သတင်းများ

ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်းကပြည်သူတွေ ညအချိန်မတော် စစ်ကြောင်းထိုးလာလို့ ထွက်ပြေးကြရ

March 26, 2024

ယင်းမာပင် – ၂၀၂၄ မတ် ၂၆ (မော်ကွန်း) မနေ့ည ၁၀း၀၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက ရွာတချို့ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေ ညတွင်းချင်းပဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ မြေပြင်မှာရှိတဲ့ မော်ကွန်းရဲ့သတင်းထောက်က သတင်းပေးပို့ပါတယ်။ ယင်းမာပင်မြို့နယ် ကျေးစာကျရွာနဲ့ ဆားလင်းကြီးက ဂုဏ်တောရွာတွေကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းခွဲထိုးကာ အဲဒီစစ်ကြောင်းဟာ အခုလ ၂၂ ရက်ကတည်းက စတင််ပြီးစစ်ကြောင်းထိုးတဲ့အဖွဲ့ဖြစ်တယ်လို့ ‌ယင်းမာပင်မြို့နယ်၊ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ မနေ့က ကံကုန်း၊ ဂုဏ်တော၊ ဒုန်းတောနဲ့ ကျေးစာကျရွာတွေကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ “ဒုန်းတောကျေးရွာနဲ့ ဂုဏ်တောကျေးရွာတွေကို ညနေပိုင်းမှာဝင်တယ်။ ည ၁၀းဝ၀ ဝန်းကျင်ရောက်တော့ ပုသိမ်-မုံရွာလမ်းပေါ်မှာရှိတဲ့ ခွေးတွေက ကျေးစာကျရွာနဲ့ ပေကုန်းရွာအစပ်ကို ပြန်လည်စစ်ကြောင်းထိုးတာပေါ့ဗျာ။ ဒါကြောင့် ပြည်သူတွေက […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်နဲ့ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးနေရ

March 23, 2024

ယင်းမာပင် – ၂၀၂၄ ‌မတ် ၂၃ (မော်ကွန်း) အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်မှ ဒေသခံတွေထွက်ပြေးနေကြရပါတယ်။ မနေ့ နံနက် ၉း၀၀ နာရီလောက်ကစလို့ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ အာဏာသိမ်းစစ်တပ်ဟာ စစ်ကားငါးစီးနဲ့ ယင်းမာပင်၊ အောင်ဇေယျမြို့သစ်ဘက်ကို ကူးလာပြီး စစ်ကြောင်းထိုးဖို့စတင်ခဲ့ပါတယ်။ အောင်ဇေယျနဲ့ယင်းမာပင်ခရိုင်ရဲတပ်ရင်း ၂၈ ကြားကို မိုင်းကွင်းတွေရှင်းပြီးမှ စစ်ကြောင်းထိုးတာလို့ ယင်းမာပင် ပ.က.ဖ ဆီကသိရပါတယ်။ “နေ့လည် ၂နာရီခွဲလောက်မှ စစ်ကြောင်းစထိုးတာ။ မနေ့ကညနေ ၅း၀၀ နာရီကနေ ဒီနေ့မနက်ထ ၅း၀၀ နာရီထိ ပုသိမ်မုံရွာလမ်းလေး အုံတုံပင်ရွာမှာ တပ်စွဲထားတယ်။ ဒေသခံ ခုနစ်ယောက်လောက် ဖမ်းခံရတယ်ဗျ။ ဒါပေမဲ့ ခုလွှတ်ပေးလိုက်ပြီ ငါးယောက်တော့အဆက်သွယ နှစ်ဦးတော့ အဆက်သွယ်မရသေးဘူးဗျ၊ လောလောဆယ် ယင်းမာပင်မြို့နယ် ထန်းတောကြီးရွာ၊ပေကုန်းရွာ၊ ကျေးစာကျရွာတွေမှာဝင်ပြိီးမွှေနှောက်နေတယ်”လို့ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ပေါ်မှာ စစ်ရှောင်ထောင်နဲ့ချီရှိလာ

