သတင်းများ

မောင်တောမြို့ခံတွေထွက်ခွာဖို့ AA သတိပေးပေမယ့် စစ်ကောင်စီကပိတ်ဆို့ထားတာကြောင့် အရပ်သားတွေ မြို့တွင်းမှာပိတ်မိနေ

June 17, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ ဒေသခံတွေထွက်ခွာကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက မြို့ကိုပိတ်ဆို့ထားတာကြောင့် ဒေသခံတွေဟာ မြို့တွင်းမှာ ပိတ်မိနေတယ်လို့ မောင်တောဒေသခံတချို့က ပြောပါတယ်။ အာရက္ခတပ်တော် (AA) ဟာ မောင်တောမြို့က စစ်ကောင်စီစခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး မြို့ပေါ်က စစ်ကောင်စီ လက်ကျန်စခန်းကို ရက်ပိုင်းအတွင်း ထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေ မြို့ကနေ ထွက်ခွာကြဖို့ ကြေညာချက်တစ်စောင်ကို မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ “တိုက်ပွဲတွေစဖြစ်တည်းက ထွက်သွားတဲ့သူတွေရှိတယ်။ အဲဒီတုန်းက မထွက်ဘဲ ကျန်ခဲ့တဲ့သူတွေက အခုပိတ်မိနေတာပေါ့။ စစ်တပ်ကလည်း လူတွေ့တာနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ နေ့တိုင်းလုပ်နေတယ်။ ထွက်ခွင့်မပေးတဲ့ အခြေအနေမှာရှိတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မောင်တောမြို့အဝင်တံတားတွေ၊ […]

အပြည့်အစုံဖတ်ရန်

လက်ကိုင်ဖုန်းများထဲတွင် VPN တွေ့ရှိလျှင် စစ်ကောင်စီကငွေညှစ်

June 17, 2024

ပဲခူး – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ပဲခူးမြို့အထွက်စစ်ဆေးရေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေစစ်ဆေးနေပြီး VPN တွေ့ရှိရင် ဖမ်းခေါ်သွားကာ ငွေညှစ်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ်။ ဘုရားကြီးလမ်းဆုံမရောက်ခင် ပဲခူးမြို့ရှောင်လမ်းနဲ့လမ်းဟောင်းဆုံတဲ့မီးပွိုင့်ထိပ်က စစ်ဆေးရေးဂိတ်ကလည်း မကြာခဏ မထင်မှတ်ဘဲစစ်ဆေးတတ်တယ်လို့ ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးကပြောပါတယ်။ “ဟိုတနေ့က စစ်နေတယ်လို့ ဆီဆိုင်ကလူတွေပြောတာနဲ့ ကျွန်တော်တောင် ရှိသမျှ VPN တွေ ဖြုတ်ထားရတယ်” လို့ ၎င်းကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်လောက်က မိုးယွင်းကြီးသဘာဝအင်းအကျော်၊ မှိုင်းတုံကွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်တွေကိုတားပြီး ဖုန်းစစ်တယ်လို့ မိုင်းတုံရွာခံတစ်ဦးကပြောပါတယ်။ “စစ်လို့(VPN) တွေ့တာနဲ့ ရဲစခန်းကိုတန်းခေါ်သွားတာ။ တစ်ယောက်ကို အနည်းဆုံး လေးငါးသိန်းတောင်းတာ။ မပေးနိုင်ရင် ဖမ်းမယ်ဆိုတော့ ရှိတာပေးကြရတာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) တစ်နေ့တစ်နေ့ ဝင်ငွေ နည်းမှမနည်းပဲ” လို့ ၎င်းရွာခံကပြောပါတယ်။ ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင်လည်း ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖုန်းတွေကို […]

