သတင်းများ

စစ်ကိုင်းမှာ အရပ်သားအစုအပြုံလိုက်သေစေမှု စစ်ကောင်စီထပ်မံကျူးလွန်

July 12, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၁ (မော်ကွန်း) စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဒီနေ့မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုမြောက် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်း၊ ချိုင်းကြီးရွာကနေ ကားလမ်းအနောက်ဘက်ကို ခွဲထွက်သွားတဲ့လမ်းပိုင်းပေါ်မှာရှိတဲ့ လင်းတလူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မီဒီယာဖြစ်တဲ့ PVTV က ဖော်ပြပါတယ်။ “ လောလောဆယ် စစ်ဘေးရှောင်ကလေး၊ လူကြီးစုစုပေါင်း ၃၀ ခန့်သေဆုံး။ နောက်ထပ်သေဆုံးများ ရှိနိုင်သလို ဒဏ်ရာရလည်းများပြားနိုင်” လို့ NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရဦးနေဘုန်းလတ်က သူ့လူမှုကွန်ယက်မှာရေးပေမယ့် တရားဝင်ထုတ်ပြန်မှုမတွေ့ရသေးပါဘူး။ ဒေသတွင်းမီဒီယာတချို့ကတော့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲလို့ အရပ်သားတွေထိခိုက်သေဆုံး

July 12, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၁ (မော်ကွန်း) ရှမ်းမြောက်က ကျောက်မဲမြို့ကို ဒီနေ့မနက် သုံးနာရီလောက်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်(TNLA) က ထုတ်ပြန် ပါတယ်။ ဗုံးဒဏ်ကြောင့် အမျိုးသားတစ်ဦးသေပြီး အမျိုးသမီးတစ်ဦးနဲ့အမျိုးသားလေးဦး ဒဏ်ရာရသလို နေအိမ် လေးလုံးထိခိုက် ပျက်စီးတယ်လို့ ဖော်ပြပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊နောင်ချိုနဲ့ကျောက်မဲမြို့နယ်တွေကို သီတင်းနှစ်ပတ်အတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ခြောက်ဦးသေဆုံးကာ ကလေးနှစ်ဦးအပါအဝင် အရပ်သား ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အိမ်အလုံး ၅၀၊ စာသင်ကျောင်းတစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလေးကျောင်း ထိခိုက်ပျက်စီးခဲ့ ရတယ်လို့ ဖော်ပြပါတယ်။ ရှမ်းမြောက်မှာ TNLA ထံ စစ်ရှုံးထားတဲ့ မြို့ရွာတွေကို တရုတ်အကူအညီနဲ့ ပြန်ရယူဖို့ ကြိုးစားနေတဲ့ […]

အပြည့်အစုံဖတ်ရန်

နောင်ချိုတိုက်ပွဲတွေကြောင့် မန္တလေးနဲ့ရှမ်းမြောက်ဆက်သွယ်ထားတဲ့ကားလမ်းတွေပိတ်ထား

July 11, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း) နောင်ချိုမြို့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေး၊ ပြင်ဦးလွင်တို့ကို ဆက်သွယ်ထားတဲ့ကားလမ်းတွေ ပိတ်ထားတယ်လို့ ၎င်းလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့ ဆီက သိရပါတယ်။ ရှမ်းမြောက်က ကျောက်မဲ၊ သီပေါနဲ့ လားရှိုးမြို့တွေကို ဖြတ်သန်းသွားလာရာမှာ လက်ရှိအသုံးပြုနေရတဲ့ နောင်ချိုမြို့အနီးက နောင်ချို-ဂုတ်တွင်း ကားလမ်းကို ဒီနေ့ကစပြီး TNLA ဘက်က အတက်အဆင်းတွေ အကုန်ပိတ်လိုက်တယ် မန္တလေး-လားရှိုး ခရီးသည်တင်ကား ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။ ၎င်းလမ်းပိုင်းတွေ ပိတ်လိုက်တဲ့အတွက် ရှမ်းမြောက်ကိုတက်မယ့် ခရီးတင်ကားတွေနဲ့ အိမ်စီးကားတွေ ဟာ မန္တလေးနဲ့ ပြင်ဦးလွင်ဘက်ကို ပြန်လှည့်လာကြရတယ်လို့ ခရီးသည်တင်ကား ပြေးဆွဲသူက ပြောပါတယ်။ “ကားတွေအကုန်လုံး နောက်ပြန်လှည့်ရပါတယ်။ အတက်ကောအဆင်းကော ဘယ်ကားမှ ဖြတ်သန်းခွင့်မပေးတော့ဘူး။ ကျွန်တော့်ကားလည်း မန္တလေးကို ပြန်ဆင်းရတယ်” […]

