကြိုတင် အွန်လိုင်းကနေ Booking လုပ်ရမှာပေါ့ ” လို့ ပြည်ပခရီးသွားအေဂျင်စီလုပ်ကိုင်သူတစ်ဦးက […]
ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) ပတ်စ်ပို့အမြန်လုပ်ပေးမယ်ဆိုကာ ငွေကြေးအဆမတန်တောင်းသူတွေ များလာတာကြောင့် ကြားပွဲစားတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သူတို့ရဲ့ Website မှာ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။ အခုရက်ပိုင်းအတွင်းမှာ ပတ်စ်ပို့ကို ရက်ပိုင်းအတွင်းအမြန်လုပ်ပေးမယ်ဆိုကာ ပွဲစားခ ကျပ် သိန်း ၂၀ ကျော် ထိ တောင်းခံနေတဲ့ ပွဲစားတွေများလာတာကြောင့် အခုလို အရေးယူဖို့စီစဉ်လာတာလို့ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အနီးကပ်လုပ်တဲ့ပွဲစားတွေဗျာ၊ ပတ်စ်ပို့ရုံးနားမှာ အတွင်းထဲထိဝင်ပြီးတော့ အဲဒီလို အမြန်လုပ်ပေးမယ်ဆိုတဲ့ ပွဲစားတွေကို အရေးယူသွားမယ်လို့ ပြောတာ” လို့ ၎င်း ဝန်ထမ်းက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာနေထိုင်တဲ့ နိုင်ငံသားတွေ စိုးရိမ်မှုမြင့်တက်လာကာ ပြည်ပထွက်ဖို့ ပြင်ဆင်သူတွေများလာပြီး […]
မုံရွာ-၂၀၂၄ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ အထက ၅ အထက်တန်းကျောင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး မနေ့ကမနက်ပိုင်းက ပစ်သတ်ခံရပြီးနောက် စာသင်ကျောင်းအနီးက ဒေသခံတချို့နဲ့ ကျောင်းအုပ်ကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားတယ်လို့ အဲဒီဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။ “သူတို့လူပစ်ခံရပြီးတော့ အဲဒီကျောင်းရှေ့က ပန်းချယ်ရီကြက်ဥ၊ ငုံးဥဆိုင်နဲ့ အဲဒီနားကလူတွေဖမ်းသွားတယ်။ သုံးယောက်ပါသွားတယ်။ သူတို့တော့ပြန်လွတ်တယ်။ ညကျတော့ အထက ၅ ကျောင်းအုပ် ဦးဇော်အေးနိုင်ကို ဖမ်းသွားတယ်။ သူကကျောင်းအုပ်ဆိုတော့ မေးဖို့မြန်းဖို့နေမှာ၊ သူတော့ ပြန်လွတ်မလွတ်မသိရသေးဘူး။ ကားပေါ်ကဗိုလ်တစ်ယောက်က ရပ်ကွက်ထဲကလူတွေကို ညကျတွေ့မယ်ဆိုပြီးပြောသွားသေးတာ” လို့ စာသင်ကျောင်းအနီးနေထိုင်သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်သတ်ခံရပြီးနောက် အထက ၅ စာသင်ကျောင်းနဲ့ အနီးတဝိုက်ကို စစ်ကောင်စီတပ်သား အများအပြားရောက်လာပြီး အောင်ချမ်းသာရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ […]
ဘားအံ-၂၀၂၄ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) ကရင်ပြည်နယ် ဘားအံမြို့ရှောင်လမ်း၊ ကြာအင်းတောင်ကြားလမ်းမှာ ဒီနေ့မနက်ပိုင်းက ကရင်ဇာတ်အဖွဲ့တစ်ခုရဲ့ကား တောင်ပေါ်ကနေ ချောက်ထဲပြုတ်ကျလို့ တစ်ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဘားအံမြို့ရှောင်လမ်းအတက်၊ တောင်အတက်မှာ တက်ရင်းနဲ့ ဘရိတ်ပေါက်ပြီး နောက်ပြန်လိမ့်ပြီး ချောက်ထဲပြုတ်ကျတာ။ သူတို့ကျတဲ့ချောက်က လမ်းမနဲ့ဆို ပေနှစ်ဆယ်လောက်တော့ ဝေးတယ်ဗျ ” လို့ သူကပြောပါတယ်။ အဲဒီဇာတ်အဖွဲ့ဟာ ကရင်ပြည်နယ်အခြေစိုက် “ယှယံင့်ဝဝ်အွာ” ဆိုတဲ့ ကရင်ဇာတ်အဖွဲ့တစ်ခုဖြစ်ပြီး ယာဉ်ပေါ်ပါသူ ၁၁ ဦးထဲက တစ်ဦးသေကာ ၁၀ ဦးလုံး ဒဏ်ရာရထားတယ်လို့ သူကဆိုပါတယ်။ “ဒဏ်ရာရသူတွေထဲက ပိုပြီးဆိုးဆိုးရွားရွားဖြစ်တာ ခြောက်ဦးပါ။ ဦးခေါင်းထိခိုက်လို့ စိုးရိမ်ရသူလည်းရှိတယ်။ နောက်ပြီး ခြေထောက်ကျိုးတဲ့သူကောရှိတယ်။ အဓိကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး […]
