သတင်းများ

ကရင်နီပြည်နယ် ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေသိမ်းပိုက်

February 15, 2024

လွိုင်ကော် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) ကရင်နီပြည်နယ်၊ ရှားတောမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အခုလ ၁၂ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်တွေက မြို့ကို အလုံစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ရှားတောမြို့ပေါ်က စစ်ကောင်စီတပ်တွေရဲ့ အရေးပါတဲ့ ဗျူဟာကုန်းစခန်းတွေကို ပြီးခဲ့တဲ့လ ၁၅ ရက်က စတင်ပြီး KNDF၊ KA နဲ့ လွိုင်ကော် PDF စတဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတဲ့ကာလအတွင်း လက်နက်ချပြီး အသက်ရှင်ခွင့်ရယူကြဖို့နဲ့ ပြည်သူဘက်ကူးပြောင်းကြဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် စစ်ကောင်စီတပ်တွေက လက်မခံခဲ့တာကြောင့် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ KNDF ကဆိုပါတယ်။ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်မှာ ကုန်ပစ္စည်းပြတ်လပ်ဈေနှုန်းတွေမြင့်တက်နေပြီး အလုပ်အကိုင်လည်းရှားပါးလာ

February 15, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကောင်စီရဲ့ ပိတ်ဆို့ဖြတ်တောက်ခြင်းကို လနဲ့ချီခံနေရတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ကုန်ပစ္စည်းပြတ်လပ်တာနဲ့ အလုပ်အကိုင်မရှိတော့တာတွေ ကြုံနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ကုန်လမ်း၊ ရေလမ်းပိတ်ဆို့ခံထားရတဲ့ ရခိုင်တောင်ပိုင်းက ဂွနဲ့ သံတွဲဒေသတွေဘက်က တချို့ရွာတွေမှာ လုယက်မှုတွေဖြစ်လာကြသလို အလုပ်လက်မဲ့ဖြစ်ကာ တောင်းရမ်းစားသောက်ရတဲ့ အခြေအနေတွေအထိ ဖြစ်လာနေပြီလို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက ပင်လယ်ပြင်မှာ ငါးဖမ်းခွင့်ကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာကတည်းက ပိတ်ထားတာကြောင့် တံငါရွာတွေဟာပိုမိုခက်ခဲလာပြီး တောင်းရမ်းနေရတဲ့ အခြေအနေတွေအထိ ဖြစ်လာတယ်လို့ သံတွဲမြို့က ရေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “ပင်လယ်ထဲက တံငါရွာတွေ၊ ငပလီတို့ဘာတို့မှာ ငါးဖမ်းစားတဲ့ အခြေခံလူတန်းစားတွေက အခက်တွေ့တယ်။ မြို့မှာလည်း ဈေးတက်နေတော့ တချို့တွေ မြို့ပေါ်တက်လာပြီး တောင်းရမ်းစားသောက်နေရတာတွေရှိလာတယ်” လို့ ၎င်းကပြောပါတယ်။ ဒါ့အပြင် ဒေသတွင်းမှာ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူနဲ့ ကျွန်းလှထဲကရွာတွေကို စစ်ကောင်စီမြေပြင်ရော ဝေဟင်ကပါတိုက်ခိုက်နေတာကြောင့် ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

February 15, 2024

ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေကနေ့စဉ်နီးပါး မြေပြင်က စစ်ကြောင်းထိုးတိုက်ခိုက်သလို လေကြောင်းကနေပါ တိုက်ခိုက်တာကြောင့် ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရသူတွေလည်းရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ “အဓိကတော့ ကောလင်းကို ပြန်သိမ်းဖို့ ကောလင်းနဲ့ ဆက်စပ်နေရာတွေကို အရင်ကြိုကာတဲ့သဘောပါပဲ။ မနေ့ကလည်း ဘာတိုက်ပွဲမှမရှိဘဲ(ကျွန်းလှနယ်ထဲ) အကြောင်းမဲ့လာပစ်တာ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ မနေ့ကလေကြောင်းတိုက်ခိုက်မှုကြောင့် မော်တုံရွာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို မော်တုံ၊ ပေပင်ချောင်နဲ့ ဝေသော်ရွာက ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ကျွန်းလှမြို့တွေနဲ့ ကပ်လျှက်ရှိတဲ့ ကောလင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အခုလဆန်းကစပြီး ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ရွာတွေကို နေ့စဉ်နီးပါး […]