March 23, 2024

ရန်ကုန် – ၂၀၂၄ မတ် ၂၂ (မော်ကွန်း) ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေအကြောင့် ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့စစ်ဘေးရှောင် ထောင်နဲ့ချီရှိလာပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးက မိုးမောက်၊ မံစီ အစရှိတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးလာတယ်လို့ ဗန်းမော်မြို့ခံ ပရဟိတအသင်းက ကူညီနေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ မြို့သစ်၊ဒေါ့ဖုန်းယန် စတဲ့ ကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ ဗန်းမော်မြို့ကို ထွက်ပြေးလာကြတယ်လို့ ၎င်းကပြောပါတယ်။ “အခုလောလောဆယ်လိုတာတော့ အရေးပေါ် ဆေးဝါးတို့၊ ရေရှည်အတွက် စားနပ်ရိက္ခာတွေတော့ လိုပါတယ်။ အလှူရှင်တွေလည်း လာရောက်တာရှိပါတယ်” လို့ ဗန်းမော်မြို့က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ ယခုလဆန်းပိုင်းကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ပေါ်မှာ စစ်ရှောင်ထောင်နဲ့ချီရှိလာ

March 23, 2024

ရန်ကုန် – ၂၀၂၄ မတ် ၂၂ (မော်ကွန်း) ကချင်ပြည်နယ်မှာ KIA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေအကြောင့် ဗန်းမော်မြို့ပေါ်ကို တိမ်းရှောင်လာတဲ့စစ်ဘေးရှောင် ထောင်နဲ့ချီရှိလာပြီလို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့အနီးက မိုးမောက်၊ မံစီ အစရှိတဲ့ မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးလာတယ်လို့ ဗန်းမော်မြို့ခံ ပရဟိတအသင်းက ကူညီနေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ မြို့သစ်၊ဒေါ့ဖုန်းယန် စတဲ့ ကျေးရွာတွေက ဒေသခံတစ်ထောင်ကျော်ဟာ ဗန်းမော်မြို့ကို ထွက်ပြေးလာကြတယ်လို့ ၎င်းကပြောပါတယ်။ “အခုလောလောဆယ်လိုတာတော့ အရေးပေါ် ဆေးဝါးတို့၊ ရေရှည်အတွက် စားနပ်ရိက္ခာတွေတော့ လိုပါတယ်။ အလှူရှင်တွေလည်း လာရောက်တာရှိပါတယ်” လို့ ဗန်းမော်မြို့က စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ ယခုလဆန်းပိုင်းကစပြီး မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနဲ့ […]

အပြည့်အစုံဖတ်ရန်

စစ်မှုထမ်းကိစ္စကြောင့် ရာအိမ်မှူးနဲ့စကားများသူအဖမ်းခံရပြီး နာရီပိုင်းအတွင်းသေဆုံးမှု အတက်ရောဂါကြောင့်ဟု စစ်ကောင်စီကဝါဒဖြန့်သော်လည်း မဟုတ်မှန်ဟုမိသားစုကဆို

March 23, 2024

ကြံခင်း-၂၀၂၄ မတ် ၂၁ (မော်ကွန်း) ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်မှာ စစ်မှုထမ်းဥပဒေကိစ္စ စာရင်းလာကောက်စဉ် ရာအိမ်မှူးနဲ့ စကားများလို့ ဖမ်းခံရပြီးသေဆုံးခဲ့သူကို အတက်ရောဂါကြောင့်သေဆုံးတာလို့ စစ်ကောင်စီကပြောပေမယ့် မိသားစုနီးစပ်သူတွေက မဟုတ်ဘူးလို့ မော်ကွန်းကိုပြောပါတယ်။ သေဆုံးခဲ့တဲ့သူဟာ အသက် ၅၅ နှစ်အရွယ် ကျန်းမာရေးကောင်းမွန်တဲ့ ရဲဝန်ထမ်းဟောင်း ဦးသန်းထွန်းအေးဆိုသူဖြစ်ပြီး အခုလ ၂၀ ရက်က သူနေထိုင်တဲ့အိမ်ကို ရာအိမ်မှူးကိုနိုင်ဆိုသူနဲ့ လူတချို့ စစ်မှုထမ်းဥပဒေအတွက် သန်းခေါင်စာရင်းမေးမြန်းစဉ် စကားများပြီးနောက် ဖမ်းခံခဲ့ရတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူက ကျွန်တော်တို့ ဒီမှာ‌တောက်လျှောက်တွေ့တာတော့ အဲလိုမျိုး(အတက်ရောဂါ)မရှိဘူးဗျ။ သူအလုပ်တွေဘာတွေလုပ်တာ တက်တာတွေတစ်ခါမှမရှိဘူး။ တစ်ခါမှ အဲလိုမျိုးမရှိဖူးဘူး။ စစ်မှုထမ်းစာရင်းလာကောက်တဲ့ ရာအိမ်မှူးကိုနိုင်နဲ့ စကားများတာ၊ ပြီးတော့ ဖမ်းခေါ်ခံရပြီး စခန်းမှာနာရီပိုင်းလေးအတွင်းဖြစ်သွားတာ” လို့ သူကဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီနေ့ထုတ် ဝါဒဖြန့်သတင်းစာမှာတော့ […]

