စီဇံမျိုးကျော် ဇန်နဝါရီ-၂ မြန်မာ-တရုတ်နယ်စပ်တွင် သစ်သီးကုန်သွယ်ရေးဂိတ်ပိတ်ဆို့ခံထားရမှုကြောင့် ယခုနှစ်တွင် စိုက်ပျိုးထားသမျှ အရှုံးပေါ် တော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။ “ တောင်သူတွေ အကုန်လုံးကချေးငှားပြီး စိုက်ပျိုးထားရတာ။ အခုလိုသာ ဂိတ်ထပ်ပိတ်ထားပြီး အရောင်းအဝယ် မဖြစ်ဘူး ဆိုရင် တောင်သူတွေက အိမ်ရောင်းပြီး အကြွေးဆပ်ရင်ဆပ်၊ မဆပ်ရင် ပြေးရမလိုဖြစ်နေပြီ” ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်က ဖရဲစိုက်တောင်သူ ဦးကျော်ကျော်ကပြောသည်။ ဖရဲသီးတစ်ဧကလျှင်စိုက်ပျိုးစရိတ် အနည်းဆုံး ကျပ်သိန်း၂၀ခန့်ရှိပြီး ကားခ၊ ထုတ်ပိုးခအားလုံးပေါင်းလျှင် မြစ်သားမြို့မှ မူဆယ်အထိ ၁၂ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၄၀ မှ ၄၅ သိန်း အကြား ရင်းနှီးရောင်းချရကြောင်း သူကပြောသည်။ တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုစနစ်ကြန့်ကြာမှုကြောင့် ဒီဇင်ဘာလ ၂၆ရက်နေ့မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်၊ သစ်သီး တင်ပို့သည့် မူဆယ် ၁၀၅ […]
စည်သူ ဇန်နဝါရီ ၂ စာအုပ်တစ်အုပ်လျှင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမည့် စာအုပ်ပွဲတော်တစ်ခုကို လာမည့် ဇန်နဝါရီ လေးရက်မှ ခုနှစ်ရက် အထိ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံဈေးအဆောက်အအုံ ငါးလွှာရှိ Yangon Book Plaza တွင် ရောင်းချပေးသွား မည်ဖြစ်သည်ဟု Yangon Book Plaza ရှိ နေစေးစာပေမှ ဦးတင်မိုးက ပြောသည်။ အထူးသဖြင့် ၂၀၀ ကျပ်နှင့် ဝယ်ယူနိုင်မည့် စာအုပ်အမျိုးအစားများမှာ ယခင် စာအုပ်အငှားဆိုင်များတွင် ထင်ရှားခဲ့သည့် အချစ်ဝတ္ထုစာအုပ်များ၊ လျှို့ဝှက်ဆန်းကြယ်စာအုပ်များနှင့် ဟာသဝတ္ထုစာအုပ် အဟောင်းများဖြစ်ပြီး အုပ်ရေ သုံးသောင်း ကျော်ရှိမည် ဖြစ်သည်။ “ စာအုပ်ဈေးနှူန်းကြီးမြင့်လို့ စာအုပ်တွေနဲ့ဝေးကွာနေသူများ၊ အခုမှ စတင်ပြီး စာအုပ်ဖတ်မယ့် လူငယ်များအတွက် ရည် ရွယ်ပါတယ်” […]
၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Historic Event ဖြစ်ပါသည်။ ရန်ကုန်မြစ်ကို ပထမဆုံး ဖြတ်သန်းတည်ဆောက်မည့် ရန်ကုန်- ဒလ တံတားစီမံကိန်းအား ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ပန္နက်တော်တင်အခမ်းအနားပြုလုပ်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်ခဲ့သော မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် အကောင်အထည် ဖော်မည့် ယခု စီမံကိန်းသည် အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကာ ဒေါ်လာ သန်း ၃၀ ကျော်ကို မြန်မာအစိုးရက ကျခံပြီး ကျန်ငွေကို ကိုရီးယားနိုင်ငံအစိုးရက ကျခံမည်ဖြစ်သည်။ တံတားကို ၂၀၂၂ တွင် အပြီးတည်ဆောက်ရန် ရည်မှန်းထားသည်။ လေးလမ်းသွားတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံမှ စွမ်းအင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက အဓိကတည်ဆောက်မည် […]
ကောင်းထက်စံ ဒီဇင်ဘာ ၁၄ ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် သုံးဦးအား မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ (၁၇/၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့မူအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ညှိနှိုင်းဖြေရှင်းရန် စာဖြင့်တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိကြောင်း ကျောင်းသားတပ်မတော် (ABSDF) ဥက္ကဌ ရဲဘော်သံခဲကပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ဆုံးပါးသွားသည့် ABSDF မှ ရဲဘော်တစ်ဦး နာရေးသို့ သွားရောက်ခဲ့သည့် ကျောင်းသားတပ်မတော်မှ ရဲဘော် အောင်ဆွေဦး၊ ရဲဘော်မောင်ဦးနှင့် ဦးမောင်ကိန်း(ခ) သန်းထိုက် အောင်တို့အား မိုးညှင်းမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယခုအခါ မိုးညှင်းအကျဉ်းထောင်သို့ ရောက်ရှိနေပြီ ဖြစ် သည်ဟု ၎င်းက မော်ကွန်းကို ပြောသည်။ “ ဒီဖြစ်စဉ်ဖြစ်ကတည်းက JMC လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့တို့ နိုင်ငံတော် […]
