သတင်းများ

ကျပ်ငွေတန်ဖိုးထိုးကျ၊ ရွှေနဲ့ဒေါ်လာစျေးစံချိန်တင်မြင့်တက်

August 18, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၈ (မော်ကွန်း) ယခုရက်ပိုင်းအတွင်း ရွှေဈေးနဲ့ဒေါ်လာဈေးတွေ စံချိန်တင်ခုန်တက်ခဲ့တယ်လို့ ရွှေနဲ့ဒေါ်လာဈေးကွက်အတွင်းက သိရပါတယ်။ ယခုလဆန်းပိုင်းမှာ တစ်ကျပ်သားကို ၃၅ သိန်းဝန်းကျင်ရှိနေတဲ့ အခေါက်ရွှေဈေးနှုန်းဟာ နှစ်ပတ်ကျော်ကာလအတွင်း တရိပ်ရိပ်နဲ့ မြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ တစ်ကျပ်သားကို ၃၉ သိန်းကျော်ကို ရောက်ရှိလာပြီလို့ ဈေးကွက်အတွင်းကသိရပါတယ်။ ယခုလမှာ စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူစတင်ထုတ်ဝေခဲ့ပြီးနောက် ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့တာလို့ ရွှေအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “လုံးဝထိန်းလို့မရအောင် တက်နေပြီ၊ ဒီနေ့မနက်စဖွင့်တည်းက ၃၈ သိန်းနဲ့ စတာ ညနေပိုင်းမှာ ၃၉ သိန်းကျော်သွားတယ်၊ အပြင်ဆိုင်တွေရောင်းဈေးက ဒီထက်များတယ်၊ ၄၀ နားကပ်နေပြီ” လို့ ပြောပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာတာကြောင့် ကျပ်ငွေအစား ရွှေကိုင်ထားသူတွေလည်း များလာတဲ့အတွက် ယခုရက်ပိုင်းမှာ ရွှေအဝယ်လိုက်လာတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ကြက်သွန်နီ စျေးမြင့်တက်လာ

August 17, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၈ (မော်ကွန်း) ယခုရက်ပိုင်းအတွင်း ကြက်သွန်နီဈေးနှုန်းမြင့်တက်နေတဲ့အတွက် ကြက်သွန်စိုက်တဲ့ တောင်သူတွေ ဈေးကောင်းရနေတယ်လို့ အဆိုပါတောင်သူတွေဆီက သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ မုံရွာနဲ့ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီအသန့်ဈေးက တစ်ပိဿာကို ၂,၆၀၀ ကျပ်ထိ မြင့်တက်နေပြီး ယခုလဆန်းပိုင်းကထက် တစ်ပိဿာကို ၅၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်သွားတယ်လို့ ကုန်စည်ဒိုင်ဈေးနှုန်းအရ သိရပါတယ်။ ယခုရက်ပိုင်းမှာ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကြက်သွန်နီအဝယ်လိုက်လာတဲ့အတွက် အခုလို ဈေးတက်လာတာဖြစ်တယ်လို့ ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။ “ အရင်က ကုန်စည်ဒိုင်အဝင်ဈေးက တစ်ပိဿာ ၂,၀၀၀ ဝန်းကျင်မှာရှိတာ တစ်ပတ်အတွင်းမှာ ၂,၅၀၀ ထိ တက်လာတယ်၊ ပြည်ပက ကျွန်တော်တို့ တရုတ်တို့ ဘင်္ဂလားဒေ့ရှ်တို့ကို ပို့တာရှိတယ်၊ ဘင်္ဂလားဒေ့ရ်ှကလည်း ဒီရက်ပိုင်း ကုန်အမှာတွေလိုက်လာတယ်၊ […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ စစ်တပ်သတ်ဖြတ်ထားခဲ့တဲ့ ငါးဦးမြောက် ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိ

August 17, 2023

ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးနယ်‌‌တွေမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံရသူတွေထဲက ငါးဦးမြောက် အလောင်းတစ်လောင်းကို ဒီကနေ့ နံနက်ပိုင်းမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ အခုလထဲမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံရသူတွေထဲက ယင်းမာပင်၊ လည်ငေါက်ရွာဒေသခံ လေးဦးရဲ့ ရုပ်အလောင်းတွေကို မြောက်ယမားချောင်းထဲမှာ မနေ့ကတွေ့ရှိခဲ့ပါတယ်။ ဒီကနေ့တွေ့ရှိတဲ့ ရုပ်အလောင်းကို ကံကုန်းရွာအနီးက မြောက်ယမားချောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်မပေါ်သေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ “ဒီနေ့မနက် မြစ်ရေတက်တော့ ယမားထဲငါးမျှားဆင်းတာဗျ။ ကိုင်းပင်ကြားက ဘာလည်းကြည့်တော့ ရုပ်အလောင်းဖြစ်နေတာ။ မြစ်ရေတက်တော့ ရေပြင်ကျယ်တယ်လေ ဒီမနက်မှပေါ်တာဖြစ်မယ်။အဲဒါနဲ့ တာဝန်ရှိသူတွေဆီအကြောင်းကြားပြီး နီးစပ်ရာမြေမြုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ပိုင်ရှင်တော့မသိရဘူး။ ဘယ်ဘက်လက်မှာ အဝတ်စလေးချည်ထားတာတော့တွေ့တယ်။ အရပ်ကငါးပေတော့ကျော်မယ်။ကျန်တာတော့သိပ်ကြည့်မရဘူး၊ ပုပ်ပွပြီးအနံ့တွေထွက်နေပြီ”လို့ ဒေသခံငါးမျှားသူတစ်ယောက်က မော်ကွန်းကို ပြောပါတယ်။ ဒေသခံရပ်ကျေး ပ.က.ဖ ဝင် တစ်ဦးက […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မြေပြိုမှု အလောင်း ၃၂ လောင်းပြန်လည်တွေ့ရှိထား

August 16, 2023

ဖားကန့်-၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေရဲ့ အလောင်း ၃၂ လောင်းအထိ ဒီနေ့ပြန်တွေ့ထားပြီလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် ညနေပိုင်းက ပေသုံးရာဝန်းကျင်အမြင့်ရှိတဲ့ မြေစာပုံနဲ့ချောက်ကမ်းပါးပြိုကျပြီး ကျောက်ရှာဖွေသမား ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။ “ဒီနေ့က လောလောဆယ် ၁၁ နာရီလောက်မှာ ခုနစ်ဦးထပ်ရတယ်။မနေ့က ၂၅ ယောက် ဒီနေ့က ခုနစ်ယောက်၊ ၃၂ လောင်းတော့ တွေ့ထားပြီ။ လောလောဆယ်တော့ ရှာနေတာ။ ပိုင်ရှင်မသိတာက မနေ့က ငါးလောင်းမှာ တစ်လောင်းကသိတယ်ဆိုတော့ ပိုင်ရှင်မဲ့က လေးလောင်းပဲကျန်တာ။ အကုန်လုံး(ကန်ထဲကနေ) ဆယ်ပြီးသွားပြီ။ သုဿာန်ကိုပို့လိုက်ပြီ”လို့ ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ သင်္ခါလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။ မနေ့က […]

အပြည့်အစုံဖတ်ရန်

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့တိုက်ပွဲတွေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်မစတင်နိုင်သေး

