သတင်းများ

စစ်မှုမထမ်းချင်လို့ သက်ဆိုင်ရာအာဏာပိုင်တွေကို လာဘ်ထိုး

March 16, 2024

ရန်ကုန်-၂၀၂၄ မတ် ၁၅ (မော်ကွန်း) စစ်မှုမထမ်းချင်တဲ့လူငယ်တွေရဲ့ မိသားစုတွေဆီကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက ငွေတောင်းပြီး လူစားထိုးပေးတာတွေလုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။ “တနေ့က သားကိုစစ်မှုထမ်းဖို့ စာရင်းပါတယ်ဆိုပြီးလာပြောလို့ ရှောင်ဖို့အတွက် ရပ်ကွက်အုပ်ကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ အကူအညီတောင်းပြီး ညှိလိုက်တာ ငါးသိန်းပေးရတယ်။ ပထမအသုတ်တော့ လွတ်မယ်၊ နောက်အသုတ်တွေအတွက်တော့ အာမမခံဘူးလို့တော့ပြောတယ်။ အဓိကက စစ်မှုမထမ်းရဖို့ပဲ” လို့ စစ်မှုထမ်းစာရင်းပါသူတစ်ဦးရဲ့ မိခင်က ပြောပါတယ်။ စစ်မှုထမ်းဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့နယ်အသီးသီးမှာ စာရင်းတွေ စတင်ကောက်ယူနေပြီး အသက်ပြည့်တဲ့လူငယ်တွေရဲ့ အုပ်ထိန်းသူတွေကို စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ရပ်ကွက်ရုံးတွေမှာခေါ်ယူပြီး ယူဆွေးနွေးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ မြောက်ဥက္ကလာမြို့နယ်က မိခင်တစ်ဦးကလည်း သားဖြစ်သူ စစ်မှုထမ်းဖို့ စာရင်းထဲပါနေတာပယ်ဖျက်ပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျပ်လေးသိန်းပေးခဲ့ရတယ်လို့ ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်လိုက်ပေမယ့် ပြည်မဘက်ကကုန်တွေ ဖြတ်သန်းခွင့်မပေးသေး

March 16, 2024

ရန်ကုန် – ၂၀၂၄ မတ် ၁၅ (မော်ကွန်း) ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ ဒေသက တရုတ်နယ်စပ်ဂိတ်တွေ ယခုရက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်ပေမယ့် ပြည်မဘက်က ကုန်စည်တွေကို ဖြတ်သန်းခွင့်မပေးသေးဘူးလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလမှာ ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်တဲ့ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း) နယ်စပ်ဂိတ်တွေကို ယခုလ ၁၁ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတို့ဟာ ရှမ်းမြောက်ဒေသမှာ အပစ်အခတ်ရပ်စဲဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်မှာ သဘောတူညီခဲ့ပြီးနောက် နှစ်လအကြာမှာ အခုလို နယ်စပ်ဂိတ်နှစ်ခုကို ပြန်ဖွင့်ပေးခဲ့တာပါ။ လက်ရှိမှာတော့ အဲဒီ နယ်စပ်ဂိတ်တွေမှာ ကိုးကန့်တပ် (MNDAA) ရဲ့ အသိအမှတ်ပြုလက်မှတ်၊ […]

အပြည့်အစုံဖတ်ရန်

မုံရွာတောင်ဘက်က သက္ကယ်ကျင်းရွာကို စစ်ကောင်စီမီးရှို့ပြီး ရွာခံငါးဆယ်ကျော်ကိုဖမ်းဆီးသွား၊ သေဆုံးသူများလည်းရှိ

