သတင်းများ

KNU တပ်မဟာ ၆ နယ်မြေမှာ ဇွန်လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် အများအပြားသေဆုံးဟု KNU ထုတ်ပြန်

July 21, 2023

ရန်ကုန်-၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်မှာ ယခုနှစ်ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ရဲ့ စစ်ရေးကွပ်ကဲမှုအောက်က ပူးပေါင်းစစ်ကြောင်းတွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲ ၂၉ ကြိမ်ဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲကြီး ငါးကြိမ်၊ တိုက်ပွဲငယ် ၂၄ ကြိမ်အတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးတစ်ဦး၊ ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့ နယ်ထိန်းရဲ အရာရှိတစ်ဦးအပါအဝင် ၄၆ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲ အကြိမ် ၃၀ ဝန်းကျင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇွန်လအတွင်း […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ စုန်းချောင်းရွာ ပကဖစခန်း ဝင်စီးခံရ၊ ပကဖ သုံးဦးကျဆုံးပြီးအများအပြားအဖမ်းခံရ

July 21, 2023

ယင်းမာပင်-၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ စုန်းချောင်းကျေးရွာက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစခန်း မနေ့ညကအလစ်အငိုက် စီးနင်းခံရပြီး ရဲဘော်သုံးဦးကျဆုံးကာ အများအပြားဖမ်းဆီးခံလိုက်ရတယ်လို့ မော်ကွန်းသတင်းရင်းမြစ်က အတည်ပြုပါတယ်။ “စုန်းချောင်းရွာ၊ အနောက်ရွာ၊ အရှေ့ရွာ၊ မြောက်ရွာကော သုံးရွာစလုံး ည ၁၂ နာရီလောက်က ပလဖကော ပအဖကော ပကဖကော အကုန်လုံးကို ခွေးတွေကဝင်ဖမ်းသွားတယ်၊ ၁၇ ယောက်အထက်ပါသွားတယ်၊ ဒလံသတင်းပေးတာ၊ ဘာမှပြန်လုပ်ချိန်မရလိုက်ဘူး။ ရဲဘော်သုံးယောက် ကျသွားတယ်။ တိုက်ပွဲမရှိဘူး၊ ဒီတိုင်းဝင်စီးသွားတာ” လို့ ၎င်းကပြောပါတယ်။ စခန်းကို စစ်ကောင်စီတပ်တွေစီးနင်းချိန် ပစ်သတ်ခံလိုက်ရတဲ့သုံးဦးဟာ အသက် ၁၆နှစ်၊ ၁၇ နှစ်နဲ့ ၁၉နှစ်အရွယ်တွေဖြစ်ပြီး ဖမ်းခံလိုက်ရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါသွားတယ်လို့ သူကပြောပါတယ်။ “ကလေးလေးတွေကောပါသွားတယ်။ ပါသွားတဲ့စာရင်းအတိအကျကိုအတည်ပြုနေတုန်း။ အဓိကက ကင်းပေါ့တာဗျာ ” လို့ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ စုန်းချောင်းရွာ ပကဖစခန်းကို စစ်ကောင်စီတပ်အလစ်ဝင်စီးပြီး ၁၁ ဦးကိုသတ်ဖြတ်ခဲ့

July 21, 2023

ယင်းမာပင်-၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ စုန်းချောင်းကျေးရွာက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေစခန်းကို စစ်ကောင်စီတပ်တွေ ညအချိန်အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းခံရသူ ၁၃ ဦးထဲက ၁၁ ဦးကိုထပ်မံ သတ်ဖြတ်ခဲ့တာကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာကာ နှစ်ဦးကိုဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မော်ကွန်းသတင်းရင်းမြစ်က ဒီနေ့လယ်ပိုင်းမှာ အတည်ပြုပါတယ်။ ” နှစ်ယောက်ပဲဖမ်းခေါ်သွားပြီး ကျန်တဲ့သူတွေအကုန်သတ်ထားခဲ့တာ။ တော်တော်ဆိုးပါတယ်ဗျာ။ တချို့ဆို ဦးနှောက်တောင် မပါတော့ဘူး။ တချို့က ရုပ်ကိုမပေါ်တော့ဘူး။ တချို့ကျတော့လည်း သေနတ်နဲ့ တချို့ကျတော့လည်း ဒင်နဲ့ဆောင့်တာတို့ ဓားနဲ့လှီးတာတို့လုပ်သတ်သွားတာ။ သတ်ခံရတာက PDF ‌ကော အရပ်သားကော”လို့ သူကပြောပါတယ်။ အသတ်ခံရသူတွေဟာ လူငယ်တွေအပါအဝင် အမျိုးသားတွေချည်းပဲဖြစ်ပြီး သုံးဦးဟာ စခန်းစီးနင်းစဉ်မှာ သတ်ခံရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ စခန်းကို စစ်ကောင်စီတပ်တွေစီးနင်းချိန်မှာ ပစ်သတ်ခံလိုက်ရတဲ့သုံးဦးဟာ အသက် ၁၆ နှစ်၊ […]