အပြည့်အစုံဖတ်ရန်

မင်းတပ်နဲ့ပလက်ဝမှာ လူသေဆုံးတဲ့အထိ ဝမ်းရောဂါတွေဖြစ်ပွားနေ

June 17, 2024

မင်းတပ်-၂၀၂၄ ဇွန် ၁၇ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ပလက်ဝမြို့နယ်တွေထဲက ကျေးရွာတွေမှာ လူသေဆုံးတဲ့အထိ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။ ဝမ်းရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေဟာ မင်းတပ်မြို့နယ်ထဲမှာ ကိုးရွာရှိပြီး ပလက်ဝမြို့နယ်ထဲမှာတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် အတိအကျမသိနိုင်ဘူးလို့ သူကဆိုပါတယ်။ မြေပြင်ဆင်းကုသနေတဲ့ ဆရာဝန်တွေကိုမေးကြည့်ရာမှာ လွန်ခဲ့တဲ့လေးရက်က မင်းတပ်ရဲ့တိုက်နယ် ၁၃ အောက်ချိုင်ရွာဘက်မှာ ဝမ်းရောဂါနဲ့လူနှစ်ဦးသေဆုံးပြီး ပလက်ဝမြို့နယ်ထဲမှာလည်း လူသေဆုံးမှုတွေရှိတယ်လို့ ၎င်းကပြောပါတယ်။ “ ဆေးဝါးတွေ လုံလောက်ဖို့လိုသေးတယ်။ ဆေးဝါးတွေဆိုတာ အများကြီးမဟုတ်ပါဘူး။ ဝမ်းရောဂါနဲ့ ပက်သက်တဲ့ ဆေးဝါးတွေ၊ ဓာတ်ဆားတွေ အလုံအလောက်ရောက်ဖို့ပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဝမ်းရောဂါဖြစ်ပွားတဲ့နေရာတွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကုသရေးနဲ့ ကျန်းမာရေးဌာနက ဆရာဝန်တွေနဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်ရွှေအသင်းသတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေး များစွာကွာဟနေပြီး လိုသလောက်ရောင်းမပေးနိုင်တာကြောင့် ရွှေစျေးကွက်ရပ်တန့်နေ

June 14, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၄ (မော်ကွန်း) ရွှေဆိုင်တွေဖွင့်လှစ်ထားပေမယ့် လိုအပ်သလောက် ဝယ်ယူလို့မရတာကြောင့် ရွှေဈေးကွက် ဆက်လက်ရပ်တန့်နေတယ် ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ရွှေဆိုင်တွေကို ပုံမှန်ဖွင့်လှစ်ဖို့နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၆ သိန်း နှစ်သောင်းကျော်မှာပဲ အရောင်းအဝယ်လုပ်ဖို့ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၅၄ သိန်းကျော်မှာ ရှိနေတာပါ။ ရွှေဆိုင်တွေဟာ YGEA ထုတ်ပြန်ချက်ကြောင့် ဆိုင်တွေကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပေမယ့် အဲဒီသတ်မှတ်ဈေးနဲ့ လိုသလောက် ဝယ်ယူလို့မရဘဲ ရွှေဆိုင်တချို့ကတော့ တစ်ဦးကို တစ်ပဲနှုန်းနဲ့ တန်းစီစနစ်နဲ့ ရောင်းပေးနေတာရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ဒါ့ပြင် အခေါက်ရွှေအတုံးနဲ့ ဖြတ်စတွေကိုလည်း ရောင်းချပေးခြင်းမရှိဘဲ ရွှေထည်နဲ့ လက်ဝတ်ရတနာတွေကိုပဲ ရောင်းချပေးနေပြီး ရွှေဈေးကွက်ဟာ ဈေးနှစ်မျိုးဖြစ်နေတာကြောင့် […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုသွားတဲ့လမ်းအားလုံးကို စစ်ကောင်စီဖျက်ဆီးပိတ်ဆို့

