သတင်းများ

သက္ကယ်ကျင်းကျေးရွာက မီးဘေးသင့်စစ်ရှောင်ပြည််သူတွေ စားနပ်ရိက္ခာ နဲ့ဆေးဝါးအကူညီအရေးပေါ်လိုအပ်နေ

March 21, 2024

မုံရွာ – ၂၀၂၄ မတ် ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က အခုလ ၁၄ရက်မှာ မီးရှို့ခဲ့တာကြောင့် မီးဘေးသင့်စစ်ရှောင် ပြည်သူထောင်ချီ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီ အရေးပေါ်လိုအပ်နေတယ်လို့ ကျေးရွာတာဝန်ခံတွေဆီကသိရပါတယ်။ သက္ကယ်ကျင်းကျေးရွာက နေအိမ် စုစုပေါင်း ၄၈၈ လုံးမီးလောင်ပျက်စီးခဲ့ပြီး သက္ကယ်ကျင်းရွာက ဒေသခံတွေ နေအိမ်မပြန်နိုင်သေးဘဲ နီးစပ်ရာကျေးရွာတွေဆီမှာ ခိုလှုံတိမ်းရှောင်နေရတယ်လို့ ကျေးရွာတာဝန်ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ” နေအိမ်တွေက အားလုံးနီးပါးလောင်သွားတော့ မပြန်နိုင်ကြသေးဘူး၊ ဘေးရွာကလူတွေကလာလှူပေမယ့် ရှိတဲ့လူဦးရေကများနေတော့မလောက်ငှပါဘူး၊ ကျွန်တော်တို့ကိုကူညီနိုင်သူရှိရင်ကူညီပေးကြပါ၊ မနိုင်တော့တဲ့အချိန်မို့အကူညီတောင်းရတာပါ “လို့ သူကပြောပါတယ်။ သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ရုတ်တရက် ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ကျေးရွာဒေသခံတွေက စားနပ်ရိက္ခာမသယ်နိုင်ကြသလို ဖိနပ်တောင်မပါသူတွေပါရှိတယ်လို့ ပြောပါတယ်။ မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူတွေနဲ့ ကလေးငယ်တွေအပြင်ထိခိုက်ဒဏ်ရာရထားသူတွေရှိတာကြောင့် ဆေးဝါးအကူညီလည်းလိုအပ်နေတယ်လို့ပြောပါတယ်။ ” […]

အပြည့်အစုံဖတ်ရန်

စစ်မှုထမ်းဖို့ ရခိုင်တောင်ပိုင်းမှာစစ်ကောင်စီက စာရင်းကောက်နေ

March 21, 2024

ရန်ကုန် -၂၀၂၄ မတ် ၁၉ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်းမြို့တွေမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတွေကို မဲနှိုက်ရွေးချယ်မှုတွေ ယခုရက်ပိုင်းအတွင်း စတင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်တောင်ပိုင်းအစွန်အဖျားက ဂွမြို့နယ်မှာ အသက် ၂၄ နှစ်နဲ့ ၃၀ ကြား လူငယ်တွေကို မဲနှိုက်ရွေးချယ်မှုတွေ မနေ့ကစပြီး ပြုလုပ်ခဲ့တယ်လို့ ဂွမြို့ဒေသခံတွေက ပြောပါတယ်။ ရပ်ကွက်သုံးခုနဲ့ ကျေးရွာအုပ်စုပေါင်း ၂၁ ခုရှိတဲ့ ဂွမြို့နယ်တစ်ခုလုံးကို လူငယ် ၇၀ ခန့် စစ်မှုထမ်းဖို့ ရွေးချယ်သွားဖို့ရှိနေတယ်လို့ ဂွမြို့နယ်၊ မကျေးငူ ကျေးရွာအုပ်စုက ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “အခုကတော့ လောလောဆယ်တော့ မခေါ်သေးဘူးပေါ့၊ နာမည်စာရင်းတော့ ပါသွားပြီပေါ့၊ အခုရွေးထားတဲ့အထဲက အုပ်စုတစ်စုကို (ကျေးရွာအုပ်စု) နှစ်ယောက်နှုန်းနဲ့ ခေါ်မယ်လို့ ပြောတယ်” လို့ အဲဒီ […]

