သတင်းများ

မန္တလေးကနေ စစ်ကောင်စီတိုက်ခိုက်ရေးရေယာဉ်တွေ ဧရာဝတီမြစ်အတိုင်း ထပ်မံဆန်တက်လာ

July 22, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၂ (မော်ကွန်း) မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပေမယ့် နောက်ထပ်တိုက်ခိုက်ရေးရေယာဉ်နှစ်စီးပါ သင်္ဘောအုပ်စုဟာ ထပ်မံပြီး မြစ်ကြောင်းအတိုင်းဆန်တက်လာတယ်လို့ ရေကြောင်းစောင့်ကြည့်ရေး ကင်းထောက်အဖွဲ့တချို့ကပြောပါတယ်။ ပြီးခဲ့တဲ့ငါးရက်က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ စဉ့်ကူးနဲ့ သပိတ်ကျဉ်းနယ်တွေကို ရောက်ရှိစဉ်မှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ မန္တလေး PDF တွေဟာ စစ်သင်္ဘောငါးစီးနဲ့ ထောက်ပို့ရေးပစ္စည်းတွေသယ်ဆောင်လာတဲ့ သင်္ဘောအုပ်စုကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းမြို့နယ်တစ်လျှောက် မြစ်ကြောင်းအတိုင်း ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ပါတယ်။ ၎င်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီသင်္ဘောအုပ်စုထဲက တွဲသင်္ဘောတစ်စီး နစ်မြုပ်သွားပြီး စစ်သင်္ဘောတစ်စီးနဲ့ တွန်းသင်္ဘောနှစ်စီးလည်း မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။ ဒီနေ့မှာတော့ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ နောက်ထပ်စစ်သင်္ဘောနှစ်စီးနဲ့ […]

အပြည့်အစုံဖတ်ရန်

ဆေးကုသခွင့်မပေးတာကြောင့် အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသား မဝတ်ရည်အောင်ကျဆုံး

July 22, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၂၂ (မော်ကွန်း) စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်မှုခံရပြီး ဆေးဝါးကုသမှုလုံအောက်စွာမရခဲ့လို့ ထောင်တွင်းမှာ ကျဆုံးခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် ဒဂုံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်ဖြစ်သူ၊ နိုင်ငံရေးအကျဉ်းသား မဝတ်ရည်အောင် (ခ)မီးမီး (ခ)အပြုံးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့က ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။ မဝတ်ရည်အောင်ဟာ စစ်ကောင်စီ စစ်ကြောရေးရဲ့ ရိုက်နှက်ညှင်းပန်းမှုဒဏ်ကြောင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရခဲ့ပြီး ထိုဒဏ်ရာကို လုံလောက်တဲ့ဆေးဝါးကုသခံယူမှုမရအောင် စစ်ကောင်စီအကျဉ်းထောင်အာဏာပိုင်တွေက ပြုလုပ်ခဲ့တဲ့အတွက် ဒီလ ၂၀ ရက် နံနက်ပိုင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၂၀၂၁ စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ-၅၀၅(က)၊ ပုဒ်မ-၅၂(က) တွေနဲ့ မတရား ဖမ်းဆီးထောင်ချထားတာဖြစ်ပြီး ကွယ်လွန်သွားချိန်မှ အကျဉ်းထောင်အာဏာပိုင်တွေက လွတ်မိန့်ပေးကာ မိသားစုထံအလောင်းအပ်နှံခဲ့တာ ဖြစ်ပါတယ်။ ဒီလ ၁၉ […]

အပြည့်အစုံဖတ်ရန်

မန္တလေး-PDF တိုက်လို့ စစ်ကောင်စီဝင် ၁၅ ဦးသေ၊ လက်နက်အများအပြားသိမ်းဆည်းရမိ

July 22, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းသုံးခုကို မနေ့ကတိုက်ပွဲတွေအတွင်း သိမ်းယူခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်းနဲ့ သုံ့ပန်း ၁၆ ဦးအပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး(MDY-PDF) က ဒီနေ့ထုတ်ပြန်ပါတယ်။ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းပိုင်း အနီးမှာရှိပြီး မန္တလေးမြို့အထွက်ကနေ ၁၀ မိုင်လောက်ပဲဝေးတဲ့နေရာတွေက စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ မတ္တရာမြို့နယ်၊ မန္တလေး-မြစ်ကြီးနားကားလမ်းဘေးက ထန်းပင်ကုန်း၊ ပုသိမ်ကြီးမြို့နယ်ထဲက သရက်ကိုင်း၊ မြကန်သာ ရွာတွေမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင်သုံ့ပန်း ၁၆ ဦး၊ ဒရုန်းဂျမ်ဘာ ကား တစ်စီး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် လက်နက်ခဲယမ်း အများကြီး ရခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။ ရန်သူ့အလောင်း ၁၅ […]

