သတင်းများ

ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက စစ်ကောင်စီကိုတော်လှန်နေတဲ့တပ်ဖွဲ့ကို ကားတစ်စီးလှူဒါန်း

March 8, 2024

ပုလဲ-၂၀၂၄ မတ် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တာဝန်ရှိသူတစ်ဦးဟာ အခုလ ၆ ရက်က ပုလဲမြို့နယ်တွင်းက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ကျားသစ်နတ်တပ်မတော်အတွက် ပါတီပိုင်ကားတစ်စီး လှူဒါန်းလိုက်တယ်လို့ ကျားသစ်နတ်တပ်မတော် ဥက္ကဌ ကိုဥက္ကာက မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ကိုလှမ်းလှူတာက မြို့နယ်အလုပ်အမှုဆောင်အဆင့်ရှိတဲ့လူတစ်ယောက်ဗျ။ အဲဒီလူက ဖုန်းနဲ့ဆက်သွယ်ပြီးတော့မှ ကားတစ်စီးရှိတယ်ပေါ့လေ၊ ဆရာတို့လိုတာသုံးပါဆိုပြီး လှမ်းလှူတာပေါ့။ ဘယ်လိုသဘောနဲ့လှူသလဲတော့ ကျွန်တော်တို့ခန့်မှန်းလို့မရဘူးပေါ့နော်။ ကြံ့ခိုင်ရေးပါတီဆိုတာ စစ်တပ်ကျောထောက်နောက်ခံပါတီဟုတ်တယ်၊ သို့ပေမယ့် မတရားတာကို မတရားမှန်းသိတဲ့သူတွေအများကြီးရှိလိမ့်မယ်လို့ထင်တယ်။ လှူတဲ့သူကလည်း အဲဒီထဲကတစ်ယောက်ဖြစ်မယ်လို့ထင်တယ်” လို့ သူကပြောပါတယ်။ အဲဒီလို ဆက်သွယ်လှူဒါန်းတာကြောင့် ပုလဲမြို့ပေါ်အထိ ကားကိုသွားရောက်ယူဆောင်ခဲ့ပြီး လုံခြုံရေးအတွက်စစ်ဆေးတာတွေ၊ ပြင်စရာတွေပြင်ဆင်ပြီးမှ ယူလာခဲ့တာလို့ သူကဆိုပါတယ်။ “ကျွန်တော်တို့ဘက်ကတော့ ဒီကားက လုံခြုံရေးနဲ့ပက်သက်ပြီး နည်းပညာတွေ GPS တွေဘာတွေတပ်ထားသလားသေချာစီစစ်ပြီးသွားပြီ။ ပြင်စရာတွေပြင်ပြီးသွားပြီ။ လိုအပ်တဲ့နေရာတွေမှာသုံးမှာပါဗျ။ […]

အပြည့်အစုံဖတ်ရန်

ကနီမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်၊ လေယာဉ်နဲ့ဗုံးကြဲလို့ ဒေသခံတွေသေကြေ

March 8, 2024

ကနီ-၂၀၂၄ မတ် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် မြို့ကိုလက်မလွှတ်ရဖို့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုအများအပြား လုပ်ဆောင်နေသလို မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကနီမြို့ကိုတိုက်ခိုက်ရာမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၂ ရက်ကစလို့ ဒီနေ့အထိ ငါးရက်ကြာ တိုက်ခိုက်နေတာဖြစ်ပြီး မြို့ကို အလုံးစုံမသိမ်းပိုက်နိုင်သေးဘူးလို့ သူကပြောပါတယ်။ “မနေ့က သိမ်းပြီရပြီလို့သတင်းတွေတက်ပြီးတော့ စစ်တပ်က ချက်ချင်းပြန်လုံးတာ။ (မြို့ကို)ရာနှုန်းပြည့် မရသေးပါဘူး။ အခုချိန်ထိ တိုက်ခိုက်နေတုန်း၊ လေကြောင်းလည်းတိုက်နေတုန်း။ မြို့ထဲမှာ စစ်ကောင်စီတပ်တွေက ကျန်သေးတယ်။ သူတို့ကမြေပြင်စစ်ကူမပို့နိုင်ဘူး။ ဒါပေမယ့်လေကြောင်းနဲ့ ပို့တယ်လည်းကြားတယ်။ ကုန်းကြောင်းက သူတို့တက်ဖို့မလွယ်တော့ မလာသေးဘူး” လို့ တိုက်ပွဲရဲ့ အခြေအနေကို သူကပြောပြပါတယ်။ ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ကနီမြို့ပေါ်နဲ့ […]

