ဂေထော ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း) ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၅၀ ကျော် COVID-19 ကူးစက်ခံရပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က မော်ကွန်းသို့ပြောသည်။ သေဆုံးသွားသူ နှစ်ဦးအနက် တစ်ဦးသည် ကြိုတင်မဲကောက်ရင်း COVID-19 ပိုးကူးစက်ခံရကာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ရွေးကောက်ပွဲပြုလုပ်သည့်ရက်တွင် ပိုးကူးခဲ့၍ ယခုလအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း MTF က အဖွဲ့ဝင် (အခြေခံပညာကဏ္ဍ)ဦးအေးမင်းထိုက်က ရှင်းပြသည်။ “သန်လျင်ဘက်မှာ ကြိုတင်မဲကောက်ရင်းနဲ့ COVID ဖြစ်တယ်၊ နောက်တော့ ဆုံးသွားတယ်။ အဲလိုသိရင်းနဲ့ သွားပြီး သတိထားမိတယ်။ ဒါဆိုရင် အခြားဆရာ၊ ဆရာမတွေ COVID စစ်ဆေးတာဖြစ်ဖြစ် လိုက်ရင်းနဲ့ သိရတာ”ဟုဦးအေးမင်းထိုက်က ပြောသည်။ COVID-19 ကူးစက်ခံရသည့် ပညာရေးဝန်ထမ်းများသည် […]
အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း) အစိုးရသစ်တရားဝင်မဖွဲ့စည်းမီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အလွတ်သဘောတွေ့ဆုံညှိနှိုင်း နိုင်ရေးအတွက် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင် အွန်လိုင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ “ဒီအစည်းအဝေးမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်ပြီးသွားနိုင်ဖို့အတွက် ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။ ဒီဇင်ဘာလထဲမှာ အစိုးရနဲ့ ဆွေးနွေးနိုင်ဖို့လည်း ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်”ဟု ၎င်းက ပြောသည်။ ယင်းညှိနှိုင်းရေးအဖွဲ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ၏ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ငါးဦး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ငါးဦး၊ စုစုပေါင်း […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၆ (မော်ကွန်း) NLD က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေး ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသားပါတီများက တုန့်ပြန်မှုမတူညီသည်ကို တွေ့ရသည်။ NLD နိုဝင်ဘာ ၁၂ ရက်တွင် တိုင်းရင်းသားပါတီ ၄၈ ပါတီကို “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဟူ၍ ခေါင်းစဉ်တပ်ထားသည့် ကမ်းလှမ်းချက်တစ်စောင်ကို ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။ ယင်းဖိတ်ခေါ်ချက်အပေါ် မည်သို့ တုန့်ပြန်မည်ကို ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အချို့ အနိုင်ရရှိပြီး လွှတ်တော်အတွင်း ဝင်ရောက်ခွင့်ရှိမည့် တိုင်းရင်းသားပါတီ ၁၁ ခုကို မော်ကွန်းက မေးမြန်းကြည့်ရာ တုန့်ပြန်မှု မတူညီသည်ကို တွေ့ရခြင်းဖြစ်သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က “ဒါကို အကြောင်းပြန်ကြားဖို့ မရှိဘူး၊ သူတို့က ပူးပေါင်းဆောင်ရွက်ဖို့ ပြောတဲ့ဟာလေ။ […]
