သတင်းများ

ပေါက်မြို့နယ်ထဲက အုံးတောရွာကို စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီး

February 9, 2024

ပေါက်-၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက အုံးတော(တောင်စု)ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာကိုအကြိမ်ကြိမ်မီးရှို့ဖျက်ဆီးနေတာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်လို့ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Successful Force-Paukက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အုံးတော(တောင်စု)ရွာဟာ ပေါက်-ဆိတ်ဖြူကားလမ်းအနီးကရွာတစ်ခုဖြစ်ပြီး အဲဒီရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့နေ့လယ်ပိုင်းက ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာလို့ သူကဆိုပါတယ်။ “အဲဒီရွာမှာ အထိုင်ချနေတာ နှစ်လလောက်ရှိပြီဗျ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူးဗျ။ မီးရှို့ခံရတာ ရှစ်ကြိမ်လောက်ရှိပြီ။ စုစုပေါင်း (မီးလောင်ပျက်စီးသွားတဲ့) အိမ်ခြေ ကိုးဆယ်နီးပါးရှိပြီ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟ လက်ရှိအချိန်အထိလည်း ရွာထဲမှာပဲ တပ်စွဲထားတာကြောင့် ဒေသခံတွေလည်း ရွာမပြန်နိုင်ကြသေးဘူးလို့ သူကဆိုပါတယ်။ “ရွာခံတွေကတော့ အရင်က စစ်ကြောင်းဝင်လိုက် ရှောင်လိုက်၊ သူတို့ပြန်ထွက်သွားရင် ပြန်နေလိုက်နဲ့နေတာ။ အခုက ရွာထဲတပ်စွဲထားတာကြာပြီ။ အကုန်နီးစပ်တဲ့တောတွေထဲရှောင်ကြတယ်။ တချို့လည်း […]

အပြည့်အစုံဖတ်ရန်

ရခိုင်ဒေသခံအများအပြား နေရပ်စွန့်ခွါပြောင်းရွှေ့နေကြ

February 9, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း) တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပိုမိုပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေဟာ အခုရက်ပိုင်းအတွင်း အများအပြားပြောင်းရွှေ့နေကြတာကြောင့် လေယာဉ်လက်မှတ်ဈေးနှုန်းတွေ ငါးဆနီးပါးမြင့်တက်နေတယ်လို့ ရွှေ့ပြောင်းလာသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။ လေဆိပ်ရှိရာစစ်တွေမြို့မှာ ရန်ကုန်ကိုသွားလိုသူတွေများနေပြီး လေယာဉ်လက်မှတ်ရရှိဖို့လည်း ခက်ခက်ခဲခဲ မှာယူနေရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ “လေယာဉ်လက်မှတ်ရဖို့ အတော်မလွယ်ဘူး။ ကြိုပြီးဝယ်ထားကြတာ နှစ်ပတ်သုံးပတ်လောက် ကြိုမှာထားရတယ်။ အရင်တိုက်ပွဲမဖြစ်ခင်က ပုံမှန်ဆို စစ်တွေကနေရန်ကုန်ကို လေယာဉ်ခက ငါးသောင်းလောက်ပဲရှိတာ အခုက သုံးသိန်းခွဲ၊ လေးသိန်းနီးပါး၊ မကြားဖူးတဲ့ဈေးတွေဖြစ်နေတယ်” လို့ စစ်တွေမြို့ခံတစ်ဦးကပြောပါတယ်။ အခုရက်ပိုင်း ပြောင်းရွှေ့နေကြတာဟာ စစ်တွေမြို့ခံတွေတင်မကဘဲ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ဦး၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့မြို့နယ်တွေက ဒေသခံတွေပါ ပါဝင်နေပြီး ပြောင်းရွှေ့သူများပြားတာကြောင့် စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်တွေ ဝယ်ယူဖို့ […]