အပြည့်အစုံဖတ်ရန်

မြစ်ကြီးနား-ဗန်းမောက်လမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်

March 8, 2024

ရန်ကုန် – ၂၀၂၄ မတ် ၇ (မော်ကွန်း) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဌာနချုပ်ရှိရာ လိုင်ဇာဒေသကို လုံခြုံရေးအရ အနှောင့်အယှက်ပေးနေတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို ဒီနေ့မနက်ပိုင်းမှာ ထိုးစစ်ဆင်ပြီး ရှင်းလင်းနေတယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီနေ့မနက် ၆ နာရီခန့်ကစပြီး လိုင်ဇာဒေသ၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ လက်ရှိတိုက်ခိုက်နေတဲ့ စစ်ကောင်စီစခန်းတွေဟာ လိုင်ဇာကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်နေပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ လိုင်ဇာဒေသကို လုံခြုံရေးအရ အနှောင့်အယှက်ပေးနေတဲ့ စခန်းတွေဖြစ်တယ်လို့ KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတစ်လျှောက်က စခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ လေကြောင်းနဲ့ ပစ်တာတွေရှိတယ်။ […]

အပြည့်အစုံဖတ်ရန်

ရွှေဈေး ကျပ်သိန်း ၄၀ ကျော်ထိထိုးတက်

March 6, 2024

ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း) ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှု၊ ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်လာမှုတွေကြောင့် ပြည်တွင်းရွှေဈေးဟာ ဒီနေ့မှာ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဒီနေ့ညနေပိုင်း ဈေးကွက်အတွင်း ဈေးဖွင့်လှစ်ထားမှုအရ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်ကို ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရွှေတစ်ကျပ်သားကို ၃၉ သိန်းကျော်ကို စတင်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပဲ ရွှေဈေးဟာ ကျပ်တစ်သိန်းဝန်းကျင် မြင့်တက်ခဲ့တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဈေးကွက်ဖွင့်လှစ်မှုအရ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၉ သိန်း ကိုးသောင်းဝန်းကျင်ထိ ရောက်ရှိလာပြီး ညနေပိုင်း အပိတ်ဈေးမှာတော့ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ ကျော်ကို ရောက်ရှိသွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတစ်ဦးက“ကမ္ဘာ့ရွှေဈေး သုံးရက်အတွင်း တစ်အောင်စကို […]

အပြည့်အစုံဖတ်ရန်

ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ဝင်ကစားဖို့ စီစဉ်နေ

March 6, 2024

ရန်ကုန် – ၂၀၂၄ မတ် ၆ (မော်ကွန်း) စစ်ကောင်စီဗဟိုဘဏ်ဟာ ပြည်တွင်းငွေကြေးဈေးကွက်မှာ အရောင်းအဝယ်ပြုလုပ်ပြီး ဝင်ရောက်ကစားဖို့ စီစဉ်နေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေနဲ့ ငွေကြေးဈေးကွက် လေ့လာသူတွေက ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းကစပြီး ဒေါ်လာငွေလိုအပ်တဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းတွေကို လိုင်စင်ရ AD ဘဏ်တွေဆီကနေ Online Trading Platform စနစ်နဲ့ နိုင်ငံခြားငွေ ရောင်းချမှုကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားချက်အရ Online Trading ကနေ ပို့ကုန်နဲ့ သွင်းကုန်လုပ်ငန်းတွေအတွက်ပဲ ရောင်းချပေးတာဖြစ်ပါတယ်။ အဲဒီဈေးကွက်ကနေ ဝယ်ယူထားသူတွေအနေနဲ့လည်း ပို့ကုန်ရငွေ ဝင်ရောက်တဲ့နေ့ကနေ တစ်လအတွင်းမှာ ပို့ကုန်ရငွေပမာဏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲလှယ်နှုန်းနဲ့ လဲလှယ်ရောင်းချရမှာဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကိုတော့ သက်ဆိုင်ရာ AD […]

အပြည့်အစုံဖတ်ရန်

Facebook တစ်ကမ္ဘာလုံး သုံးမရဖြစ်

March 5, 2024

ရန်ကုန် – ၂၀၂၄ မတ် ၅ (မော်ကွန်း) Facebook ပလက်ဖောင်း တစ်ကမ္ဘာလုံးမှာ သုံးမရဖြစ်သွားပြီး Facebook ကုမ္ပဏီ Meta ရဲ့ ရှယ်ယာတွေ မိနစ်ပိုင်းအတွင်း ကျဆင်းကုန်တာတွေ့ရပါတယ်။