အပြည့်အစုံဖတ်ရန်

MSDF တပ်ဖွဲ့ကနေထုတ်ပယ်တာ တပ်တွင်းအာဏာသိမ်းတာဖြစ်တယ်လို့ ဒေါက်တာသီရိမွန်ချမ်းဆို

July 11, 2025

မွန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း) ဒီနေ့နံနက်မှာ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေရုတ်သိမ်းပြီး ထုတ်ပယ်လိုက်ကြောင်း MSDF Facebook စာမျက်နှာကနေထုတ်ပြန်ခဲ့ပြီး ဒါဟာ အာဏာသိမ်းတာဖြစ်တယ်လို့ ဒေါက်တာသီရိမွန်ချမ်းက မော်ကွန်းကိုပြောပါတယ်။ ထုတ်ပြန်ချက်မှာ ဒေါက်တာသီရိမွန်ချမ်းရဲ့ အပြုအမူ၊ ကြံစည်လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ဆက်လက်ယုံကြည်လက်တွဲဖို့ အဆင်မပြေတော့လို့ မနေ့က (ဇူလိုင် ၉ရက်)မှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကော်မတီဝင်အားလုံးရဲ့ သဘောဆန္ဒအရဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဒေါက်တာသီရိမွန်ချမ်းကတော့ “ဒီကိစ္စကျတော့ လူစုပြီး အာဏာသိမ်းလိုက်တဲ့သဘောပေါ့”လို့ မော်ကွန်းကိုပြောပါတယ်။ အခုလဆန်းပိုင်းက မွန်ပြည်ကာကွယ်ရေးတပ်၊ အတွင်းရေးမှူး နိုင်ကိုသူဟာ တပ်ရင်းကနေ လက်နက်တွေထုတ်ယူတဲ့ကိစ္စ၊ ကျေးရွာလုံခြုံရေးဆီက လက်နက်တွေသိမ်းယူတာနဲ့ပတ်သက်ပြီး တပ်ပုန်ကန်တဲ့သဘောဖြစ်တာကြောင့် တပ်ရင်းမှူးတစ်ဦးကတိုင်ကြားလာတာကြောင့် နိုင်ကိုသူကို အရေးယူဖို့ ပြတ်ပြတ်သားသားအမိန့်ပေးခဲ့တယ်လို့ သီရိမွန်ချမ်းကပြောပါတယ်။ လက်နက်တွေထုတ်ယူတယ်ဆိုတဲ့ အတွင်းရေးမှူး နိုင်ကိုသူကို […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကိုစစ်ကြောင်းထိုးလာတာကြောင့် စစ်ရှောင်တွေထပ်ပြီးစစ်ရှောင်နေရ

July 11, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာတဲ့အတွက် အဲဒီ့ဒေသက စစ်ဘေးရှောင်စခန်းတွေ ထပ်မံပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ၎င်းစစ်ရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ ဒီလ ၁ ရက်မှာ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားခဲ့တဲ့ ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးကာ ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ မိုးဗြဲကို သိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဟာ အင်အားထောင်ချီအသုံးပြုပြီး ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒါ့အပြင် ၎င်းဖယ်ခုံအင်းအရှေ့ဘက်ကရွာတွေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကလည်း ထပ်မံပြီး စစ်ဘေးရှောင်ကြမယ့် အခြေအနေတွေ ဖြစ်လာတာပါ။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ထုတ်ပေးနေပြီး ပိတ်မိနေတဲ့ စစ်ဘေးရှောင်တွေလည်း အများအပြားကျန်နေသေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီ‌ လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မှာ ကလေးနှစ်ဦးသေဆုံး

July 11, 2025

မိုးကုတ်-၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ပန်းမထိပ်ရွာကို စစ်ကောင်စီတပ်က မနေ့ ည ၈း၀၀နာရီ ဝန်းကျင်မှာ လေကြောင်း ဗုံးကြဲခဲ့တာကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်၊ ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က​ ပြောပါတယ်။ “သေဆုံးတာက အသက် ၁၂နှစ်အရွယ်ကလေး နှစ်​ယောက်ပါ၊ ကျား နှစ်ယောက်၊ အမျိုးသမီး ခြောက်ယောက် ထိခိုက်ဒဏ်ရာရပါတယ်” လို့ မိုးကုတ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဗုံးက ပန်းမထိပ်ရွာရဲ့ ဂေါ်ရခါးလူမျိုးစုတွေ အများစုနေထိုင်တဲ့ အပိုင်းကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။ လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်အချို့လည်းထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူများကိုညတွင်းချင်းဆေးကုသမှုပေးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “အိမ်တောင်တုန်တယ်၊ ကြဲပြီးမကြာဘူး၊ လူနာတင် ကားတွေ တက်သွားတာတွေ့လိုက်တာ၊ လေယာဥ်သံကလည်း ကြဲပြီးမှ […]

