သတင်းများ

ကျောက်မဲမှာ စစ်ရှောင်တစ်ဦး ရေစီးနဲ့အတူမျောပါသေဆုံး

August 7, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၇ (မော်ကွန်း) ဒီရက်ပိုင်း ဆက်တိုက်ရွာနေတဲ့မိုးကြောင့် ကျေးရွာနဲ့ ရပ်ကွက်တချို့ ရေကြီးရေလျှံနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦး ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ ဒေသခံ ပရဟိတအသင်းတချို့ကပြောပါတယ်။ တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ကျောက်မဲမှာ မနေ့က မွန်းလွဲပိုင်းမှာ နောင်ချိုမြို့ပေါ်ကနေ စစ်ဘေးရှောင်လာတဲ့ အမျိုးသားတစ်ဦးဟာ နေရပ်ပြန်ဖို့ သွားရောက်စဉ်မှာ ၎င်းစီးလာတဲ့ဆိုင်ကယ်နဲ့အတူ ရေစီးထဲမျောပါသေဆုံးခဲ့တာပါ။ ဒီနေ့မနက်ပိုင်း ရေကျချိန်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကမ်းလက်လူမှုကူညီရေးအသင်း (နောင်ပိန်) က စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ “အထက်ရဲရွာရေအားလျှပ်စစ်လမ်းပိုင်းကနေ ကျောက်ဂူလမ်းကနေ နောင်ချိုဘက်အပြန်မှာ လမ်းရေကျော်နေတာကိုဖြတ်တဲ့အချိန် ဆိုင်ကယ်ရောလူရော မျောပါသေဆုံးခဲ့တယ်။ ဒီမနက်ရေကျချိန်မှာ အလောင်းကို ရေမြောင်းထဲက ဝါးရုံပင်တွေကြားမှာ ညှပ်လျက်ပြန်ခဲ့တာပါ” ၎င်းက ပြောပါတယ်။ ကျောက်မဲမြို့မှာ […]

အပြည့်အစုံဖတ်ရန်

သံတောင်ကြီးမြေပြိုမှုမှာ သေဆုံးသူ ၁၁ ဦးအထိရှိလာ

August 7, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၇ (မော်ကွန်း) ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က မိုးသည်းထန်ပြီး မြေပြိုကျမှုဖြစ်စဉ်မှာ ဒီနေ့ထိ သေဆုံးသူဦးရေ ၁၁ ဦးထိရှိလာပြီး ပျောက်ဆုံးသူတချို့ကို ဆက်လက်ရှာဖွေနေဆဲလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့သုံးရက်က ဆက်တိုက်ရွာတဲ့မိုးကြောင့် တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမြို့နယ်အတွင်း တောင်ကျချောင်းရေတွေမြင့်တက်ကာ မြေတွေပြိုကျပြီး လူနေအိမ်တွေပျက်စီးတာတွေ၊ ဒေသခံတွေ ပိတ်မိသေဆုံးတာ၊ ပျောက်ဆုံးနေတာတွေ ရှိလာတာပါ။ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မနေ့ကစတင်ကာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီး မနေ့ကတော့ သေဆုံးသူရှစ်ဦးရှိခဲ့ပြီး ဒီနေ့မှာလည်း မြေပြိုပိပြီးသေဆုံးနေတဲ့ ရုပ်အလောင်းတချို့ ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၁ ဦးထိ ရှိလာတာပါ။‌ သံတောင်ကြီးမြို့ရဲ့ တောင်ပေါ် ဥယျာဉ်ခြံမြေစိုက်ခင်းတွေမှာ လုပ်ကိုင်နေသူတချို့ကိုလည်း ဒီနေ့ထိ ပြန်မတွေ့သေးတဲ့အတွက် ဆက်လက်ရှာဖွေနေတယ်လို့ သံတောင်ကြီး ဒေသခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