အပြည့်အစုံဖတ်ရန်

မုံရွာမြောက်ဘက်က ရှေးဟောင်းအဆောက်အဦအများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

March 5, 2024

မုံရွာ-၂၀၂၄ မတ် ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့မြောက်ဘက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက ရှေးဟောင်းအဆောက်အဦတွေနဲ့ ဘုန်းကြီးကျောင်းတွေအများအပြားရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးနေလို့ ဒေသခံအများအပြားထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ခိုးသန်းရွာကို မနေ့ကညနေပိုင်းကတည်းက စီးနင်းခဲ့တာဖြစ်ပြီး ဒီနေ့လယ်မှ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။ “ခိုးသန်းရွာမှာက ရှေးဟောင်းအဆောက်အဦးတွေများတယ်။ ဘုန်းကြီးကျောင်းတွေ၊ ကျောင်းကန်ဇရပ်တွေ များတယ်။ ဟိုးရှေးတုန်းက ရှေးဟောင်းသမိုင်းဝင်ကျောင်းကြီးတွေများတယ်။ အခုလက်ရှိ ခိုးသန်းအခြေအနေကတော့ ရှို့နေတုန်း၊ မီးခိုးတွေတွေ့နေရတုန်းပေါ့။ ပြီးခဲ့တဲ့တစ်ခေါက်က အိမ်ခြေ တစ်ရာ၊ ၁၅၀ လောက်ပါသွားတယ်။ အခုက ကျန်တဲ့လက်ကျန်အကုန်ရှို့နေတာ။ တိုက်ပွဲမရှိဘဲနဲ့ရှို့တာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ ခိုးသန်းရွာကို စစ်ကောင်စီတပ်တွေဟာ အခုလ ၁ ရက် မနက် ၅ နာရီဝန်းကျင်တုန်းကလည်း လက်နက်ကြီး၊ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မြို့နယ်က တာမခန်ဒေသကို အလုံးစုံထိန်းချုပ်ဖို့ KIA ကြိုးပမ်း

March 5, 2024

ရန်ကုန် – ၂၀၂၄ မတ် ၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခန်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစတင်ပြီး တာမခန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ သီတင်းပတ် တစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၆ ရက်မှာ တာမခန်က စစ်ကောင်စီအထိုင်တပ် ခမရ ၁၁၉ တာမခံ အထိုင်စခန်းနဲ့ တာမခန် ရဲစခန်းတို့ကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ခမရ ၁၁၉ တပ်ရဲ့ စခန်းကုန်းကိုလည်း ယခုလ ၁ ရက်နေ့မှာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်၊ ဥရုချောင်းပေါ်မှာတည်ရှိတဲ့ တာမခန်ဒေသဟာ ဖားကန့်ဒေသကို […]

အပြည့်အစုံဖတ်ရန်

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ ကိုယ့်နည်းလမ်းနဲ့ပဲဖော်ဆောင်မယ်လို့ AA ပြော

March 5, 2024

ရန်ကုန် – ၂၀၂၄ မတ် ၄ (မော်ကွန်း) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ရေးဆွဲနေတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ ပါဝင်ဖို့ထက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံချက်ကို ရက္ခိုင့်တပ်တော် (AA) ရဲ့ နည်းလမ်းနဲ့ပဲ ဖော်ဆောင်သွားမယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းမှာပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ရှစ်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ရေးဆွဲနေတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ AA အနေနဲ့ ပါဝင်သွားဖို့ ရှိမရှိ မေးမြန်းမှုအပေါ် သူက အခုလိုဖြေကြားခဲ့တာပါ။ ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်ဒေသအတွက် သူများဆီကပေးလာတဲ့အာမခံချက်ထက် ကိုယ့်ဖာသာ အကောင်းဆုံးပြင်ဆင်ထားတဲ့အာမခံချက်ကိုပဲ ပိုသဘောကျပြီး အဲဒီနည်းလမ်းအတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

တန့်ဆည်မှာ စစ်ကောင်စီတပ်ပြန်ဆုတ်သွားလို့ စစ်ဘေးရှောင်တွေ နေရပ်ပြန်၊ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားရတဲ့ ဒေသခံ ၁၁ ဦးအလောင်းတွေ့

