ဘုတလင် – ၂၀၂၃ ဇူလိုင် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့၊ ညောင်ကန်၊ စိုင်ပြင်ရွာတွေကို မနေ့က အာဏာသိမ်းစစ်တပ်ဝင်ရောက်စီးနင်းပြီးနောက် ဘုတလင်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ သတ်ဖြတ်ခံခဲ့ရကာ အဲဒီအထဲက ကျောင်းသားတစ်ဦးဟာ လျှာဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဘုတလင်မြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ကိုပျံလွှားကပြောပါတယ်။ “မနေ့က စစ်ကြောင်းက ၄း၀၀ နာရီလောက်မှာ စိုင်ပြင်လေးကို ဝင်တာဗျ၊ အဲဒီမှာ အစီးခံရတာ၊ အဲဒီမှာ ကျောင်းသားထဲက လေးယောက်အဖမ်းခံရတာပေါ့၊ သုံးယောက်ကိုတော့ ပစ်သတ်ထားခဲ့တာပေါ့၊ ကျန်တဲ့တစ်ယောက်ကိုတော့ လျှာဖြတ်ပြီးတော့ သတ်ပစ်ထားခဲ့တာ”လို့ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုပျံလွှားက ပြောပါတယ်။ စုစုပေါင်း အသတ်ခံထားရသူ ခုနစ်ဦးရှိလာပြီး ကျောင်းသားသမဂ္ဂက လေးဦးနဲ့ နောက်ထပ်အရပ်သား သုံးဦးတို့ပါဝင်ပါတယ်။ “ညောင်ကန်ရွာရဲ့အနောက်မှာ သခွတ္တနယ်ရှိတယ်၊ သခွတ္တနယ်လမ်းကနေ ညောင်ကန်ကိုအရင်ဝင်တာဗျ၊ ညောင်ကန်မှာ ဝင်ရှာတယ်၊ […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း) ပြည်တွင်းမှာ သုံးစွဲနေတဲ့ မီးဖိုချောင်သုံး LPG ဂက်စ်ဟာ ဈေးကွက်အတွင်းပစ္စည်းပြတ်နေပြီး ဈေးနှုန်းလည်း မြင့်တက်သွားတယ်လို့ အဆိုပါဂတ်စ်တင်သွင်းရောင်းချသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက တစ်ပိဿာကို ၄,၅၀၀ ကျပ် ဝန်းကျင်မှာရှိတဲ့ မီးဖိုချောင်သုံးဂက်စ်တွေဟာ လက်ရှိမှတော့ တစ်ပိဿာကို ၅,၅၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်ခဲ့တယ်လို့ LPG ဂက်စ် လက်လီလက်ကား ရောင်းချတဲ့ ဈေးကွက်အတွင်းက သိရပါတယ်။ အဆိုပါဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံက အများစုတင်သွင်းရောင်းချတာဖြစ်တဲ့အတွက် ထိုင်းဘတ်ငွေလဲလှယ်နှုန်းမြင့်တက်မှုကြောင့် ဂတ်စ်တင်သွင်းမှုလျော့ကျခဲ့ပြီး ဈေးနှုန်းမြင့်တက်လာတာလို့ ဂတ်စ်တင်သွင်းရောင်းချသူတွေက ပြောပါတယ်။ ဒါ့အပြင် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေပြီး လက်လီဆိုင်တွေအနေနဲ့လည်း ဂက်စ်ဝယ်လို့ မရဖြစ်နေတယ်လို့ မီးဖိုချောင်သုံးဂက်စ် လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။ “အခုက ပစ္စည်းကိုဝယ်မရတော့ဘူး၊ ဈေးတွေ အကုန်တက်နေတာ။ အရည်က […]
သပိတ်ကျင်း – ၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ဆယ်ဇင်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တဲ့အပြင် ထွက်ပြေးတဲ့ရွာသား ၁၀၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘူး၊ သူတို့အကြောင်းတစ်ခုခုတော့ရှိမယ်၊ ရွာနီးတစ်ဝိုက်ကို လုံခြုံရေးယူတော့၊ ရွာသားတွေထွက်ပြေးကြတာ၊ ပြေးမလွှတ်တဲ့သူတွေကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတယ် “လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဆယ်ဇင်းကုန်းရွာ နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ဒေသခံရွာသား ၁၀၀ ဝန်းကျင်ကို ရွာဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံကပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ဆယ်ဇင်းကုန်းရွာသားအများဆုံးပါဝင်ပြီး မင်းကုန်းရွာကဒေသခံ ၃ဦးလည်းပါတယ်လို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ရွာသားတွေကို ဒီနေ့အထိမလွှတ်ပေးသေးပဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