သံတောင်မှာ မိုးကြီးပြီးမြေပြိုတာကြောင့် လူရှစ်ဦးသေဆုံး

August 6, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၆ (မော်ကွန်း) ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မနေ့ကညပိုင်းက မိုးသည်းထန်ပြီး မြေပြိုကျတာကြောင့် လူရှစ်ဦးထက်မနည်းသေဆုံးသွားပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်မှာရှိပြီး တောင်ပေါ်အပန်းဖြေစခန်းတွေရှိရာမြို့ဖြစ်တဲ့ သံတောင်ကြီးမြို့က တောင်စောင်းတွေအနီးက ကျေးရွာတချို့မှာ မနေ့ကညပိုင်းက တောင်မြေပြိုတာတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။ သံတောင်ကြီးမြို့နယ်က လူနေအိမ်တွေ၊ လမ်းတွေနဲ့ ဥယျာဉ်ခြံမြေတွေ အများအပြားလည်း ပျက်စီးသွားပြီး ကျေးရွာငါးရွာထက်မနည်းက ဒေသခံတွေကို နေရာရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းထိ မြေပြိုလို့သေဆုံးသွားသူ ရှစ်ဦးထိရှိလာပြီး ပျောက်ဆုံးနေသူတွေကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတာပါ။ ပျောက်ဆုံးသူအရေအတွက်ကိုတော့ အတိအကျမသိရသေးပါဘူး။ တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း မြေပြိုတာတွေ မကြာခဏရှိပေမယ့် ဒီနှစ်မှာတော့ အဆိုးဆုံးဖြစ်သွားတာလို့ သံတောင်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ “ခုထိ မိုးအရမ်းသည်းနေပါတယ်၊ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပုလော-မြိတ်-ဘုတ်ပြင်းလမ်းပိုင်းပိတ်ထားရ

August 6, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း) ပုလော-မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒီလမ်းပိုင်းကို ပိတ်ထားရပြီး ဒေသတွင်းသွားလာမှုတွေ၊ ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်ကျော်တည်းက ၎င်းလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းပိတ်ထားရတာဖြစ်ပြီး မြိတ်နဲ့ ပုလောဒေသခံတွေဟာ ရေလမ်းခရီးကနေ သွားလာနေရတာကြောင့် ခရီးစရိတ်တွေလည်း မြင့်တက်သွားတယ်လို့ မြိတ်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မြိတ်ကနေ ပုလောကို ရေလမ်းကနေ ပြေးဆွဲနေတဲ့ Speed Boat စီးနင်းခက တစ်ဦးကို ကျပ်တစ်သိန်းခွဲထိရှိနေပြီး စားသောက်ကုန်နဲ့ကုန်စိမ်းတွေ တင်ပို့ရာမှာလည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်သွားတယ်လို့ ၎င်းဒေသခံက ပြောပါတယ်။ “ကုန်ကားတွေရော၊ ခရီးသည်တင်ကားတွေရော အကုန်ရပ်ထားရတာ နှစ်ပတ်ရှိပြီ။ ပိတ်မိနေသလိုဖြစ်နေတယ်” လို့ မြိတ်ဒေသခံက ပြောပါတယ်။ လက်ရှိမှာတော့ အရေးပေါ်လူနာတွေ […]

