ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၉ (မော်ကွန်း) ရက်ဆက်မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှူဖြစ်နေတဲ့မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းတာဝန်ခံကပြောပါတယ်။ “မြို့ပေါ်မှာတော့ အ.ထ.က ၁ တစ်ကျောင်းပိတ်ထားရတယ်။ ရွာတွေဘက်မှာတော့ အထက်တန်းကျာင်း၊မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေအားလုံးပိတ်ထားလိုက်တယ်။ အခုချိန်ထိပြန်မဖွင့်သေးဘူး။” လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်မှာမိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့စာသင်ကျောင်းတွေမှာစာသင်နေရတဲ့မြောက်ဦးမြို့နယ်ကကျောင်းသားတွေဟာ မိုခါမုန်တိုင်းဖြစ်ပြီး သုံးလနီးပါးအကြာမှာ ရေကြီးမှုထပ်မံကြုံရတာကြောင့်တစ်ကျော့ပြန်ကျောင်းတွေပြန်ပိတ်ထားရပါတယ်။ မြောက်ဦးမြို့နယ်လို့ပဲရေဘေးကြုံနေရတဲ့မင်းပြားမြို့နယ်မှာလည်း ရေကြီးမှုကြောင့်စာသင်ကျောင်းတွေပိတ်ထားရတယ်လို့ မင်းပြားမြို့နယ်ကြက်ခြေနီအသင်းတာဝန်ခံကပြောပါတယ်။ “အခုချိန်ထိပေါ့လေ ရေတွေကြီးလို့ကျောင်းတွေပိတ်ထားရတာ မင်းပြားတစ်မြို့နယ်လုံးဆို စာသင်ကျောင်း ၂၀ ဝန်းကျင်လောက်ရှိတယ်။ အခုထိပြန်မဖွင့်သေးကြဘူး။” လို့သူကပြောပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စာသင်ကျောင်း ၁,၅၃၈ ကျောင်းဟာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့ပြီး အဲ့ထဲက ၁,၁၇၄ ကျောင်းကပြန်လည်ပြင်ဆင်ပြီးသွားပေမယ့် မြို့နဲ့အလှမ်းဝေးတဲ့ရွာတွေမှာတော့အခုချိန်ပြန်လည်တည်ဆောက်ဖို့ခက်ခဲနေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်းရေကြီးမှုကြောင့် မြောက်ဦးမြို့နယ်အပါအဝင် မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေက လူဦးရေတစ်သောင်းကျော်ရေဘေးသင့်နေပြီး အရေးပေါ်စားနပ်ရိက္ခာနဲ့ […]
ရန်ကုန်-၂၀၂၃ ဩဂုတ် ၈ (မော်ကွန်း) စစ်အာဏာရှင်မှန်သမျှ အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေဖို့နဲ့ အာဏာရှင်စနစ်ရဲ့ အငွေ့အသက်အကြွင်းအကျန်ကင်းစင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်နဲ့ အစားထိုးပြောင်းလဲနိုင်ရေး လက်တွဲညီညီချီတက်ကြဖို့ ဒီနေ့ကျရောက်တဲ့ ၃၅နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အထိမ်းအမှတ်အခမ်းအနားမှာ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးကို အောင်ပွဲရတဲ့အထိ တစိုက်မတ်မတ်အရှိန်မြှင့်တင်မယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို တစ်ပွဲထိုးစိတ်ဓာတ်နဲ့ ရှေ့ဆက်လို့မရပါဘူး။ တော်လှန်ရေးဖြစ်စဉ်ကြီးထဲမှာ တစ်ဆင့်ချင်းစီ အဆင့်အဆင့် ချိတ်ဆက်တက်လှမ်းရင်းနဲ့ တော်လှန်ရေးသက်လုံကိုမြှင့်ပြီး အောင်ပွဲရသည်အထိ ကြိုးစားရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ ကြီးရင့်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း အောင်ပွဲရသည်အထိ တော်လှန်ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်မယ်” လို့ ပြောပါတယ်။ […]
