သတင်းများ

တော်လှန်ရေးတပ်တွေတိုက်လို့ ပဲခူးအရှေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရှစ်ဦးသေ

September 3, 2025

ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း) ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ရှစ်ဦးသေပြီး အများအပြားဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီစစ်ကြောင်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ နဂါးနီတပ်ရင်း(P-29903)၊ အမှတ် (၃၅၀၂) တပ်ရင်းနဲ့ KNLA တပ်ရင်း(၈)တို့ မနေ့တုန်းက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားသလို လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနဟာ အထူးတိုင်းစစ်ဌာနတစ်ခု ထပ်ဖွဲ့ပြီး ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းတွေမှာ စစ်ရေးဖော်ဆောင်မယ်လို့ ထုတ်ပြန်ထားပြီး သူတို့လှုပ်ရှားနယ်မြေတွေအတွင်း စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝခွင့်မပြုဘူးလို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

သံတွဲက စစ်ရှောင်တွေကို ဆန်အိတ် တစ်ထောင်ကျော် HCDO ထောက်ပံ့

September 3, 2025

ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း) သံတွဲမြို့နယ်ထဲက စစ်ဘေးရှောင် ၇,၀၀၀ ကျော်ကို ဆန်အိတ် ၁,၀၀၀ ကျော် ထောက်ပံ့ထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်(ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HCDO) က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်း ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက တိုက်နယ်ကိုးခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေကို အရေးပေါ် စားနပ်ရိက္ခာအဖြစ် ဆန် ၁,၁၆၄ အိတ်ပေးအပ်ခဲ့ပြီး အိမ်ထောင်စု ၂,၁၈၈ က လူဦးရေ ၇,၀၄၉ ကို ပေးအပ်ခဲ့တာလို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တွေက စစ်ဘေးရှောင်တွေဟာ လူသားချင်းစာနာမှုအကူအညီ ရရှိမှု အလွန်းနည်းပါးနေတယ်လို့ HCDO က သတိပေးတယ်။ ကမ္ဘာကျော် ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင် […]

အပြည့်အစုံဖတ်ရန်

ဩဂုတ်လအတွင်း စစ်ကော်မရှင်လေကြောင်းကတိုက်ခိုက်တာကြောင့် ရှမ်းမြောက်မှာ သေဆုံးသူ ၄၆ ဦးရှိ

September 3, 2025

ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း) ပြီးခဲ့တဲ့လ (ဩဂုတ်) တစ်လအတွင်းမှာ တအာင်းတပ် (TNLA) ထိန်းချုပ်မြို့တွေကို စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတာတွေကြောင့် သေဆုံးသူ ၄၆ ဦးထိ ရှိခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ်လတစ်လအတွင်းမှာ TNLA တပ်တွေ စိုးမိုးထားတဲ့ ရှမ်းမြောက်က ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့တွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုတွေမှာ သံဃာတော်၊ သီလရှင်၊ ကလေးငယ်တွေအပါအဝင် ပြည်သူလူထု ၄၆ ဦးသေဆုံးကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်ပေါင်း ၁၀၀ ကျော် နဲ့ အခြားအဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ […]

အပြည့်အစုံဖတ်ရန်

KNU စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ တိုက်ခိုက်လို့ ကျောင်းသားနဲ့ဆရာမဒဏ်ရာရ

September 3, 2025

ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်းက စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲတဲ့အတွက် ကျောင်းထိခိုက်ပျက်စီးသွားပြီး ဆရာမတစ်ဦးနဲ့ ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU- ဖားအံခရိုင်က ဒီမနက်သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီခန့်မှာ KNU ထိန်းချုပ်နယ်မြေ၊ တာကရယ်မြို့နယ်(ပိုင်ကျုံမြို့နယ်)အတွင်းက နော်တခီးရွာမှာရှိတဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD) လက်အောက်က ကော်သူးလေကျောင်းအမှတ်(၇၀၈၂) ဖြစ်တဲ့ နော်တခီးအခြေခံ ပညာအလယ်တန်းကျောင်းကို စစ်ကော်မရှင်က ကာမီကာဇယ်ဒရုန်းနဲ့ဗုံးကြဲတာဖြစ်ပြီး ကျောင်းတက်နေချိန်မို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။ စာသင်ကျောင်းကို ဒရုန်းအသုံးပြုဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ မထုတ်ပြန်ပါဘူး။ KNU ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးအရှေ့ခြမ်းဒေသတွေမှာ စစ်ကော်မရှင်ကို တိုက်ခိုက်ခုခံနေပြီး ပဋိပက္ခစောင့်ကြည့်တဲ့ သုတေသနအဖွဲ့ ISP မြန်မာရဲ့ အချက်အလက်တွေအရ ထိုင်း-မြန်မာနယ်နမိတ် […]