စက်ရုံအလုပ်သမားများ၏ နစ်နာမှုများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အမြန်ဖြေရှင်းပေးစေလို စည်သူ ဒီဇင်ဘာ ၁၄ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် အလုပ်သမားနစ်နာမှုများကို အမြန်ဖြေရှင်းပေးစေ လိုကြောင်း ယနေ့ နံနက် ၁၀ နာရီက မြန်မာဂျာနယ်လစ်ကွန်ယက် ရုံးခန်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား ခေါင်းဆောင်များက တောင်းဆိုသည်။ MDM ဖိနပ်စက်ရုံ ၊ Central Star အထည်ချုပ်စက်ရုံ ၊ ၊ Myanmar Infochamp ဖိနပ်စက်ရုံတို့မှ အလုပ်သမား ခေါင်းဆောင်များကို အလုပ်ထုတ်ခြင်း ၊ အလုပ်ပိတ်လျော်ကြေး မရရှိမှု၊ လုပ်ခလစာမရရှိမူနှင့် အလုပ်ရှင် အလုပ်သမား နှစ်ဦး သဘောတူစာချုပ်အား ချိုးဖောက်ပြီးအလုပ်ထုတ်ခြင်း စသည့် အငြင်းပွားမှုများကို ဒီဇင်ဘာလ ၆ရက်နေ့က ရန်ကုန် တိုင်းဝန်ကြီးချုပ်ထံ စာတင်ထားသော်လည်း ယနေ့အချိန်ထိ […]
ကျော်ဇေယျ ဒီဇင်ဘာ-၁၂ ပါရမီစွမ်းအင်အုပ်စုမှ မီးဖိုချောင်သုံးရေနံဓါတ်ငွေ့ရည်(LPG)အိုး တစ်သိန်းခွဲခန့်ကှိ ပြည်တွင်းတွင် စတင်ဖြန့်ဖြူးရောင်းချ ပေးမည်ဟု ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ယနေ့ပြုလုပ်သော ပါရမီအိမ်ထောင်သုံး ရေနံဓါတ်ငွေ့ရည်ပစ္စည်းများ မိတ်ဆက်ပွဲတွင် ပါရမီ စွမ်းအင်အုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ပြောသည်။ ထင်း၊မီးသွေးသုံးစွဲမှုကုန်ကျစားရိတ်ထက် သက်သာပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနည်းသည့် ယင်းကုန်ပစ္စည်း သည် လတ်တလောတွင် အစိုးရက အရှုံးခံရောင်းချပေးနေသည့် လျှပ်စစ်ဓါတ်အားဈေးနှုန်းထက် မြင့်နေသေးကြောင်း လည်း ဦးပြည့်ဝထွန်းက ဆိုသည်။ “ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လျှပ်စစ်ဈေးနှုန်းကို အစိုးရက နောက်ပိုင်းပြောင်းလဲ သတ်မှတ်ခဲ့ရင် ဒီဓါတ်ငွေ့ရည်က ဈေးပို သက်သာလာမှာပါ။ ဒီလောင်စာရဲ့ အားသာချက်က အချိန်မရွေး၊ ကြိုက်တဲ့နေရာမှာ ချက်ပြုတ်သုံးစွဲဖို့ အဆင်ပြေတာပါပဲ” ဟု သူက ရှင်းပြသည်။ ဓါတ်ငွေ့ရည်အား […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Editorial ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာ့စီးပွားရေးတိုးတက်ရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အရင်းအနှီးရရန်ဟုဆိုကာ နိုင်ငံခြားဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနှင့် အပြိုင် စီးပွားရေးလုပ်ငန်းများကို မည်သည့် ချေးငွေဖြည့်ဆည်းမှုမျိုးကို မဆို ချေးခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ် ဒုဥက်္ကဋ္ဌ ဦးစိုးသိန်း လက်မှတ်ရေးထိုးထားသော ဩန်ကြားချက်တစ်စောင်ကို နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီးကတည်းက စတင်၍ နိုင်ငံခြားဘဏ်များအပါအဝင် ဘဏ်များကို ပြည်သူပိုင် သိမ်းခဲ့သည်။ ထို့နောက် အရပ်သားအစိုးရစနစ်ကို ပြန်လည် ကူးပြောင်းသည့် သမ်္မတဦးသိန်းစိန်လက်ထက် ရောက်သည့်အခါ နိုင်ငံ ခြားဘဏ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နိုင်ငံခြားစီးပွားရေးကုမ်္ပဏီများ၊ နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်း ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."