အပြည့်အစုံဖတ်ရန်

အထူးစစ်ဆင်ရေးတပ်ဖွဲ့ နှစ်နှစ်ပြည့်ပြီဟုထုတ်ပြန်

July 21, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၂၁ (မော်ကွန်း) လူသိများခဲ့တဲ့ ရန်ကုန်မြို့၊ ဗားကရာချောက်စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) တည်ထောင်ခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီး မြို့တွင်းနဲ့ကျေးလက်စစ်ဆင်ရေး ၁၀၇ ကြိမ်ပြုလုပ်ခဲ့ကာ စစ်ကောင်စီလက်ပါးစေ ၂၆၂ ဦးချေမှုန်းခဲ့တယ်လို့ လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအောက်မှာရှိတာပါ။ မြို့တွင်းစစ်ဆင်ရေးတွေအနေနဲ့ ရန်ကုန်မြို့မှာ ဗားကရာ၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ၊ သန်လျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်တွေ၊ သာကေတ၊ မြောက်ဥက္ကလာ နဲ့ လှိုင်သာယာရဲစခန်းအား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ မြို့တွင်းစစ်ဆင်ရေးအဖြစ် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) ဟာ ရန်ကုန်အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ မွန်ပြည်နယ်တို့မှာ ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးတွေကိုဆောင်ရွက်ခဲ့ပြီး KNU တပ်မဟာ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ စုန်းချောင်းရွာ ပကဖစခန်းစီးနင်းခံရမှု ရဲဘော်များနှင့်ပြည်သူတို့၏ နာရေး

July 21, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၂၁ (မော်ကွန်း) ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာကို မနေ့ညပိုင်းက အာဏာသိမ်းစစ်တပ်ဟာ တိတ်တဆိတ်ဝင်ရောက်လာပြီး ရွာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ ပြည်သူတွေကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ပါတယ်။ ဒေသခံတွေဆီက စုံစမ်းချက်အရ ညနက်ချိန်မှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်ဝတ်တွေနဲ့ ပုံဖျက်ဝင်လာပြီး ရွာထဲက နေရာ သုံးနေရာလောက်ကို ည ၁း၀၀ နာရီဝန်းကျင်မှာ ဝင်စီးထားပြီးဖြစ်တယ်လို့သိရပါတယ်။ “တချို့ ရွာသားတွေကလည်း ဝင်စီးတာကို မသိကြဘူး၊ ဓါးပြတိုက်တယ်လို့လည်း ထင်နေကြတာ”လို့ ဒေသခံက မော်ကွန်းကိုပြောပြပါတယ်။ စသိတဲ့ ရွာသားတွေကတော့ တစ်အိမ်နဲ့တစ်အိမ်အသိပေးကြပြီး ရွာကနေ ထွက်ပြေးကြရာ နံနက် ၃း၀၀ နာရီလောက်မှာ ရွာထဲအကုန်နီးပါးပြေးကုန်ကြတယ်လို့ ဒေသခံကပြောပါတယ်။ နံနက် ၄း၀၀ နာရီလောက်မှာ စစ်တပ်ဟာ ဖမ်းဆီးထားသူတွေထဲက သုံးဦးကို သေနတ်တွေနဲ့ပစ်သတ်ခဲ့ကြပါတယ်။ အဲဒီအသတ်ခံရသူတွေဟာ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေ ခင်ဦးမြို့နယ်ထဲကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်

