သတင်းများ

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ယင်းမာပင်မှာ အရပ်သားတစ်ဦး သေဆုံး

August 23, 2024

ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေထိမှန်လို့ အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ နံနက်ပိုင်းကနေ ည ၁၀း၃၀ လောက်ထိ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။ “မနက်က တစ်ယောက်ထိတယ် နေ့လည် တစ်ယောက်ထိတယ်၊ မနက်ကတော့ ဂုဏ်တောရွာကလို့သိရတယ်၊ နေ့လည်ကတော့ ဘိန်းနွယ်ချောင်ကဗျ၊ အသက် ၅၅နှစ်အရွယ်အမျိုးသားရဲ့ ခြေသလုံးကိုထိမှန်သွားတာ ဒဏ်ရာရပေမယ့် အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး “လို့ ဒေသတွင်းရပ်ကျေး ပအဖအဖွဲ့ဝင်တဦးက မော်ကွန်းကိုပြောပါတယ်။ ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာက လက်နက်ကြီးထိမှန်သူကတော့ မနေ့ညက ဆေးရုံမှာ ဒဏ်ရာတွေနဲ့ကွယ်လွန်သွားခဲ့တယ်လို့ လိုက်ပါကူညီသူဆီကသိရပါတယ်။ သူ့ရွာကနေ ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာကို […]

အပြည့်အစုံဖတ်ရန်

စစ်မှုထမ်းရန် ညောင်တုန်းမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့သူနောက်လိုက်တွေ အိမ်ပေါ်ထိအတင်းတက်ခေါ်နေ

August 23, 2024

ညောင်တုန်း – ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း) စစ်မှုထမ်းဖို့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ နေအိမ်တွေပေါ်ထိ အတင်းလိုက်ဆွဲ ခေါ်နေတယ်လို့ မြို့ခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ စစ်မှုထမ်းဖို့ မဲမပေါက်ပေမယ့်လည်း အခုလို အိမ်တွေထိလိုက်လံခေါ်ယူနေတာဖြစ်ပြီး မနေ့ညကဆို အမှတ် (၆) ရပ်ကွက်မှာနေထိုင်တဲ့ လူငယ်ခြောက်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နဲ့ နောက်လိုက်တွေက ခေါ်သွားတာလို့ မြို့ခံကပြောပါတယ်။ “ခုက လူကြီးတွေပါခေါ်တာ၊ တွေ့တဲ့လူဆွဲဘဲ။ ယောက်ျား မိန်းမအကုန်။ အသိအိမ်မှာလုပ်တဲ့ အဖေရယ် သားနှစ်ယောက်ရယ်ကို သုံးယောက်စစ်မှုထမ်းရမယ်လာပြောလို့ မိသားစုလိုက်ပြေးရပြီ”လို့ နောက်ထပ်မြို့ခံတစ်ဦးကပြောပါတယ်။ လက်ရှိညောင်တုန်းမြို့ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့မဲပေါက်သူတွေ မလိုက်လိုပါက လူစားထိုးကြေး ကျပ်သိန်း ၇၀ ပေးဖို့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက တောင်းတယ်လို့ မြို့ခံကပြောပြတယ်။ လူစားထိုးဖို့ ရတဲ့ […]

