သတင်းများ

ပုလဲမှာ ကျေးရွာ ပ.က.ဖခေါင်းဆောင်တစ်ဦးကို အာဏာသိမ်းစစ်တပ်ဖမ်းဆီးကာ လည်ပင်း ဓါးနဲ့လှီးသတ်သွား

August 3, 2023

ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း) မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်စီးနင်းခဲ့ရာ ရွာမှာကင်းစောင့်နေတဲ့ ကျေးရွာ ပ.က.ဖ‌ ခေါင်းဆောင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံဆီကသိရပါတယ်။ “ရွာအနောက်ဘက် ဆည်ဘောင်ပေါ်မှာ လည်ပင်းကို ဓါးနဲ့လှီးပြီး ညှင်းပန်းနှိပ်စက်ပြီးသတ်ထားခဲ့တာ”လို့ ဒေသခံကပြောပါတယ်။ ဒေသခံရဲ့ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ပုလဲနယ်၊ အင်မတီးပျူစောထီးစခန်းကနေ ပြန်လှည့်လာတာဖြစ်ပြီး တနယ်ရွာကို မနေ့က နံနက်မိုးမလင်ခင် ၅း၀၀ နာရီလောက်မှာ စီးနင်းခဲ့တာလို့ သိရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ ဆိုင်ကယ် ၁၂ စီးကို မီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ အလစ်အငိုက်ဝင်စီးခံနေရတာ မကြာခဏဖြစ်လာနေပါတယ်။ ဒီကနေ့မှာတော့ တနယ်ရွာဘုန်းကြီးကျောင်းထဲဝင်ပြီး တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ နံနက်အစောပိုင်းမှာ ရွာကနေအိမ် ရှစ်လုံးကိုမီးရှို့ပြီးမှ […]

အပြည့်အစုံဖတ်ရန်

ပြန်ဆောက်ထားတဲ့ယာယီတဲတွေ မီးထပ်ရှို့ခံရတာကြောင့် စစ်ရှောင်တွေအတွက် မိုးကာအရေးပေါ်လိုအပ်နေ

August 3, 2023

ဒီပဲရင်း – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မရကန်ရွာမှာ မီးရှို့ခံထားရလို့ ပြန်ဆောက်ထားတဲ့ ယာယီတဲတွေကို အာဏာသိမ်းစစ်တပ်က မနေ့ကပဲ ထပ်ပြီးမီးရှို့ပြန်တာကြောင့် စစ်ရှောင်တွေ နေထိုင်စရာအခက်အခဲတွေဖြစ်ပေါ်နေပါတယ်။ မရကန်ရွာက နေအိမ် ၂၀ ဝန်းကျင်နဲ့ယာယီတဲတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၇၀၈ နဲ့ ၇၀၂ က အင်အား ၁၅၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ညဘက်မိုးရွာချိန်တွေမှာ စစ်ရှောင်တွေအတွက်နေစရာအခက်ခဲတွေဖြစ်နေပြီး မိုးကာလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ပထမတစ်ခါမီးရှို့ခံထားရတဲ့ နေအိမ်အားလုံးနီးပါးအတွက် ထောက်ပံ့ရေးအဖွဲ့တွေနဲ့ကူထားတဲ့လှူထားတဲ့ဟာတွေနဲ့ပြန်ရပ်တည်နေကြတာ၊ အဆင်ပြေမလိုဖြစ်နေတုန်း ယာယီတဲတွေကို ထပ်ရှ်ို့ခံရတာ”လို့ သူကပြောပါတယ်။ ၂၀၂၂ ဧပြီက ပထမဆုံးစပြီး မီးရှို့ခံရတဲ့ မရကန်ရွာဟာ အခုနှစ် ဇန်နဝါရီမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရကာ မနေ့ကတော့ တတိယအကြိမ်မြောက် မီးရှို့ခံရတာပါ။ ၂၀၂၃ […]