အပြည့်အစုံဖတ်ရန်

မင်းကင်းက ပျူစောထီးအားကောင်းတဲ့ရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်

February 15, 2024

မင်းကင်း-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအားကောင်းတဲ့ရွာတွေကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တောက်လျှောက်သိမ်းပိုက်နေပြီး မင်းကင်းမြို့နားအထိ ရောက်နေပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မင်းကင်းဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ မင်းကင်းမြို့နယ်ထဲက ပျူစောထီးရွာတွေကို အခုလ ၁၂ ရက်ကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်သိမ်းပိုက်နေပြီး လက်ရှိအချိန်မှာတော့ မြို့အနီးက ပျူစောထီးရွာကို ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကူလဲရွာကို PDF တပ်ရင်း ငါးရင်းနဲ့မဟာမိတ်တွေ စုပေါင်းတိုက်ခိုက်သိမ်းပိုက်ထားပြီး တင်ဘက်ရွာကို ဝိုင်းပိတ်ဆို့ထားတယ်။ တင်ဘက်ရွာက မင်းကင်းမြို့နဲ့ မိုင်နည်းနည်းပဲဝေးတာကြောင့် မင်းကင်းသိမ်းခံရနိုင်တယ်။ ဒီကောင်တွေ သွေးပျက်နေပြီ။ စစ်ကောင်စီနဲ့ပျူတွေက ပြန်တော့လာမတိုက်သေးဘူး။ တင်ဘက်ရွာကျရင် မြို့ပေါ်ရောက်ပြီ” လို့ သူကဆိုပါတယ်။ စစ်တပ်ထောက်ခံသူတွေနဲ့ သူတို့ရဲ့ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက မင်းကင်းမြို့နဲ့ ငါးမိုင်အကွာက ကူလဲရွာကိုလည်း သိမ်းပိုက်ထားပြီး ကံရွာ၊ […]

အပြည့်အစုံဖတ်ရန်

ကျွန်းလှက ရွာသုံးရွာကို စစ်ကောင်စီလေကြောင်းကတိုက်ခိုက်

February 15, 2024

ကန့်ဘလူ-၂၀၂၄ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက ကျေးရွာသုံးရွာကို စစ်ကောင်စီလေတပ်က မနေ့က ညနေပိုင်းက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကို ပြောပါတယ်။ “မော်တုံရွာ အနောက်ကိုပစ်တာက ဈေးဆိုင်တစ်ဆိုင်မီးလောင်ပြာကျပြီး ဆိုင်ရှင်အမျိုးသမီးတစ်ယောက် သေသွားတယ်။ ပေပင်ချောင်ရွာက အမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာရတယ်။ ညနေထပ်ပစ်တာက ဝေသော်နဲ့ပေပင်ချောင်ရွာချင်းဆက်လမ်းပေါ်ကိုပစ်တာ။ ကားတစ်စီးမှန်ပြီး ကားဆရာလည်း ဒဏ်ရာရသွားတယ်” လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာတွေဟာ တန့်ဆည်-ပင်လည်ဘူးကားလမ်းအနီးက ဝေသော်၊ ပေပင်ချောင်နဲ့ မော်တုံရွာတွေဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဈေးဆိုင်တစ်ဆိုင်နဲ့ ကားတစ်စီးလည်းပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။ “မော်တုံရွာအနောက်ဘက်၊ ပေပင်ချောင်ရွာနဲ့ ဝေသော်ရွာကြား(တိုက်ခိုက်ခံရတာ)ပါဗျ။ ဘာတိုက်ပွဲမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။ စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် ဝေသော်၊ ပေပင်ချောင်၊ မော်တုံ၊ သက္ကယ်ကျင်း၊ […]