အပြည့်အစုံဖတ်ရန်

ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးမှာတိုက်ပွဲတွေဖြစ်

February 9, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ နှစ်ရက်ဆက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်တိုက်ပွဲအကြား သေဆုံးသူ အရပ်သား ငါးဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရရှိသူလည်း ခုနစ်ဦးခန့်ရှိတယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။ “ဒီမနက်ကတော့ သေနတ်ထိသွားတဲ့ ဒေသခံတစ်ယောက်ကို တောင်ငူဆေးရုံ ပို့ပေးခဲ့တယ်။ သေဆုံးတာတွေလည်း ရှိတယ်။ အရေအတွက်အတိအကျပြောဖို့ ခက်နေတယ်” လို့ တောင်ငူဒေသခံ ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်အများအပြားပျက်စီးသွားပြီး ဒေသခံ ထောင်နဲ့ချီကာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူနဲ့ကျွန်းလှကို စစ်ကောင်စီတပ်တွေ မြေပြင်ရော ဝေဟင်ကပါစစ်ကြောင်းထိုးနေ

February 9, 2024

ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ကျွန်းလှမြို့နယ်တွေထဲက ရွာတွေကို စစ်ကောင်စီတပ်တွေက မြေပြင်ကနေ စစ်ကြောင်းထိုးသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ပတ်အတွင်း စစ်ဘေးရှောင်ငါးသောင်းဝန်းကျင်အထိရှိလာတယ်လို့ ဒေသခံတွေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။ “(တစ်ပတ်အတွင်း) စီးနင်းခံရတဲ့ ရွာပေါင်းဟာ ခန့်မှန်း ခြောက်ရွာအထက်မှာရှိပါတယ်။ မီးရှို့ဖျက်ဆီးခံရတာတော့ လေးရွာလောက်ရှိပါတယ်။ လတ်တလော ထွက်ပြေးနေရတဲ့ စစ်ရှောင်အရေအတွက်က ငါးသောင်းဝန်းကျင်မှာရှိပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အင်အားရာချီပါတဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က ကန့်ဘလူမြို့ပေါ်ကို ရောက်ရှိလာတာဖြစ်ပြီး နောက်ရက်တွေကစလို့ ကန့်ဘလူကျွန်းလှနယ်တွေထဲ နေ့စဉ်နီးပါး စစ်ကြောင်းထိုးခဲ့တာပါ။ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးရင်း ပေလည်၊ သပြေသာလေး၊ မဲသည်နဲ့ ဇီးဖြူကုန်းစတဲ့ရွာတွေက ဒေသခံတွေရဲ့ နေအိမ်၊ စပါးကျီနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ […]

အပြည့်အစုံဖတ်ရန်

မင်းကင်းမှာ သတင်းပေါက်ကြားသွားလို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေထိခိုက်

February 9, 2024

မင်းကင်း-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း) စစ်ကိုင်တိုင်း၊ မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေအခြေချတဲ့ကံရွာကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုတွေ မနေ့က မနက်က ဝင်တိုက်ခဲ့ပေမယ့် သတင်းပေါက်ကြားခဲ့တာကြောင့် ရဲဘော် ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ SRF က သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo ကမော်ကွန်းကိုပြောပါတယ်။ “ သူတို့ဘက်ကနေပြီးမှ နေရာအရင်ဦးပြီး သူတို့ဘက်ကစပစ်သလိုဖြစ်သွားတာ။ ရဲဘော် ၁၀ ယောက်က ထိသွားတာ။ ရွာထဲကိုတော့ ဝင်နိုင်ခဲ့တယ်။ ဘန်ကာထိပဲမရောက်ခဲ့တာ။ သတင်းအတိအကျရသွားတာဆိုတော့ သူတို့ဘက်က နေရာယူတာ မှန်သွားတာပေါ့” လို့ သူကပြောပါတယ်။ ကံရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်မယ့်သတင်း ပေါက်ကြားသွားတဲ့ အခြေအနေနဲ့ပက်သက်ပြီး ရဲဘော် Bravo က အခုလိုပြောပြပါတယ်။ “ရဲဘော်တွေက သူတို့မိဘတွေကို ရှောင်ချိန်ရအောင်လို့ ဖုန်းဆက်မိတာမျိုးရှိသွားတာပေါ့။ အဲဒီမှာ […]