အပြည့်အစုံဖတ်ရန်

ထင်ရှားတဲ့ နိုင်ကျဉ်းဟောင်းဆရာတော်နဲ့စာရေးဆရာတို့ကွယ်လွန်

July 11, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း) ရွှေညဝါဆရာတော်လို့ လူသိများထင်ရှားတဲ့ ဆရာတော်ဦးပညာသီဟနဲ့ နောက်ထပ်လူသိများထင်ရှားတဲ့ စာရေးဆရာမောင်သာချိုတို့ဟာ ဆေးကုသမှုခံယူနေကြရင်း ရန်ကုန်မြို့က ဆေးရုံအသီးသီးမှာ ဒီနေ့ကွယ်လွန်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို အကျဉ်းထောင်တွေအတွင်းမှာ အလူးအလဲခံခဲ့ကြရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ဖြစ်ကြပါတယ်။ သက်တော် ၆၁ နှစ်အရွယ် ဆရာတော်ဟာ ဒီနေ့ မနက် ၂ နာရီကျော်မှာ ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံမှာ ထောင်ကျနေစဉ်ကရခဲ့တဲ့ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး အသက် ၆၇ နှစ်အရွယ် စာရေးဆရာမောင်သာချိုဟာလည်း ရန်ကုန်မြို့က ပင်လုံဆေးရုံမှာ ဒီမနက် ၈ နာရီဝန်းကျင်မှာဆုံးခဲ့တာလို့ စာရေးဆရာအသိုင်းအဝိုင်းက လူမှုကွန်ယက်မှာ အသိပေးပါတယ်။ “ အတုအယောင်ရုပ်ဝတ္ထုပစ္စည်းတွေတပ်မက်တဲ့ရဟန်းတွေကြားထဲမှာ ယခုလိုပြည်သူ့ဘက်က ရှိနေပေးတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားခြင်းက နှမြောဖို့သိပ်ကောင်းပါတယ်။ ပြည်သူလူထုနဲ့တစ်သားတည်းရပ်တည်ပြီး နိုင်ကျဥ်းတွေရဲ့ […]

အပြည့်အစုံဖတ်ရန်

ဓမ္မစကြာနေ့ ရွှေတိဂုံစေတီမြင်ကွင်းများ

July 10, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၉ (မော်ကွန်း) မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ဒီနေ့မှာ ရန်ကုန်မြို့ကရွှေတိဂုံစေတီတော်ထံ ဘုရားဖူးတွေ၊ ဥပုသ်သီလ ဆောက်တည်သူတွေ လာရောက်ဖူးမျှော်ကြတာကိုတွေ့ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဓမ္မာစကြာတရားဦးကို စတင်ဟောကြားတော်မူခဲ့တဲ့နေ့မြတ်လည်း ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်က မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ_မော်ကွန်း

အပြည့်အစုံဖတ်ရန်

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေးတစ်လျှောက် တိုက်ပွဲတွေပြင်းထန်

July 8, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၈ (မော်ကွန်း) ဒီရက်ပိုင်းမှာ ဧရာဝတီတိုင်း လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ် ပုသိမ်-မုံရွာကားလမ်းဘေး တစ်လျှောက်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး စစ်ဘေးရှောင်ဒေသခံ ထောင်နဲ့ချီပြီးတိုးလာတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့သုံးရက်ခန့်ကစပြီး လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစပ်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ကျေးရွာတချို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေတယ်လို့ လေးမျက်နှာမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့က ညပိုင်းကလည်း လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်အကြားက ကျေးရွာတချို့ကို လေကြောင်းကနေအပြင် အတွဲလိုက်ပစ်ဒုံးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ၎င်းဒေသခံက ပြောပါတယ်။ “ညပိုင်းကတော့ လေးမျက်နှာအထွက် အင်္ဂပူမရောက်ခင် အဲဒီတစ်လျှောက်ကရွာတွေကို အတွဲလိုက်တွေချည်းပဲပစ်တာ၊ လေယာဉ်တွေနဲ့ရော ဒုံးကျည်တွေရော အတွဲလိုက်လိုက်ပဲ ၁၀ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ ဗုံးကြဲခံရပြန်၊ အရပ်သားလေးဦးသေဆုံး