အပြည့်အစုံဖတ်ရန်

မြန်မာ-ထိုင်းနယ်စပ်မျဉ်းရဲ့ သုံးပုံတစ်ပုံကို KNU ထိန်းချုပ်

July 20, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း) ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသသုံးပုံတစ်ပုံခန့်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ စစ်ကောင်စီလက်လွှတ်ခဲ့ရပြီလို့ ပဋိပက္ခစောင့်ကြည့်လေလာတဲ့ ISP-Myanmar အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ မြန်မာ-ထိုင်း ထိစပ်နေတဲ့ နယ်မြေကီလိုမီတာ ၂,၄၀၀ ကျော်အနက် KNU က ကီလိုမီတာ ၈၀၀(မိုင် ၅၀၀ ) ခန့်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။ ထိုင်း-မြန်မာ အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီကနေ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ နယ်စပ်မျဉ်းအနီးက ဥကရစ်ထစခန်းကို ဒီလ ၁၂ ရက်မှာ KNU က အလုံးစုံသိမ်းပြီးနောက် နယ်မြေပိုင်ဆိုင်မှုပိုတိုးလာတာလည်းဖြစ်ပါတယ်။ ဝေါလေဗျူဟာစခန်းကိုသာ ရှင်းထုတ်နိုင်ရင် ထိုင်း-ကရင် နယ်စပ်ဒေသမှာ စစ်ကောင်စီကင်းစင်သွားမှာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက KNU ရဲ့ စစ်ဆင်ရေးတွေဟာ ပြည်မဘက်ကို တိုးချဲ့ဖို့ထက် နယ်စပ်ဒေသကို […]

အပြည့်အစုံဖတ်ရန်

မန္တလေးကနေ ဆန်တက်လာတဲ့ စစ်သ‌င်္ဘောအုပ်စု စဉ့်ကူးမြို့ကိုကျော်လွန်လာ

July 20, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း) မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီစစ်သင်္ဘောအုပ်စုဟာ ဒီညနေပိုင်းမှာ စဉ့်ကူးမြို့နယ်ကို ကျော်လွန်လာပြီး မြစ်ကမ်းတစ်လျှောက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တချို့က ပြောပါတယ်။ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ မနေ့မနက်ပိုင်းကထွက်လာတဲ့ ဒီစစ်သင်္ဘောအုပ်စုဟာ တန်ချိန် ၁,၅၀၀ လောက်တင်နိုင်တဲ့ ရိက္ခာတင်ယာဉ်တွေနဲ့ ကမ်းထိုးတိုက်ခိုက်ရေးယာဉ်တွေအပါအဝင် ၂၇ စီး ခန့် ပါဝင်တာပါ။ စစ်သင်္ဘောအုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဝက်လက်နဲ့ စဉ့်ကူးနယ် မြစ်ကမ်းဘေးတစ်လျှောက်ကရွာတွေမှာနေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။ “ပွိုင့်-၅ တွေ လက်နက်ကြီးတွေနဲ့ မြစ်ကမ်းတောက်လျှောက်ပစ်ပြီး တက်သွားတာ”လို့ ဝက်လက် မြေပြင်ကင်းထောက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ၎င်းစစ်သင်္ဘောအုပ်စုကို ATR နဲ့ Y-12 အမျိုးအစား ထောက်ပို့လေယာဉ်နှစ်စီးက […]

အပြည့်အစုံဖတ်ရန်

ခရိုနီဦးတေဇသမီး ရေချယ်တေဇအကြောင်းဆောင်းပါးကို ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်းဖြုတ်ချ

July 20, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၈ (မော်ကွန်း) ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်း Vogue(အီတလီ) က မြန်မာထိပ်တန်းခရိုနီ ဦးတေဇရဲ့သမီး၊ ရေချယ်တေဇ(ထူးထွေးတေဇ) အကြောင်း ဖော်ပြထားတဲ့ဆောင်းပါးကို သူတို့ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားပစ်လိုက်ပြီလို့ ဒီလိုအရေးယူဖို့တောင်းဆိုခဲ့တဲ့ Justice For Myanmar(JFM) အဖွဲ့က ဒီနေ့ ထုတ်ပြန်အသိပေးပါတယ်။ မဂ္ဂဇင်းကိုပိုင်တဲ့ မိခင်ကုမ္ပဏီ Condé Nast ထံ JFM က စာပို့တောင်းဆိုပြီးနောက် Vogue(အီတလီ) က အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ Vogue က သူတို့ပလက်ဖောင်းမှာ ရေချယ်တေဇအကြောင်း ဖော်ပြပေးတာဟာ စစ်အုပ်စုကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ထောက်ပံ့အားပေးနေတဲ့ မိသားစုကို နာမည်ကောင်းခဝါချပေးရာရောက်တယ်လို့ JFM က သတိပေးပါတယ်။ ရေချယ်တေဇဟာ သူ့အဖေပိုင် ထူးအုပ်စုမှာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့အပြင် မြန်မာအရပ်သားတွေအပေါ် စစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကနေ အမြတ်အစွန်းရနေသူလို့ […]