ရန်ကုန် -၂၀၂၃ ဩဂုတ် ၈ (မော်ကွန်း) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအမှုတွေကို ဒီနေ့ကြားနာဖို့ရှိပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရက်ရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကြားနာမယ့်ရက်ကို ကြိုတင်သတိပေးအမှုခေါ်စာရင်းမှာ ထပ်မံကြေညာမယ်လို့ မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အထူးအယူခံကြားနာမယ့်ရက် ရွှေ့ဆိုင်းတာနဲ့ပတ်သက်ပြီး တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က မော်ကွန်းကို အခုလိုပြောပါတယ်။ “တို့အခေါ်အဝေါ်တော့ ခုံကျိုးတယ်လို့ခေါ်တယ်။ အစည်းအဝေးရှိလို့တဲ့။ ဘာအရေးပေါ်လဲမသိပါဘူး။ တရားလွှတ်တော်တို့ ဘာတို့ဆိုတာ ရုံးချိန်းမပေးဘူးလေ။ သူခေါ်ချင်တဲ့အခါခေါ်တယ်။ တရားသူကြီးချုပ်ကလည်း အပြောင်းအလဲဖြစ်သွားတာကို။ ဦးထွန်းထွန်းဦးက ကျန်းမာရေးအကြောင်းပြပြီးနားသွားပြီး နောက်တစ်ယောက်က ဦးသာဌေးရောက်လာတာ။ သေချာတော့ မသိသေးဘူးပေါ့ကွာ။ သူတို့ဟာကအမျိုးမျိုးပါ။ အပေါ်ကအမိန့်နဲ့ ဒါမလုပ်နဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လုပ်နေကြတာ။ ဥပဒေအထောက်အထားက သိပ်ရှိကြတာမဟုတ်ပါဘူး” အတိုင်ပင်ခံရဲ့ အထူးအယူခံကြားနာရမယ့် အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ စွပ်စွဲခံထားရတဲ့ အမှုလေးမှုနဲ့ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၇ (မော်ကွန်း) တရှိန်ထိုးတက်နေတဲ့ဆန်ဈေးကို ပြန်ကျအောင်လုပ်ဖို့ ဖြေရှင်းမှုအဖြစ် ဈေးကွက်အတွင်းကို သိမ်းထားတဲ့အရံဆန်တွေ ထုတ်ရောင်းတဲ့အစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီနေ့စတင်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်တစ်ကတ်ကို တစ်လဆန်နှစ်အိတ်သာရောင်းပေးမှာဖြစ်ပြီး လိုချင်သူတွေက ရန်ကုန်မြို့က ဝါးတန်းလမ်းနဲ့ ဘုရင်နောင်ကုန်စည်ဒိုင်တွေအထိ လာဝယ်ရမှာဖြစ်ပါတယ်။ ပြင်ပမှာ တစ်သိန်းကျော်ဈေးပေါက်တဲ့ ပေါ်ဆန်းတစ်အိတ်ကို ၉၄,၀၀၀ ကနေ ၉၇,၀၀၀ ကျပ်၊ ပေါက်ဈေး ၁၃၀,၀၀၀ ကျပ်ခန့်ရှိတဲ့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၁၀,၀၀၀ ကနေ ၁၂၀,၀၀၀ ကျပ်၊ ပြင်ပပေါက်ဈေး ၇၀,၀၀၀ ကျပ်ဝန်းကျင်ရှိတဲ့ ဧည့်မထဆန်တစ်အိတ်ကို ၆၀,၀၀၀ ကနေ ၆၅,၀၀၀ ကျပ် နှုန်းနဲ့ ဈေးလျှော့ပြီး ရောင်းချပေးနေတာလို့ ဆန်ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ဒီနေ့တော့ လာဝယ်တဲ့သူတွေ တော်တော်များပါတယ်။ အခုက […]
ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၇ (မော်ကွန်း) မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကလမ်းပိုင်းဖြစ်ပြီး ကရင်ပြည်နယ်က ဒေါနတောင်တန်းဖြတ်ကျော်လမ်းဖြစ်တဲ့ အာရှလမ်းမကြီးပေါ်မှာ ဒီနေ့လယ်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိုင်းခါးလယ်က ပျက်ကျသွားတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ လုံးဝရပ်တန့်သွားပါတယ်။ မြေပြိုမှုဖြစ်စဉ်ကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ကားလမ်းပိုင်းကတော့ လုံးဝအသုံးပြုလို့မရအောင် ပြိုကျပျက်စီးခဲ့တယ်လို့ အဲဒီနေရာမှာ ကူညီကယ်ဆယ်ရေး သွားလုပ်ပေးနေတဲ့ ကောကရိတ်မြို့က ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ကြက်လျှာပုံစံမျိုး လမ်းကပျက်သွားတာ။ ပေတစ်ရာလောက်ရှိတယ်။ အခုဘယ်ကားမှ သွားမရဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူ တစ်ဦးတော့ရှိတယ်။ လောလောဆယ်တော့ ခရီးသည်တွေက ဘေးနားတောင်ကမ်းပါးကကပ်ပြီး သွားနေကြတယ်။ ဟိုဘက်ကကားတွေပေါ် ကူးနေကြတယ် ”လို့ သူက ဒီနေ့ ၃ နာရီ ဝန်းကျင်ကပြောပါတယ်။ ကောကရိတ်နဲ့ နယ်စပ်မြို့ မြဝတီကြား အာရှလမ်းပိုင်း ကော့ကရိတ်မြို့နယ်အခြမ်းထဲက တောနော်ရေတံခွန်အနီးမှာ ယခုမြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၇ (မော်ကွန်း) မြဝတီ – ကော့ကရိတ်မြို့ကြားက အာရှလမ်းပိုင်းပြိုကျသွားတာဟာ အဲဒီလမ်းပိုင်းကနေ ထိုင်းနိုင်ငံနဲ့ ကုန်စည်စီးဆင်းမှု ကာလရှည်ပြတ်တောက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မြဝတီ -ကော့ကရိတ်လမ်းပိုင်း၊ အာရှလမ်းမကြီးပေါ်က တောနော်ရေတံခွန်နားမှာ မိုးကြီးပြီး တောင်ကျရေစီးဆင်းတာကြောင့် ကားလမ်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ပေ ၁၀၀ လောက် ထက်ပိုင်းကျိုး ပြတ်ကျ သွားခဲ့တာပါ။ ဒီလို လမ်းပိုင်းပြတ်သွားတာကြောင့် လမ်းပိုင်းဟိုဘက်၊ ဒီဘက်မှာ ရာနဲ့ချီတဲ့ကုန်တင်ကား၊ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတွေလည်း ပိတ်မိနေခဲ့ပါတယ်။ “ လမ်းမှာ ကားအစီးရာနဲ့ချီပြီး မြဝတီအတက်မှာ ပိတ်နေတာပေါ့။ အခုက ပြိုကျသွားတာ မြဝတီနဲ့ နီးတဲ့နားပေါ့။ မြဝတီဆို တစ်နာရီလောက်ပဲ မောင်းရတော့မှာ။ ပြိုသွားတာလည်း တော်တော်လေးအခြေအနေဆိုးတော့ ပြန်ပြင်ဖို့လည်း […]
ယင်းမာပင်-၂၀၂၃ ဩဂုတ် ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့လ ၂၁ ရက်က ဝင်ရောက်စီးနင်းပြီး ပကဖတွေနဲ့ ဒေသခံ ၁၄ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီးတဲ့နောက် စုန်းချောင်းရွာနဲ့ အနီးနားက ကျေးရွာရှစ်ရွာဝန်းကျင်က ဒေသခံတွေဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ နေရပ်မပြန်ရဲသေးဘဲ နီးစပ်ရာနေရာတွေမှာပဲနေနေရတယ်လို့ ယင်းမာပင်ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ “အဲနေ့ကတည်းက အခုချိန်ထိ ကောင်းကောင်းမွန်မွန်ပြန်မနေရဲတော့ဘူး။ ညကျ အဆင်ပြေတဲ့နေရာ တောတွေဘာတွေမှာ သွားအိပ်ရတာပေါ့ဗျာ။ ညဆို စစ်ကောင်စီတပ်တွေဝင်စီးမှာစိုးလို့။ နေတာထိုင်တာက တချို့ကတော့ တောထဲ၊ တချို့ကရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာအိမ်တွေနဲ့ တချို့ကျ ကားတွေပေါ်နေကြတာပေါ့ဗျာ” လို့ ကျောက်မှော်ရွာခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ညပိုင်းတွေမှာ ကျေးရွာတွေကို ဝင်စီးမှာစိုးလို့ ပြန်မနေရဲတော့တဲ့ ဒေသခံဦးရေဟာ တစ်ထောင်ကျော်အထိရှိနေပြီး လက်ရှိအချိန်မှာ […]
ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၄ (မော်ကွန်း) ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်းဝင်ရောက်ခဲ့တာသုံးလနီးပါးရှိလာတဲ့အချိန်မှာ နေရေးထက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ “အမိုးအကာတွေကသူတို့လုပ်အားရယ်အလှူရှင်တွေထောက်ပံ့ပေးတာတွေနဲ့တော့အဆင်ပြေနေကြပြီ။ ကျွန်တော်တို့ဘက်(ပုဏ္ဏားကျွန်းမြို့နယ်)မှာက စားဝတ်နေရေးအဆင်မပြေတာတွေကအများကြီးရှိနေတာ။ အခုမိုးရာသီမှာလယ်မထွန်ရသေးတဲ့နေရာတွေ အများကြီးရှိတယ်။ သူတို့မှာနွားတွေလည်း အကုန်ဆုံးသွားတယ်။ စက်တွေလည်းပျက်သွားကြတယ်။ အခုချိန်မှာတော့နေရေးထက် စားရေးပိုခက်နေကြတယ်” လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO) ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မိုခါမုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့မြို့နယ်တွေဟာ ပုဏ္ဏားကျွန်း၊စစ်တွေ၊ရသေ့တောင်၊ဘူးသီးတောင်၊ပေါက်တော၊ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တွေဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ ULA ကထုတ်ပြန်ခဲ့ပါတယ်။ ရွာပေါင်းသုံးရာနီးပါးရှိတဲ့ပုဏ္ဏားကျွန်းမြို့နယ်မှာမိုခါမုန်တိုင်းအလွန် အကူအညီထောက်ပံ့ပေးရေးလုပ်ငန်းတွေကို ခန့်မှန်းခြေ ၇၀ ရာခိုင်နှုန်းလောက်လုပ်ထားနိုင်တယ်လို့ PDYO ထံမှသိရပါတယ်။ အခုချိန်ဟာ မိုးရာသီလည်းဖြစ်တာကြောင့်သွေးလွန်တုပ်ကွေးရောဂါတွေလည်း အဖြစ်များနေပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ PDYO မှဆေးရုံကိုပို့ဆောင်ပေးခဲ့ရတဲ့ သွေးလွန်တုပ်ကွေးလူနာဟာ ခန့်မှန်းခြေအယောက် ၈၀ လောက်ရှိပြီးသေဆုံးသူတွေလည်းရှိတယ်လို့ PDYO ရဲ့တာဝန်ရှိသူကပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်လိုပဲ မိုခါမုန်တိုင်းဒဏ်ကိုအလူးအလဲခံခဲ့ရတဲ့မြောက်ဦးမြို့နယ်က စစ်ရှောင်ပြည်သူ သုံးထောင်နီးပါးရှိတဲ့တိမ်ညိုစစ်ရှောင်စခန်းမှာဆိုရင်လည်း စားရေးသောက်ရေးအခက်အခဲတွေကြုံနေရတယ်လို့ တိမ်ညိုစစ်ရှောင်စခန်းတာဝန်ရှိသူကပြောပါတယ်။ “လက်ရှိမှာ စားဝတ်နေရေးကတော်တော်ကိုအဆင်မပြေဘူး။ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၄ (မော်ကွန်း) ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ အာဇာနည်နေ့အထိမ်းအမှတ်ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်ပြီးတိုက်ပိတ်ခံထားရတယ်လို့ အဲ့ဒီအကျဉ်သားတွေကို ကူညီနေသူတွေဆီက သိရပါတယ်။ အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူတွေဟာ ပြီးခဲ့တဲ့အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဖဲကြိုးနက်လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အဲ့ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဆိုပါ တိုက်ပိတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးအနက် အချို့မှာရိုက်နှက်ခံထားရပြီး ထောင်ဝင်စာတွေ့ခွင့်တွေကိုလည်း ပိတ်ထားတယ်လို့ ပြောပါတယ်။ “အဲ့ဒီထဲမှာ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်းပါတယ်။ ထောင်ဝင်စာတွေ့ခွင့်တွေက အားလုံးပိတ်ထားတော့ အခုလွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေသတင်းပေးလို့ မိသားစုတွေ သိရတာပေါ့။ အခုထိတော့ သူတို့အဆက်အသွယ်မရတော့ဘူး” လို့ သူကပြောပါတယ်။ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူများမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ တစ်သက်တစ်ကျွန်းထိ […]
ကနီ -၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရဲစခန်းမှာ ဒီနေ့မနက်ပိုင်းက စခန်းမှူးရဲ့မွေးနေ့ပွဲပြုလုပ်နေစဉ် ဒေသခံပြည်သူ့ကာကယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွေးနေ့ရှင်စခန်းမှူးနဲ့ နယ်ထိန်းရဲတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဗုံးကြဲတိုက်ခိုက်ရာမှာပါဝင်တဲ့ ကျောက်လုံးကြီးတပ်မဟာ KLG က တာဝန်ရှိသူက မော်ကွန်းကိုအတည်ပြုပါတယ်။ “ဗုံးသီးလေးလုံးချခဲ့တာ၊ ဒရုန်းနှစ်စီး နှစ်ခေါက်ပြန်ပြီးချခဲ့တာ။ စခန်းမှူးနဲ့ နယ်ထိန်းကတော့ ဗိုက်ပွင့်ပြီးသေသွားတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ မြို့နယ်မှူးနဲ့ ရဲမေနဲ့ ရဲမိသားစုဝင်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာများတယ်ဗျ။ ဒုရဲအုပ် အောင်ကိုဦးရဲ့မိသားစုဝင်တစ်ဦးလည်း ထိခိုက်တယ်။ဒဏ်ရာပြင်းထန်တယ်” လို့ ၎င်းကပြောပါတယ်။ ဗိုက်ပွင့်သေဆုံးသူနှစ်ဦးဟာ စခန်းမှူးထွန်းမြင့်နဲ့ နယ်ထိန်းဆန်းဌေးတို့ဖြစ်တယ်လို့ KLG တပ်မဟာက တာဝန်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာ ရဲစခန်းနဲ့ စခန်းနောက်က ဘုရားကုန်းပေါ်ကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိခဲ့ပေမယ့် အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိုလှောင်ထားတဲ့အရန်ဆန်တွေကို