အပြည့်အစုံဖတ်ရန်

ပြာကျသွားတဲ့ ဖားကန့်၊ တာမခန်ရွာမြင်ကွင်း

March 21, 2024

တာမခန် – ၂၀၂၄ မတ် ၁၉ (မော်ကွန်း) အာဏာသိမ်းစစ်တပ်မီးရှို့သွားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခန်ကျေးရွာရဲ့ လက်ရှိမြင်ကွင်းတွေဖြစ်ပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တာမခန်အနားက ခ.မ.ရ ၁၁၉ နဲ့ တာမခန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီီး ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ အာဏာသိမ်းစစ်တပ်ဘက်က ရွာကိုမီးရှို့ခဲ့တာဖြစ်ကြောင်း တာမခန်ရွာသားတစ်ဦးကပြောပါတယ်။ တိုက်ခိုက်နေချိန်မှာ တာမခန်ရွာကို “စစ်စခန်း မသိမ်းနိုင်ခင် ဒလန်တွေ ဝင်ရှို့ပြီး နေရာယူထားကြတာ”လို့ ဒေသခံကပြောပါတယ်။ အဲဒီကာလမှာပဲ တာမခန်ရွာသား ငါးယောက်လောက်ကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်သွားသေးတယ်လို့ ဒေသခံဆီကသိရပါတယ်။ မီးထဲပါသွားတဲ့ အိမ်စာရင်းကို အတိအကျမကောက်နိုင်ပေမယ့် တာမခန်တစ်ရွာလုံးနီးပါး ပြာကျသွားပြီး အိမ်ခြေ ၄၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ဒေသခံကခန့်မှန်းပါတယ်။ “အရမ်းစည်ကားတဲ့ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ဘက်က ၄၈ ဦး ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်ကို ထွက်ပြေး၊ ထိုင်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထား

March 21, 2024

ကျိုက်ဒုံ – ၂၀၂၄ မတ် ၁၉ (မော်ကွန်း) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လို့ ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကျိုက်ဒုံမြို့က လက်ကျန် အာဏာသိမ်းစစ်တပ်စခန်းက စစ်သားတွေဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ပိုင်ခလိုင်နယ်စပ်ကို ထွက်ပြေးသွားကြပြီလို့ မြေပြင်မှာရှိတဲ့ သတင်းထောက်ဆီကသိရပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သား စုစုပေါင်း ၄၈ ဦးရှိပြီး KNLA ဆီမှာ လက်နက်ချသူလည်း သုံးဦးရှိပါတယ်။ လတ်တလော ထွက်ပြေးလာတဲ့ စစ်သားတွေကို ထိုင်းစစ်တပ်က လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီး၊ထိန်းသိမ်းထားတယ်လို့ ပိုင်ခလိုင်ဒေသခံတွေဆီကသိရပါတယ်။ ၂၀၂၃ စက်တင်ဘာတုန်းကလည်း အုန်းဖန်မြို့နယ်ထဲက မဲ့ကျန်းရွာထဲကို အခုလို အာဏာသိမ်းစစ်တပ်ဘက်က စစ်သားတွေ ထွက်ပြေးသွားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျိုက်ဒုံမြို့က ဗျူဟာစခန်းကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

မတ္တရာ၊ ရွေးရွာကျေးရွာကို အာဏာသိမ်းစစ်တပ်ပစ်ခတ်ဝင်ရောက်ပြီး ဒဏ်ရာရ အမျိုးသမီးနှစ်ဦးကိုဖမ်းဆီး