အပြည့်အစုံဖတ်ရန်

မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီ စစ်သင်္ဘောအုပ်စုထွက်ခွာလာပြီလို့ သတိပေး

July 18, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၇ (မော်ကွန်း) မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်အထက်ပိုင်းကို ဒီနေ့မနက်ပိုင်းက ဆန်တက်လာတဲ့ စစ်ကောင်စီ ရေတပ်သင်္ဘောအုပ်စုဟာ မြစ်အနောက်ခြမ်း၊ ဝက်လက်နယ်၊ ရှိန်းမကားရွာအနီးမှာ ကျောက်ချရပ်တန့်နေကြတယ်လို့ ဝက်လက် သတင်းအချက်အလက်ကွန်ယက်(Wetlet Information Network)က ဒီနေ့ ညနေပိုင်းမှာ သတိပေးပါတယ်။ အဲဒီ သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးယာဉ်ငါးစီးနဲ့ ရိက္ခာတင်ယာဉ်ခုနစ်စီးပါဝင်တယ်လို့ ဝက်လက်အဖွဲ့က အသိပေးသလို ရေပြင်ကင်းထောက်အဖွဲ့တွေကတော့ တန်ချိန် ၁,၅၀၀ လောက်တင်နိုင်တဲ့ ရိက္ခာတင်ယာဉ်တွေအပါအဝင် ကမ်းထိုးတိုက်ခိုက်ရေးယာဉ်တွေအပါအဝင် ၂၇ စီး လောက်ပါတယ်လို့ ပြောကြပါတယ်။ စစ်ကောင်စီရေတပ်သင်္ဘောအုပ်စု ဆန်တက်လာရာ ဧရာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းကျေးလက်ဒေသတွေဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေအများစုဖြစ်ပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ကြောင်း တစ်လျှောက်က ကျေးရွာတွေကို သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။ စစ်ကောင်စီရေတပ်ဟာ […]

အပြည့်အစုံဖတ်ရန်

နောင်ချိုမြို့ပေါ်နေရာအများစုကို စစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်

July 17, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၆ (မော်ကွန်း) စစ်ကောင်စီတပ် ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ နောင်ချိုမြို့ပေါ်က အဓိကနေရာအများစုကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောပါတယ်။ နောင်ချိုမြို့မဈေး၊ နောင်ချိုမြို့မရဲစခန်း၊ မြို့နယ်စည်ပင်ရုံး၊ မြို့နယ်တရားရုံးနဲ့ စာသင်ကျောင်းတွေ၊ ဘဏ်တွေရဲ့ အရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေကိုလည်း စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့က ဒီနေ့မှာ ဖြန့်ဝေလာပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်က TNLA ဆီကို လက်လွှတ်ခဲ့ရတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို ဒီနှစ်သင်္ကြန်မတိုင်မီတည်းက ပြန်လည်ထိုးစစ်ဆင်လာပြီး လေးလနီးပါးအတွင်းမှာ ပြန်သိမ်းပိုက်နိုင်ခဲ့တာပါ။ နောင်ချိုက TNLA ခြေကုပ်စခန်းကုန်းတွေကို မြေပြင်၊ ဝေဟင်နဲ့ ဒရုန်းတွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားအလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နောင်ချိုမြို့အစွန်အဖျား ရပ်ကွက်တွေအထိ စစ်ကောင်စီတပ်တွေ စတင်ထိုးဖောက်လာနိုင်ပြီး […]

အပြည့်အစုံဖတ်ရန်

လားရှိုး-မန္တလေးလမ်းပိတ်ထားတာကြောင့် ရှမ်းတောင်ပိုင်းကပတ်သွားရလို့ ကားခတွေဈေးမြင့်တက်