ဆန်တစ်အိတ် ခြောက်သောင်းကျပ် ထက်မပိုတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အရန်ဆန် စုစုပေါင်း အိတ်ငါးသောင်းကို ယခုသီတင်းပတ်အတွင်း ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မနေ့ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယခုလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ အရန်ဆန်ရောင်းချရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုပြုလုပ်ခဲ့ပြီး အခုလိုထုတ်ပြန်ခဲ့တာပါ။ အရန်ဆန်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ စက်မှုဇုန်တွေက အခြေခံအလုပ်သမားမိသားစုတွေ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းတွေ၊ လုပ်သားပြည်သူတွေဆီကို ဆန်ကုန်စည်ဒိုင်တွေ၊ စည်ပင်သာယာ ဈေးအရောင်းဆိုင်တွေကတစ်ဆင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိက အရန်ဆန်အိတ်ငါးသောင်းကို ကနဦးရောင်းချတာဖြစ်ပြီး နောက်ထပ်လိုအပ်ချက်အရ ထပ်မံပြီး ထုတ်ရောင်းသွားဖို့လည်း အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အခုက ပထမဆုံးအကြိမ်စရောင်းတာဆိုတော့ ရန်ကုန်ဈေးကွက်ကနေတစ်ဆင့် တစ်နိုင်ငံလုံးကို […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း) ကရင်ပြည်နယ်၊ မြဝတီမြို့၊ သောင်ရင်းမြစ်မှာ ၂၄ နာရီအတွင်းစိုးရိမ်ရေအမှတ်ရောက်ရှိမယ်လို့ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကပြီးခဲ့တဲ့နာရီပိုင်းအတွင်းထုတ်ပြန်ထားပါတယ်။ “ ကျွန်တော်တို့က မြစ်တွေရဲ့စိုးရိမ်ရေအမှတ်မရောက်ခင် သုံးပေအလိုမှာထုတ်ပြန်တာပါ။ မိုးကလည်းများဖို့ရှိတယ်ဆိုတော့ ဒါကြောင့်မို့လည်း စိုးရိမ်ရေအမှတ်အဖြစ်ထုတ်ပြန်ထားတာပါ။ အဲလိုစိုးရိမ်ရေအမှတ်ကို ရောက်တော့မယ်လို့ထုတ်ပြန်တဲ့အခါမှာ တစ်ချို့မြေနိမ့်ဒေသမှာရေတွေစဝင်နေပြီ။ စိုးရိမ်ရေအမှတ်ရောက်ရင် ပိုမြုပ်မှာပေါ့၊ ပြောင်းဖို့ရွှေ့ဖို့ပြင်ဆင်မှုတွေလုပ်ရမှာပေါ့။ မြစ်ကမ်းအနီးနေတဲ့သူတွေအထူးသတိပြုပါ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ သောင်ရင်းမြစ်ဆိုတာဟာ ထိုင်း-မြန်မာနယ်စပ်ဖြတ်သန်းစီးဆင်းတဲ့မြစ်တစ်စင်းပါ။ သောင်ရင်းမြစ်ရဲ့စိုးရိမ်ရေအမှတ်ကို ၉၆၃ စင်တီမီတာလို့ မိုးဇလကသတ်မှတ်ထားပါတယ်။ ဒီနေ့လယ်ထိ ၉၁၂ စင်တီမီတာရှိနေပြီးလာမယ့် ၂၄ နာရီအတွင်းမှာ စိုးရိမ်ရေအမှတ်ကိုရောက်မယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။ မိုးရေချိန်ဟာသုံးလက်မကျော်ရင်မိုးကြီးတယ်လို့မိုးဇလကသတ်မှတ်ပါတယ်။ မနက်ဖြန်မှာ ကရင်ပြည်နယ်အတွင်း နေရာကွက်ကြားမိုးကြီးနိုင်ပြီး ရွာဖို့ရာနှုန်းပြည့်ဖြစ်တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ ၁၂ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."