March 18, 2024

မတ္တရာ – ၂၀၂၄ မတ် ၁၇ မန္တလေးတိုင်း၊မတ္တရာမြို့နယ် ရွေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၅:၃၀ မိနစ်အချိန် စတင် ပစ်ခတ်ဝင်ရောက်လာကာ အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးလုံးကိုဖမ်းဆီးသွားခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။ ရွေးရွာကို အာဏာသိမ်းစစ်တပ်က ခြေလျင်စစ်ကြောင်းနှစ်ကြောင်းနဲ့ အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး သေနတ်ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံကပြောပါတယ် ” သေနတ်ကိုရမ်းပစ်ပြီးဝင်လာတဲ့အချိန် ထိသွားတာပါ၊ ကလေးမလေးက ခေါင်းကိုရှပ်ထိသွားတယ်၊အခြားအမျိုးသမီးကတော့ခြေဖနောင့်ကိုထိသွားတယ်၊ အခုတော့သူတို့နှစ်ယောက်လုံးကို မတ္တရာမြို့ပေါ် ကြံ့ခိုင်ရေးရုံးနဲ့ဘုရင့်နောင်ခန်းမမှာခေါ်ထားတယ်လို့သိထားရတယ် “လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဘိုတောက်ကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ရွေးရွာက မြင့်မြတ်သော နှလုံးသားပရဟိတအသင်းအဆောက်ဦးနဲ့ကားကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အခြားပြည်သူအိမ်တစ်လုံးကိုလည်းမီးရှို့ခဲ့သေးတယ်လို့ သူကပြောပါတယ်။ ရွေးရွာကိုဝင်လာတဲ့စစ်တပ်က ပရဟိတအသင်းက အခြားကားတစ်စီးကိုလည်း ယူသွားခဲ့ပြီး ဖမ်းဆီးခံရသူနှစ်ဦးရဲ့အခြေအနေကိုမသိရသေးပါဘူးလို့ပြောပါတယ်။ ပုံစာ – ရွေးရွာက မီးရှိ့ဖျက်ဆီးခံလိုက်ရတဲ့ အဆောက်အဦနဲ့ကား ဓါတ်ပုံ […]

အပြည့်အစုံဖတ်ရန်

မုံရွာ အင်းဝဘဏ်ဓါးပြတိုက်ခံရပြီးနောက် ဒေသခံငါးဆယ်ကျော်ဖမ်းဆီးထား

March 18, 2024

မုံရွာ-၂၀၂၄ မတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့လယ်မှာရှိတဲ့ စစ်တပ်ပိုင်အင်းဝဘဏ် ဓားပြတိုက်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ဒေသခံ ငါးဆယ်ကျော်အထိရှိလာနေပြီလို့ မုံရွာမြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။ အဲဒီ့ဘဏ်ဟာ မုံရွာမြို့လယ် ရုံးကြီးရပ်ကွက်၊ မြို့လယ်နာရီစင်နဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မြို့တော်ခန်းမအနီးမှာရှိတာဖြစ်ပြီး အခုလ ၁၃ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရကာ ဘဏ်မန်နေဂျာအမျိုးသမီးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ဘဏ်ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်တွေကို ပိတ်ဆို့စစ်ဆေးခဲ့သလို မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေကြတဲ့ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပါတယ်။ “စနေနေ့က ညောင်ပင်စောက်ရပ်ကွက်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့လူ ၂၀ ကျော်နဲ့ ဆိုင်ကဝန်ထမ်းတွေကို စစ်တပ်က ရုတ်တရက်ဝင်ဖမ်းသွားတာ။ ဆိုင်ထိုင်တဲ့သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ်တွေ အကုန်ကားတွေပေါ်တင်ပြီးယူသွားတယ်။ သူတို့ကို ဘယ်ဖမ်းသွားမှန်းမသိရသေးဘူး။ အင်းဝဘဏ်ကိစ္စနောက်ဆက်တွဲဖမ်းတာလို့ကြားတယ်” လို့ ဖြစ်စဉ်ကို […]

အပြည့်အစုံဖတ်ရန်

မုံရွာ၊ သက္ကယ်ကျင်းရွာနေအိမ် ၄၀၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်မီးရှို့၊ ပြည်သူလေးဦးကိုပါ ကြိုးတုပ်ပြီး မီးရှို့ခဲ့