June 14, 2024

ရန်ကုန် – ဇွန် ၁၄ ၂၀၂၄ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဖြတ်သန်းသွားလာရတဲ့ လမ်းကြောင်းအားလုံးကို စစ်ကောင်စီဘက်က အခုရက်ပိုင်းမှာပိတ်လိုက်တာကြောင့် လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ဒေသတွေကို သွားရောက်တဲ့လမ်းကြောင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတချို့က ပြောပါတယ်။ TNLA သတင်းနှင့်ပြန်ကြားရေးကတော့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ယခုလ ၁၃ ရက်မှာ လားရှိုးမြို့အဝင်လမ်း လားရှိုးနဲ့ မိုင်းယော်တိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကားလမ်းကို ‌မြောင်းဖောက်ပြီး ဖျက်ဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလမ်းကြောင်းဟာ လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့တရုတ်နယ်စပ်တွေကို သွားရောက်ရာမှာ အသုံးပြုနေတဲ့ ရှောင်ကွင်းလမ်းတစ်ခုဖြစ်နေပြီး အဲဒီလမ်းကြောင်းဟာ […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်မှာပါဝင်ကြဖို့နှိုးဆော်

June 14, 2024

ရန်ကုန်-၂၀၂၄ ဇွန် ၁၄ (မော်ကွန်း) အခုလ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်ကြဖို့ သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။ အဲဒီနေ့မှာ‌ မွေးနေ့ရှင်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ တော်လှန်တိုက်ပွဲဝင် လူထုတစ်ရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုတဲ့ အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်မှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေကဆိုပါတယ်။ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်လုံးကျွတ် ပန်းသပိတ်လှုပ်ရှားမှုကြီးကနေ စစ်အာဏာရှင်တွေ ပြုသမျှနုရမယ့် ဘဝမဟုတ်သလို ငုံ့မခံဘဲတုန့်ပြန်မယ့် သံမဏိနှင်းဆီတွေဖြစ်ကြောင်း သက်သေတည်ကြပါစို့လို့ နှိုးဆော်ထားပါတယ်။ “နှင်းဆီနီတွေအပါအဝင် အဆင်သင့်ရာပန်းတွေကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုးထိုးမယ်၊ အပြန်အလှန်လက်ဆောင်ပေးကြမယ်၊ အွန်လိုင်းပေါ်တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ်လူထုလှုပ်ရှားမှုတွေကို လုံခြုံရေးအသိ၊ သတိအပြည့်နဲ့ ဖော်ဆောင်ကြပါစို့လို့” ဒေါက်တာတေဇာဆန်းက […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာ စစ်ကောင်စီနဲ့ TNLA စစ်ရေးတင်းမာ၊ သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီပိတ်ဆို့

June 13, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း) စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာ တအောင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေပြီး နမ္မတူနဲ့သီပေါကြားလမ်းပိုင်းကို စစ်ကောင်စီက ဖြတ်တောက်ထားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ သီပေါကနေ TNLA ထိန်းချုပ်နယ်မြေ နမ္မတူကိုဖြတ်သန်းသွားတဲ့လမ်းပိုင်းကို စစ်ကောင်စီဘက်က သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက်ကစပြီး စစ်ကောင်စီဘက်က ကန့်လန့်ဖြတ်မြောင်းတူးကာ ယာဉ်တွေသွားလာလို့မရအောင် မနေ့ကစတင်ပိတ်ဆို့လိုက်တာပါ။ “သီပေါမြို့ကနေ နမ္မတူအထွက်လမ်းပိုင်းကို ပိတ်ထားတာပေါ့။ အခုတော့ မန္တလေးကနေ မူဆယ်ဘက်တက်မယ့်ကားတွေ တခြားလမ်းက ပြောင်းတက်မှရမယ်။ ဘယ်လောက်ကြာ ပိတ်ထားမယ်တော့ မသိသေးဘူး” လို့ အဲဒီလမ်းကြောင်းမှာ ကုန်ပစ္စည်းပို့ဆောင်နေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဒါဟာ TNLA အုပ်ချုပ်နေတဲ့ နမ့်ဆန်နဲ့ နမ္မတူဒေသတွေကို ကုန်စည်စီးဆင်းမှုနဲ့ အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တာဖြစ်တယ်လို့ TNLA […]