July 17, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၆ (မော်ကွန်း) ရှမ်းမြောက် နောင်ချိုကတိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းပိတ်ထားပြီး ရှမ်းတောင်ပိုင်းကနေ ကွင်းပြီးသွားရတဲ့အတွက် ကားခတွေ မြင့်တက်သွားတယ်လို့ ၎င်းလမ်းကြောင်းမှာပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတချို့ ကပြောပါတယ်။ ယခင်က မန္တလေးကနေလားရှိုးအထိ အိမ်စီးကားတွေနဲ့ ပြေးဆွဲနေတဲ့ကားခဟာ တစ်ဦးကို ကျပ်သုံးသိန်းရှိရာက လက်ရှိမှာ ကျပ်သုံးသိန်းခွဲကနေ လေးသိန်းထိ မြင့်တက်သွားတာပါ။ လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် (TNLA) တို့ နောင်ချိုမြို့မှာ တိုက်ပွဲတွေဖြစ်နေတဲ့အပြင် နောင်ချိုနဲ့ ကျောက်မဲကြားက ဂုတ်ထိပ်တံတားကလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် မူဆယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းပိုင်းကို နောင်ချိုမြို့အနီးမှာ ပိတ်ထားရပါတယ်။ နောက်ထပ် လမ်းလွှဲတစ်ခုဖြစ်တဲ့ ရွာငံ-ပင်းတယ-ရပ်စောက်လမ်းပိုင်းကတော့ လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် လမ်းပျက်စီးနေပြီး ယာဉ်အငယ်ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ ခရီးသည်တင်ယာဉ် ပြေးဆွဲသူတချို့က ပြောပါတယ်။ လက်ရှိမှာ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေ နောင်ချိုမြို့ပေါ်ရပ်ကွက်တွေအထိထိုးဖောက်လာ

July 16, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၅ (မော်ကွန်း) တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီရက်ပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေထိ ထိုးဖောက်လာပြီး မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ နောင်ချိုဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး နောင်ချိုမြို့အစွန်ကရပ်ကွက်တွေထိ စစ်ကောင်စီတပ်တွေ စတင်ထိုးဖောက်ဝင်လာပြီး လက်ရှိမှာတော့ နောင်ချိုရဲ့ တောင်ပိုင်းရပ်ကွက်တွေထိ ရောက်ရှိနေပြီလို့ ဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကလည်း နောင်ချိုနဲ့ ကျောက်မဲကြားမှာရှိတဲ့ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ TNLA တပ်တွေဟာ ဗျူဟာအရ တပ်ဆုတ်ပေးနေရတဲ့ အခြေအနေရှိတယ်လို့လည်း စစ်ရေးသုံးသပ်ချက်တွေရေးသားနေတဲ့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။ “တောင်းခမ်းကနေ တရှိန်ထိုးတက်လာတဲ့ စစ်တပ်ရဲ့ တိုက်စစ်အားဟာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးတွေနဲ့ […]

အပြည့်အစုံဖတ်ရန်

မိုးဗြဲမြို့ကို ဒေသခံတွေပြန်လာဖို့ စစ်ကောင်စီနှိုးဆော်

July 15, 2025

ရန်ကုန် – ၂၀၂၅ ဇူလိုင် ၁၄ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ဒေသခံတွေပြန်လည်ဝင်ရောက်လာဖို့ နှိုးဆော်အသိပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ အထူးသဖြင့် မိုးဗြဲမြို့ပေါ်ကနေ ရှမ်းတောင်ပိုင်းက ကျေးရွာတချို့ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင်တွေကို ပအိုဝ်းပြည်သူ့စစ် (PNA) ရဲ့ အကူအညီနဲ့ နေရပ်ပြန်လာဖို့ နှိုးဆော်အသိပေးနေတာတွေ၊ အတင်းအကျပ် နေရပ်ပြန်ပို့တာတွေရှိလာတယ်လို့ မိုးဗြဲစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ခဲ့ပြီး ဒီလဆန်း ၂ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာတော့ စစ်ကောင်စီတပ်ဟာ ကရင်နီတော်လှန်ရေး မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ-ပင်လောင်း ပြည်ထောင်စုလမ်းကို နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကတော့ ဒီလမ်းပိုင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စာရေးဆရာ မောင်သာချိုဈာပန ရန်ကုန်မှာကျင်းပ

July 13, 2025

ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၂ (မော်ကွန်း) စာရေးဆရာ မောင်သာချို အသက် (၆၈) နှစ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မြို့က ရေဝေးသုဿန်မှာ ကျင်းပပါတယ်။ အငြိမ်းစားမြန်မာစာ ပါမောက္ခလည်း ဖြစ်တဲ့ အမည်ရင်း ဦးညွှန့်သောင်းခေါ်တဲ့ ဆရာမောင်သာချိုဟာ ဂျက်ကွမ်းခြံကုန်းအမည်နဲ့လည်း စာပေလောကမှာ ထင်ရှားပါတယ်။ ဒီလ ၁၀ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့က ပင်လုံဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့သူ့ကို မီးင်္သဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းမယ်လို့ သိရပါတယ်။ ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေ အပါအဝင် သူ့စာဖတ်ပရိတ်သတ်ထောင်နဲ့ချီပြီး ဈာပနအခမ်းအနားကို တက်ရောက်လာတာတွေ့ရပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်
1 … 5 6 7 8 9 10 11 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."