အပြည့်အစုံဖတ်ရန်

ဝါဆိုလပြည့်နေ့ ထောင်ခါတဲ့အထဲ နိုင်ကျဉ်းအနည်းငယ်သာပါဟုဆို

August 2, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၂ (မော်ကွန်း) မနေ့က ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသူ အကျဉ်းသားခုနစ်ထောင်ကျော်ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြန်လွှတ်ပေးတဲ့ အကျဉ်းသူအကျဉ်းသား ၇,၇၄၉ ဦးထဲမှာ AAPP ရဲ့ ဒီနေ့မနက် ၁၀ နာရီအထိ စာရင်းပြုစုထားချက်အရ နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်ကို အတည်ပြုထားပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပတ်သက်ပြီး “ အခုလို မဖမ်းသင့်တဲ့လူတွေကို အဓမ္မဖမ်းဆီးထားပြီး ပြန်လွှတ်ပေးတယ်ဆိုတဲ့ကိစ္စက နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဖြေလျော့လိုက်တယ်ဆိုတဲ့ သဘောမဆောင်ပါဘူး။ စစ်အုပ်စုက ဒီလိုကြေညာချက်တွေထုတ်ပြန်ပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့အမြင်ကိုလှည့်ဖျားဖို့ လုပ်ဆောင်နေကြဖြစ်ပြီး သူတို့အနေနဲ့ […]

အပြည့်အစုံဖတ်ရန်

ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီဖွဲ့စည်းလိုက်သော်လည်း ထိန်းချုပ်ရန်မလွယ်ကူနိုင်

August 2, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂ (မော်ကွန်း) စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဟာ လက်ရှိမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ဝေဖန်ပါတယ်။ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီတစ်ရပ်ကို စစ်ကောင်စီက မနေ့ကဖွဲ့စည်းလိုက်ပြီး အဲ့ဒီကော်မတီဟာ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှုတွေနဲ့ ပတ်သက်လို့ အဓိက ဦးစားပေးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီ့ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီး ဦးအောင်နိုင်ဦးက တာဝန်ယူသွားမှာဖြစ်ပြီး အခြားဝန်ကြီးဌာနရှစ်ခုက ဒုဝန်ကြီးတွေ၊ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) တို့က တာဝန်ရှိသူတွေကို ကော်မတီထဲမှာ ထည့်သွင်းထားပါတယ်။ လက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီအပါအဝင် မီးဖိုချောင်သုံး ကုန်စည်တွေရဲ့ ဈေးနှုန်းတွေဟာ အာဏာမသိမ်းမီကထက် နှစ်ဆနီးပါး မြင့်တက်နေပြီး စစ်ကောင်စီအနေနဲ့ ကော်မတီဖွဲ့စည်းရုံနဲ့ အဆင်ပြေလာမှာမဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက […]

အပြည့်အစုံဖတ်ရန်

နိုင်ကျဉ်းလွှတ်မလားမျှော်လင့်ချက်နဲ့ မိသားစုတွေ စောင့်ဆိုင်း

August 1, 2023

ရန်ကုန်- ၂၀၂၃ ဩဂုတ် ၁ ( မော်ကွန်း) အာဏာသိမ်း စစ်ကောင်စီရဲ့ သက်တမ်းနှစ်နှစ်ခွဲပြည့်တဲ့ဒီနေ့ ဝါဆိုလပြည့်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေက မျှော်လင့်နေပါတယ်။ မနေ့တုန်းကတော့ ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီက သူ့သက်တမ်းကို ခြောက်လ ထပ်တိုးတယ်လို့ သူ့လူတွေနဲ့သူလုပ်တဲ့ အစည်းအဝေးပြီးနောက် ကြေညာပါတယ်။ ဒီမနက်မှာတော့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုဝင်တွေဟာ ယုံကြည်ချက်ကြောင့်အကျဉ်းချထားခံရသူတွေ ပြန်လွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ပြည်သူ ၄,၀၀၀ နီးပါးကို သတ်ဖြတ်ထားပြီး နိုင်ငံရေးအကျဉ်း သား ၂၀,၀၀၀ နီးပါးကို ဖမ်းဆီးထားဆဲလို့ ဖော်ပြပါတယ်။ Photo – Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့တွင်းဘုရားများ လူစည်ကား