March 16, 2024

မုံရွာ – ၂၀၂၄ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေ ၅း၀၀ နာရီအချိန်လောက်ကစတင်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့သလို ပြည်သူ လေးဦးလည်း မီးလောင်သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် PDF တပ်ရင်း ၄ ၊ တပ်ခွဲ ၂ ဆီကသိရပါတယ်။ သက္ကယ်ကျင်းရွာက အသက် ၈၀အရွယ် အမျိုးသမီးတစ်ဦး ၊ အိမ်သာထဲမှာ အသက် ၅၀အရွယ် အမျိုးသမီးနှစ်ဦးနဲ့ ရွာလမ်းမပေါ်မှာ အကင်သည် အမျိုးသားတစ်ဦးတို့မီးလောင်သေဆုံးခဲ့တာလို့ မုံရွာခရိုင် PDF တပ်ရင်း ၄၊ တပ်ခွဲ ၂၊ ပြန်ကြားရေးတာဝန်ခံ Zapya ကပြောပါတယ်။ “အိမ်ခြေ ပျက်ဆီးမှုက ၄၀၀ ဝန်းကျင်ပါ၊ အကြောင်းမဲ့ ထိတွေ့မှုမရှိ ပစ်ခတ်မှုမရှိဘဲ […]

အပြည့်အစုံဖတ်ရန်

ကျိုက်ဒုံမြို့ အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းက ဗျူဟာမှူးနဲ့အဖွဲ့ လက်နက်ချ

March 16, 2024

ကျိုက်ဒုံ – ၂၀၂၄ မတ် ၁၅ (‌မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ကျိုက်ဒုံမြို့က အာဏာသိမ်းစစ်တပ်ရဲ့ဗျူဟာကုန်းစစ်စခန်းဟာ မနေ့က ကျသွားပြီလို့ မြေပြင်မှာရှိတဲ့ သတင်းထောက်ရဲ့သတင်းပေးပို့ချက်အရသိရပါတယ်။ တဆက်တည်းမှာလည်း အာဏာသိမ်းစစ်တပ်လက်ကနေ ကျိုက်ဒုံမြို့ကို ကေအဲန်ယူဟာ ပြန်လည်ရယူထိန်းချုပ်နိုင်လိုက်ပြီလို့လည်း သိရပါတယ်။ ဗျူဟာကုန်းတိုက်ပွဲကတော့ အခုလ ၁၃ ရက်ကစတင်တာဖြစ်ပြီး မနေ့က နောက်ဆုံး စခန်းသိမ်းရရှိခဲ့တာဖြစ်ပါတယ်။ နှစ်ရက်တာတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ‌လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်ပြုလုပ်ခဲ့ပြီး သူတို့စခန်းတွေပေါ်ပါ ဗုံးတွေကြဲချတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦး လက်နက်ချပြီး ၁၀ ဦးသေဆုံးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ နှစ်ဦးကျဆုံးခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စည်းရုံးပြောဆိုမှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ဗျူဟာမှူးဦးဆောင်တဲ့စစ်သားတွေဟာ လက်နက်ချခဲ့တာလို့ သိရပါတယ်။ လတ်တလော ကျိုက်ဒုံနဲ့ကော့ကရိတ်တိုက်ပွဲတွေကြောင့် […]

အပြည့်အစုံဖတ်ရန်

ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင်မြင့်တက်၊ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၂ သိန်းနားရောက်ရှိလာ

March 16, 2024

ရန်ကုန်- ၂၀၂၄ မတ် ၁၅ (မော်ကွန်း) ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ထိရောက်ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဆက်လက်မြင့်တက်နေပြီး ဒီနေ့ညနေပိုင်း ဈေးကွက်အပိတ်ဈေးအရ တစ်ကျပ်သားကို ကျပ် ၄၂ သိန်းဝန်းကျင်ထိ ရောက်ရှိခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၄၁ သိန်းငါးသောင်းနဲ့ ဈေးကွက် ဖွင့်လှစ်ခဲ့ပြီး ညနေပိုင်း အပိတ်ဈေးမှာတော့ တစ်ကျပ်သားကို ကျပ် ၄၁ သိန်း ခုနစ်သောင်းထိ မြင့်တက်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကတော့ ရွှေဈေးနှုန်းကို သတ်မှတ်ဈေးနဲ့ပဲ အရောင်းအဝယ်ပြုလုပ်ကြဖို့နဲ့ ဈေးကစားခြင်းမပြုလုပ်ဖို့ ယခုလ ၁၂ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပေမယ့် ဈေးနှုန်းက ဆက်လက်မြင့်တက်ခဲ့တာပါ။ ပြီးခဲ့တဲ့လပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်မှာ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလေတပ်က ဗုံးအများအပြားကြဲချတာကြောင့် ကနီတစ်မြို့လုံးနီးပါး ပျက်စီးသွား