အပြည့်အစုံဖတ်ရန်

ဒီးမော့ဆိုအနောက်ခြမ်းကစစ်ရှောင်ရွာတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်နေ

September 3, 2025

ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၉ (မော်ကွန်း) ကရင်နီဒေသ ဒီးမော့ဆိုမြို့အနောက်ခြမ်းကစစ်ဘေးရှောင်စခန်းဖွင့်ထားတဲ့ရွာတွေကို ဒီရက်ပိုင်းမှာ စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ ကရင်နီဒေသက ဒီးမော့ဆိုအနောက်ခြမ်း ဖရူဆို-ဒီးမော့ဆို လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဟာ မြေပြင်စစ်ကြောင်းတွေလည်း ပို့လွှတ်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားတဲ့ ပဒုံငံ၊ ကွိုင်ငံရွာသစ်တွေကို လက်နက်ကြီးတွေ၊ အတွဲလိုက်ပစ်ဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ “မနေ့ကတော့ စစ်ကြောင်းကအရမ်းကပ်လာတယ်၊ လက်နက်ကြီးသံတွေအရမ်းနီးလာလို့ အရေးပေါ် ရွှေ့ပြောင်းပေးထားတယ်။ သူတို့က အရင်ကတည်းက စစ်ရှောင်လာတဲ့သူတွေပဲ၊ ထပ်ပြီးရှောင်ရတာပေါ့။ နေရာရွှေ့ပြောင်းဖို့ ဆီဖိုးတွေ၊ တခြားအကူအညီတွေတော့လိုပါတယ်။” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကော်မရှင်ဟာ ဂုတ်တွင်းတံတားကိုထိန်းချုပ်လိုက်ပြီး ကျောက်မဲမြို့နဲ့အနီးဆုံးရွာတွေထိ ထိုးစစ်ဆင်လာ

September 1, 2025

ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁ (မော်ကွန်း) စစ်ကော်မရှင်တပ်ဟာ နောင်ချိုနဲ့ ကျောက်မဲမြို့ကြားက ဂုတ်တွင်းတံတားကို ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကျောက်မဲမြို့နဲ့ အနီးဆုံးရွာတွေထိထိုးစစ်ဆင်လာပြီး တအာင်းတပ် (TNLA) တပ်တွေနဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကျောက်မဲဒေသခံတချို့က ပြောပါတယ်။ မနေ့ကညပိုင်းကနေ ဒီမနက်အစောပိုင်းထိ ကျောက်မဲမြို့အဝင် စခန်းသာရွာနဲ့ နောင်ပိန်ရွာအကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ကျောက်မဲဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က ညပိုင်းနဲ့ အစောပိုင်းမှာ အသံတွေကြားရတယ်။ ကျောက်မဲမြို့ပေါ်နဲ့ဆို သိပ်မလိုတော့ဘူးလေ၊ ငါးမိုင်၊ ၁၀ မိုင်ပတ်လည်လောက်ပဲရှိတော့တယ်။ ဒီနေ့တော့ နည်းနည်း ပြန်ငြိမ်နေတယ်” ၎င်းကျောက်မဲဒေသခံက ပြောပါတယ်။ ကျောက်မဲမြို့ပေါ်မှာ ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရသလို နေအိမ်စောင့်နေတဲ့သူတွေ၊ စစ်ဘေးမရှောင်သူတွေလည်း မြို့ပေါ်မှာရှိနေသေးပြီး တိုက်ပွဲတွေကြောင့်နေအိမ်တွေ ထိခိုက်ပျက်စီးမှာကိုလည်း ဒေသခံတချို့က စိုးရိမ်နေပါတယ်။ “အရင်ရှောင်ပြီးပြန်နေတာ […]

အပြည့်အစုံဖတ်ရန်

မလွှဲတောင်ဂိတ်နဲ့ ကလိန်အောင်မြို့ကြားတိုက်ပွဲဖြစ်နေလို့ ကားတွေရာနဲ့ချီပိတ်မိနေ

August 30, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၉ (မော်ကွန်း) မော်လမြိုင် – ထားဝယ်ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းရဲ့ ရေးမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်နဲ့ ကလိန်အောင်မြို့ကြားလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသည်တင်ကားနဲ့ အိမ်စီးကားတွေရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတချို့က‌ပြောပါတယ်။ ရန်ကုန်ကနေ မြိတ်၊ ထားဝယ်ထိ ဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းမှာ ပြီးခဲ့တဲ့သုံးရက်ထဲက တိုက်ပွဲတွေစတင်ဖြစ်လာတယ်လို့ ၎င်းလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့က ပြောပါတယ်။ “၂၆ ရက်နေ့က ထားဝယ်ကနေတက်သွားတဲ့ကားတွေအကုန် အဲဒီ့မလွှဲတောင်မှာ ပိတ်မိနေတယ်။ အနောက်လည်းပြန်လှည့်လို့မရဘူး၊ ကြားညပ်နေတာပေါ့။ မနေ့ကလည်း ထပ်ပြီးတော့ တက်သွားတဲ့ကားတွေကတော့ အဲဒီထိကိုတောင် မရောက်တော့ဘူး ထားဝယ်ဘက် အကုန်ပြန်လှည့်ထားတယ်။ အခုဒီနေ့တော့ ဘယ်ကားမှမထွက်ပါဘူး” လို့ မြိတ်-ထားဝယ်-ရန်ကုန် ကားလေးဝန်ဆောင်မှု လုပ်ကိုင်တစ်ဦးက ပြောပါတယ်။ ၎င်းအမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းရဲ့ […]