ရန်ကုန် -၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အခုလအတွင်း မြွေကိုက်ခံရတဲ့စစ်ဘေးရှောင် ၁၁ ဦးရှိပြီး တစ်ဦးသေဆုံးကာ မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ကုသမှုနောက်ကျလို့ သေသွားတာ၊ တချို့လည်း စောင့်ကြည့်နေရသေးတယ်။ ဆေးကတော့ တစ်ဦးကို ဘီပီအိုင် လေးလုံးကနေ ရှစ်လုံးထိထိုးရတာဆိုတော့ လိုအပ်ချက်အမြဲရှိတယ်” လို့ သူကပြောပါတယ်။ မြွေကိုက်ခံရလို့ သေဆုံးခဲ့သူဟာ ချပ်သင်းတိုက်နယ်က အသက် ၅၀ အရွယ် ဦးစိန်ချိုဖြစ်ပြီး ကုသမှုပေးရင်းသေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ မြွေကိုက်ခံရသူတွေဟာ စစ်ကောင်စီတပ်တွေရန်ကြောင့် မြို့ပေါ်ဆေးသွားကုဖို့ မလွယ်ဘူးလို့ သူကပြောပါတယ်။ “အရပ်ဒေသမေးပြီး အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေလုပ်တယ်။ အဲ့ဒါကြောင့် မြို့ပေါ်ဆေးကုသဖို့မလွယ်ကြဘူးဗျ။ မထင်ရင်မထင်သလိုဖမ်းပြီးငွေညှစ်တာတွေလုပ်တယ်” လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ မြွေကိုက်ခံရသူတွေကို ကုသဖို့ မြွေဆိပ်ဖြေဆေးကို အလှူရှင်တွေဆီကနေ […]
ရန်ကုန်- ၂၀၂၃၊ ဇူလ်ိုင် ၂၇ (မော်ကွန်း) လူတွေပြည့်ကြပ်နေတဲ့ YBS ယာဉ်လိုင်းပေါ်မှာ ကင်ဆာရောဂါသည်အမျိုးသမီးတစ်ဦး မနေ့ညနေ ၅:၀၀ နာရီဝန်းကျင်က အသက်ရှုကြပ်ပြီးမူးလဲသွားခဲ့ပါတယ်။ “တောက်လျှောက်လမ်းတွေပိတ်တာ။ ကားပေါ်မှာလူတွေကအရမ်းပြည့်ကြပ်နေတာနဲ့အခုလိုဖြစ်သွားတာ။” လို့အဲဒီအမျိုးသမီးကိုကူညီပေးတဲ့ကြက်ခြေနီသူနာပြုတစ်ဦးကပြောပါတယ်။ အဲဒီအမျိုးသမီးဟာ သားအိမ်ကင်ဆာရောဂါသည်ဖြစ်ပြီးသွေးဖြူဥနည်းနေလို့ရန်ကုန်ဆေးရုံကြီးမှာသွေးသွင်းပြီးYBS 118 ယာဉ်လ်ိုင်းနဲ့ ဂိတ်အဆုံးရွာသာကြီးမှတ်တိုင်ကိုပြန်လာတာပါ။ ဆေးရုံကြီးကနေပြန်လာတဲ့လမ်းမှာကားပေါ်လူတွေကြပ်နေလို့ အဲဒီအမျိုးသမီးဟာတာမွေပလာဇာမှတ်တိုင်မရောက်ခင်မှာပဲအသက်ရှုကြပ်တယ်လို့အော်ငိုနေတာပါ။ YBS 118 ယာဉ်လိုင်းဟာ ပြတင်းပေါက်ဖွင့်ပိတ်လို့မရတဲ့အလုံပိတ်ကားဖြစ်ပါတယ်။ ကားပေါ်ကခရီးသည်တွေထဲမှာကြက်ခြေနီလူငယ်နှစ်ဦးပါလာပြီး အဲဒီ့အမျိုးသမီးကိုကားအောက်ကိုတွဲခေါ်ကာ ရှေးဦးသူနာပြုနည်းနဲ့ကုသခဲ့တာပါ။ မကြာမီမှာပဲ တာမွေမြို့နယ်ပရဟိတအသင်းကရောက်ရှိလာပြီး အောက်ဆီဂျင်ပေးကာဆေးရုံခေါ်ဆောင်သွားပါတယ်။ ရန်ကုန်မြို့မှာညနေ ရုံးဆင်းချိန်ဆို YBS ယာဉ်လိုင်းလိုလိုမှာ ခရီးသည်တွေအမြဲပြည့်ကြပ်နေတာကြောင့် ရောဂါအခံရှိတဲ့သူတွေအသက်ရှုကြပ်ကာမူးလဲတဲ့ဖြစ်စဉ်တွေမကြာခဏမြင်တွေ့နေရပါတယ်။ ပုံစာ-အသက်ရှူကြပ်နေတဲ့အမျိုးသမီးအားကြက်ခြေနီသူနာပြုတွေဝိုင်းကူနေသည့်မြင်ကွင်း Photo – Mawkun #Dailynews
ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၂၇ (မော်ကွန်း) ဒဂုန်ဝင်းဝင်း (Dagon Win Win)ကုမ္ပဏီက ရာနဲ့ချီတဲ့ဝန်ထမ်းတွေကို ခွင့်ရက်မပေးဘဲ လစာဖြတ်တောက်နေတယ်လို့ဝန်ထမ်းတွေကပြောပါတယ်။ “အလုပ်ဝင်တာလေးလရှိပြီ၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်ယူမယ်ဆိုလစာဖြတ်တယ်။ နေမကောင်းလို့ပဲဖြစ်ဖြစ် ဘာကိစ္စပဲဖြစ်ဖြစ်လစာဖြတ်နေတယ်။”လို့ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။ ဒဂုန်ဝင်းဝင်းကုမ္ပဏီဟာ စစ်တပ်ရဲ့ဒဂုန်ဘီယာကိုအဓိကဖြန့်ချိပေးနေပြီး ဒီနှစ်မတ်လကတပ်မတော်နေ့စစ်ရေးပြပွဲအတွက်အမေရိကန်ဒေါ်လာလေးသိန်းလှူဒါန်းခဲ့တဲ့ခရိုနီတွေထဲကတစ်ဦးဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက မတ်လ ၂၈ ရက်မှာနေပြည်တော်၊ စစ်ထောက်ချုပ်ရုံးမှသတင်းအရင်းအမြစ်ကိုကိုးကားပြီးရေးသားခဲ့ပါတယ်။ ကုမ္ပဏီမှာဝန်ထမ်း ၇၀၀ နီးပါးရှိပြီးဝန်ထမ်းအားလုံးဟာခွင့်ရက်ဘယ်သူမှမယူရဲကြဘူးလို့ဆိုပါတယ်။ ခွင့်ယူလို့လစာဖြတ်တဲ့အခါမှာလည်း တစ်ရက်လုပ်ခထက်နှစ်ဆကျော်ဖြတ်တောက်နေတယ်လို့ လစာဖြတ်တောက်ခံရတဲ့ ကုမ္ပဏီဝန်ထမ်းကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ဒဂုန်ဝင်းဝင်းကုမ္ပဏီကိုဆက်သွယ်ပေမယ့်လက်ခံဖြေကြားခြင်းမရှိပါဘူး။ ဥပဒေပညာရှင်တစ်ဦးကတော့ “ လစာကဖြတ်လို့မရဘူးလေ။ အခကြေးငွေပေးချေရေးဥပဒေနဲ့ညှိနေတယ်။ ဥပဒေနဲ့မညီဘူး။ အခကြေးငွေပေးချေရေးဥပဒေမှာအလုပ်သမားများကိုခိုင်းပြီးရင်အခကြေးငွေပေးရမယ်။ နောက်ပြီး ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေ၊ ပုဒ်မ (၂) အရ အလုပ်သမားက်ိုရှောင်တခင်ခွင့်ပေးရမယ်။ ရှောင်တခင်ခွင့်ပေးရင်အခကြေးငွေဖြတ်တောက်နုတ်ယူခြင်းမရှိဆိုတာမျိုးရှိတယ်။ အဲ့ဒါတွေနဲ့ငြိနေတယ်” လို့ပြောပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၆ (မော်ကွန်း) ယခုရက်ပိုင်းမှာ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်ခဲ့တယ်လို့ အခြေခံစားသောက်ကုန် လက်လီ၊ လက်ကား ရောင်းချသူတွေဆီက သိရပါတယ်။ ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းလက်ကားဈေးတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကထက် ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့တယ်လို့ ဆန်လက်လီ၊ လက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်က ဒီနေ့ထုတ်ပြန်ထားတဲ့ ဆန်လက်ကားဈေးနှုန်းတွေအရ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ယခင် ၁၀၀,၀၀၀ ကျပ်မှ ၁၁၅,၀၀၀ ကျပ်၊ ပေါ်ဆန်းတစ်အိတ်ကို ယခင် ၈၉,၀၀၀ ကျပ်မှ ၉၂,၀၀၀ ကျပ်၊ ကျားပျံရှယ် တစ်အိတ်ကို ယခင် ၉၃,၀၀၀ ကျပ်မှ ၉၇,၀၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီးမြင့်တက်ခဲ့ပါတယ်။ “ရွှေဘိုပေါ်ဆန်းက အရင်တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက်ဖြစ်သွားတယ်၊ ဆန်ကြမ်းတွေလည်း အရင်တပတ်က […]