အပြည့်အစုံဖတ်ရန်

လားရှိုးမှာပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေလို့ မြို့ခံတွေထိတ်လန့်နေ

February 8, 2024

လားရှိုး-၂၀၂၄ ဖေဖော်ဝါရီ ၈ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ မကြာခဏ ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်နေကြတယ်လို့ လားရှိုးမြို့ခံတွေက ပြောကြပါတယ်။ လားရှိုးမြို့ ညဈေးအနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ကတစ်ကြိမ်၊ မနေ့ကတစ်ကြိမ် ၁၀ ရက်အတွင်း နှစ်ကြိမ်ဗုံးပေါက်ကွဲခဲ့ပြီး ဒေသခံထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ “မြို့က ကြာလေလုံခြုံမှု မရှိတော့လေပဲ။ ဟိုလက်နက်ကိုင်ကြောက်ရ ဒီလက်နက်ကိုင်ကြောက်ရနဲ့ အကုန်ကြောက်နေရတာ။ ဗုံးကလည်း ခဏတိုင်းကွဲတယ်။ ဗုံးကွဲတာတွေက ဆက်ကြေးတောင်းတာမပေးလို့ခွဲခံရတာလို့ကြားတယ်။ ဆိုင်ကယ်ဗုံးကွဲတာများတော့ ဆိုင်ကယ်အစုတ်တွေရပ်ထားတာတွေ့ရင် ဝေးဝေးကရှောင်နေရတယ်” လို့ လားရှို့မြို့ခံတစ်ဦးကပြောပါတယ်။ မနေ့ကညနေပိုင်းတုန်းက လားရှိုးညဈေးအနီး စန်းရွှင်ဟိုတယ်ရှေ့မှာရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲခဲ့တာကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦးအပါအဝင် ဒေသခံတချိုု့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတွေကဆိုကြပါတယ်။ “ရပ်ထားတဲ့ဆိုင်ကယ်ကနေပေါက်တာ။ ဆိုင်ကယ်ဗုံးပေါ့။ အဲဒီဟိုတယ်က စားဖိုမှူးတစ်ယောက် ထိသွားတယ်။ ညဈေးနားဆိုတော့ ဖြတ်သွားဖြတ်လာတချို့လည်း ဗုံးအစအနမှန်ပြီး ဒဏ်ရာရသွားတာရှိတယ်။ ပေါက်ပြီးတော့ […]

အပြည့်အစုံဖတ်ရန်

YDF တပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရတဲ့ဖြစ်စဉ်ကို လူမှုကွန်ရက်မှာဖြန့်ဝေသူတွေနဲ့ ဝမ်းနည်းကြောင်းပြသသူတွေကိုဖမ်းဖို့ စစ်ကောင်စီထောက်ခံဝါဒဖြန့်သူတွေလှုံ့ဆော်

February 7, 2024

ရန်ကုန်-၂၀၂၄ ဖေဖော်ဝါရီ ၇ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက ယောကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ဖွဲ့ဝင်နှစ်ဦး အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရတဲ့ဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာတွေမှာမျှဝေသူတွေနဲ့ ဝမ်းနည်းကြောင်း ပရိုဖိုင်ပုံချိန်းသူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာ လှုံ့ဆော်နေပါတယ်။ “မီးရှို့ခံရတဲ့ဗီဒီယိုကြည့်မိပြီး အခုထိနေလို့မကောင်းဘူး။ သူတို့လုပ်ခဲ့တဲ့မှတ်တမ်းတွေ အကောင့်ထဲမှာ သိမ်းထားတာ။ ဝမ်းနည်းလို့ ပရိုဖိုင်ချိန်းလိုက်တာပါ။ အဓိကက ဖေ့စ်ဘွတ်ကို ပရိုဖိုင်လော့ချထားဖို့၊ အကောင့်မှာကိုယ်မသိတဲ့သူတွေ လာအပ်တာလက်မခံဖို့လိုပါတယ်။ သူတို့ကတော့ တွေ့ရင်ခြိမ်းခြောက်မှာပဲ” လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောပါတယ်။ YDF တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်လိုက်တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ မနေ့ကစတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး သတ်ခံရသူတွေဟာ YDF ရဲဘော် ဖိုးတေနဲ့ သားထောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့ YDF တပ်ဖွဲ့ဝင်နှစ်ဦးဟာ မနှစ်က နိုဝင်ဘာ ၇ ရက်က […]