အပြည့်အစုံဖတ်ရန်

ထို့ကော်ကိုးလမ်းပိုင်းမပိတ်ဟု KNU/KNLA – PC အဖွဲ့ပြော

March 23, 2024

ရန်ကုန် – ၂၀၂၄ မတ် ၂၂ (မော်ကွန်း) ထိုင်းမြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် မြဝတီမြို့ကိုသွားတဲ့ ထို့ကော်ကိုးလမ်း ပိတ်မယ့်သတင်းတွေဟာ ကောလာဟလတွေပဲဖြစ်ပြီး လမ်းကို ပုံမှန်ဖွင့်ထားတယ်လို့ အဲဒီလမ်းပိုင်းကို ထိန်းချုပ်ထားတဲ့ NCA ထိုး KNU/KNLA – PC အဖွဲ့က ဖေ့စ်ဘွတ်ကနေ ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပိတ်လိုက်ရပြီး ကုန်သည်တွေဟာ ထို့ကော်ကိုးလမ်းပိုင်းကို အသုံးပြုကာ ကုန်စည်ကူးသန်းနေရတာပါ။ လက်ရှိမှာ အဲဒီလမ်းပိုင်းကို အခုရက်ပိုင်းအတွင်း ပိတ်မယ်ဆိုတဲ့ သတင်းတွေ ကုန်သည်တွေအကြား ပျံ့နှံ့နေတာကြောင့် KNU/KNLA – PC ကတော့ လမ်းပိတ်ဖို့ အစီအစဉ်မရှိသေးဘဲ သတင်းအမှားသာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။ ထို့ကော်ကိုးလမ်းပိုင်းကို ၂၄ နာရီ ဖွင့်လှစ်ပေးထားပြီး ပိတ်ဖို့ အစီအစဉ်မရှိဘူးလို့ KNU/KNLA […]

အပြည့်အစုံဖတ်ရန်

မုံရွာမှာ အင်းဝဘဏ်ဓါးပြတိုက်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံရသူငါးဆယ်ကျော် တစ်ပတ်ကျော်ကြာသည်အထိ အဆက်အသွယ်မရသေး

March 23, 2024

မုံရွာ-၂၀၂၄ မတ် ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ရှိတဲ့ စစ်တပ်ပိုင်အင်းဝဘဏ်ဓားပြတိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ မြို့ခံငါးဆယ်ကျော် တစ်ပတ်ကြာတဲ့အထိ တစ်ဦးမှပြန်မလွတ်သေးသလို မိသားစုတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ ဖမ်းခံရသူတွေရဲ့ မိသားစုတွေနဲ့ မြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။ မုံရွာမြို့လယ်မှာရှိတဲ့ စစ်တပ်ပိုင် အင်းဝဘဏ်ဟာ အခုလ ၁၃ ရက်က ဓားပြတိုက်ခံရပြီးနောက်မှာ မြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေက ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။ “ဖမ်းခံရပြီးကတည်းက ရသမျှလိုက်ချိတ်၊ စုံစမ်းတာ၊ အခုထိ ဘယ်မှာဖမ်းထားလဲမသိဘူး။ ရဲစခန်းမှာလည်းမရှိဘူးပြောတယ်။ တခြားဖမ်းခံရသူတွေရဲ့မိသားစုတွေနဲ့ပြောကြည့်တော့လည်း သူတို့လည်းမသိကြဘူး။ သူတို့မိသားစုတွေလည်း တစ်ယောက်မှ မလွတ်သေးဘူး၊ စိတ်ပူတာပေါ့၊ ဖမ်းပြီး ဘာလုပ်နေလဲမသိရဘူးလေ” လို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုက ပြောပါတယ်။ ဆိုင်ထိုင်နေရင်းဖမ်းဆီးခံရသူတွေဟာ အသက် ၁၅ နှစ်ဝန်းကျင်ကနေ ၆၀ […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်တွင်းကတိုက်ပွဲတွေကြောင့် ယခုသီတင်းပတ်အတွင်း သေဆုံးသူ ၃၀ ဦးထက်မနည်းရှိ