အပြည့်အစုံဖတ်ရန်

ရမ်းဗြဲမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး

February 14, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့မှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးသွားတယ်လို့ ရမ်းဗြဲဒေသခံတွေက ပြောပါတယ်။ “မနေ့ကတော့ တစ်နေကုန်ကို ဗုံးကြဲလိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်လိုက်နဲ့ မနေ့ကလည်း အိမ်တွေထိတယ်။ ပြည်သူတွေကတော့ ရပ်ကွက်တွေထဲ မရှိတော့ဘူး။ အိမ်တွေပဲ မီးလောင်ပျက်စီးတာတွေရှိတယ်။ ဒီနေ့လည်း ပစ်နေတုန်းပဲလို့ ကြားရပါတယ်” လို့ ရမ်းဗြဲမြို့က ဒေသခံတစ်ဦးကပြောပါတယ်။ နေအိမ်အများအပြား မီးလောင်သွားတယ်လို့ ကနဦးသိရပြီး ပျက်စီးတဲ့ အရေအတွက်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေတွေကိုတော့ သေချာမသိရသေးဘူးလို့ သူကပြောပါတယ်။ မနေ့က တစ်ရက်တည်းမှာ စစ်ကောင်စီဟာ ရမ်းဗြဲမြို့နဲ့ အနီးတစ်ဝိုက်နေရာတွေကို လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y-12 ထောက်ပို့လေယာဉ်တွေနဲ့ အကြိမ်ပေါင်း […]

အပြည့်အစုံဖတ်ရန်

ကျောက်ဆည်မှာ စစ်မှုထမ်းဥပဒေထောက်ခံပွဲကပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

February 14, 2024

ကျောက်ဆည် – ၂၀၂၄ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှာ မနေ့က စစ်တပ်ထောက်ခံသူတွေပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေ ထောက်ခံကြိုဆိုပွဲကနေပြန်လာတဲ့ ရွာပုလဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးကော်မတီဝင်တစ်ဦးတို့ သေနတ်နဲ့ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်ဆည်ဒေသခံတွေက ပြောပါတယ်။ “မနေ့ကမြို့ပေါ်ထောက်ခံပွဲသွားကြတာ၊ သူတို့ပြန်လာတဲ့လမ်းကျမှ ဆိုင်ကယ်စီးလာတဲ့လူတွေကပစ်သွားတာ။ ကြံ့ခိုင်ရေးပါတီဝင်ကသေသွားတယ်။ အုပ်ချုပ်ရေးမှူးက ထွက်ပြေးလို့လွတ်သွားတာ” လို့ ရွာပုလဲကျေးရွာအနီးက အုတ်ဖိုရွာသားတစ်ဦးကပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတာကြောင့် သေဆုံးခဲ့တဲ့ကြံ့ခိုင်ရေးပါတီဝင်ဟာ ဦးဝင်းကိုဆိုသူဖြစ်ပြီး နောက်စေ့၊ တင်ပါးနဲ့ တံကောက်ကွေးမှာ သေနတ်ဒဏ်ရာသုံးချက်နဲ့ သေဆုံးခဲ့တာဖြစ်ပြီး ရွာပုလဲ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်တပ်ဝါဒဖြန့်သတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ သေနတ်နဲ့ပစ်ခတ်မှုကို လက်ရှိအချိန်အထိ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ စစ်တပ်ထောက်ခံသူတွေဟာ မနေ့က မန္တလေး၊ ကျောက်ဆည်နဲ့ ပြင်ဦးလွင်စတဲ့မြို့တွေမှာ အခုလ […]