လယ်ဒို – ၂၀၂၃ ဇူလိုင် ၂၆ (မော်ကွန်း) ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၃ ၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲ အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၄၁ ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(ဗဟို)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ တပ်မဟာ၊ လယ်ဒိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဘက်က ခလရ-၂၆၄၊ ခမရ-၃၀၇၊ ခမရ-၄၃၉၊ ခမရ-၃၅၀၊ ပျူစောထီး၊ ရဲတပ်ဖွဲ့ စုစုပေါင်း အင်အား ၄၀၀ လောက်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ၊ လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ စစ်တပ်ဘက်က လေးဆယ်ကျော်သေဆုံးတဲ့အပြင် လေးဆယ်လောက်လည်း ဒဏ်ရာရကြပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ဟာ တိုက်ပွဲဖြစ်တဲ့ နံဇရွာမှာ လေးရက်ကြာ တပ်စွဲခဲ့ပြီး ကျေးရွာနေပြည်သူလူထုပိုင် […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၂၅ (မော်ကွန်း) ရွှေဈေးမတည်မငြိမ်ဖြစ်နေပြီး ရန်ကုန်ကရွှေဆိုင်တွေ အရောင်းအဝယ်ပိတ်ထားကာ ကြိုက်ရောင်းကြိုက်ဝယ် မှောင်ခိုဈေးတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒီနေ့မနက်ပိုင်းဈေးဖွင့်လှစ်မှုအရ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၆ သိန်းဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ ကျပ်နှစ်သောင်းတန် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမယ့်သတင်း မထုတ်ပြန်ခင်က တစ်ကျပ်သားကို ၃၂ သိန်းဝန်းကျင်ရှိတဲ့ ရွှေဈေးဟာ ရက်ပိုင်းအတွင်း အခုလိုမြင့်တက်သွားခဲ့တာပါ။ အဲ့ဒီလို ဈေးနှုန်းမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကြောင့် ရန်ကုန်မြို့ကရွှေဆိုင်အများစုဟာ ရွှေအရောင်း၊ အဝယ်တွေရပ်ထားပြီး အချို့ရွှေဆိုင်တွေဟာလည်း ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “အချို့ကတော့ ဆိုင်တော့အပိတ်ပြထားပြီး အထဲမှာတော့ ကြိုက်ဈေးဖွင့်ပြီး ကြိုက်ရောင်းကြိုက်ဝယ် ရောင်းတာရှိတယ်၊ ဆိုင်ကြီးတွေတော့ ဈေးမဖွင့်နိုင်လို့ အရောင်းရပ်ထားကြတယ်” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒီနေ့လယ်ပိုင်းမှာတော့ […]
ရန်ကုန်-၂၀၂၃ ဇူလိုင် ၂၅ (မော်ကွန်း) မကွေးတိုင်းကနေ ချင်းပြည်နယ်ထဲကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် CDF ကန်ပက်လက်နဲ့ ဒေသခံမဟာမိတ်အဖွဲ့တွေ မနေ့ကပူးပေါင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားခုနစ်ဦးသေသွားတယ်လို့ ချင်းကာကွယ်ရေးတပ် CDF ကန်ပက်လက်က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “လေယာဉ်ကွင်းမှာ တိုက်ပွဲဖြစ်တယ်ဗျ။ အဲဒီမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တစ်ဦး အသက်ပေးသွားတယ်ဗျ။ ကျင်ဒွေးထောက်ပို့စစ်ကြောင်းမှာတော့ စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးတယ်လို့ သတင်းသိရပါတယ်ခင်ဗျ။ ကျွန်တော်တို့တပ်ဖွဲ့ဝင် သုံးဦးနဲ့ မင်းဘူးခရိုင် တပ်ရင်း ၃ ကရဲဘော်တစ်ဦး၊ လေးဦးဒဏ်ရာရတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ အခုလ အစောပိုင်းကတည်းက