August 1, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့မနက်ပိုင်းမှာ ရန်ကုန်မြို့တွင်းရှိ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီတို့ကို လာရောက်ဖူးမျှော်ကြည်ညိုသူတွေနဲ့ စည်ကားနေပါတယ်။ ဒီနေ့ပာာ ကောဇာသက္ကရာဇ် ၁၃၈၅ ခု ၊ ဒုတိယဝါဆိုလပြည့်နေ့ဖြစ်ပြီး ဘုရားစေတီတွေမှာ ပန်းရေချမ်း ကပ်လှူပူဇော်သူ၊ ရွှေသင်္ကန်း ကပ်လှူပူဇော်သူတွေ များပြားခဲ့ပါတယ်။ ဓာတ်ပုံ – Mawkun #Dailynews

အပြည့်အစုံဖတ်ရန်

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီပေါ်ဘုရားဖူးများစည်ကား

August 1, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၁ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ မနက်အစောပိုင်းကတည်းက ဘုရားဖူးလာရောက်သူတွေနဲ့ စည်ကားနေပါတယ်။ “နောက်ကျရင်ကားလမ်းပိတ်၊ လူကြပ်မှာစိုးလို့ မနက်အစောကြီးကတည်းကလာခဲ့တာ၊ ဘုရားဝတ်ပြုရင်း တရားမှတ်ရင်း တစ်နေကုန်ရင်ပြင်မှာကုသိုလ်ပြုမလို့” လို့ အင်းစိန်မြို့နယ်ကနေ ဘုရားလာဖူးတဲ့ အသက်၆၀အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ရွှေတိဂုံဘုရားမှာ အခုလို လပြည့်လကွယ် အခါကြီးရက်ကြီးတွေနဲ့ ရုံးပိတ်ရက်တွေလောက်သာ လူစည်ကားတော့တယ်လို့ ဘုရားမှာ ဈေးရောင်းသူတွေက ပြောပါတယ်။ “ဒီလိုနေ့တွေပဲ‌ဈေးရောင်းကောင်းတာ။ လက်ကိုမလည်ဘူးရောင်းရတာ။ တခြားနေ့ဆို လူမရှိသလောက်ပဲ”လို့ ဘုရားစောင်းတန်းမှာ ပန်းရောင်းသူတစ်ဦးကပြောပါတယ်။ အခုလိုအခါကြီးရက်ကြီးနေ့တွေမှာ ဘုရားပေါ်ကဝန်ထမ်းတွေလည်း ပန်း၊သစ်သီးစတာတွေ နေ့နံထောင့်တွေမှာ ရောင်းချနေတာတွေ့ရပါတယ်။ ဘုရားစောင်းတန်းတွေမှာတော့ ဘုရားဖူးလာသူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီးမှ ဘုရားပေါ်တက်ခွင့်ပြုပြီး နဲ့ ရင်ပြင်ပေါ်တွေမှာတော့ လုံခြုံရေးဝန်ထမ်းအများအပြားထားရှိထားတာကိုလည်းတွေ့ရပါတယ်။ Photo – […]

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင် စလွှတ်ပြီ

August 1, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁ (မော်ကွန်း) အာဏာသိမ်းစစ်တပ် လွှတ်ပေးမယ့် အင်းစိန်ထောင်က အကျဉ်းကျခံနေရသူတွေကို စလွှတ်ပေးနေပါပြီ။ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်မယ့် အကျဉ်းသားတွေ ၁,၀၀၀ ရှိတယ်လို့ ကနဦးသိရပြီး အဲဒီထဲမှာ ပုဒ်မ ၅၀၅ တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဓမ္မစကြာအခါတော်နေ့ အကြောင်းပြပြီး တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းတွေက အကျဉ်းသား/သူ ၇,၇၄၉ ဦးကို လွှတ်ပေးမယ်လို့ ဆိုပေမယ့် အဲဒီအထဲမှာ အပြစ်မဲ့ဖမ်းဆီးခံထားရတဲ့ပြည်သူ၊ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပါဝင်မယ်ဆိုတာမသိရသေးပါဘူး။ ဒီနေ့လွှတ်ပေးမယ့်အထဲမှာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA ၊ TNLA ၊ SSPP/SSA နဲ့ AA တပ်ဖွဲ့တွေက ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၂ ဦးလည်းပါဝင်တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်းကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံထောင်နဲ့ချီတိမ်းရှောင်နေရ