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) ပြည်တွင်းမှာ နိုင်ငံရေးလှုပ်ခတ်လာတာကြောင့် ရွှေဝယ်လိုအားများလာပြီး ရွှေဈေးစံချိန်တင်မြင့်တက်သွားကာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ မနေ့ကနေ့လယ်ပိုင်းမှာ ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ၃၉ သိန်းကျပ်ကို စတင်ရောက်ရှိတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ၃၉၀၈,၀၀၀ ကျပ်ထိ ဈေးကွက်အတွင်း ဈေးဖွင့်လှစ်ထားတာပါ။ ပြီးခဲ့တဲ့လ တတိယအပတ်မှာ တစ်ကျပ်သားကို ၃၈ သိန်းရှိနေတဲ့ ရွှေဈေးဟာ သီတင်းပတ်သုံးပတ်ကျော် ကာလအတွင်း တစ်ကျပ်သားကို တစ်သိန်းဝန်းကျင် မြင့်တက်ခဲ့တာပါ။ ပြည်တွင်းမှာ လှုပ်ခတ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် ရွှေဝယ်စုဆောင်းသူများလာပြီး ဝယ်လိုအားမြင့်တက်ခဲ့တာကြောင့် အခုလို ဈေးတက်လာတာဖြစ်နိုင်တယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။ “ပြည်တွင်းမှာ သတင်းတွေ လှုပ်လာတော့ ရွှေဈေးပါ လိုက်တက်လာတာ။ ဝယ်လိုအားလည်း […]
စစ်တွေ – ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းက ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့တွေကို အလုံးစုံသိမ်းထားတဲ့ ရက္ခိုင့်တပ်တော်(AA)က မင်းပြားတိုက်ပွဲအတွင်းမှာ စစ်ကောင်စီထံက ရရှိခဲ့တဲ့ လက်နက်တွေကို ဒီနေ့ထုတ်ပြလိုက်ပါတယ်။ အတွဲလိုက်ပစ်ဒုံးကျည်တွေအပါအဝင် လက်နက်ကြီးတွေနဲ့ပါခုခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နောက်ဆုံးမှာ စစ်ရှုံးပြီး ဒေါ်လာသန်းနဲ့ချီတန်တဲ့ လက်နက်တွေကို AA ထံ ဆုံးရှုံးခဲ့တာပါ။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို အပြတ်ရှင်းနေတယ်လို့ AA က ထုတ်ပြန်ထားပြီး ဒီတိုက်ပွဲတွေအတွင်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တစ်ဖက်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါသေးတယ်။ AA နဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ့်ကို ထွက်ပြေးတဲ့ စကစတပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ အိန္ဒိယနိုင်ငံထဲကို […]
ရန်ကုန်- ၂၀၂၃ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ကြာပြီးနောက် မြန်မာနိုင်ငံမှာ ကလေးသူငယ် ခြောက်သန်းခန့်ဟာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ယခုလ ၁၄ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၃ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံလူဦးရေ ၁၈ ဒသမ ၁ သန်းကျော် ဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီး အဲဒီအထဲမှာ ကလေးသူငယ် ၅ ဒသမ ၈ သန်းကျော် ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ ၁၈ သန်းကျော်ထဲက လူပေါင်း ၂ ဒသမ ၃ သန်းကျော်ဟာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသူတွေဖြစ်ပြီး ဒီလူတွေကိုကူညီဖို့ […]
ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဧည့်မထဆန်တစ်ပြည်ကို ၃,၃၀၀ ကျပ်နဲ့ ရန်ကုန်မြို့က ဆန်ဆိုင်အချို့မှာ ဒီနေ့စတင်ရောင်းချပေးနေပေမယ့် ပြင်ပဈေးနှုန်းနဲ့ သိပ်မကွာတာကြောင့် စိတ်ဝင်စားမှုနည်းပါးတယ်လို့ ဆန်ဆိုင်ပိုင်ရှင်တွေနဲ့ အိမ်ရှင်မတွေက ပြောပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စားသုံးသူတွေ သက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ဖို့အတွက်ဆိုကာ ဧည့်မထဆန်တစ်ပြည် ၃,၃၀၀ ကျပ်နှုန်းနဲ့ ရန်ကုန်မြို့က ဆန်လက်လီဆိုင် ၅၈ ဆိုင်မှာ ဒီနေ့ စတင်ရောင်းချပေးနေတာပါ။ ရောင်းချပေးနေတဲ့ ဈေးနှုန်းက အပြင်ဈေးနှုန်းနဲ့ သိပ်မကွာသလို အခုလို ရောင်းချပေးနေတာကိုလည်း ပြည်သူလူထု သိရှိမှုနည်းတာကြောင့် လာရောက်ဝယ်ယူသူ သိပ်မရှိဘူးလို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က ဆန်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။ “လူသိပ်မသိသေးတာလည်း ပါတယ်၊ လာတော့မေးတယ်။ အပြင်ဈေးနဲ့လည်း အရမ်းမကွာတော့ သိပ်တော့ စိတ်မဝင်စားကြဘူး။ […]
ရန်ကုန်- ၂၀၂၄ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) နိုင်ငံအတွင်းမှာ လူအများအသုံးပြုကြတဲ့ ဓါတ်ဆီ(92 Ron)တစ်လီတာ ဈေးနှုန်းဟာ ဒီလအစပိုင်းကဈေးထက် ကျပ်တစ်ရာနီးပါလောက် ပိုတက်ပြီး စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။ လာမယ့်တစ်ပတ်အတွင်း ရန်ကုန်မှာရောင်းချရမယ့် စက်သုံးဆီဈေးတွေကို စစ်ကောင်စီက ဒီနေ့ထုတ်သူတို့သတင်းစာမှာ ဖော်ပြရာမှာ ဒီလတတိယအပတ်အတွက် ဓါတ်ဆီ(92 Ron)တစ်လီတာ လက်လီရောင်းဈေးကို ၂,၇၇၀ ကျပ်လို့ ဖော်ပြပါတယ်။ ဒီလ ပထမ အပတ်တုန်းက ၂,၆၇၅ ကျပ်ပဲ ရှိတာပါ။ ဒါအပြင် ဓါတ်ဆီ(၉၅)တစ်လီတာ ၂,၈၇၅ ကျပ် နဲ့ ဒီဇယ်(HSD-100) တစ်လီတာ ၂,၆၅၅ ကျပ် ရောင်းရမယ်လို့ တတိယအပတ်အတွက် စစ်ကောင်စီက သတ်မှတ်ပါတယ်။ ရန်ကုန်မဟုတ်တဲ့ အခြားဒေသတွေမှာ ဒိထက်ပိုပြီး ဈေးကြီးသွားမှာပါ။ ပြီးခဲ့တဲ့အပတ်မှာ သတ်မှတ်ခဲ့တဲ့ ဈေးထက်လည်း ဒါက […]
ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာခွင့်တွေနဲ့ အလုပ်သမားတွေကို ပြည်ပစေလွှတ်မှုတွေကို ကန့်သတ်လာတယ်ဆိုတဲ့ သတင်းတွေကို စစ်ကောင်စီ လဝကက ငြင်းဆိုလိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ ပြည်ပထွက်ခွာခွင့်တွေကို ကန့်သတ်ချက်တွေ၊ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာမရှိဘူးလို့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒီနေ့မနက်ပိုင်းမှာ နိုင်ငံပိုင်ဝါဒဖြန့်မီဒီယာတွေကနေ ထုတ်ပြန်လာတာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်တွေအပါအဝင် နယ်စပ် ဝင်/ထွက် ဂိတ်တွေမှာလည်း ပုံမှန်အတိုင်း စနစ်တကျခွင့်ပြုပေးနေတယ်လို့ဆိုပါတယ်။ ကိုရီးယားနိုင်ငံကို အလုပ်သမားစေလွှတ်နေတဲ့ အလုပ်အကိုင်အေဂျင်စီလုပ်ကိုင်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် ပြည်ပထွက်ခွာလိုသူတွေ အခုရက်ပိုင်းမှာ ပိုများလာတယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိတော့ စစ်ကောင်စီဘက်က ညွှန်ကြားချက်တစ်စုံတစ်ရာ မထုတ်ပြန်ထားသေးလို့ အလုပ်သမားစေလွှတ်မှုတွေကို ပုံမှန်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ပြောပါတယ် “ကျွန်တော်တို့ဆီမှာတော့ ခေါ်စာကျပြီးသားတွေ ပုံမှန်ပဲ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."