အပြည့်အစုံဖတ်ရန်

စပါးဈေးကောင်းနေပေမယ့် အထွက်နှုန်းကျလို့ တောင်သူတွေအမြတ်နည်း

February 7, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၇ (မော်ကွန်း) လက်ရှိဖြစ်ပေါ်နေတဲ့ စပါးဈေးဟာ တောင်သူတွေအတွက် တွက်ခြေကိုက်ပြီး အရှုံးနည်းတဲ့ အခြေအနေဖြစ်ပေမယ့် အချို့မြို့နယ်တွေက စပါးခင်းတွေ အထွက်နှုန်းနည်းခဲ့တာကြောင့် တောင်သူအချို့ အရှုံးပေါ်တာတွေ ရှိတယ်လို့ ဧရာဝတီတိုင်းက စပါးစိုက်တောင်သူတွေက ပြောပါတယ်။ ပုသိမ်မြို့နယ်က စပါးခင်းတွေမှာ ပုံမှန် တစ်ဧကကို ၇၅ တင်းခန့် ထွက်ရာကနေ ယခုနှစ် စပါးက ရေမြုပ်တာ၊ ပိုးကျတာတွေကြောင့် တစ်ဧကကို တင်း ၆၀ ကျော်ပဲ ထွက်ခဲ့ပြီး အမြတ်နည်းသွားတယ်လို့ ပုသိမ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ “စပါးဈေးက အခုက စိုက်တဲ့သူတွေကတော့ ကိုက်တယ်ပြောရမယ်။ အရင်လို သိပ်မရှုံးဘူး။ တောင်သူတွေအတွက် နည်းနည်းကျန်တယ်ပြောရမယ်။ အချို့တော့ ဈေးကောင်းပေမယ့် အထွက်နှုန်းကျတဲ့ အခင်းတွေတော့ အရှုံးပေါ်တယ်” လို့ […]

အပြည့်အစုံဖတ်ရန်

ကျိုက်ဒုံတိုက်ပွဲကြောင့် ကော့ကရိတ်စစ်ရှောင်ထပ်တိုးပြီး မြေပြင်မှာ အကူအညီလိုနေ

February 6, 2024

ဒူးပလာယာ – ၂၀၂၄ ဖေဖော်ဝါရီ ၆ (မော်ကွန်း) ကေအဲန်ယူ၊ တပ်မဟာ (၆)၊ ‌ကျိုက်ဒုံမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တွေတိုးလာနေပြီး အကူအညီတွေလိုအပ်နေပါတယ်။ ကျိုက်ဒုံမြို့ဟာ ကေအဲန်ယူ-ကော့ကရိတ်မြို့နယ်ရဲ့အောက်ကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ကော့ကရိတ်တစ်မြို့နယ်လုံးမှာ စစ်ရှောင် ၃၀,၀၀၀ ကျော်ရှိခဲ့ရာကနေ အခုတော့ ကျိုက်ဒုံတိုက်ပွဲကြောင့် နောက်ထပ် စစ်ရှောင်အနည်းဆုံး ၅,၀၀၀ လောက်ရှိလာနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ လက်ရှိ ကျိုက်ဒုံမြို့ပေါ်မှာ လူနေထိုင်မှုမရှိတော့သလို အနီးတဝိုက်ကျေးရွာတွေလည်း တိုက်ပွဲတွေစဖြစ်ကတည်းက ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ ‌လတ်တလော နေထိုင်ရေး အဆင်မပြေကြဘူးလို့ ဒေသခံတွေကပြောပါတယ်။ “ဘယ်လိုပုံစံမျိုးလည်းဆိုတော့ စားဝတ်နေရေးရော အိပ်ဖို့ရော အစစအရာရာ အဆင်မပြေလို့ဖြစ်တာပေါ့။ ဘာဖြစ်လဲဆိုတော့ ကိုယ်က ကလေးနဲ့ဆိုတော့ ခြင်တို့၊ပိုးကောင်တို့ အကုန်းလုံးကုန်လုံး ပိုးကောင်တွေအကုန်လုံးရှိတာပေါ့။ အိပ်ရတာလည်း ချိုင့်ထဲမှာဆိုတော့ […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပညာသင်ကြားရေး အခက်အခဲဖြစ်နေ