July 20, 2023

ရန်ကုန်-၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲကရွာတွေကို စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်ခတ်နေတာကြောင့် လေးရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံစုစုပေါင်းလေးဦးသေဆုံးကာ ၁၀ ဦးဝန်းကျင် လက်နက်ကြီးထိမှန်ဒဏ်ရာရထားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို အတည်ပြုပါတယ်။ “မနက် ၈း၁၅ ဝန်းကျင်လောက်က လက်နက်ကြီးနဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံကနေပစ်တာ၊ သက်ပေးရွာရဲ့မြောက်ဘက် မူးသာရွာထဲကျတယ်။ ဒေသခံအမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦးဆုံးတယ်၊ သုံးဦးဒဏ်ရာရတယ်။ မနေ့ကလည်းပစ်တယ်။ မနေ့က မူးသာ(ရွာ)ရဲ့တောင်ဘက် သက်ပေးရွာထဲကျတာ။ သက်ပေးရွာထဲက KG ကျောင်းသားလေး မောင်မိုးထက်ဝေ(၆နှစ်အရွယ်) ပွဲချင်းပြီးဆုံးသွားတယ်။ ဒေသခံသုံးဦးလည်း ဒဏ်ရာရတယ်” လို့ ၎င်းကပြောပါတယ်။ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ အခုလ ၁၆ ရက်ကစပြီး ဒီနေ့မနက်ပိုင်းအထိ ခင်ဦးမြို့နယ်ထဲကကျေးရွာတွေကို လက်နက်ကြီးနဲ့ […]

အပြည့်အစုံဖတ်ရန်

အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်မှာ ပြောက်ကျားညသပိတ်ပြုလုပ်ခဲ့သူတွေကို စစ်ကောင်စီရှာဖွေနေ

July 20, 2023

ရန်ကုန် -၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း) ဇူလိုင် ၁၈ ရက်က (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ လမ်းမတော်ရဲစခန်းနဲ့လသာရဲစခန်းကြားမှာ ပြောက်ကျားညသပိတ်ပြုလုပ်ခဲ့သူတွေကို စစ်ကောင်စီ ကရှာဖွေနေတယ်လို့ ရန်ကုန်ကင်းထောက်အဖွဲ့ထံမှသိရပါတယ်။ ပြောက်ကျားညသပိတ်ဆင်နွှဲခဲ့သူတွေအားလုံး ဘေးကင်းလုံခြုံတယ်လို့ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) အဖွဲ့ ရဲ့ ဥက္ကဌဖြစ်သူကပြောပါတယ်။ “အခုနိုင်ငံရေးအခင်းအကျင်း၊ ရန်ကုန်မြေပြင်အခြေအနေအပေါ်မူတည်ပြီး သပိတ်ဖော်ဆောင်မယ့်မြို့နယ်အနေအထား၊ သပိတ်ဖော်ဆောင်မှုအပြီးအခြေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုံခြုံရေးအနေအထားတွေကိုလေ့လာမှု၊ စစ်ဆေးမှု၊ ကြိုတင်ပြင်ဆင်ပြီးမှ ရဲစခန်းနှစ်ခုကြား ပြောက်ကျားညသပိတ်ကိုအောင်မြင်စွာဆင်နွှဲခဲ့ပါတယ်။ ရေဘဝဲနဲ့မဟာမိတ်ရဲဘော်များအားလုံးဘေးကင်းလုံခြုံလျက်ပါခင်ဗျာ”သူကပြောပါတယ်။ ရေဘဝဲအဖွဲ့ဟာ ရန်ကုန်မြို့လယ်မှာ “လူမျိူးကြီးဝါဒတိုက်ဖျက်ကြ၊ အာဇာနည်ဟာကိုးဦးမက” ဆိုတဲ့စာသားပါ အလံကိုင်စွဲကာပြောက်ကျားညသပိတ်ဆင်နွှဲခဲ့တာပါ။ စစ်ကောင်စီကလုံခြုံရေးအထူးတင်းကြပ်ထားတဲ့ရန်ကုန်မှာ ဇူလိုင် ၁၈ နဲ့ ၁၉ ရက် အတွင်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရေဘဝဲအဖွဲ့အပါအဝင် တော်လှန်ရေးအဖွဲ့ကိုးဖွဲ့က ပြောက်ကျားသပိတ် လေးခုပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီဟာအာဇာနည်နေ့မတိုင်မီကတည်းက ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံးနဲ့ အာဇာနည်ဗိမာန်အရှေ့ […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ

July 20, 2023

ရန်ကုန်- ၂၀၂၃ ဇူလိုင် ၂၀ (မော်ကွန်း) ယခုရက်ပိုင်းမှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်လာတယ်လို့ စက်သုံးဆီဆိုင်တွေဆီက သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ရေနံစိမ်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက တစ်ပေပါကို ကန်ဒေါ်လာ ၇၀ ဝန်းကျင်ရှိရာက လက်ရှိမှာ တစ်ပေပါကို ၇၅ ဒေါ်လာဝန်းကျင်ထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ အခုလို စက်သုံးဆီဈေးတွေမြင့်တက်လာတာဟာ ကမ္ဘာပေါ်မှာ ရေနံအများဆုံးထုတ်လုပ်နေတဲ့ ရုရှားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က ရေနံစိမ်း ထုတ်လုပ်မှုပမာဏတွေကို လျှော့ချလာတဲ့အတွက်ကြောင့်လို့ ဈေးကွက်စီးပွားရေးလေ့လာသူတစ်ဦးက ပြောပါတယ်။ “နိုင်ငံတကာ စတော့ဈေးကွက်တွေမှာ ကမ္ဘာ့ရွှေဈေးတွေနဲ့ ရေနံစိမ်းဈေးတွေ အတက်ဘက်ကိုသွားနေတယ်၊ ရုရှားကလည်း သူ့ရဲ့ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်တယ်၊ ဆော်ဒီကလည်း အလားတူ လျှော့ချဖို့ ပြောထားတယ်။ အဲ့ဒီလိုလျှော့ချတာကို ပြန်ထိန်းချုပ်ဖို့ကို အမေရိကန်ကလည်း ရေနံသိုလှောင်မှုပမာဏတွေကို‌ လျှော့ချလိုက်တယ်။ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းပြီးကတည်းက စစ်တပ်သတ်လို့ ပြည်သူသုံးထောင်ကျော်သေခဲ့ပြီလို့ AAPP ထုတ်ပြန်

July 20, 2023

ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၂၀ (မော်ကွန်း) အာဏာသိမ်းပြီး နှစ်နှစ်ခွဲခန့်အတွင်း စစ်တပ်က ပြည်သူသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ သတ်ဖြတ်ခံခဲ့ရတယ်လို ဖော်ပြပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇူလိုင် ၁၈ ရက်ထိ စစ်ကိုင်းတိုင်းက ပြည်သူ ၁,၆၀၀ ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာဆိုလည်း ဇူလိုင် ၁၆ ရက်ကတည်းက စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင်လေးဦးသေဆုံးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရပါတယ်။ ဒါ့အပြင် ယခုလ ၁၃ ရက် နံနက် ၆:၀၀ နာရီက စစ်ကိုင်းတိုင်း၊ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မှာ လက်လုပ်လက်စားကျောက်လုပ်ကွက်တွေကို စစ်တပ်ကပိတ်ခိုင်းပြီးနောက် ရှောင်တခင်ပစ်ခတ်စစ်ဆေးနေ

July 19, 2023

မိုးကုတ် – ၂၀၂၃ ဇူလိုင် ၁၉ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့က လက်လုပ်လက်စားကျောက်လုပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၈ရက်ကစကာ ပိတ်သိမ်းခိုင်းပြီးနောက် နေ့စဥ်နီးပါး ကျောက်မျက်လုပ်ကွက်တွေမှာ ရှောင်တခင် ပစ်ခတ်စစ်ဆေးနေတယ်လို့ ကျောက်မျက်တူးဖော်နေသူတွေဆီကသိရပါတယ်။ ” တွင်းထိပ်ကနေပစ်တာ ၊ သေနတ်မိုးပေါ်ထောင်ပစ်တာပဲ၊ အကုန်ထွက်ပြေးကြရတာ၊ ကျန်ခဲ့တဲ့နည်းနည်းကတော့ အစစ်ခံရတယ်၊ ပေးမလုပ်ဘူးပြောတာပဲ”လို့ မိုးကုတ်အနောက်ပိုင်းမှာ ကျောက်မျက်တူးဖော်နေသူတစ်ဦးကပြောပါတယ်။ စစ်သားတွေဟာ အိမ်စီးကားတွေ၊ အရပ်ဝတ်တွေနဲ့ လက်နက်တွေကိုင်ဆောင်ပြီး ကျောက်မျက်တွင်းတွေမှာ ခြိမ်းခြောက်ပစ်ခတ်တဲ့အပြင် တဲတွေကိုလည်းဖျက်ဆီးသွားကြတယ်လို့ ကြုံတွေ့ရသူတွေဆီကသိရပါတယ်။ ” ရှေ့တစ်ရက်ကဆို တဲတွေထဲကိုပစ်တာ၊ တော်သေးတယ်၊ လူမရှိလို့၊ တဲတွေဆိုစုတ်ပြတ်သွားတာပဲ၊ သူတို့လာမယ်မှန်း ဘယ်သူမှမသိဘူးလေ “လို့ ကျောက်မျက်တူးဖော်နေသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အခုလို ကျောက်မျက်တွင်းတွေမှာသေနတ်ပစ်ခြိမ်းခြောက်နေတာကြောင့်ဒေသခံတွေ ကြောက်လန့်၊ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ” ကျောက်တူးမှ ကျောက်ရမှ […]