March 16, 2024

မုံရွာ-၂၀၂၄ မတ် ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် စစ်ကိုင်း-မုံရွာကားလမ်းမအနီးက သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့ညနေပိုင်းက ရုတ်တရက်ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် သေဆုံးသူတွေလည်းရှိသလို ဖမ်းဆီးခံရတဲ့ ဒေသခံငါးဆယ်ကျော်အထိရှိတယ်လို့ ရွာခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ အင်အားငါးဆယ်ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ သက္ကယ်ကျင်းရွာကို အိမ်စီးကားတွေနဲ့ နှစ်ဖွဲ့ခွဲဝင်ရောက်လာပြီး ပစ်ခတ်စီးနင်းခဲ့တာလို့ မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “သေတာငါးယောက်လောက်တော့ရှိတယ်။ အိမ်သာထဲမှာထိုင်နေရင်းနဲ့မီးထဲပါသွားတာ၊ သူတို့ပစ်သတ်ပြီး သေလို့ရှို့ခံရတဲ့ဟာလည်းရှိတယ်။ နာမည်စာရင်းအတိအကျတွေနဲ့တော့ မရသေးဘူး။ ညကမှမီးဝင်ငြှိမ်းရတာဆိုတော့ အတိအကျမရသေးဘူးပေါ့။ ဖမ်းခံရတဲ့ဒေသခံက ငါးဆယ်ကျော် တစ်ရာနီးပါးပါပဲခင်ဗျ။ မုံရွာမြို့ချင်းတွင်းခန်းမထဲမှာထည့်ထားတယ်။ နောက်ဆက်တွဲတော့ အဆက်အသွယ်မရသေးဘူး” လို့ သူကပြောပါတယ်။ ရွာမီးရှို့ခံရပြီး ညပိုင်းကျမှ စစ်ကောင်စီတပ်တွေပြန်ဆုတ်သွားလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရွာထဲဝင် မီးငြှိမ်းသတ်ရင်း အလောင်းတချို့ပြန်တွေ့တာလို့သူက ဆိုပါတယ်။ အိမ်ခြေလေးရာဝန်းကျင်ရှိတဲ့ သက္ကယ်ကျင်းရွာမှာ အိမ်ခြေအားလုံးနီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

AA သိမ်းထားတဲ့မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသေးတာကြောင့် ဒေသခံတွေကို မြို့တွေထဲပေးမဝင်နိုင်သေး

March 13, 2024

ရန်ကုန် – ၂၀၂၃ မတ် ၁၃ (မော်ကွန်း)  ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသေးတာကြောင့် ပြည်သူတွေကို မြို့တွေထဲ ပြန်ဝင်ခွင့်မပြုသေးဘူးလို့ အဲဒီဒေသခံတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။ AA ဟာ လက်ရှိမှာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တွေကို စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူထားတာပါ။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေနဲ့ နီးစပ်တဲ့ ပလက်ဝမြို့မှာတော့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဒေသအုပ်ချုပ်ရေး ယန္တရားတွေတည်ဆောက်နေကာ ပြန်လည်တည်ငြိမ်နေပြီပေမယ့် ကျန်တဲ့မြို့တွေမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ AA […]

အပြည့်အစုံဖတ်ရန်

ရမ်သွာန်လမြတ်စပြီ

March 12, 2024

ရန်ကုန်-၂၀၂၄ မတ် ၁၂ (မော်ကွန်း) မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဒီနေ့ စတင်တဲ့ ရမ်သွာန်လမြတ်(ဥပုသ်လ) မှာ ဝတ်ပြု ပူဇော်မှုတွေ၊ ဥပုသ်သီလ ဆောက်တည်တာတွေ လုပ်ဆောင်နေကြပါပြီ။ ရမ်သွာန်လမြတ်ဟာ တစ်လတာ ကြာမြင့်မှာဖြစ်ပြီး စတုဒီသာအလှူပြုတာတွေ၊ ဥပုသ်ဖြေ အလှူအဖြစ် ကျွေးမွေးတာတွေလည်း တချို့ဗလီတွေမှာ လုပ်ဆောင်ကြပါတယ်။ ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ နွယ်အေးစွန္နီဂျာမေဗလီကြီးကို ဒီနေ့မှာ ရာပေါင်းများစွာသော ဥပုသ်သီလစောင့်တည်သူတွေ၊ ဝတ်ပြုရှိခိုးသူတွေလာရောက်ကြသလို ဗလီကြီးကနေ ဟာလင်မ် (အာဟာရတစ်မျိုး) အလှူဒါနပြုတာတွေလည်း ရှိပါတယ်။ ဒီနေ့ကျရောက်တဲ့ ရမ်သွာန်လမြတ် အစရက်မှာ နွယ်အေးစွန္နီဂျာမေဗလီကြီးထဲက သက်ဝင်ယုံကြည်သူတွေရဲ့ ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။ Photo – Mawkun