အပြည့်အစုံဖတ်ရန်

မြိုင်မှာ ပျူစောထီးတွေ ပစ်ခတ်ခံရပြီး ခုနစ်ဦးသေဆုံး၊ ငါးဦးကိုအရှင်ဖမ်းမိ

February 14, 2024

မြိုင် – ၂၀၂၄ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကနေ ကင်းပတ်လာတဲ့ ပျူစောထီး ၁၅ ဦးကို ဒီကနေ့ နံနက်ပိုင်းမှာ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့ဆီက သိရပါတယ်။ သရက်ကန်ပျူရွာက ကင်းပတ်လာတဲ့ ပျူစောထီး ၁၅ဦးကို ပထမအကြိမ်ပစ်ခတ်တိုက်ခိုက်ရာမှာ လက်နက်မပါသူ ငါးဦး လက်မြှောက်တာကြောင့် မပစ်ခတ်တော့ဘဲ အရှင်ဖမ်းရခဲ့တယ်လို့ Earthquake peoples Defense Force အဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောပါတယ်။ ” ထွက်လာတဲ့ ၁၅ ယောက်မှာ နှစ်ယောက်သေတယ်၊ ငါးယောက်ကိုအရှင်ဖမ်းမိရခဲ့တယ်၊ ကျန်တဲ့သူတွေက ပစ်ပြေးပြေးသွားကြတယ်၊ ပြေးသွားတဲ့အချိန်မှာ သူတို့ဘန်ကာတွေကို မီးရှို့နိုင်ခဲ့တယ်၊ အလောင်းလာကောက်မှာကိုထပ်စောင့်ပြီးပစ်တော့ အလောင်းလာကောက်တဲ့ ငါးယောက်ပါထပ်သေတယ်၊ စုစုပေါင်းသေတာ […]

အပြည့်အစုံဖတ်ရန်

ဘုတလင်၊ ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့၊ ဒေသခံတချို့ကိုဖမ်းဆီး

February 13, 2024

ဘုတလင် – ၂၀၂၄ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကွမ်းခြံရွာကို စစ်ကောင်စီတပ်တွေ မနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေသုံးဆယ်ဝန်းကျင် မီးလောင်ပျက်စီးသွားသလို ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကွမ်းခြံရွာခံတွေက မော်ကွန်းကိုပြောပါတယ်။ “ဒေသခံတစ်ယောက်ဒဏ်ရာရတယ်။ ပြီးတော့ရွာခံနှစ်ယောက်ကို ဖမ်းသွားတယ်။ အခု ပြန်လွတ်လာပြီ။ ဒီနေ့တော့ အဲဒီရွာနား ထန်းတောရွာက အိမ်တစ်လုံးကို ရှို့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရွာကိုမီးရှို့ဖျက်ဆီးတဲ့အပြင် စစ်ကြောင်းဝင်လာလို့ ထွက်ပြေးခဲ့တဲ့ ရွာသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာအများအပြားရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “စစ်ခွေးခြောက်ယောက်လောက်က ဝိုင်းပစ်တာ၊ ရွာသားတစ်ယောက် လက်သန်းတစ်ချောင်း ဖြတ်လိုက်ရတယ်။ လက်ဖဝါးအလယ်ကနေ ကျည်ဖောက်ထွက်သွားတယ်။ ပြီးတော့ နားထင်နားလည်း ရှပ်ထိသွားတယ်။ သူကလွတ်လာတယ်။ အခုတော့ ဆေးကုသမှုပေးထားတယ်” လို့ […]

အပြည့်အစုံဖတ်ရန်

မတ္တရာက ပြည်သူနှစ်ဦးကို အာဏာသိမ်းစစ်တပ် ပစ်သတ်

February 13, 2024

မတ္တရာ – ၂၀၂၄ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) မန္တလေးတိုင်း ၊မတ္တရာမြို့နယ် ဆိိပ်သာကျေးရွာကို ဒီနေ့မနက် ၈ :၀၀ ဝန်းကျင်မှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ အင်းကုန်းရွာသားတစ်ဦးကို သေနတ်နဲ့ခေါင်းပစ်သတ်ခဲ့ပြီး ဆိပ်သာရွာသားတစ်ဦးကို လည်ပင်းဓားနဲ့လှီးပြီးနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ဆီကသိရပါတယ်။ မတ္တရာမြို့ကနေ စစ်သား အင်အား ၇၀ ကျော်နဲ့ အင်းကုန်းရွာကို ဝင်ရောက်ပြီးနောက် ရွာသားနှစ်ဦးကိုဖမ်းဆီးကာ ဆိပ်သာရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ခဲ့တာလို့ မတ္တရာမျိုးမှန်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အင်းကုန်းကပြည်သူနှစ်ဦးကိုဖမ်းပြီး ဆိပ်သာကိုရောက်တဲ့ချိန် သူတို့နှစ်ဦးကိုဓာတ်ဆီလောင်းပြီး အိမ်တစ်အိမ်ထဲမှာ ထားကာ အိမ်အပြင်ကနေ မီးရှို့ဖို့ပြင်နေချိန် တစ်ယောက်ကလွတ်သွားတယ်လို့ ပြောပါတယ်။ “တစ်ဦးလွတ်သွားတော့ ကျန်ခဲ့သူ၊ အဖမ်းခံရသူကို မီးမရှို့တော့ဘဲ တံတောင်ဆစ်၊ ကျောတွေကိုဓားနဲ့လှီးတယ်၊ ခန္ဓာကိုယ်တော်တော်များများမှာလည်း ဓားနဲ့မွှန်းထားတယ်၊​ နောက်မှဦးခေါင်းကိုတေ့ပြီးပစ်သတ်သွားတယ် “လို့ သူကပြောပြပါတယ်။ ဦးခေါင်းကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်ခံရသူဟာ ဦးနှင်း […]