အပြည့်အစုံဖတ်ရန်

နေပြည်တော်၊ ပျဉ်းမနားနဲ့ တပ်ကုန်းမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေလွှမ်းမိုးနေ

August 27, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၇ (မော်ကွန်း) နေပြည်တော်ကောင်စီနယ်မြေက ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေမှာ မနေ့ကညပိုင်းမှာ ဆက်တိုက်ရွာနေတဲ့မိုးကြောင့် တောင်ကျချောင်းရေလျှံကာ ကျေးရွာတချို့ ရေလွှမ်းမိုးနေပြီး ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ နေပြည်တော်၊ ပျဉ်းမနားနဲ့ တပ်ကုန်းမြို့နယ်တွေထဲ ဖြတ်သန်းစီးဆင်းသွားတဲ့ ဆင်သေချောင်းနဲ့ နဝင်းချောင်းတို့ ချောင်းရေမြင့်တက်ခဲ့ပြီး ၎င်းချောင်းနံဘေးက အနိမ့်ပိုင်းကျေးရွာတချို့ ကို ရေဝင်ရောက်လာတာပါ။ တပ်ကုန်းမြို့နယ်က ညောင်ပင်သာ၊ ဗျိုင်းအင်း၊ မန်ကျည်းပင်ရွာတွေနဲ့ တပ်ကုန်းမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေအထိ ရေကြီးခဲ့ပြီး ဒေသခံ ၃၀၀ ကျော်ကို နေရာရွှေ့ပြောင်းထားရတယ်လို့ တပ်ကုန်းမြို့နယ်က ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။ “ညကတည်းက ရွာတာ မိုးကတော်တော်များတယ်။ တစ်ညလုံးကို သည်းတာ။ မနက်မိုးလင်းတော့ ရေစဝင်လာပြီ။ ညနေပိုင်းမှာတော့ နည်းနည်းပြန်ကျနေပါပြီ” လို့ […]

အပြည့်အစုံဖတ်ရန်

ဒီးမော့ဆို-ဖရူဆိုကားလမ်းပေါ်မှာ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်

August 27, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၇ (မော်ကွန်း) ကရင်နီပြည်နယ် ဒီးမော့ဆို-ဖရူဆို ကားလမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့နှစ်ရက်စပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဒီလဆန်းပိုင်းမှာ ဒီးမော့ဆို-ဖရူဆို ကားလမ်းအတိုင်း စတင်စစ်ကြောင်းထိုးလာပြီး ပြီးခဲ့တဲ့နှစ်ရက်မှာတော့ ဒီလမ်းပေါ်က ငွေတောင်ရွာသစ်အနီးမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ပြန်လည်ခေါ်ဆောင်ကာ တပ်ပြန်ဆုတ်သွားတယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က အသိပေးပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လပိုင်းမှာ ကရင်နီနဲ့ ရှမ်းတောင်ပိုင်းအစပ်ဖြစ်တဲ့ မိုးဗြဲမြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း ဒီးမော့ဆို-မိုးဗြဲလမ်းပိုင်းကို စတင်စစ်ကြောင်းထိုးလာပြီး နန်းမယ်ခုံ၊ ဒီးမော့ဆို မြို့တွေကို ပြန်ထိန်းချုပ်နိုင်ခဲ့ကာ ဖရူဆိုမြို့ဘက်ကို ဒီလထဲမှာ ဆက်လက်စစ်ကြောင်းထိုးလာတာပါ။ ဒီးမော့ဆိုမြို့ပြန်လည်ထိန်းချုပ်နိုင်ပြီး တစ်ပတ်ကျော်အကြာမှာ […]

အပြည့်အစုံဖတ်ရန်

စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို အကြမ်းမဖက်နည်းတွေနဲ့ ဆန့်ကျင်ဖို့ KNU တိုက်တွန်း