July 31, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကရွာတွေကို စစ်ကောင်စီတပ်အင်အားတစ်ရာကျော်က ဒီနေ့မနက်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျောက်မှော်ရွာခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “တိုက်ပွဲက ခုလောလောဆယ်တော့မဖြစ်သေးဘူး။ ဒီမနက် ၈ နာရီလောက်ကစပြီး ထိုးတာ။ အင်အား ၁၂၀ လောက်ရှိတယ်။ ဒေသခံက နှစ်ထောင်သုံးထောင်လောက်ရှိတယ်။ ကျောက်မှော်အုပ်စုကရွာတွေ အကုန်ရှောင်ရတာပဲ” လို့ ကျောက်မှော်ရွာသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်ပိုင်းမှာ သံပို၊စေသူ၊ ပတိန်ပြင် စတဲ့ကျေးရွာတွေကို ဝင်စီးနင်းခဲ့ပြီး ဖမ်းဆီးတာနဲ့ ရွာမီးရှို့တာတွေတော့ မရှိသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးတာကြောင့် သံပို၊စေသူ၊ ပတိန်ပြင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ နှောပင်၊ အင်းဘက် စတဲ့ရွာတွေကဒေသခံ ထောင်ချီထွက်ပြေးနေရတယ်လို့ သိရပါတယ်။ ၂၀၂၃ ဇူလိုင် ၁၀ရက် အထိ ကုလသမဂ္ဂရဲ့ […]

အပြည့်အစုံဖတ်ရန်

လာမယ့်ရက်ပိုင်းအတွင်းမိုးများနိုင်၊ မြစ်ချောင်းကမ်းနားနေသူများသတိပြုဖို့လို

July 31, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃၁ (မော်ကွန်း) ရန်ကုန်မှာလာမယ့်ရက်ပိုင်းအတွင်း မိုးများနိုင်သလိုဝါဆိုလပြည့်နေ့ ဒီရေတက်မယ့်အချိန်လည်းဖြစ်တာကြောင့် မြစ်တွေ၊ချောင်းတွေနားနေသူတွေသတိပြုကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။ “ဒီနေ့လည်းမိုးများနိုင်တယ်၊ ဩဂုတ် ၁ ရက်၊ ရက်လည်းမိုးများနိုင်တယ်။ ၂ ရက်နေ့ဆိုရင်မိုးပါးသွားလိမ့်မယ်။ သုံးရက်ဆက်ပေါ့။ ရက်ဆက်ရွာတဲ့မိုးဖြစ်လို့ ရေကြီးရေလျှံတာ၊ နောက်ပြီးဒီရေတက်တဲ့အချိန်နဲ့တိုက်နေတော့ ရန်ကုန်မြစ်အပါအဝင် မြစ်တွေချောင်းတွေ၊ ကမ်းပါးတွေမှာနေတဲ့သူတွေသတိထားရမယ်။ ရေကျတဲ့အချိန်နဲ့ အောက်ရေနဲ့အပေါ်ရေပေါင်းသွားတဲ့အချိန်ကြရင် သတိထားဖို့လိုပါမယ်” လို့သူကပြောပါတယ်။ ဒီနေ့ရန်ကုန်မြို့မှာ မိုးများခဲ့တာကြောင့်နေရာတစ်ချို့မှာ ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့ပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းမအပြည့် ရေတွေကြီးနေပြီး ကားလမ်းတွေပါပိတ်တဲ့အထိဖြစ်နေတာပါ။ လမ်းမကြီးတစ်လျှောက်မှာလည်းရေကြီးနေတာကြောင့်ဆိုင်ခန်းတွေပိတ်ထားပါတယ်။ ဗိုလ်တထောင်မြို့နယ်နဲ့သုဝဏ္ဏမြို့နယ်မှာဆိုလည်း မိုးများပြီးရေကြီးရေလျှံမှုဖြစ်နေတာပါ။ မိုးရေချိန် ဟာသုံးလက်မကျော်ရင်မိုးကြီးတယ်လို့မိုးဇလကသတ်မှတ်ပါတယ်။ မနေ့ကမိုးဇလရဲ့ကမ္ဘာအေးဘုရားလမ်းပေါ်မိုးရေချိန်တိုင်းတာချက်အရတော့ နှစ်လက်မကျော်ရှိခဲ့ပြီး ဒီကနေ့အတွက်မိုးရေချိန်တိုင်းတာချက်တော့မရသေးဘူးလို့ဦးလှထွန်းကပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေမှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေလို့ ရန်ကုန်မှာ နေရာကွက်ကြားမိုးကြီးနိုင်ပြီး ရွာရန်ရာခိုင်နှုန်းအပြည့်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ပုံစာ – […]