အပြည့်အစုံဖတ်ရန်

တအာန်းလူမျိုးမဟုတ်သူတွေကို ဆန္ဒမပါဘဲ စစ်မှုမထမ်းခိုင်းဘူးလို့ TNLA ပြော

August 6, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း) သူတို့ထိန်းချုပ်မြို့နယ်တွေထဲက တအာန်းလူမျိုးမဟုတ်သူတွေကို ဆန္ဒမပါဘဲ စစ်မှုထမ်းစေခိုင်းတာမျိုးမလုပ်ဘူးလို့ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ တအားန်းတပ် (TNLA) ထိန်းချုပ်တဲ့ မိုးကုတ်မြို့မှာ ဂေါ်ရခါးလူမျိုးတွေကို စစ်မှုထမ်းဖို့ ဖမ်းခေါ်နေတယ်ဆိုတဲ့သတင်းတွေကိုတုံ့ပြန်ရင်း သူကရှင်းပြတာဖြစ်ပါတယ်။ တအာန်းမဟုတ်သူတွေနဲ့ပတ်သက်ရင် သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး နေထိုင်ရာမြို့ရွာရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေအတွက် ပူးပေါင်းတာဝန်ထမ်းဆောင်ကြဖို့ ညှိနှိုင်းလုပ်ဆောင်တာမျိုးတော့ ရှိတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ တအာန်းလူမျိုးတွေကိုတော့ ဥပဒေအရ စာရင်းကောက်ယူတာတွေရှိတယ်လို့ သူကပြောပေမယ့် အသေးစိတ်ကိုမပြောပါဘူး။ TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက်ပိုင်း၊ သီပေါမြို့မှာ နေထိုင်သူတစ်ဦးက “ အိမ်ထောင်စုနဲ့ မှတ်ပုံတင်ကစာရင်းကို အရင်ယူလိုက်တယ်ရှင့်၊ အဲ့ဒီမှာစာရင်းက တအာန်းဆိုတာ ပါတယ်ဆိုရင် အကုန်ကောက်တယ်ပေါ့နော်။ အဖေရှမ်း၊ အမေတအာန်းလို ကပြားတွေကောက်တယ်။ […]

အပြည့်အစုံဖတ်ရန်

မကွေးတိုင်းထဲမှာ စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၂၃ ဦး ဇူလိုင်လအတွင်းသေဆုံး

August 6, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၅ (မော်ကွန်း) မကွေးတိုင်းထဲမှာ ပြီးခဲ့တဲ့လအတွင်း စစ်ကောင်စီလက်ချက်နဲ့ အရပ်သား ၂၃ ဦး သေဆုံးခဲ့ရတယ်လို့ မကွေးဒေသက ပဋိပက္ခကိုစောင့်ကြည်တဲ့ တမာအင်စတီကျုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက အရပ်သားနေအိမ် အလုံး ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြို့နယ်ခုနစ်ခုကို လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်လုပ်ခဲ့တယ်လို့ ဒီလစဉ်အစီရင်ခံစာမှာဖော်ပြတယ်။ ဒါအပြင် မြို့နယ် ၁၃ ခုမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သောင်းကျော်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းဖို့ အရပ်သား ၁၂၀ ကျော်ကိုလည်း ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဇွန်လထဲမှာလည်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မကွေးတိုင်းထဲမှာ အရပ်သား ၂၄ ဦး သေဆုံးခဲ့ရသလို နေအိမ် ၁၃၅ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ ဗုံးကြဲခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ

August 5, 2025

မိုးကုတ်- ၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို မနေ့ကမနက်ပိုင်း စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦးအထိ ရှိလာတယ်လို့ အဲဒီက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြို့ကိုထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA)က ဒီဗုံးကြဲမှုတွေကြောင့် အရပ်သားသုံးဦး သေခဲ့ရတယ်လို့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပေမယ့် မြို့နယ် ပ.က.ဖ ကတော့ ရှစ်ဦးအထိ ရှိတယ်လို့ မနေ့က ညနက်ပိုင်းမှာ ပြောပါတယ်။ အိမ်ပေါ်ဗုံးတည့်တည့်ကျလို့ တစ်စစီဖြစ်သွားတဲ့ အိမ်က အရပ်သားနှစ်ဦးရဲ့ အလောင်းတွေလည်း ရှာလို့ မတွေ့ဘူးလို့ သူက ဆက်ပြောပါတယ်။ ” မင်းတံတား ကားကြီးကွင်းနားက အိမ်ပေါ် ပေါင် ၅၀၀(ဗုံး) တည့်တည့်ကျတာ။ သူတို့က အိပ်နေတာ။ ပတ်ဝန်းကျင်က တော့ သိတယ်ပေါ့။ ဒါပေမယ့် အိမ်လိုက်ကြီးပျောက်သွားတာဆိုတော့ […]

အပြည့်အစုံဖတ်ရန်

ကွတ်ခိုင်ကိုစစ်ကောင်စီလေကြောင်းဗုံးကြဲလို့ အရပ်သား ခြောက်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