July 8, 2025

မိုးကုတ်- ၂၀၂၅ ဇူလိုင် ၈ (မော်ကွန်း) တအာင်းတပ်(TNLA)နဲ့ မဟာမိတ်တပ်တွေတပ်တွေသိမ်းထားတဲ့ ပတ္တမြားမြို့တော်၊ မိုးကုတ်မြို့အနောက်ပိုင်းက ဂေါင်းဦးဘာရပ်ကွက်ကို ဒီမနက် ၉း၀၀ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတချို့နဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ” လက်နက်ကြီးစ၊ ဗုံးစ ထိပြီးသေတာတော့ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက်ပါ။ တစ်ယောက်က ဗုံးကြဲတဲ့ အသံကို ကြောက်လန့်ပြီး နှလုံးရပ် သေသွားတာပါ” လို့ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က(ပ.က.ဖ)တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ဗုံးကြဲတဲ့ပေါက်ကွဲသံတွေကြောင့် ဂေါင်းဦးဘာ မူလတန်းကျောင်းက ကလေးတချို့ ကြောက်လန့်သတိမေ့တာတွေ ဖြစ်ခဲ့ပေမယ့် စာသင်ကျောင်းကို ထိခိုက်မှုမရှိဘူးလို့ သူက ပြောပါတယ်။ TNLA ကတော့ ဒီမနက်မှာ စစ်ကောင်စီလေကြောင်း […]

အပြည့်အစုံဖတ်ရန်

မိုးဗြဲ-လွိုင်ကော်လမ်း စစ်ရေးပြင်းထန်နေ

July 8, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၇ (မော်ကွန်း) တော်လှန်ရေးတပ်တွေ မိုးဗြဲမြို့ကိုစစ်ကောင်စီတပ်ဆီ လက်လွှတ်ပေးလိုက်ရပြီးနောက် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။ စစ်ကောင်စီတပ်တွေ မိုးဗြဲမြို့ပေါ်ကို ဝင်ရောက်ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးတပ်တွေကလည်း စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်နေတယ်။ သူတို့ (စစ်ကောင်စီ) က မိုးဗြဲ-လွိုင်ကော်လမ်းကို ဆက်ထိုးမလို့လုပ်နေတာ။ အဲဒီလက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ မြေပြင်တိုက်ပွဲတွေလည်းဖြစ်နေတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီအစပ် မိုးဗြဲမြို့ကို တော်လှန်ရေးတပ်တွေဆီကနေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ဒီနေ့မနက်က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်နီတော်လှန်ရေးအင်အားစုတွေ ၂၀၂၃ နိုဝင်ဘာလပိုင်းမှာ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဟာ တစ်နှစ်ခွဲခန့်အကြာ ထိန်းချုပ်ထားခဲ့တာပါ။ စစ်ကောင်စီရဲ့ […]

အပြည့်အစုံဖတ်ရန်

ဆင်ကောင်ရေ ၃၀၀ ကျော်ကို ထိန်းသိမ်းမွေးမြူထားတယ်လို့ NUG ထုတ်ပြန်

July 5, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၄ (မော်ကွန်း) အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်မြို့နယ်တွေထဲမှာ ယခင်စစ်ကောင်စီသစ်တောဌာနပိုင် ဆင်ကောင်ရေ ၃၀၀ ကျော်ကို ထိန်းသိမ်းပြုစုထားတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။ ထိန်းချုပ်မြို့နယ်တွေထဲက မြို့နယ် ၁၂ ခုမှာ ဆင်ကောင်ရေ ၃၁၃ ကောင်အထိ ထိန်းသိမ်းထားတာလို့ ထုတ်ပြန်တာပါ။ ဒီဆင်တွေကို ဝန်ကြီးဌာနရဲ့ လစဉ်ရရှိရုံးအသုံးစရိတ်ကနေ နိုင်သလောက်ထောက်ပံ့နေသလို နိုင်ငံတကာရောက်ဆင်ချစ်သူများကလဲ ” တော်လှန်တပ်သား မိုမိုလေးများ” ကမ်ပိန်းအစီအစဉ်ကတစ်ဆင့် ထောက်ပံ့ကူညီပေးနေတယ်လို့ ဝန်ကြီးဖြစ်သူ ဒေါက်တာတူးခေါင်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးပါတယ်။ ဒီဆင်တွေထဲကတချို့ဟာ စစ်ပွဲကာလဖြစ်တာကြောင့် မြေမြှုပ်မိုင်းသင့်ပြီး ဒဏ်ရာရထားတဲ့ဆင်တွေလည်း ရှိနေတယ်လို့ ဝန်ကြီးကအသိပေးပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် နာမည်ကြီး ပဲခူးရိုးမတကျောအပါအဝင် သပိတ်ကျဉ်းနဲ့ အင်းတော်ကြီးလို ဒေသတွေက သစ်တောဧရိယာတွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်တဲ့နောက် အဲဒီမှာရှိတဲ့ ယခင်သစ်တောဌာနပိုင် […]

အပြည့်အစုံဖတ်ရန်
1 … 6 7 8 9 10 11 12 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."