အပြည့်အစုံဖတ်ရန်

နောက်ဖေးလမ်းကြားဥယျာဉ်တွေ အမှိုက်ပုံပြန်ဖြစ်နေ

July 31, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃၀ (မော်ကွန်း) တစ်ချိန်ကရန်ကုန်မြို့နောက်ဖေးလမ်းကြားအမှိုက်ပုံတွေကိုဥယျာဉ်အဖြစ်ပြောင်းလဲခဲ့တဲ့ ဒို့အိမ်ရဲ့နောက်ဖေးလမ်းကြားစီမံကိန်းဟာ အမှိုက်ပုံအတိပြန်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနှစ်နှစ်ခွဲအကြာထိပြန်လည်ပြုပြင်ထိန်းသိမ်းမှုမလုပ်နိုင်သေးတဲ့အခြေအနေဖြစ်နေပါတယ်။ “အစ်မဆွဲနေတဲ့အချိန် ဘေးနားမှာကလေးတွေကလည်းဆော့ကစားကြ၊ ကိုယ့်ပုံလေးကိုဓာတ်ပုံတွေရိုက်ကြဆိုတော့ ပီတိဖြစ်မိတာပေါ့။ မိုးရေတွေကြားထဲ အချိန်ကုန်ခံလူပင်ပန်းခံပြီးဆွဲခဲ့ရတာပါ။ စစတွေ့ချင်းတုန်းက လုံးဝရှော့ခ််ရသွားတာ။ ပြောစရာစကားလုံးတောင်မရှိတော့ဘူး”လို့ နောက်ဖေးလမ်းကြားဥယျာဉ်မှာ Graffiti art ရေးဆွဲဲခဲ့သူတစ်ဦးကပြောပါတယ်။ ရန်ကုန်မြို့အတွင်းမှာ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိပြီး အဲဒီ့ထဲက ဥယျာဉ် ၁၂ ခုကို ဒို့အိမ်ကဖန်တီးခဲ့တာပါ။ ဒို့အိမ်ရဲ့နောက်ဖေးလမ်းကြားဥယျာဉ်တွေရဲ့လုံခြုံရေး၊ သန့်ရှင်းရေး၊ ကိစ္စအဝဝအတွက် နောက်ဖေးလမ်းကြားအနီးနားကဒေသခံတွေကို လွှဲပြောင်းပေးအပ်ထားတာပါ။ စစ်တပ်ကအာဏာသိမ်းပြီး လူထုကလမ်းပေါ်ထွက်ဆန္ဒပြပွဲတွေပြုလုပ်တဲ့ကာလတွေအထိ နောက်ဖေးလမ်းကြားတွေဖွင့်ထားဆဲဖြစ်ပြီး အဲဒီနောက်ပိုင်းမှပိတ်လိုက်ကြတာလို့ Graffiti Art ရေးဆွဲသူကပြောပါတယ်။ ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်းအလယ်ဘလောက်မှာနေထိုင်သူတစ်ဦးကတော့ “နောက်ဖေးလမ်းကြားတွေကအသုံးမပြုကြတော့တာကြာပြီဗျ။ ဘယ်သူမှလည်းမရှင်းနိုင်တော့လို့အကုန်လုံးက ပိတ်လိုက်ကြတာ။”လို့ပြောပါတယ်။ နောက်ဖေးလမ်းဥယျာဉ်တွေရဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအခြေအနေတွေသိရဖို့ ရန်ကုန်ဒို့အိမ်ရုံးကို email ကတစ်ဆင့် […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ရက်ပေါင်း ၈၆၀ မြောက်နေ့အဖြစ်ချီတက်ဆန္ဒပြ

July 30, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၃၀ (မော်ကွန်း) စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း၊ လူထုသပိတ်တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ရက်ပေါင်း ၈၆၀ မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ရုပ်သံ – Mawkun Magazine YouTube – https://youtu.be/ANGGnkkgAWc #Dailynews

အပြည့်အစုံဖတ်ရန်
1 … 110 111 112 113 114 115 116 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."