March 23, 2024

ရန်ကုန်- ၂၀၂၄ မတ် ၂၂ (မော်ကွန်း) စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အခုသီတင်းပတ်အတွင်း အရပ်သားသေဆုံးသူအရေအတွက် ၃၀ ဦးထက်မနည်း ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်ရှိတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့‌တွေက ပြောပါတယ်။ မနေ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါးဦးသေဆုံးခဲ့ကာ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အလားတူပဲ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှာ ယခုလ ၁၈ ရက်မှာ ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ပုဏ္ဏားကျွန်းလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ မနက်ပိုင်းကလည်း မင်းပြားမြို့နယ် ခြိမ်တောင်အုပ်စု သာဒေမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက […]

အပြည့်အစုံဖတ်ရန်

ဖယ်ခုံမှာ ဆေးရုံကို စစ်ကောင်စီလေတပ်ကဗုံးကြဲလို့ နှစ်ဦးသေဆုံး

March 22, 2024

ဖယ်ခုံ -၂၀၂၄ မတ် ၂၂ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်က ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “၁၀ နာရီမှာ စကြဲတာ၊ နှစ်လုံးဆက်တိုက်ကြဲပြီး ၁၀ နာရီ ၄၄မိနစ်မှာ တစ်ခေါက်ပြန်လာဝဲပြီး နှစ်လုံးဆက်တိုက် ထပ်ချတာဗျ။ သေဆုံးမှုက နှစ်ယောက်ပါဗျ။ ထိခိုက်ဒဏ်ရာရတာက လေးဦးလောက်ရှိတယ်။ သေဆုံးတဲ့သူတွေကတော့ အဲဒီဆေးရုံပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံတွေဗျ။ တစ်ယောက်က ခေါင်းပွင့်ပြီးသေတယ်၊ တစ်ယောက်က ရင်ဘက်ထိသွားတာဗျ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးကြဲခံရလို့ သေဆုံးခဲ့သူနှစ်ဦးဟာ အမျိုးသားတွေဖြစ်ပြီး အသက်လေးဆယ်ကျော်တစ်ဦးနဲ့ နောက်တစ်ဦးက အသက်၅၆ နှစ်အရွယ်ရှိတဲ့ လအိရွာခံတွေဖြစ်ပါတယ်။ ဗုံးလေးလုံးကြဲခံရတဲ့ ဆေးရုံအဆောက်အဦကတော့ အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မြို့ကစစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေရှားပါးနေ

March 21, 2024

ရန်ကုန် – ၂၀၂၄ မတ် ၂၁ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအခက်အခဲအပြင် ရေရှားပါးတဲ့ ပြဿနာကြုံတွေ့နေရတယ်လို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဆီဆိုင်မြို့မှာ ပအိုဝ်းလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့အနီးနားက ကျေးရွာတွေနဲ့ တော၊ တောင်တွေထဲ စစ်ဘေးရှောင်နေကြရတာပါ။ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ သောင်းနဲ့ချီပြီးရှိနေပြီး သူတို့အတွက် ရေရှားပါးတဲ့ ပြဿနာရှိနေတယ်လို့ ၎စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ ဆီဆိုင်မှာ အရှေ့ဘက်၊ အနောက်ဘက်တွေမှာ ရေရှားတဲ့ရွာတွေရှိတယ်။ အဲဒီမှာ စစ်ဘေးရှောင်တွေသွားပြုံနေတယ်၊ ရေရှားတဲ့ရွာတွေမှာ တိုက်ပွဲတော့မဖြစ်ပေမယ့် ရေရဖို့က တော်တော်ခက်တယ်။ ရေရှိရင်တောင် သွားသယ်ဖို့က လမ်းတွေမရှိဘူး” လို့ ၎င်း စစ်ဘေးရှောင်အကူအညီပေးရေး လုပ်ကိုင်နေသူက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မှတ်ပုံတင်အပြင် ရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာပါမှ ရန်ကုန်အဝေးပြေးကားဂိတ်တွေက လက်မှတ်ရောင်းပေးနေ၊ YRTC ကတော့ ညွှန်ကြားချက်ထုတ်ထားတာမရှိလို့ဆို