အပြည့်အစုံဖတ်ရန်

ဒစ်ဂျစ်တယ်ငွေပေးချေမှု ၄၇ ရာခိုင်နှုန်းအထိမြင့်တက်လာဟုဆို

July 18, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၈ (မော်ကွန်း) အွန်လိုင်းကနေပေးချေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဟာ ၄၇ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး နိုင်ငံအတွင်း လှည့်လည်သုံးစွဲငွေ လျော့နည်းကျဆင်းခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံအတွင်းက အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တစ်စောင်ကို ဗဟိုဘဏ်က ယခုလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ ၂၀၂၂ အတွင်း အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်း၊ မိုဘိုင်းပေးနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ငွေပေးချေမှုတွေဟာ ကျပ် ၃၁,၆၆၆ ဘီလီယံ အထိရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီပမာဏဟာ ၂၀၂၁ ကထက် ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်တယ်လို့ဆိုထားပြီး ၂၀၂၁ အတွင်းမှာ ပေးချေခဲ့တဲ့ ပမာဏကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ အဲ့ဒီလို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ငွေပေးချေမှုမြင့်တက်လာတာကြောင့် နိုင်ငံရဲ့စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေပမာဏ တိုးတက်မှုနှုန်းဟာ […]

အပြည့်အစုံဖတ်ရန်

ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကကျေးရွာတွေကို စစ်ကောင်စီတပ်လေကြောင်းကဗုံးကြဲ

July 18, 2023

ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၈ (မော်ကွန်း) ချင်းပြည်နယ်နဲ့ မကွေးတိုင်းထဲကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်တွေနဲ့ ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ပထမတစ်ကြိမ်လာတဲ့အချိန်မှာ ချင်းပြည်နယ်အစပ်ရယ်၊ ပြီးရင်မကွေးတိုင်းထဲ ဆောမြို့နယ်၊ ဟိုတလောက မီးရှို့ခံရတဲ့ ရင်းကဲကျေးရွာဘက်တွေကောပေါ့နော်၊ ၁၀ လုံးကျော်လောက် ဗုံးကြဲချခဲ့တယ်။ ၁၁ နာရီလောက်မှာ နောက်ထပ်တစ်စီးထပ်လာတယ်။ အဲဒီဟာက ချင်းပြည်နယ် မန်တောင်အုပ်စု မဆာတွီရွာနားတစ်ဝိုက်ကို ခြောက်ကြိမ်လောက်ဗုံးကြဲတဲ့အချိန်မှာ ရွာပေါ်မှာတည့်တည့် လေးလုံးဗုံးကြဲခဲ့တယ်။ ခရစ်ယာန်ဘုရားကျောင်းရယ်၊ လူနေအိမ်ငါးလုံးရယ်ပျက်စီးသွားတယ်လို့ သိရပါတယ်” လို့ပြောပါတယ်။ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ဒေသခံတွေကို ကြိုတင်ရှောင်ခိုင်းထားတာကြောင့် လူထိခိုက်မှုတော့မရှိဘူးလို့ သူကဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ အခုလအစောပိုင်းကတည်းက မကွေးတိုင်းထဲကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး သူတို့လာတဲ့လမ်းတစ်လျှောက်က ကျေးရွာတွေကို မီးရှို့မယ်ဆိုတဲ့သတင်းတွေထွက်နေတာကြောင့် […]

အပြည့်အစုံဖတ်ရန်
1 … 112 113 114 115 116 117 118 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."