အပြည့်အစုံဖတ်ရန်

ရမ်းဗြဲကို AA သိမ်းပိုက်နိုင်တာဟာ ပြည်နယ်တောင်ပိုင်းကိုပါထိုးစစ်ဆင်ဖို့ မဟာဗျူဟာကျထိန်းချုပ်နိုင်ခြင်းဖြစ်

March 12, 2024

ရန်ကုန် – ၂၀၂၄ မတ် ၁၂ (မော်ကွန်း)  ရမ်းဗြဲမြို့ကို AA က သိမ်းပိုက်လိုက်တာဟာ ကျောက်ဖြူအပါအဝင် တောင်ပိုင်းတစ်ခုလုံးကို ထိုးစစ်ဆင်ဖို့အတွက် မဟာဗျူဟာကျတဲ့လမ်းကြောင်းကို ထိန်းချုပ်နိုင်တာဖြစ်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။ ရမ်းဗြဲမြို့ပေါ်က နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တစ်ယောက်မကျန် ရှင်းလင်းနိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ AA သတင်းနှင့် ပြန်ကြားရေးဌာနက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ “ဒီရမ်းဗြဲမြို့က တောင်ပိုင်းအတွက် ပထမဦးဆုံး မြို့ဆိုပေမယ့် အဲဒီမြို့က တောင်ပိုင်းတစ်ခုလုံးကို တိုက်စစ်ဆင်မယ့် AA ရဲ့ ပထမဦးဆုံးမြို့လို့ ပြောလို့ရတယ်၊ ကျောက်ဖြူအပါအဝင် တောင်ပိုင်းမြို့တွေကို သိမ်းဖို့အတွက် ရမ်းဗြဲမြို့ဟာ ULA/AA အတွက် တော်တော့်ကို အရေးပါတဲ့ မြို့လို့ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မှာ နွံကန်ပြိုလို့ လူ ၃၀ ကျော်ပျောက်ဆုံးနေ

March 12, 2024

ဖားကန့်-၂၀၂၄ မတ် ၁၂ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနရွာကကျောက်စိမ်းလုပ်ကွက်တစ်ခု ဒီနေ့မနက် ၄ နာရီဝန်းကျင်က နွံကန်ပြိုကျတာကြောင့် ကျောက်ရှာသမား သုံးဆယ်ကျော်ပျောက်ဆုံးနေပြီး အလောင်းနှစ်လောင်းသာ ပြန်ရှာတွေ့ထားတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ “နွံကန်က နဂိုကတည်းက စိမ့်နေတာလေ၊ မြေစာကတစ်ဖက်ကနေ ဖို့ရင်းဖို့ရင်းနဲ့ တစ်ဖက်ကနေတွန်းအားပေးတော့ အခုလုပ်နေတဲ့လုပ်ကွက်ထဲကို ပြိုကျတာပေါ့။ ပါသွားတဲ့လူဦးရေစာရင်းကကျတော့၊ ညကလုပ်ကွက်ဆိုတော့ ညဆိုင်းဆင်းတဲ့ဟာတွေ အကုန်လုံးပါသွားတာ။ လေးယောက်အသက်ရှင်တယ်။ ခန့်မှန်း‌ချေသုံးဆယ်နဲ့အထက် ပါသွားတယ်”လို့ သူကပြောပါတယ်။ နွံကန်ပြိုကျခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟာ ဘယ်ကုမ္ပဏီရဲ့လုပ်ကွက်ဖြစ်ပြီး ပျောက်ဆုံးသွားသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ နွံကန်ပြိုကျမှုမှာ ပါသွားခဲ့သူတွေကို ဆက်လက်ရှာဖွေဖို့ အခက်အခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းက နားသွားပြီ။ နွံကန်ကရေမပါဘူး။ နွံတွေချည်းပဲဆိုတော့ ရှာဖွေကယ်ဆယ်ရေးက လုပ်လို့မရဘူးလေ။ […]

အပြည့်အစုံဖတ်ရန်

ပအိုဝ်းပြည်သူ့စစ်ရဲ့ လက်တွေ့အခြေအနေမှန်တွေကို သိလာလို့ ဒေသခံတွေ စစ်မှုထမ်းဖို့ စိတ်မပါတော့