August 5, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဒီမနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ခြောက်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ကို ထိန်းချုပ်ထားတဲ့ တအာင်းတပ်(TNLA) က ထုတ်ပြန်ပါတယ်။ ဒီမနေ့မနက် ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၂)က ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦးသေဆုံးခဲ့ရသလို ခုနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြ ပါတယ်။ စစ်ကောင်စီက TNLA ထိန်းချုပ်မြို့တွေကို ဆက်တိုက်ဗုံးကြဲနေတာကြောင့် ဒီလအတွင်း အရပ်သားသေဆုံးမှု မြင့်တက်နေပြီး မနေ့တုန်းကလည်း မိုးကုတ်မြို့ပေါ်ကို ဗုံးကြဲတာကြောင့် ရှစ်ဦးသေကာ ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ ဒါအပြင် သူတို့ထိန်းချုပ်တဲ့ မန္တလေးတိုင်း၊ […]

အပြည့်အစုံဖတ်ရန်

စလင်း၊ တညောင်တိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်

August 5, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃၀ (မော်ကွန်း) မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်တွေက ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲမှာ ရဲရှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးကိုတော့ လက်ရဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ တညောင်တိုက်နယ်ရဲစခန်းဟာ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း-ဆိပ်ဖြူ-ချောက် ကားလမ်းမှာရှိပြီး ဒီနေ့မနက် ၅ နာရီခန့်မှာ စလင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာနဲ့ ပစ်ကူသုံးကြိမ်ပေးခဲ့ပေမယ့် တိုက်ပွဲအတွင်း ရဲစခန်းဘန်ကာတွေကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ G-3 ငါးလက်၊ MA-13 တစ်လက်နဲ့ ကျည်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ စလင်း ပ.က.ဖ […]

အပြည့်အစုံဖတ်ရန်

မြစ်ရေတွေပြန်လည်ကျဆင်းတော့မယ်လို့ မိုးဇလထုတ်ပြန်

August 5, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၃၁ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းက မိုးဆက်တိုက်ရွာသွန်းပြီး စိုးရိမ်ရေမှတ်အထက်ကိုမြင့်တက်ခဲ့တဲ့ မြစ်ငါးစင်းဟာ မြစ်ရေပြန်လည်ကျဆင်းနေပြီး မြစ်တချို့မှာတော့ စိုးရိမ်ရေမှတ်အောက်ကို ကျဆင်းလာမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီမနက်ထုတ်ပြန်ပါတယ်။ လက်ရှိမှာ သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ သောင်ရင်းနဲ့ ဘီးလင်းမြစ်တွေဟာ စိုးရိမ်ရေမှတ်အထက်တွေကို ရောက်နေပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတာပါ။ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းအရှေ့ပိုင်းက တောင်ငူ၊ မဒေါက်၊ ထန်းတပင်နဲ့ အုတ်တွင်းမြို့တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံထောင်နဲ့ချီရေဘေးသင့်ခဲ့ပြီး ၎င်းဒေသခံတွေကို ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ထားရပါတယ်။ ဒီနေ့မနက်ပိုင်း တိုင်းထွာအချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်မှာ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်ကျော်လွန်နေပြီး တစ်ရက်အတွင်းမှာ ပေဝက်ခန့်ပြန်လည် ကျဆင်းသွားမယ်လို့ မိုးဇလရဲ့ မြစ်ရေကြီးမှုအခြေအနေ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ၎င်းစစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်အထက် ငါးပေထိ ကျော်လွန်နေရာက […]

အပြည့်အစုံဖတ်ရန်

သံလွင်မြစ်ရေဆက်လက်မြင့်တက်လာတာကြောင့် ဘားအံမှာ ရေဘေးသင့်သူတွေ ထပ်မံရွှေ့ပြောင်း​ရွှေ့ရ