February 6, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၅ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ သိန်းနဲ့ချီပြီး ပညာသင်ကြားရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဒေသတွင်း အကူအညီပေးသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်တစ်ခုလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေရဲ့ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်ဖြစ်နေတယ်လို့ စစ်ကောင်စီက ယခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ကျောင်းတွေစတင်ဖွင့်ခဲ့တဲ့ ဇွန်လပိုင်းမှာ ပြည်နယ်တစ်ခုလုံး ကျောင်းသားဦးရေ ငါးသိန်းခုနစ်သောင်းကျော် တက်ရောက်ခဲ့ပေမယ့် လက်ရှိမှာ ကျောင်းသားဦးရေ နှစ်သိန်းခုနစ်သောင်းကျော်ပဲ ကျောင်းတက်ရောက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။ မနှစ်က နိုဝင်ဘာလမှာ AA နဲ့ စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပြီး တိုက်ပွဲကာလ သုံးလကျော် […]

အပြည့်အစုံဖတ်ရန်

ဒီးမော့ဆိုမှာ စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းကဗုံးကြဲလို့ ကလေးငယ်တွေသေဆုံး

February 6, 2024

ဒီးမော့ဆို – ၂၀၂၄ ဖေဖော်ဝါရီ ၅ (မော်ကွန်း) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ဒေါဆီအီရွာမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်လို့ စာသင်နေတဲ့ ကလေးငယ်တချို့ သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ ကရင်နီစစ်ရှောင်အရေး ကူညီနေသူတွေက မော်ကွန်းကိုပြောပါတယ်။ တိုက်ပွဲမရှိဘဲ စာသင်ကျောင်းဗုံးကြဲခံရတာကြောင့် အသက် ၁၁ နှစ်ကနေ ၁၃ နှစ်အရွယ်ရှိတဲ့ ကလေးငယ်(ကျား) လေးဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်းတစ်ခုလုံးပျက်စီးသွားတယ်လို့ အဲဒီရွာဖြစ်စဉ်နဲ့ပက်သက်ပြီး ကူညီနေသူတစ်ဦးက အတည်ပြုပါတယ်။ “ဗုံးကြဲခံရတဲ့စာသင်ကျောင်းက ရွာခံကလေးတွေနဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် စာသင်ကြားတဲ့နေရာပေါ့နော်။ ဘာတိုက်ပွဲမှမရှိဘူး။ စာသင်နေကြတဲ့ကလေးတွေ ရှောင်ချိန်တောင်မရလိုက်ဘူးဗျာ။ သူတို့မှာ ဗုံးခိုကျင်းလေးရှိတယ်။ ဗုံးခိုဖို့ကျင်းတောင်မှ သူတို့ပြေးချိန်မရလိုက်ဘူး” လို့ သူကပြောပြပါတယ်။ ဗုံးကြဲခံရတဲ့ စာသင်ကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်အများအပြားရှိပြီး […]

အပြည့်အစုံဖတ်ရန်

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်ကို တစ်မြို့လုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်

February 1, 2024

ကချင်ပြည်နယ် ဖားကန့်မြို့တွင် စစ်အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်ကို တစ်မြို့လုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသည်။ Photo – Supplied

အပြည့်အစုံဖတ်ရန်
1 … 74 75 76 77 78 79 80 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."