August 27, 2025

ရန်ကုန်-၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း) ပြည်သူလူထုအနေနဲ့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ရှောင်ရှားပြီး အကြမ်းမဖက်နည်းတွေနဲ့ ဆန့်ကျင်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဒီနေ့ထုတ်ပြန်သတိပေးပါတယ်။ ဒါပေမဲ့ စစ်ကော်မရှင်က ‘ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’နဲ့ ‘နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ’တွေကို ပြင်ဆင်ပြဌာန်းမှုကြောင့် ပြည်သူလူထုအနေနဲ့ အကြောက်တရားအောက်မှာ မိမိဆန္ဒမပါဝင်ဘဲ ပါဝင်ပေးရမယ့်အခြေအနေကို ကြုံနေရတယ်လို့ KNU က ဖော်ပြပါတယ်။ သို့သော် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းရေးကြိုးပမ်းတဲ့ ဒီရွေးကောက်ပွဲမှာပါဝင်သူတွေဟာ “ အဆိပ်ပင်ရေလောင်းသည့်သမိုင်းတရားခံ” ဖြစ်သွားနိုင်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပတာဟာ အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို မျက်ကွယ်ပြုတာဖြစ်ပြီး “စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲ” ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြတယ်။ KNU […]

အပြည့်အစုံဖတ်ရန်

ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်ပြန်လည်မြင့်တက်လာ

August 27, 2025

ရန်ကုန် – ၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း) ပြီးခဲ့တဲ့တစ်ပတ်က ကျဆင်းခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၇၆ သိန်းကျော်ကို ပြန်ရောက်လာတယ်လို့ ဈေးကွက်စောင့်ကြည့်သူတချို့က ပြောပါတယ်။ ဒီလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၇၈ သိန်းဝန်းကျင်မှာငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ တစ်ကျပ်သား ၇၃ သိန်းဝန်းကျင်ထိ ပြန်လည်ပြုတ်ကျခဲ့တာပါ။ မနေ့က ရုံးဖွင့်ရက် ဈေးကွက်ပြန်အဖွင့်မှာတော့ တစ်ကျပ်သားကို ၇၅ သိန်းကျော်နဲ့ စတင်ဖွင့်လှစ်ခဲ့သလို ဒီနေ့ညနေပိုင်း ဈေးကွက်အပိတ်မှာလည်း တစ်ကျပ်သားကို ၇၆ သိန်းကျော်ထိ ဆက်လက်မြင့်တက်လာတာပါ။ ဒီရက်ပိုင်းမှာ ပြည်တွင်းရွှေဈေးကွက် အတက်အကျကြမ်းနေပြီး ဈေးကွက်မတည်ငြိမ်သေးတာ ကြောင့် အရောင်းအဝယ်တွေ ဂရုစိုက်ဖို့ ရွှေဈေးကွက်စောင့်ကြည့်သူတချို့ကလည်း သတိပေးပါတယ်။ “ကမ္ဘာ့ရွှေဈေးပြန်ထိုးတက်သွားတာလည်းပါတယ်။ ပြည်တွင်းရွှေက ကျလည်းခဏပဲ။ ရွှေဈေးကျတာ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်ကို စစ်ကော်မရှင်လေတပ်ဗုံးထပ်ကြဲ၊ အရပ်သားတစ်ဦးဒဏ်ရာရပြီး ဗုံးတစ်လုံးမကွဲခဲ့

August 27, 2025

မိုးကုတ်-၂၀၂၅ ဩဂုတ် ၂၆ (မော်ကွန်း) မနေ့ကညသန်းခေါင်အချိန်မှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်လေတပ်က ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပေမယ့် တစ်လုံးသာပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ မပေါက်ကွဲဘဲ ကျန်နေတဲ့ဗုံးကို မြို့ကိုထိန်းချုပ်ထားတဲ့ တအာန်းတပ်(TNLA) က ဒီနေ့ လာရောက်ရှင်းလင်းသွားပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ ‘ စည်ပင်သာယာမှာကျတဲ့တစ်လုံးက မြေကမမာဘူး၊ ရွှံ့မှာကျလို့ အဲ့ဒီနားက အိမ်တွေသက်သာသွားတာ။ အဲ့ဒီနားက သုံးထပ်တိုက်ကလည်း လူမနေဘူး။ တခြားအိမ်တွေမှာလည်း သိပ်မထိလိုက်လို့။ မဟုတ်ရင် မနေ့ညကလည်း အများကြီးထိကြမှာ “လို့ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ စည်ပင်သာယာရပ်ကွက်မှာ နေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ စစ်ကော်မရှင်ကြဲတဲ့ ဗုံးတွေဟာ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စည်ပင်သာယာရပ်ကွက်နဲ့ မင်းတံတားရပ်ကွက်ကြားကို ကျခဲ့တာလို့ သူကပြောပါတယ်။ TNLA ကတော့ မိုးကုတ်မြို့ကို စစ်ကော်မရှင်က ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချတာကြောင့် […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."