အပြည့်အစုံဖတ်ရန်

ဟင်းသီးဟင်းရွက်နဲ့အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းနှစ်ဆကျော်မြင့်တက်နေ

June 13, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၃ (မော်ကွန်း) ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေဟာ ယခုနှစ်ခြောက်လတာကာလအတွင်း နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ ကုန်စိမ်းရောင်းချတဲ့ ကုန်စည်ဒိုင်တွေရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ဂေါ်ဖီထုပ် ၁၀၀ ရဲ့ လက်ကားဈေးဟာ အနိမ့်ဆုံးငါးသောင်းကျပ်ကနေ တစ်သိန်းကျပ်ဝန်းကျင်ပဲရှိရာက လက်ရှိမှာ အနိမ့်ဆုံးတစ်သိန်းကနေ အမြင့်ဆုံး နှစ်သိန်းလေးသောင်းကျော်ထိ ရှိလာတယ်လို့ ကုန်စိမ်းပစ္စည်းတွေရောင်းချတဲ့ တညင်းကုန်းလက်ကားဈေးရဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။ အလားတူပဲ မနှစ်က ပန်းဂေါ်ဖီ ၁၀၀ ပွင့်ကို လက်ကားဈေး အနိမ့်ဆုံး ကျပ်ငါးသောင်းကနေ တစ်သိန်းနှစ်သောင်းဝန်းကျင်ပဲ ရှိရာက လက်ရှိမှာ ကျပ်တစ်သိန်းကနေ နှစ်သိန်းလေးသောင်းထိ ရှိနေပါတယ်။ မုန်ညင်းထုပ်ဈေးဟာ မနှစ်ကတော့ ၅၀ သားကို ၇၅၀ ကျပ်ကနေ ၈၀၀ ကျပ် ဝန်းကျင်ပဲရှိရာက လက်ရှိ မှာ […]

အပြည့်အစုံဖတ်ရန်

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးအဖွဲ့တွေစီးနင်း

June 12, 2024

မုံရွာ-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာအခြေစိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးက စစ်တပ်ကင်းစခန်းတစ်ခုကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ မနေ့ကညနေပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့သလို ငါးဦးအရှင်ဖမ်းမိထားတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ စီးနင်းခံရတဲ့ စစ်ကောင်စီတပ်ရဲ့ကင်းစခန်းဟာ အင်အား ၃၀ ကျော်ရှိပြီး နမခရဲ့ တစ်မိုင်ဝန်းကျင်အကွာက ထီးတော်တင်ရွာမှာ တပ်စွဲထားတဲ့ ယာယီတပ်စခန်းဖြစ်တယ်လို့ သူကဆိုပါတယ်။ “တိုက်ပွဲကြာချိန် နာရီဝက်လောက်တော့ရှိတယ်။ ငါးယောက်အရှင်မိတယ်။ သေတာက နှစ်ဆယ်လောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းလည်း တော်တော်ရလိုက်တယ်။ သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့ အညီထိန်းသိမ်းထားတယ်” လို့ သူကပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီကင်းစခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်တွေဆီက […]