March 21, 2024

ရန်ကုန်-၂၀၂၄ မတ် ၂၁ (မော်ကွန်း) ရန်ကုန်မြို့ကနေ အခြားတိုင်းနဲ့ပြည်နယ်တွေကို ခရီးသွားမယ့်သူတွေ နိုင်ငံသားမှတ်ပုံတင်အပြင် ရပ်ကွက်၊ ရဲစခန်းထောက်ခံစာပါမှ ကားဂိတ်တွေက လက်မှတ်ရောင်းချနေကြပေမယ့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က အဲဒီလိုညွှန်ကြားထားတာမျိုးမရှိဘူးလို့ ပြောပါတယ်။ မှတ်ပုံတင်ပါတဲ့သူကိုသာ ကားလက်မှတ်ရောင်းချပေးဖို့တစ်ခုပဲ ယာဉ်လိုင်းတွေကို အမိန့်ထုတ်ထားတာရှိတယ်လို့ YRTC ကော်မတီဝင် ဦးဘမြင့်က မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ မှတ်ပုံတင်နဲ့ရောင်းပါလို့ပဲ အမိန့်ထုတ်ထားတယ်။ ဘာထောက်ခံစာမှ ကျွန်တော်တို့က ယူဖို့မပြောဘူး။ ဒါကျွန်တော်တို့ အဝေးပြေးအနေနဲ့ သတ်မှတ်ထားတာ။ အခုက ဘယ်သူကခိုင်းလို့လုပ်နေလဲ ကျွန်တော်မသိဘူး။ ကျွန်တော်တို့အနေနဲ့ ပြောရရင် ကောလာဟလပဲ။ အစိုးရအဖွဲ့ကလည်း ကျွန်တော်တို့က မညွှန်ကြားဘူး၊ ကျွန်တော်တို့ကလည်း စာမထုတ်ဘူး။ ကျွန်တော်တို့ထုတ်ထားတာ မှတ်ပုံတင်ပါရင်ရောင်းဖို့ ၊ မပါရင် မရောင်းဖို့ ဒါပဲထုတ်ထားတယ်။ ထောက်ခံစာနဲ့ရောင်းရမယ်လို့ မပြောပါဘူးဗျာ”လို့ […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်-သံတွဲကားလမ်းပေါ်ကကျေးရွာတွေမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွါး

March 21, 2024

ရန်ကုန် – ၂၀၂၃ မတ် ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ တောင်ကုတ်-သံတွဲ ကားလမ်းပေါ်က ကျေးရွာတွေမှာ ဒီနေ့မွန်းလွဲပိုင်းကစပြီး စစ်ကောင်စီနဲ့ AA တို့ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတွေနဲ့ အသုံးပြုကာ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ သံတွဲဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လေယာဉ်တွေတော့ ဒီမနက်ကတည်းက တနေကုန်ဝဲနေတာ။ ဖြစ်နေတာကတော့ မြို့ပေါ်တော့မဟုတ်ဘူး။ ကားလမ်းဘေးက ရွာတွေကို လက်နက်ကြီးတွေ နေဗီတွေနဲ့ ပစ်တယ်။ လေယာဉ်တွေနဲ့လည်း ပစ်တယ်ပြောတယ်” လို့အဲဒီသံတွဲမြို့ခံက ပြောပါတယ်။ တောင်ကုတ်မြို့အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ဒီနေ့လယ်ပိုင်းမှာပိတ်ထားလိုက်ပြီလို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။ “ဒီဘက် သံတွဲကနေ တောင်ကုတ်ကို တက်တဲ့ လမ်းပေါ်မှာ တောင်ပုံကြီးနဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 67 68 69 70 71 72 73 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."