August 16, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း) အိန္ဒိယနဲ့ မြန်မာကြား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်မစတင်နိုင်သေးတာကြောင့် အိန္ဒိယနဲ့ မြန်မာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး-တမူး ကားလမ်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အသွားအလာကန့်သတ်ထားတာ နှစ်လနီးပါးခန့် ရှိပြီလို့ အိန္ဒိယကို ပဲမျိုးစုံတင်ပို့နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ “ပို့ကုန်သမားတွေက အတော်အခက်အခဲဖြစ်နေတာ၊ လမ်းကြောင်းကပိတ်ထားတော့ ဝယ်ထားတဲ့ကုန်တွေလည်းအရှုံးခံပြန်ရောင်းနေရတယ်၊ ပြီးတော့ နှစ်လလောက်ရှိပြီ ဒီအတိုင်းငုတ်တုတ်ထိုင်နေရတာ၊ အချို့ ပို့ကုန်သမားတွေဆို ကုမ္ပဏီတွေပါ ပိတ်လိုက်ပြီ” လို့ သူက ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီအစိုးရအနေနဲ့ အိန္ဒိယနဲ့ လေကြောင်းကုန်သွယ်မှုအချို့သာရှိပြီး နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါး ရပ်တန့်နေတယ်လို့ တမူးနယ်စပ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “အိန္ဒိယကုန်သွယ်ရေးက […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်မှာ ရေလွှမ်းမိုးမှုကြောင့် မိုးစပါး ဧကခုနစ်သောင်းကျော်ပျက်စီး

August 16, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ ဒီလဆန်းပိုင်းကမိုးအဆက်မပြတ်ရွာပြီး ရေလွှမ်းမှုကြောင့် မိုးစပါးဧကခုနှစ်သောင်းကျော်ပျက်စီးသွားခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂုတ် ၁၄ မှာထုတ်ပြန်ပါတယ်။ ရက်ဆက်ရေကြီးမှုနဲ့ တောင်ကျရေစီးဆင်းမှုတို့ကြောင့် မိုးစပါးစိုက်ခင်းတွေရေမြုပ်ကာပျက်ကုန်ကြတာလို့ ရခိုင်ကတောင်သူတွေကပြောပါတယ်။ ရေကြီးမှုကြောင့်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မိုးစပါးဧက ၁၂,၀၀၀ ကျော်ပျက်စီးသွားခဲ့ပြီး ဧကအများဆုံးပျက်ဆီးခဲ့တဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ “ကျွန်တော်ကဧက၂၀၀စိုက်တာ၊ တစ်လစိုက်တာလည်းရှိတယ်၊ ၁၅ရက်စိုက်တာလည်းရှိတယ်။အခုတစ်လစိုက်ထားရတဲ့မိုးစပါးဧကတစ်ရာလောက်ပျက်သွားပြီ။ အသက်တူမျိုးတွေကိုရှာပြီးစိုက်ရတော့မှာ။ နောက်ထပ်တစ်လ၊ နှစ်လလောက်အချိန်ယူရတော့မှာ”လို့ ကျောက်တောင်မြို့နယ်ကတောင်သူ ဦးတင်ထွေးကပြောပါတယ်။ မေ ၁၄ ရက်ကဝင်ရောက်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့် ဦးတင်ထွေးရဲ့နွေစပါးဧက ၁၀၀ လောက်ပျက်စီးသွားခဲ့ပါသေးတယ်။ အခုရေကြီးမှုမှာလည်းသူ့ရဲ့လယ်ဧက ၁၀၀ ထပ်မံပျက်စီးသွားခဲ့တာပါ။ မိုးစပါးတွေပြန်စိုက်ဖို့ဆိုတာကလည်း ရာသီဥတုအခြေအနေ၊ သွင်းအားစုတွေကိုဈေးသက်သက်သာသာရဖို့နဲ့ အလှူရှင်တွေရဲ့အကူအညီတွေလည်းအများကြီးလိုအပ်တယ်လို့သူကပြောပါတယ်။ မင်းပြားမြို့နယ်ကတောင်သူတစ်ဦးကလည်း “ဒီနှစ်တော့သီးထွက်နှုန်းလျော့နိုင်တယ်။ သွင်းအာစုနဲ့ရာသီဥတုအခြေအနေပေါ်လည်း မူတည်တယ်။ အခုကအချိန်နောက်ကျသွားတော့ အထွက်နှုန်းကောင်းအောင် သွင်းအားစုများများထည့်ရမှာ။ သွင်းအားစုလည်းမထည့်နိုင်ဘူး၊ ရာသီဥတုလည်းမကောင်ဘူးဆိုရင်တော့ အထွက်နှုန်းတော်တော်ကိုကျသွားမှာ”လို့ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