အပြည့်အစုံဖတ်ရန်

မြဝတီမှာ ဆန်တစ်အိတ် ကျပ်နှစ်သိန်းခွဲကျော်ထိရှိလာ

August 23, 2024

မြဝတီ – ၂၀၂၄ ဩဂုတ် ၂၁ (မော်ကွန်း) ကေအဲန်ယူ- တပ်မဟာ ၆၊ မြဝတီမြို့မှာ ဆန်တစ်အိတ် ကျပ်နှစ်သိန်းခွဲကျော်ထိရှိလာပြီလို့ ဒေသခံတွေဆီက သိရှိရပါတယ်။ လက်ရှိ ဆန်ရောင်းဝယ်တဲ့ဆိုင်တွေမှာ ဆန်တစ်အိတ်ကို အမြင့်ဆုံး ၂၆၀,၀၀၀ ကျပ်ရှိပြီး အနိမ့်ဆုံးဈေးကတော့ ၁၃၀,၀၀၀ ကျပ်ရှိနေပါတယ်။ မနှစ်က မြဝတီမြို့မှာ အမြင့်ဆုံး ဆန်ဈေး ၅၀,၀၀၀ ကျပ်အောက်ပဲ ရှိတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။ မြဝတီ – ကော့ကရိတ် အာရှလမ်းမအသုံးပြုလို့မရတော့တဲ့နောက်ပိုင်းနဲ့ မြန်မာကျပ်ငွေဖောင်းပွမှုတွေ ပိုများလာတဲ့နောက် ဆန်ဈေးတွေဟာ သယ်ယူပို့ဆောင်ရေးစရိတ်တွေနဲ့အတူ ကြီးမြင့်လာတာပါ။ လက်ရှိမှာတော့ အာရှလမ်းမမှာ သင်္ကန်းညီနောင်ကနေ ကော့ကရိတ်မြို့စပ်လောက်ထိ ကော်ဘရာစစ်ကြောင်းက ထိန်းချုပ်ထားပြီး လမ်းပိတ်ထားတာကြောင့် ခရီးသွားလာသူတွေနဲ့ ကုန်ကားတွေဟာ KNU-KNLA (PC) အဖွဲ့နယ်မြေထဲက ထို့ကော်ကိုးလမ်းကို အဓိကထားသွားလာနေကြရတာပါ။ […]

အပြည့်အစုံဖတ်ရန်

ဂွမြို့နယ်သားအများစု စစ်ရှောင်နေကြပြီ

August 23, 2024

ဂွ – ၂၀၂၄ ဩဂုတ် ၂၁ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်က ဒေသခံအများစုဟာ စစ်ဘေးရှောင်နေကြပြီး မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေပြီလို့ ကျန်ရစ်ခဲ့သူ မြို့ခံတချို့ကပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့နယ်ထဲက ကျိန္တလီမြို့အထိ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေရဲ့တိုက်ပွဲတွေ ရောက်ရှိလာပြီးနောက်မှာ ဂွမြို့အပါအဝင် အဲဒီမြို့နယ်ထဲက ဆပ်သွား၊ ကျိန္တလီမြို့ခံတွေပါ စစ်ဘေးရှောင်နေရတာပါ။ ဂွမြို့နယ်နဲ့ကပ်လျှက်က သံတွဲကို AA ဝင်သိမ်းတဲ့အခါ စစ်ရှောင်လာကြသူတွေလည်း အခု ဂွဒေသခံတွေနဲ့အတူ ထပ်မံ စစ်ဘေး ရှောင်ကြရတယ်လို့ ဒေသခံတချို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ မိုင် ၄၀ နီးပါးကွာဝေးသေးတဲ့ မြို့ခွဲတစ်ခုပါ။ ဒီလ ဒုတိယအပတ်ကစတင်ပြီး ကျိန္တလီမြို့ပေါ်ထိ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကောင်စီက မြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဈေးတွေနဲ့ နေအိမ်အဆောက်အအုံတွေ […]

အပြည့်အစုံဖတ်ရန်

ဒီပဲယင်းကို စစ်ကောင်စီပြန်သိမ်းပြီးနောက် အိမ်တွေ မီးရှိုခံနေရ

August 23, 2024

ဒီပဲယင်း – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊​ ဒီပဲယင်းမြို့ကို စစ်ကောင်စီက တော်လှန်ရေးတပ်တွေထံကနေ ပြန်လည်ရယူပြီးနောက် မြို့နေပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလ ၁၅ ရက်က စတင်ပြီး ဒီပဲယင်းမြို့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ သုံးရက်အကြာမှာ မြို့ကိုရရှိခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ စစ်အင်အားတွေတိုးချဲ့ပြီး ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီနေ့ ညပိုင်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ပြန်လည်စွန့်လွှတ်ခဲ့ရပါတယ်။ လက်ရှိမှာ စစ်ကောင်စီက ဒီပဲယင်းမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး စစ်ရေးအခြေအနေတင်းမာနေသလို ပြည်သူတွေကိုလည်း မြို့ထဲပြန်မဝင်ကြဖို့ပြောဆိုထားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ပြန်ဝင်လာကတည်းက အိမ်တွေကို မီးရှို့နေတာ။ မနေ့ ညနေ ၅း၀၀ နာရီအချိန်ထိ မီးခိုးတွေမြင်နေရတယ်။ နေအိမ်အများအပြား မီးလောင်ကျွမ်းတဲ့ အနေထားရှိတယ်”လို့ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်မြို့ အဝင်အထွက် စစ်ကောင်စီပိတ်ဆို့