အပြည့်အစုံဖတ်ရန်

ဗုံးခဏခဏအဖောက်ခံရတဲ့ ဇွဲထက်ရွှေဆိုင် မန္တလေးမြို့မှာပေါက်ကွဲမှုထပ်ဖြစ်

June 12, 2024

မန္တလေး-၂၀၂၄ ဇွန် ၁၂ (မော်ကွန်း) မန္တလေးမြို့၊ ချမ်းအေးသားစံမြို့နယ်၊ ၈၄လမ်းနဲ့ ၃၄ လမ်းထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ဒီနေ့ ညနေ ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်မှုရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ “ဗုံးပေါက်တာက ရွှေဆိုင်ရှေ့က ဆိုင်ကယ်စတန်းကြားထဲမှာပေါက်တာ။ လူအထိအခိုက်တော့ရှိတယ်။ ဇွဲထက်ရွှေဆိုင်နားလေးမှာတော့ ယာဉ်ထိန်းတွေနဲ့ ရဲတွေက လိုင်စင်စစ်နေတာ။ သူတို့စစ်နေတဲ့အချိန်ပေါက်တာ။ သူတို့နဲ့တော့နီးတယ်” လို့ အဲဒီပေါက်ကွဲမှုကို မြင်ခဲ့ရသူတစ်ဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေရောက်လာပြီး ရွှေဆိုင်နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ အခုချိန်မှာမသိရသေးပါဘူး။ ၂၀၂၂ မတ်လ ၃၀ ရက်ကလည်း တစ်ရက်တည်းမှာ မန္တလေးမြို့ ၈၄လမ်းနဲ့ လမ်း၃၀ ထောင့်မှာရှိတဲ့ ဇွဲထက်ရွှေဆိုင်နဲ့ ၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ […]

အပြည့်အစုံဖတ်ရန်

ဝိုင်းမော်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးသေဆုံး

June 11, 2024

ရန်ကုန် – ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ် လူနေအိမ်တစ်လုံးအပေါ် လက်နက်ကြီးထိမှန်ကာ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်သူတချို့က ပြောပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာရှိပြီး မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ ဘွမ်တောင် (Bum Tawng) စစ်ကောင်စီတပ်စခန်း၊ အဲဒီလမ်းပေါ်က ၁၃ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်နဲ့ ဝါရှောင်ကျေးရွာအနီးက စစ်ဆေးရေးဂိတ်တွေကို ဒီနေ့မနက်ပိုင်းက KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီနေ့လယ်ပိုင်းမှာတော့ ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်က နေအိမ်တစ်အိမ်ကို လက်နက်ကြီးထိမှန်ခဲ့ပြီး နေအိမ်မှာရှိနေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ […]

အပြည့်အစုံဖတ်ရန်

လူနည်းစုဆလုံတိုင်းရင်းသားတွေကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတဲ့အတွက် တချို့တိမ်းရှောင်နေကြတယ်လို့ ကူညီသူတချို့ဆို

June 11, 2024

ကော့သောင်း၊ ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း)၏ လူနည်းစု ဌာနေတိုင်းရင်းသားလူမျိုးစုဖြစ်တဲ့ ဆလုံ(မော်ကင်း)တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် ဆလုံလူငယ်တချို့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေတာတွေရှိတယ်လို့ ဆလုံအရေးဆောင်ရွက်သူတချို့က မော်ကွန်းကိုပြောပါတယ်။ “ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ ဆလုံအိမ်တွေကို လူမပေးချင်ရင် ငွေတောင်းတယ်။ ငွေပေးနိုင်တဲ့ မိသားစုတွေက ပေးကြတယ်။ ဆင်းရဲတဲ့ ဆလုံတွေကတော့ အမျိုးတွေရှိတဲ့ ထိုင်းဘက်ကို သူတို့ကလေးတွေကို ပို့လိုက်တာတွေ ဖြစ်နေတယ်” လို့ တနင်္သာရီတိုင်းအတွင်းက ဆလုံကျွန်းတွေပေါ်ကို သွားလာနေတဲ့ အမည်မဖော်လိုသူ ဆလုံအရေးကူညီသူတစ်ဦးက ပြောပါတယ်။ ဆလုံတိုင်းရင်းသားတွေဟာ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုထဲက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား ပင်လယ်ပျော် လူနည်းစုတွေ ဖြစ်ပါတယ်။ ၂၀၂၀ တုန်းက မော်ကွန်းက ပြုစုထားတဲ့စာရင်းတွေအရ တနင်္သာရီတိုင်းတစ်ခုလုံးမှာ ဆလုံဦးရေဟာ ၂,၆၀၀ ကျော်သာ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 230

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."