UNOCHA အကြီးအကဲနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ့ဆုံမှုကနေ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ပြန်လည်ရရှိဖို့မျှော်လင့်ဟုဆို

August 16, 2023

ရန်ကုန်-၂၀၂၃၊ဩဂုတ် ၁၆ (မော်ကွန်း) ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) အကြီးအကဲနဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်တို့တွေ့ဆုံမှုကနေ ရခိုင်ပြည်နယ်အတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေလူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ခရီးသွားလာခွင့်တွေပြန်ခွင့်ပြုပေးလာဖို့ မျှော်လင့်တယ်လို့ဝံလတ်ဖောင်ဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောပါတယ်။ “မိုခါမုန်တိုင်းအရေးနဲ့ပတ်သက်ပြီး UNOCHA နဲ့သူတို့က ပထမကတွေ့ကြသေးတယ်။ ဒါပေမယ့်စစ်ကောင်စီက ခရီးသွားလာခွင့်တွေပိတ်ခဲ့တယ်။ ကျွန်တော်တို့မျှော်လင့်တာကတော့ ရခိုင်ဒေသမှာ UN အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းတွေ လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့အခါမှာ လွတ်လပ်စွာသွားလာခွင့်ရဖို့မျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။ UNOCHA ရဲ့အကြီးအကဲ Mr.Martin Griffiths နဲ့ စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့မွန်းလွဲပိုင်းကနေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေအကြောင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အကူအညီပေးရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုသဘောတူညီချက်တွေရရှိခဲ့တယ်ဆိုတာတော့ အသေးစိတ်မသိရသေးပါဘူး။ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့်ကို ဇွန် ၈ ရက်က ရပ်ဆိုင်းလိုက်တာပါ။ အဲဒီနောက်ပိုင်းမှာ ဒေသအခြေစိုက်အရပ်ဖက်အဖွဲ့အစည်းအချို့ကိုတော့ ခရီးသွားလာခွင့်ပေးခဲ့ပေမယ့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုတော့ ခွင့်မပြုသေးပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်ဒေသခံတွေကို အကူအညီတွေပေးတဲ့အခါ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ပေးအပ်ရတာဖြစ်တယ်လို့ ဝံလတ်ဖောင်ဒေးရှင်းထံမှသိရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ အာဏာသိမ်းစစ်တပ်ဖမ်းဆီးပြီး သတ်ဖြတ်သွားတဲ့ အမျိုးသားရုပ်အလောင်း သုံးလောင်းတွေ့ရှိ