August 23, 2024

တောင်ကုတ်- ၂၀၂၄ သြဂုတ်၂၂ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ အဝင်အထွက် ဖြတ်သန်းသွားလာမှုကို စစ်ကောင်စီတပ်က ပိတ်ပင်တားမြစ်လိုက်လို့ လူမှုစီးပွားပိုမိုခက်ခဲသွားတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ တောင်ကုတ်မြို့မှာရှိတဲ့ ကြိုးကြာကွင်းဂိတ်၊ ဖုံညိုလိပ်ဂိတ်၊ တက္ကသိုလ်ဂိတ်နှင့် ဘုတ်ဆိပ်တွေကို ပြီးခဲ့တဲ့နှစ်ရက်ကစလို့ ပိတ်လိုက်တာဖြစ်ပြီး မလိုက်နာသူတွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားကြောင်း တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။ ” ဈေးရောင်းဈေးဝယ်တွေနဲ့ ခရီးသွားလာနေတဲ့သူတွေကို ဖုန်းတွေ အတင်းအကျပ်စစ်ဆေးတာမျိုး၊ ပါလာတဲ့ကုန်ပစ္စည်းတွေကို သိမ်းထားလိုက်တာမျိုးတွေရှိပါတယ်။ နောက်နေ့တွေကစပြီး မြို့ထဲမဝင်ရဘူးဆိုတဲ့ သတိပေးချက်ကိုလည်း သူတို့(စစ်ကောင်စီ)ဆီက တစ်ဆင့်သိရတာပါ။ အဝင်အထွက်လုပ်ရင် ဖမ်းမယ်လို့လည်း ပြောထားပါတယ်။ ဂိတ်တွေမှာလည်း လူအင်အားထပ်ထိုးနေတာတွေတော့ တွေ့နေရတယ်” လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။ အခုလို ဝင်ထွက်သွားလာမှုတွေကို ပိတ်ပင်လိုက်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး အဆင်မပြေမှုတွေဖြစ်ပြီး စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” မြို့ထဲကလူက […]

အပြည့်အစုံဖတ်ရန်

ဗန်းမော်မြို့ခံတွေ တိမ်းရှောင်ချင်ပေမယ့် လမ်းပိတ်နေတာကြောင့် ထွက်မရဖြစ်နေ

August 23, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း) ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးထိ တိုက်ပွဲတွေနီးကပ်လာပြီးနောက်မှာ မြို့ခံတွေ မြို့ကထွက်ချင်ပေမယ့် ကားလမ်းတွေပိတ်နေတာကြောင့် မြို့ကနေတိမ်းရှောင်ဖို့ အဆင်မပြေဖြစ်နေတယ်လို့ ဗန်းမော်ဒေသခံတချို့က ပြောပါတယ်။ အခုလ ၂၀ ရက်မှာ ဗန်းမော်မြို့နဲ့ ငါးမိုင်အကွာအဝေးရှိတဲ့ ကောင်ဂျာယန်ရွာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဗန်းမော်မြို့နဲ့ အနီးတဝိုက်ထိ တိုက်ပွဲတွေရောက်လာတာပါ။ မနေ့ကညထိ ဗန်းမော်မြို့ကနေ လက်နက်ကြီးပစ်ခတ်သံတွေ တစ်ညလုံးကြားနေရပြီး မြို့တွင်းမှာ ကျန်ရစ်နေသေးတဲ့ဒေသခံတွေက တိုက်ပွဲတွေ ဗန်းမော်ြမို့ကို ရောက်လာမှာကို စိုးရိမ်နေကြတာပါ။ ပြီးခဲ့တဲ့လ ၂၁ ရက်မှာ စစ်ကောင်စီက ကချင်ပြည်နယ်တစ်ခုလုံးနီးပါးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာကြောင့် ဗန်းမော်မြို့နဲ့ အဆက်အသွယ်ပြတ်တောက်နေတာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး နေအိမ်မှာကျန်ခဲ့တဲ့မိသားစုကို စိုးရိမ်တယ်လို့ ဗန်းမော်မြို့ကနေ မန္တလေးကို […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်မှာစစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံး

August 23, 2024

တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၂ ( မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့လယ်ပိုင်းမှာ တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ တောင်ကုတ်မြို့နဲ့ လေးမိုင်ခန့်ဝေးတဲ့ မီးချောင်းထိုးကျေးရွာနဲ့ တောင်ကုတ်ကနေရှစ်မိုင်ကျော်ဝေးတဲ့ မိုးတောင် တောင်တန်းတွေကို လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ” နေ့လယ်ကတည်းက လေယာဉ်သုံးစီးအပြိုင်လာပြီး ပစ်သွားတာပါ။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ကျချင်တဲ့နေရာကျ၊ ဒလဟောလျှောက်ပစ်သွားတာ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ညနေပိုင်းမှာ ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြောက်လန့်တကြား ထွက်ပြေးနေကြရပြီး ဗုံးကြဲချမှုကြောင့် မီးချောင်းထိုးရွာသူ မယုနန္ဒာထွန်း(၂၇)သေဆုံးခဲ့ရပြီး အိမ်သုံးလုံး ပျက်စီးခဲ့ပေမယ့် အသေးစိတ်ကို စုံစမ်းဆဲလို့ သူက ဆက်ပြောပါတယ်။ ဒီလ […]

အပြည့်အစုံဖတ်ရန်

မြိုင်နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က ကိုးဦးသေဆုံး၊ ငါးဦးအရှင်ဖမ်းမိ

August 23, 2024

မြိုင် – ၂၀၂၄ ဩဂုတ် ၂၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ သေဆုံးစစ်သားတချို့နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ ဓါတ်ပုံ – အညာမြေတပ်ပေါင်းစု မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်းမှာ အခြေချနေတဲ့ အင်အား ၇၀ ခန့်ပါ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုံးရက် တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ဆီက သိရပါတယ်။ “ပထမနှစ်ရက်က ပြင်းပြင်းထန်ထန်မဟုတ်ဘူး၊ သူတို့တွေရဲ့ လှုပ်ရှားမှု၊ ဖွဲ့စည်းမှု၊ စစ်ရေးအဆုတ်အတက်လှုပ်ရှားမှုကို စောင့်‌ကြည့်နေတာပေါ့၊ ထိတွေ့မှုလေးတွေတော့ဖြစ်တယ်၊ အင်အားချင်းစမ်းတဲ့ အနေအထားလေးတွေပေါ့၊ ၂၁ရက်နေ့ကျမှ မနက်ကနေ ညအထိ တိုက်ခိုက်ခဲ့တာပါ”လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က မော်ကွန်းကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က ကိုးဦးသေဆုံးပြီး ငါးဦးအရှင်ဖမ်းမိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူကပြောပါတယ်။ မြိင်မြို့နယ်၊ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ အနန်းကွင်းကျေးရွာကလူနေအိမ်တွေ အထိများနေ