August 5, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၁ (မော်ကွန်း) ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ဒီမနက်ပိုင်းမှာ ဆက်လက်မြင့်တက်ခဲ့တာကြောင့် ဒေသခံတချို့ကို မြို့ခံကူညီကယ်ဆယ်ရေး အဖွဲ့တွေက ထပ်မံရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ၎င်းကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထဲက စတင်မြင့်တက်ခဲ့တဲ့ သံလွင်မြစ်ရေဟာ ဒီနေ့ထိ ဆက်လက်မြင့်တက်လာတာကြောင့် ဘားအံမြို့ပေါ်က ယခင် ရေမဝင်ရောက်သေးတဲ့ ရပ်ကွက်တချို့လည်း ရေဝင်ရောက်လာပြီး တစ်မြို့လုံးနီးပါး ရေကြီးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ “ပြီးခဲ့တဲ့ရက်တည်းက ရွှေ့ပြောင်းထားတာအများကြီးရှိတယ်ပေါ့။ ဒီမနက်တော့ နည်းနည်းထပ်ပြီး ရွှေ့ပြောင်းပေးရတယ်။ အားလုံးကတော့ ကယ်ဆယ်ရေးစခန်းတွေက မပြန်ရသေးဘူးပေါ့” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မာဃလူမှုကယ်ဆယ်ရေးအသင်းက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ဘားအံမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၂၄ ခုထိ ဖွင့်လှစ်ထားရပြီး လူပေါင်း တစ်သောင်းလေးထောင်ကျော်ကို လက်ခံထားရတာပါ။ ဒီရက်ပိုင်းမှာ မိုးမရွာတော့ပေမယ့် […]

အပြည့်အစုံဖတ်ရန်

သမိုင်းဝင် တာမွေအစ္စလာမ်သင်္ချိုင်းကို အလှူရှင်မြေး၊ မြစ်ဆိုသူတွေလာလုနေလို့ကာကွယ်နေရ

August 5, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၁ (မော်ကွန်း) အာဇာနည်ပုဂ္ဂိုလ်ကြီးတချို့ မြုပ်နှံထားတဲ့ သမိုင်းဝင် တာမွေအစ္စလာမ်သင်္ချိုင်းကို အလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတွေနဲ့ လုပ်ငန်းရှင်တချို့ပေါင်းပြီး လုယူဖို့ ကြိုးပမ်းနေတဲ့အတွက် အသည်းအသန်ကာကွယ်နေရတယ်လို့ အဲဒီသင်္ချိုင်းရဲ့ ဂေါပကအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဦးရာဇက်နဲ့ ရဲဘော်ကိုထွေးလို အာဇာနည်ပုဂ္ဂိုလ်တွေအပြင် ကျားဘညိမ်းလို ထင်ရှားတဲ့လက်ဝှေ့အကျော်အမော်တွေကိုမြုပ်နှံထားတဲ့ ဒီသင်္ချိုင်းရဲ့ အကျယ်အဝန်းက ၁၇ ဧကကျော်ရှိပြီး ဒီအထဲက ကိုးဧကခန့်ကိုဖဲ့ထုတ်ယူဖို့ သင်္ချိုင်းအလှူရှင်ရဲ့ မြေး၊ မြစ်ဆိုသူတစ်စုက ကြိုးပမ်းနေတာလို့ သူကပြောပါတယ်။ “ သင်္ချိုင်းကိုလှူခဲ့တဲ့အလှူရှင်တွေရဲ့ မြေး၊ မြစ်တွေက သောင်းကျန်းနေတာ။ ဒီကောင်တွေက ၁၉၂၁ ခုနှစ်ကတည်းက လှူဒါန်းခဲ့တဲ့သင်္ချိုင်းမြေကွက်ကြီးကို ကျွန်တော်တို့ ဂေါပကအဖွဲ့မသိအောင် တရားရုံးမှာ ဒီဂရီယူသွားတယ်” လို့ ဂေါပကအဖွဲ့ဝင်က ပြောပါတယ်။ ရွှေဂုံတိုင်လမ်းနဲ့ ဗညားဒလလမ်းဆုံအနီး ယခုအိုးရှင်းဈေးဝယ်စင်တာအနောက်ဘက်မှာတည်ရှိတဲ့၊ ကိုလိုနီခေတ်ကတည်းက လှူဒါန်းခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်
1 … 3 4 5 6 7 8 9 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."