အပြည့်အစုံဖတ်ရန်

ရေစကြိုမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်ခံရပြီး စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံး

February 10, 2024

ရေစကြို – ၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း) မကွေးတိုင်း၊ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာကနေ ဒီကနေ့ နံနက် ဆိုင်ကယ်တစ်စီး၊အိမ်စီးကားတစ်စီးနဲ့ ပခုက္ကူဘက်ကိုထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်ပေါ်က စစ်သားတစ်ဦးနဲ့ ပျူစောထီးတစ်ဦး နေရာတင်သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂၊ သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ “ဆင်ချောင်းပျူရွာကနေ ပခုက္ကူဘက်ကိုထွက်လာတဲ့စစ်သားတွေကို လက်ဦးမှုရယူပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊အိမ်စီးကားပေါ်မှာ ငါးယောက်ပါတယ်၊ဆိုင်ကယ်ပေါ်မှာနှစ်ယောက်၊ဆိုင်ကယ်ပေါ်က စစ်သားတစ်ဦးနဲ့ ပျူတစ်ဦးနေရာတင်သေတယ် “လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်သားတွေနဲ့ ပခုက္ကူရေစကြိုကားလမ်းတစ်နေရာမှာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးစစ်သားရဲ့ G3 သေနတ်တစ်လက်၊သေဆုံးပျူရဲ့ ကာဘိုင်သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂က သတင်းထုတ်ပြန်ထားပါတယ်။ “ကျွန်တော်တို့ ပစ်နေတဲ့အချိန်မှာကားပေါ်မှာပါတဲ့စစ်သား ငါးယောက်က ပြန်ပစ်တာရှိတယ်၊ တအားကြီးပြန်မပစ်နိုင်ဘဲ ပြန်ပစ်ပြီးချက်ချင်းပြန်လှည့်ပြန်သွားတယ်၊ အလောင်းကတော့သူတို့မရလိုက်ဘူး၊ ဆိုင်ကယ်လည်း ထားသွားတယ် “လို့ သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ပဲခူးနဲ့ကရင်အစပ် ဇရပ်ကြီးမြို့မှာ သုံးရက်ဆက်တိုက်ပွဲပြင်းထန်၊ ပိတ်မိနေတဲ့အရပ်သား အများအပြားကျန်

February 9, 2024

ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၉ (မော်ကွန်း) သုံးရက်ဆိုက်တိုက် တိုက်ပွဲပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ဒေသခံ အများအပြားတိုက်ပွဲကြား ပိတ်မိနေတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။ ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့မှာ ယခုလ ၇ ရက်က စတင်ပြီး စစ်ကောင်စီ တပ်ရင်း ခလရ ၇၃ အနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ။ ဒီနေ့မနက်မှာလည်း ဇရပ်ကြီးမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို မြို့တွင်းတိုက်ပွဲတွေလည်း ဆက်လက်ပြင်းထန်နေပြီး လူနေရပ်ကွက်တွေနဲ့ မြို့အနီးက ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ဒေသခံအများအပြား ကျန်နေသေးတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ ပရဟိတအသင်းတွေဟာ ဇရပ်ကြီးမရောက်ခင် နတ်ရွာ၊ နသန်ဦး စတဲ့ကျေးရွာတွေအနီးမှာပဲ စောင့်ကြိုကာ ထွက်ပြေးလာတဲ့ဒေသခံတွေကို ခေါ်ထုတ်ပေးနေပြီး ဒီနေ့လယ်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်မှု […]

အပြည့်အစုံဖတ်ရန်
1 … 73 74 75 76 77 78 79 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."