August 16, 2023

ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်ကို ပိုင်းခြားထားတဲ့ မြောက်ယမာချောင်းထဲမှာ အရပ်သားသုံးဦးရဲ့အလောင်းကို ဒီကနေ့နံနက်စောစော တွေ့ရှိရတယ်လို့‌ ဒေသခံတွေဆီကသိရပါတယ်။ သေဆုံးသူတွေဟာ အခုလ ၁၄ ရက်က ဆားလင်းကြီးနယ်မှာရှိတဲ့ ‌‌တရုတ်ကြေးနီစီမံကိန်းရဲ့ ဆလာဖာနဲ့ရိက္ခာတွေသယ်ယူဖို့ လုံခြုံရေးယူပေးတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်း ယင်းမာပင်နယ်ထဲကို စစ်ကြောင်းထိုးရင်း ဖမ်းဆီးသွားတဲ့အရပ်သားတွေဖြစ်တယ်လို့ ဒေသခံဆီကသိရပါတယ်။ အသတ်ခံရသူတွေဟာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာက ဦးသိန်းဝေ(၄၄နှစ်)၊ ကိုဇော်မျိုးအောင်(၂၁နှစ်)နဲ့ ဦးကျော်ဉာဏ်(၄၇နှစ်)တို့ဖြစ်ပြီး နဖူးမှာ သေနတ်ဒဏ်ရာ၊ လည်းပင်းဓါးထိုးသွင်းဒဏ်ရာနဲ့ နံရိုးဓါးထိုးသွင်းဒဏ်ရာတွေ တွေ့ရှိရတယ်လို့ အလောင်းဆယ်ယူသူတွေဆီကသိရပါတယ်။ လည်ငေါက်ရွာက အဖမ်းခံခဲ့ရသူဟာ သေဆုံးသူများအပါအဝင် လေးဦးရှိပြီး ကံကုန်းရွာကလည်း သုံးဦးအဖမ်းခံထားရသေးပါတယ်။ ဖမ်းဆီးခံရသူတွေကို အာဏာသိမ်းစစ်တပ်ဟာ ကြေးစင်တောင်စီမံကိန်းကနေ လက်ပံတောင်းတောင်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Regional Friend Frighters […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူခရိုင်ကစစ်ရှောင်တွေ မြွေဆိုးကိုက်ခံရ၊ မြွေဆိပ်ဖြေဆေးလိုအပ်နေ

August 16, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်းမှာ နှစ်ပတ်အတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ သုံးဦးရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ မြွေဆိုးကိုက်ခံရသူတွေဟာ အခုလ ၅ ရက်က ကိုးတောင်ဘို့တိုက်နယ်က အမျိုးသားတစ်ဦး၊ ၁၁ ရက်က မိဿလင်ကုန်းရွာက အမျိုးသမီးတစ်ဦးနဲ့ အင်းပုတ်ကျေးရွာက အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အချိန်မီဆေးကုသမှုခံယူခဲ့ရတာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။ ကန့်ဘလူခရိုင်ထဲမှာ မကြာခဏဆိုသလို မြွေပွေး၊ မြွေဟောက် စတဲ့မြွေဆိုးကိုက်ခံရသူတွေရှိနေပြီး မြွေဆိပ်ဖြေဆေးလိုအပ်ချက်လည်းရှိတယ်လို့ ကန့်ဘလူဒေသခံတစ်ဦးက ပြောပါတယ်။ “ မြွေကိုက်ခံရသူများတော့ ဆေးကအမြဲတမ်းလိုအပ်ချက်ရှိတယ်။ စစ်တပ်က မထင်ရင်မထင်သလိုဖမ်းတော့ မြို့ပေါ်တက်ဆေးကုဖို့ကလည်း မလွယ်ဘူး။ ဆေးကုတာနောက်ကျလို့ အသက်သေသွားတဲသူလည်းရှိတယ်”လို့ သူကပြောပါတယ်။ ကန့်ဘလူနယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင် နှစ်လအတွင်းမှာ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ဦးရေ […]

အပြည့်အစုံဖတ်ရန်

စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကျင်းပသူတွေ ဖမ်းဆီးခံရ

August 16, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၆ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရာမှာ ပါဝင်သူငါးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။ အဲ့ဒီအခမ်းအနားကို ယခုလ ၁၃ ရက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ကဦးဆောင်ကာ စစ်တွေမြို့တစ်နေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့အခမ်းအနားမှာ ပါဝင်သူငါးဦးကို မနေ့ကဖမ်းဆီးသွားတာပါ။ ရခိုင်ပြည်နယ်က အမျိုးသမီးအခွင့်အရေးနဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးနဲ့ အခမ်းအနားကျင်းပရာမှာ ဦးဆောင်ပါဝင်တဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က လူတွေအပါအဝင် စုစုပေါင်းငါးဦးကို မနေ့က ဖမ်းဆီးသွားတယ်လို့ ဒေါ်ညိုအေးနဲ့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “စုစုပေါင်း ငါးယောက်ကို ဖမ်းသွားတာ၊ အမျိုးသမီးက သုံးယောက်၊ အမျိုးသား နှစ်ယောက်ပေါ့၊ အရီးညိုအေးကို မနေ့က သူ့ရုံးခန်းမှာ […]