March 5, 2024

တန့်ဆည်-၂၀၂၄ မတ် ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲကရွာတွေကနေ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားလို့ စစ်ဘေးရှောင်နေရတဲ့ ထောင်ချီတဲ့ဒေသခံတွေ နေရပ်ပြန်ကြပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ တန့်ဆည်မြို့နယ်ထဲက ကံထူးမရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့လ ၂၁ ရက်ကတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ် အနောက်တောင်ပိုင်းက ကျေးရွာအများအပြားကို ၁၀ ရက်ကျော်ကြာ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကြောင်းတွေပြန်ဆုတ်ခွာသွားလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေဝင်ခဲ့တဲ့ရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ပြီးနောက်မှာ ဒေသခံတွေကို ပြန်ဝင်ခွင့်ပြုလိုက်တာလို့ တန့်ဆည်ဒေသခံတစ်ဦးက ပြောပါတယ်။ “ကံထူးမရွာကလွဲလို့ ကျန်တဲ့ဒေသခံတွေကတော့ အကုန်လုံးရွာပြန်ရောက်ကြပြီ။ ကံထူးမရွာကို (ဒီနေ့)မနက်ပိုင်းက (ကာကွယ်ရေးတပ်ဖွဲ့တွေ) ရှင်းလင်းရေးဝင်ခဲ့တယ်။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ဘာတွေ့ရလဲဆိုတော့ အနံတစ်ထောင်းထောင်းနဲ့(အလောင်းတချို့)ပေါ့ဗျာ။ ပြီးတော့ မိုင်းထောင်ထားခဲ့တာတွေရှိတယ်။ စစ်ကျန်ပစ္စည်းတွေပေါ့ဗျာ။ ပြီးကျရင်လေယာဉ်ဖိုက်တာကနေကြဲသွားတဲ့ ပေါင် ၅၀၀ […]

အပြည့်အစုံဖတ်ရန်

ကနီမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ပွဲပြင်းထန်၊ မြို့ခံအများအပြား မြို့တွင်းမှာပိတ်မိနေ

March 5, 2024

ကနီ-၂၀၂၄ မတ် ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြို့ခံအများအပြား မြို့တွင်းမှာပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံဦးရေလည်းထောင်ချီရှိနေပြီလို့ ကနီဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ ကနီမြို့ပေါ်မှာ အခုလ ၂ ရက် မနက်အစောပိုင်းကစလို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားရာနေရာတွေကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဒေသခံတွေကဆိုပါတယ်။ “ထွက်ပြေးနေကြရတဲ့ ဒေသခံတွေက ထောင်ဂဏန်းရှိတယ်။ မြို့ထဲပိတ်မိတဲ့ဒေသခံက တော်တော်များတယ်။ တချို့တွေ့တဲ့ဟာတွေတော့ ရရင်ရသလို ကယ်ထုတ်ပေးထားတယ်။ မထွက်ပြေးနိုင်တဲ့သူတွေ ကျန်နေတာတွေလည်းရှိတယ်။ တိုက်ပွဲကြား ဒေသခံတွေထိခိုက်သေဆုံးတာက အတိအကျပြောဖို့တော့ လိုသေးတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ကနီမြို့ပေါ်က ဘုရားကုန်းနဲ့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် လက်ရှိအချိန်အထိ တိုက်ပွဲမပြီးသေးသလို နှစ်ဖက်အထိခိုက်အကျဆုံးကိုလည်း မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ မနှစ်က […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ ဟိန္ဒူဘုရားပွဲ ကျင်းပ

March 5, 2024

ရန်ကုန်- ၂၀၂၄ မတ် ၃ (မော်ကွန်း) ဓါတ်ပုံ-မော်ကွန်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနဲ့ ၁၁၈ လမ်းထောင့်ရှိ စရီမဟာမူနီ(စ်)ဝရရ် ဘုရားကျောင်းရဲ့ (၄၂) ကြိမ်မြောက် ဘုရားလှည့်လည်ပူဇော်ပွဲနဲ့ ဓါးလှေကားတက်ပွဲတော်ကို ဒီနေ့ ရန်ကုန် မြို့မှာ ကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့သောကြာနေ့ကတည်းက စတင်နေတဲ့ ပွဲတော်ဟာ ဒီနေ့အပြီးသတ်ပါတယ်။ အဲဒီပွဲတော်ရဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်
1 … 70 71 72 73 74 75 76 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."