March 12, 2024

ဟိုပုံး – ၂၀၂၄ မတ် ၁၂ (‌‌မော်ကွန်း) ဒေသခံတွေဟာ ပအိုဝ်းပြည်သူ့စစ်ရဲ့ လက်တွေ့အခြေအနေမှန်တွေကို နားလည်လာတာကြောင့် စစ်မှုထမ်းဖို့ စိတ်ပါဝင်စားမှုမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNA)တို့ တိုက်ပွဲပြင်းထန်လာတာ ရက်ပေါင်း ၄၀ ကျော်လာတဲ့နောက် ပြည်သူ့စစ်ဘက်က မြေပြင်မှာ စစ်သားစုဆောင်းမှုတွေ နေ့စဉ်ပြုလုပ်နေတာပါ။ ပြည်သူ့စစ်ဘက်ကတော့ အကြီးအကဲတွေနဲ့အတူ ဘုန်းကြီးတွေလည်း လိုက်ပါလာကာ စစ်သားစုဆောင်းဖို့ စည်းရုံးနေကြတယ်လို့ သိရပါတယ်။ “အရင်လိုမဟုတ်တော့ဘူး ပေါ်တင်စည်းရုံးပြီ”လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မော်ကွန်းက ရရှိထားတဲ့ သတင်းတွေအရတော့ ဒေသခံတွေဟာ ဒီလို တိုက်ပွဲတွေပြင်းထန်လာချိန်ရောက်မှ ပြည်သူ့စစ်အကြောင်းကို ပိုမိုသိလာတာလို့ဆိုပါတယ်။ ပြည်သူ့စစ်ထိန်းချုပ်ထားတဲ့ကျေးရွာတွေအပါအဝင် စစ်ရှောင်စခန်းတွေပါမချန် စစ်သားစုဆောင်းနေလို့ လူငယ်၊ လူရွယ်တွေအနေနဲ့ အတင်းအကျပ်စစ်မှုထမ်းရမယ့်အပေါ် စိုးရိမ်နေကြပါတယ်။ လွိုင်လင်မြို့နယ်စစ်ရှောင်ကူညီသူတွေရဲ့ ပြောစကားအရဆိုရင် ပြည်သူ့စစ်ဟာ စစ်ရှောင်နေသူတွေရဲ့ အိမ်ထောင်ဦးစီးတွေ […]

အပြည့်အစုံဖတ်ရန်

သင်္ဃန်းညီနောင်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ဒေသခံတွေစစ်ရှောင်နေရ

March 11, 2024

ရန်ကုန် – ၂၀၂၄ မတ် ၁၁ (မော်ကွန်း) မြဝတီမြို့အဝင်က သင်္ဃန်းညီနောင်ရွာကို စစ်ကောင်စီဟာ ဒီနေ့မနက်ပိုင်းအပါအဝင် လေးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသတစ်ခုလုံးစစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ယခုလ ၇ ရက်က ကော့ကရိတ်-မြဝတီ ကားလမ်းအနီးက သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီစခန်း ခမရ ၃၅၅ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် တစ်ဆက်တည်းရှိနေတဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာစခန်း၊ ခမရ-၃၅၇၊ မြဝတီကုန်သွယ်ရေးဇုန်ဂိတ်၊ ခလရ-၂၇ စတဲ့ စစ်ကောင်စီစခန်းကုန်းတွေကို ယခုလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း အဲဒီစခန်းတွေမကျရေးအတွက် လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ သင်္ဃန်းညီနောင်ဒေသကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်တာကြောင့် စစ်ရှောင်ဦးရေတိုးလာပြီး အရေးပေါ်အကူအညီတွေလိုအပ်နေ