မကွေးတိုင်းထဲကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး မနေ့ကမနက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ လှိုင်ဒုတ်ကျေးရွာသစ်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီစစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျှောက်က ဒေသခံအများအပြားဟာ အခုလအစောပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ရက်ကြာလာတာနဲ့အမျှ […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း) စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ငွေစက္ကူကို ရိုက်နှိပ်ထုတ်ဝေမယ့် ထုတ်ပြန်ချက်ကြောင့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်စတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေဟာ လှုပ်ခတ်မှုတွေရှိပြီး မြန်မာငွေတန်ဖိုးကျဆင်းလာတယ်လို့ ငွေကြေးဈေးကွက်အတွင်းက သိရပါတယ်။ မြန်မာငွေ နှစ်သောင်းကျပ်တန်ကို ယခုလ ၃၁ ရက်မှာ စတင်ထုတ်ဝေမှာဖြစ်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်မှာ ကန်ဒေါ်လာလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၃,၂၀၀ ကျပ် ဝန်းကျင်မှာရှိနေရာက ၃,၃၀၀ ကျပ် ဝန်းကျင်ထိ မြင့်တက်သွားခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ “ဈေးကွက်ကတော့ ကြိုက်ရောင်းကြိုက်ဝယ် အချင်းချင်းဈေးတည့်ရင်ရောင်းကြတာပေါ့၊ အွန်လိုင်းကနေပဲကြိုက်ဈေးတင်ပြီး ရောင်းဝယ်တာပေါ့၊ တရားဝင်ဈေးကွက်ကတော့ ပိုပြီး ပျက်သွားတယ်။ ငွေဈေးကလည်း မတည်ငြိမ်သေးဘူး၊ ဆက်တက်နိုင်တယ်ဆိုပြီး အဝယ်လိုက်လာတော့ ဈေးပိုလိုချင်သူတွေလည်း ဆွဲတင်တာတွေလည်းရှိပါတယ်။ လုံးဝ မှောင်ခိုဈေးကွက်တစ်ခုလိုဖြစ်လာတယ်” လို့ […]
ဆားလင်းကြီး – ၂၀၂၃ ဇူလိုင် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်နဲ့ ဟုမ္မလင်းမြို့တွေကို ရေလမ်းကနေ ရိက္ခာပို့မယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရေယာဉ်တွေဟာ ချင်းတွင်းမြစ်အတိုင်းခုတ်မောင်းလာပြီး ဆားလင်းကြီးမြို့နယ်အရောက်မှာတော့ ကျေးရွာတချို့ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီ ရေယာဉ်တွေထဲမှာ အရပ်သားသုံးသင်္ဘောနှစ်စီးနဲ့ စစ်ဘက်သုံး ကမ်းတက်စစ်သင်္ဘောတစ်စီးတို့ပါဝင်ပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတားကနေ အဆိုပါ ရေယာဉ်တွေဟာ ထွက်ခွာလာပြီး ချောင်းဦးကို ရောက်ရှိနေတာ တစ်ပတ်လောက်ရှိပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီသင်္ဘောအုပ်စုမှာ ရိက္ခာနဲ့ လက်နက်ခဲယမ်း၊ လူအင်အားအပြည့်ပါဝင်ပြီး ဧရာဝတီမြစ်ကြောင်းကနေ ချင်းတွင်းမြစ်ကို တက်လာတာလို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ “အတိအကျတော့ မပြောနိုင်ဘူး၊ အဲဒီအောက်ဘက်ကနေ တက်လာတာကြာပြီ၊ ဧရာဝတီမြစ်ကနေ”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ဒီနေ့ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာတော့ ဆားလင်းကြီးမြို့နယ်ကိုရောက်ရှိလာပြီး ခွန်သာရွာနားကနေ စတင်ကာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."