August 20, 2024

ဝင်းရေး – ၂၀၂၄ ဩဂုတ် ၂၀ (မော်ကွန်း) ကေအဲန်ယူ- တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်၊ အနန်းကွင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနေအိမ်တွေ အပျက်အစီးများတယ်လို့ အနန်းကွင်း၊ ရှေ့တန်းတော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ “တစ်နေကုန်ပစ်တယ်၊ ဒရုန်းနဲ့ရော လက်နက်ကြီး ၁၂၂ မမ နဲ့ ၁၅၅ မမတွေရော လှမ်းပစ်ကြတယ်”လို့ သူက ပြောပါတယ်။ အနန်းကွင်းရွာမှာ အခြေချတဲ့ ဗျူဟာစခန်းကုန်းထဲကနေ ပစ်ခတ်တာမဟုတ်ဘဲ သံဖြူဇရပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၆၁ နဲ့ ဝဲကလီရွာက စစ်တပ်စခန်းတွေကနေ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်ပါတယ်။ အနန်းကွင်းရွာက အာဏာသိမ်းစစ်တပ်စခန်းကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူနိုင်ဖို့ တိုက်ခိုက်နေတာ အချိန်တစ်ခုကြာမြင့်လာပြီး အခုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ချဉ်းကပ်မှုတွေရှိလာပါတယ်။ အနန်းကွင်းစခန်းကစစ်သားတွေကို ကေအဲန်ယူဘက်က […]

အပြည့်အစုံဖတ်ရန်

ရေးမြို့နယ်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာ

August 20, 2024

ရေး – ၂၀၂၄ ဩဂုတ် ၂၀ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြကျေးရွာမှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) နဲ့ အာဏာသိမ်းစစ်တပ်တို့ပူးပေါင်းထားတဲ့အဖွဲ့နဲ့ ကေအဲန်ယူ တပ်မဟာ ၆ တပ်ဖွဲ့တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တစ်နာရီကြာပစ်ခတ်မှုမှာ အာဏာသိမ်းစစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး ရွာထဲက နွားနှစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မနေ့က မွန်းလွဲ ၃း၀၀ နာရီလောက်မှာ ရေးမြို့နယ်၊ ဒုံဖီအုပ်စု၊ စံပြရွာထဲကို KNLA တပ်ရင်း ၂၇၊ တပ်ခွဲ ၃ က စစ်သားတစ်ဦး ပြန်လာတဲ့အချိန် DKBA က ဗိုလ်သိန်းတန်အဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဘက်က စတင်ပစ်ခတ်တာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ၎င်းဒေသခံကပြောပါတယ်။ “ရွာထဲမှာ ပြန်လာတဲ့ ကေအဲန်ယူတပ်သားတွေက သူတို့က စံပြရွာသားတွေပဲလေ၊ စစ်သားလုပ်ကြတာ၊ သူတို့အလည်ပြန်လာတာ၊ စစ်ကောင်စီတွေ့တော့ […]

အပြည့်အစုံဖတ်ရန်

အင်းတော်မှာ တိုက်ပွဲဖြစ်နေတာကြောင့် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းပိတ်ထားရ

August 20, 2024

ရန်ကုန် – ဩဂုတ် ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းကို အင်းတော်မြို့အနီးမှာ ပိတ်ထားရတာ သီတင်းပတ်တစ်ပတ်နီးပါး ကြာမြင့်နေပြီလို့ ဒေသခံတချို့က ပြောပါတယ်။ အခုလ ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အင်းတော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်ထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မန္တလေး-မြစ်ကြီးနားကားလမ်းကိုတော့ တိုက်ပွဲမဖြစ်ခင် တစ်ရက်တည်းကကြိုပြီး စစ်ကောင်စီဘက်က ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “ လမ်းကိုပိုင်းဖြတ်ပြီး အင်းတော်မရောက်ခင် မြစ်ကြီးနားအထက်ပိုင်းကဆင်းတဲ့လမ်းရော၊ ရွှေဘိုက တက်လာမယ့်လမ်းတွေရော ပိတ်ထားတယ်” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။ တိုက်ပွဲစဖြစ်တဲ့ရက်မှာ အင်းတော်မြို့က ဒေသခံသောင်းနဲ့ချီကာ မြို့ကိုစွန့်ခွာထွက်ပြေးကြရပြီး ဒီနေ့ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ အင်းတော်မြို့ဒေသခံတချို့က‌ ပြောပါတယ်။ “အခုဖုန်းလိုင်းက အဲဒီဘက်ကခေါ်မှရတယ်။ ဖုန်းလိုင်းတော့ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 7 245

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."