March 11, 2024

ရှမ်းပြည်နယ်တောင်ပိုင်း-၂၀၂၃ မတ် ၁၁ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ လွိုင်လင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ဆက်လက်မြင့်တက်လာနိုင်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လွိုင်လင်မြို့နယ် မိုင်းပွန်အနောက်မှာ ဒေသခံပြည်သူတွေက ပြန်နေလို့ရပြီဆိုသည့်တိုင်အောင်လည်း မြေပြင်အခြေအနေက တည်ငြိမ်နေတာ မဟုတ်ပါဘူး။ အခုဆို ပင်လောင်းလည်း ပါလာပီဆိုတော့ စစ်ရှောင်ဦးရေကတော့ များလာဖို့ဘဲ ရှိပါတယ်” လို့ သူကဆိုပါတယ်။ ပင်လောင်းမြို့နယ်ထဲမှာတော့ အခုလ ၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေကတော့ ၇ ရက်နေ့ကတည်းက ကြိုတင်စစ်ရှောင်ခဲ့ကြတယ်လို့ သူကပြောပါတယ်။ ရှမ်းတောင်တကြောမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကနေ အခုလ […]

အပြည့်အစုံဖတ်ရန်

ကနီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းထားတဲ့နေရာတချို့ လက်လွှတ်လိုက်ရ

March 8, 2024

ကနီ-၂၀၂၄ မတ် ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ကနီမြို့ပေါ်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ နေရာတချို့ ပြန်လက်လွှတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မော်ကွန်းကိုပြောပါတယ်။ မုံရွာ-ယာကြီး-ကလေးဝလမ်းအနီးမှာရှိပြီး မုံရွာမြို့ကို ကုန်းလမ်း-ရေလမ်းနှစ်သွယ် သွားလာလို့ရတဲ့ ကနီမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အခုလ ၂ ရက် မနက်အစောပိုင်းကစပြီး တိုက်ခိုက်ခဲ့တာပါ။ “တကယ်တမ်းက ကိုယ့်ဘက်က တောင်ကုန်းတစ်ခုပဲသိမ်းဖို့ ကျန်တော့တဲ့အနေအထားမှာဗျာ၊ လိုင်းပေါ်မှာ သတင်းတွေက ကြိုပြန့်သွားတော့ သူတို့က အင်အားထပ်တိုး၊ ကိုယ်ရထားတဲ့ နေရာတချို့ပြန်ပေးလိုက်ရတာပေါ့။ တကယ်ဆို ဒီနေ့လိုဆိုရသင့်နေပြီ။ မနေ့က တစ်ညလုံး အလုံးရေတစ်ရာလောက်ရှိတယ်၊ ဗုံးကြဲသွားတာ။ MIG-29 နဲ့ဆို ခဏတိုင်းလာပစ်သွားတာတော်တော်များတယ်” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေစဖြစ်တဲ့နေ့ကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ အကြိမ်အများအပြား ဗုံးကြဲခဲ့လို့ မြို့ပေါ်နဲ့ရွာတွေက နေအိမ်တွေမီးလောင်ပျက်စီးခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

သင်္ဃန်းညီနောင်မှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်၊ လေကြောင်းကဗုံးကြဲလို့ သဘာဝတရားရိပ်သာဆေးရုံက သက်ကြီးနှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

March 8, 2024

ရန်ကုန် – ၂၀၂၄ မတ် ၈ (မော်ကွန်း)  ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီမြို့အဝင်၊ သင်္ဃန်းညီနောင်ရွာအနီးမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ မြဝတီ-ကော့ကရိတ် ကားလမ်းဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းဖြစ်တဲ့ ခမရ ၃၅၅ ကို မနေ့က မနက်ပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ဒီနေ့မှာလည်း ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နေတာပါ။ အဲဒီပစ်ခတ်မှုတွေကြောင့် မြဝတီသဘာဝတရားရိပ်သာဆေးရုံကို ဒီနေ့လယ်ပိုင်းက လက်နက်ကြီးထိမှန်ခဲ့ပြီး ဆေးရုံမှာတက်ရောက်နေတဲ့ သက်ကြီးလူနာနှစ်ဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း အကူအညီပေးနေသူက ပြောပါတယ်။ “ဆေးရုံက ပက်လက်လူနာဆောင်အပေါ် လေယာဉ်ပေါ်က ဗုံးဆန်ကျလို့ အားလုံး ၁၁ ဦး ဗုံးဆန်ထိသွားပါတယ်။ အဘိုးနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရသွားပါတယ်။ သူတို့ကို မြဝတီဆေးရုံပို့လိုက်ပါပြီ” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက […]

အပြည့်အစုံဖတ်ရန်
1 … 69 70 71 72 73 74 75 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."