March 16, 2024

ကနီ-၂၀၂၄ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်း၊ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ၁၂ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ် ၃၀ ကျော် ဗုံးကြဲတိုက်ခိုက်လို့ ကနီတစ်မြို့လုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ကနီမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို အခုလ ၂ ရက်ကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေအများအပြားတိုက်ခိုက်မှု၊ စစ်အင်အားတိုးချဲ့မှုတွေကြောင့် ပြန်ဆုတ်ခွာလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “သူတို့ ပေါင်ငါးရာ(ဗုံး)တွေနဲ့ကြဲတော့ အကောင်းက ဘာမှကိုမကျန်တော့ဘူး။ မြို့က တော်တော်လေးပြာကျသွားတယ်။ ကနီမှာ ရပ်ကွက်သုံးခုရှိတဲ့အထဲမှာ အဓိကတော့ ရပ်ကွက် ၂ အပိုင်းက ပိုထိသွားတာပေါ့။ သူက(စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့) ရဲစခန်း၊ ထွေအုပ်၊ ရွှေစည်းခုံကုန်းတို့ရှိတာကို။ မြို့ပေါ်တော့ အိမ်အကောင်းရှိမရှိတော့မသိဘူး။ […]

အပြည့်အစုံဖတ်ရန်

သင်္ဃန်းညီနောင်မှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေဆက်လက်တိုက်ခိုက်

March 16, 2024

ရန်ကုန် – မတ် ၁၅ (မော်ကွန်း) ထိုင်းမြန်မာနယ်စပ်၊ မြဝတီမြို့အဝင် သင်္ဃန်းညီနောင်မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ရင်းနှစ်ခုကို ဒီနေ့မနက်ပိုင်းက KNLA ပူးပေါင်းတပ်တွေ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်းက သင်္ဃန်းညီနောင်ကျေးရွာအနီးက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃၅၆ နဲ့ ၃၅၇ တို့ကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်မှုတွေရှိသလို လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ မြဝတီဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ခမရ ၃၅၇ ကို သိမ်းလိုက်တယ်လို့လည်း သတင်းတွေထွက်တယ်။ လေယာဉ်တွေကတော့ အခုကို ပျံနေတယ်။ လက်နက်ကြီးတွေလည်း တခြိန်းခြိန်းနဲ့ မိုးလင်းထဲက ပစ်နေတာပဲ” လို့ ၎င်းဒေသခံက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ KNLA […]

အပြည့်အစုံဖတ်ရန်

ကနီမြို့ကို စစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်ပြီး အနီးနားကရွာတွေကို မီးရှို့ဖျက်ဆီးနေ

March 16, 2024

ကနီ-၂၀၂၄ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း ကနီမြို့အနီးက ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကနီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို အခုလ ၂ ရက်ကစလို့ ၁၃ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။ မြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက အထိနာလို့ လေကြောင်းကနေ အကြိမ် ၃၀ ကျော် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေက မြို့ပေါ်ကို ပြန်ထိန်းချုပ်ကာ အနီးကရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “မနေ့က မီးရှို့ခံရတာက ညောင်ပင်ဝန်၊ တဇယ်ချောင်၊ ရှမ်းမြောင်းရယ်။ ဒီနေ့မင်းကုန်းမှာစရှို့နေတာ၊ အားလုံးလေးရွာ။ ခွေးတွေရှိသေးတော့ ပျက်စီးဆုံးရှုံးမှုအတိအကျမသိရဘူး။ ဒါပေမယ့် ညောင်ပင်ဝန်ကတော့ အိမ်ခြေ ၁၅၀ လောက်ရှိတာမှာ ၁၅ […]

အပြည့်အစုံဖတ်ရန်
1 … 68 69 70 71 72 73 74 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."