အပြည့်အစုံဖတ်ရန်

ကျောက်ကြီးမှာ ရေဘေးသင့်လူဦးရေနှစ်ထောင်ခန့် အရေးပေါ်အကူညီတွေလိုအပ်နေ

August 16, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်မှာရေကြီးရေလျှံနေလို့ လူဦးရေနှစ်ထောင်နီးပါး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။ စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ စစ်တောင်းမြစ်အနီးမှာရှိတဲ့ ကျောက်ကြီးမြို့နယ်က ရွာရှစ်ရွာ၊ နဲ့ အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေနှစ်ထောင်နီးပါး ဟာ အရေးပေါ်ကျန်းမာရေးနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်။ ဒါ့အပြင်ကျောင်းသား ၃၀၀ ကျော်ရှိတဲ့ စာသင်ကျောင်းသုံးကျောင်းဟာလည်း ရေကြီးမှုကြောင့် ကျောင်းပိတ်ထားရတယ်လို့ဖော်ပြပါတယ်။ တစ်ဖက်မှာလည်း ကျောက်ကြီးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဇူလိုင် ၂၅ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။ စစ်ကောင်စီဟာ မေလကဩဂုတ်လအထိ လေးလအတွင်း လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီဟာလေးလအတွင်းလေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်၊ လက်နက်ကြီး ၃၇ လုံးပစ်ခတ်မှုကြောင့် နေအိမ် အလုံး ၂၀ ပျက်စီးကာ […]

အပြည့်အစုံဖတ်ရန်

ချင်းတွင်းမြစ်ရေကြီးလာလို့ မြစ်အနီးကမြို့တချို့တွေရေစဝင်

August 16, 2023

ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၁၆ (မော်ကွန်း) ချင်းတွင်းမြစ်ဟာ နောက် ၂၄ နာရီအတွင်း ရေပိုကြီးလာနိုင်တာကြောင့် အဲဒီမြစ်ရိုးတစ်လျှောက်၊ မြစ်ကမ်းအနီးကမြို့ရွာတွေမှာနေထိုင်သူတွေ သတိထားကြဖို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီညနေမှာထုတ်ပြန်သတိပေးပါတယ်။ ဒါဟာ သံလွင်၊ စစ်တောင်းနဲ့ ပဲခူးမြစ်တို့ ပြီးနောက် လေးစင်းမြောက် မြစ်ရေကြီးလာတာလည်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးကမြို့ဖြစ်တဲ့ မော်လိုက်မြို့မှာ မြစ်ရေဟာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ထိဖို့ တစ်ပေသာလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နောက်တစ်ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်မယ်လို့ မိုး/ဇလက ခန့်မှန်းထားတယ်။ မော်လိုက်ခရိုင်အတွင်းမှာရှိပြီး ချင်းတွင်းမြစ်ဘေးက မြို့ဖြစ်တဲ့ ဖောင်းပြင်မြို့မှာတော့ မြစ်ရေတွေ စတင်ဝင်နေပြီလို့ အဲဒီမြို့က သဟာယလူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါတယ်။ အိမ်ခြေထောင်နဲ့ချီရှိတဲ့ အဲဒီမြို့မှာ နေရာတိုင်းလိုလို ရေဝင်နေပြီလို့ သူက ဒီညနေ ဆက်သွယ်တော့ ပြောတယ်။ “ […]

အပြည့်အစုံဖတ်ရန်
1 … 106 107 108 109 110 111 112 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."