စည်သူ ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၆(မော်ကွန်း) ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိ၊ပွင့်လင်းမြင်သားမှုမရှိလို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ရဲစခန်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း ၁,၁၀၀ ကျော်ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁,၀၄၁ ခု နဲ့ ရဲစခန်းကို ၁၂၆ခု တိုင်ကြားထားတာဖြစ်ပါတယ်။ တိုင်ကြားထားတဲ့ အမှုတွေကို မှန်မှန်ကန်ကန်သာဘက်မလိုက်ပဲ ဆုံးဖြတ်မယ်ဆိုရင် ရလဒ်က အပြောင်းအလဲရှိနိုင်တယ်လို့ ဦးခင်ရီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ယနေ့ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြည်ခိုင်ဖြိုးပါတီက ထိပ်သီးခေါင်းဆောင်များနဲ့ အခြားပါတီအသီးသီးက ဥက္ကဋ္ဌများလည်း တတ်ရောက်ခဲ့ပါတယ်။ ပုံစာ : ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ ယနေ့ […]
သဇင်လတ် ရန်ကုန် ၂၀၂၀ ၊ နိုဝင်ဘာ ၂၅ (မော်ကွန်း) မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ကောက်ယူသည့်စစ်တမ်းတွင်ဖြေဆိုကြသည့် စားသောက်ဆိုင်ငါးရာကျော်တွင် ၆၀ ရာခိုင်နှုန်းခန့်မှာ ယခုလကုန်တွင် ပိတ်သိမ်းသွားရန်တင်ပြထားကြသည်ဟု အသင်း၏ ဒုဥက္ကဌ (၂) ဦးမြတ်ဆွေမြင့်က မော်ကွန်းသို့ပြောသည်။ ” သူတို့အခက်အခဲတွေက ဆိုင်ခန်းငှားခတို့၊ လစာတွေအတွက်ကိုပေးဖို့က တော်တော်အခက်အခဲဖြစ်သွားပြီပေါ့။ အဲဒီတော့ခဏရပ်ကြမယ့်လူတွေလည်းရှိတယ်၊ အပြီးပိတ်သွားရမယ့် လူတွေလည်းရှိနေတယ် “ဟု ၎င်းကဆိုသည်။ ၎င်းအသင်းသည် မေလမှစတင်၍ စားသောက်ဆိုင်လုပ်ငန်းရှင်များအပေါ် COVID -19 ကပ်ရောဂါ ၏သက်ရောက်မှုစစ်တမ်းကိုကောက်ယူခဲ့ရာ စားသောက်ဆိုင်အချို့မှာ ပိတ်ထားရပြီး အချို့မှာ ပါဆယ်စနစ်ဖြင့်ရောင်းချနေသော်လည်း ဝယ်ယူသူနည်းပါးသဖြင့် ၀န်ထမ်းခ၊ ဆိုင်ငှားခနှင့်အကောက်ခွန်များပေးရန် မတတ်နိုင်ကြတော့သည့်အခြေအနေဖြစ်ကာပိတ်ကြရတော့မည့်အခြေအနေတွေ့ရှိရသည်ဟု ဦးမြတ်ဆွေမြင့်ကရှင်းပြသည်။ ” ဆိုင်ငှားခတစ်နှစ်စာကြိုပြီးတော့လစာပေးထားရတဲ့ဆိုင်တွေက သက်တမ်းကျန်နေလို့သာဆိုင်တွေက ရှိနေတာလေ။ အခုစာချုပ်သက်တမ်းပြည့်သွားလို့ အသစ်ပြန်ချုပ်ရမယ့်ဆိုင်တွေ ကျတော့မချုပ်နိုင်တော့ဘူး”ဟု၎င်းကရှင်းပြသည်။ မြန်မာနိုင်ငံတွင် COVID _19 […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၅ (မော်ကွန်း) ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၄၀ ဝန်းကျင် COVID-19 ကူးစက်ခံရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF)က မော်ကွန်းသို့ပြောသည်။ COVID-19 ကူးစက်ခံရသော ပညာရေးဝန်ထမ်းများသည် MTF အဖွဲ့ထံ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ကာ ပဲခူးတိုင်းနှင့်မန္တလေးတိုင်းတို့လည်း ပါဝင်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က အဖွဲ့ဝင် ဦးအေးမင်းထိုက်က “ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ရိုးမနှင့်ဧရာဝတီစင်တာတို့ကိုသွားပြီးတော့ မဲရုံစောင့်ပြီး COVID-19 ကူးစက်ခံရပြီး ရောက်ရှိနေတဲ့ ဆရာ၊ဆရာမတွေကို သွားပြီး အလှူငွေလှူဒါန်းတာတွေ လုပ်နေပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က COVID-19 ရောဂါပိုး ကူးစက်ခံရသော ပညာရေးဝန်ထမ်းများကို တစ်စုံတစ်ရာ ကူညီထောက်ပံ့မှုပြုလုပ်စေလို၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ကို […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၄ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မွန်ညီညွတ်ရေးပါတီအပါဝင် တိုင်းရင်းသားပါတီ ၄၈ ခုထံ တရားဝင်ပေးပို့လာသော နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ရန် မလိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီက ဆိုသည်။ နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယခုလို သဘောထားဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “နိုင်ငံရေးပါတီအားလုံးကို အသိပေးနှိုးဆော်တဲ့စာပဲလို့ အဲဒီလိုမှတ်ယူတဲ့အတွက် ဒီစာအပေါ်မှာ အကြောင်းပြန်ဖို့မလိုအပ်ဘူး။ သို့သော်လည်းပဲ ဒီစာကိုကျွန်တော်တို့ က ကြိုဆိုအသိမှတ်ပြုတယ်”ဟု ၎င်းပါတီ၏တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အရေးနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ တိုင်းရင်းသားပါတီနှင့် ဒီချုပ်၏ ရည်မှန်းချက်များတူညီသည့်အတွက် အဖွဲ့ချုပ်အနေနှင့် နောင်အနာဂတ်တွင် […]
စည်သူ ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၄ (မော်ကွန်း) ရန်ကုန်တိုင်း၊ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရရွှေစံလှပေါက်စီမုန့်တိုက်က ကလေးလုပ်သားတွေကို နှိပ်စက်ညှင်းပန်းတယ်ဆိုတာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ခေတ္တထိန်းသိမ်းဖို့ ခေါ်ထုတ် ခဲ့ရာမှာပါဝင်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းက ဒုရဲမှူးတစ်ဦး COVID-19 ပိုးတွေ့ရှိခဲ့ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က “ကလေး တွေကို ထိန်းသိမ်းစောက်ရှောက်မှုပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ရဲမှူးတစ်ယောက်ကို ပိုးတွေ့ခဲ့တယ်၊ လုပ်ငန်းပိုင်ရှင်ရဲ့ ညီနဲ့အစ်မတို့မှာလည်း ပိုးတွေ့ခဲ့ပါတယ်”လို့ ပြောပါတယ်။ COVID-19 ပိုးတွေခဲ့တဲ့ ရဲမှူးနဲ့ ထိတွေ့ခဲ့သူ ရဲအယောက် (၅၀)ကျော်ကိုလည်း ပိုးရှိ မရှိ စစ်ဆေးခဲ့ပြီး အားလုံး Quarantine centerဝင်နေတယ်လို့ သူကပြောပါတယ်။ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်းကပိုးတွေ့ခဲ့တဲ့ရဲမှူးဟာ အဓိကရုဏ်းတားဆီးရာမှာ ပါဝင်ခဲ့တဲ့သူမဟုတ်ဘဲ ကလေးတွေကိုခေါ်ထုတ်ပြီး ရဲစခန်းကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ […]
စည်သူ ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၁(မော်ကွန်း) ကလေးလုပ်သားတွေကို ပေါက်စီမုန့်တိုက်က နှိပ်စက်ညှဉ်းပန်းတယ်ဆိုတာကြောင့် လူမှုဖူလုံရေးသင်တန်းမှာခေတ္တထိန်းသိမ်းထားဖို့ ကျန်းမာရေးစစ်ဆေးရာမှ ကလေးလုပ်သား ၁၀ ဦးမှာ COVID-19 တွေ့ရှိခဲ့ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က “ကလေးအလုပ်သမား၂၂ယောက်ကို လူမှုဖူလုံရေးသင်တန်းကျောင်းတွေမှာ ခေတ္တထိန်းသိမ်းထားဖို့ Covidပိုးရှိ၊ မရှိ စစ်ဆေးတဲ့အခါ ကလေး ၁၀ယောက်မှာ Positiveတွေ့တာလို့” ပြောပါတယ်။ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရရွှေစံလှပေါက်စီမုန့်တိုက်က ကလေးလုပ်သားတွေကို နှိပ်စက်ညှဉ်းပန်းပြီး အတင်းအဓ္ဓမ္မအလုပ်ခိုင်းစေမှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် မနေ့ညက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ကလေးများကိုကို ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ပိုးတွေ့ခဲ့တဲ့ ကလေးအလုပ်သမား ၁၀ဦးဟာ မိန်းကလေး ကိုးယောက်နဲ့ ယောကျာ်လေး တစ်ယောက်ဖြစ်ပြီး သူတို့ကို တိုင်းဒေသကြီးကိုဗစ်စင်တာနဲ့ ချိတ်ဆတ်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေါက်တာအေးမူယာကျော်ကပြောပါတယ်။ ပုံစာ – […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၁ (မော်ကွန်း) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Facebook page ယမန်နေ့ ညပိုင်းတွင် hack ခံထားရသည်ဟု ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောသည်။ “ ရုံးအဖွဲ့ရဲ့ IT က ကလေးတွေလည်း ကြိုးစားပြီး ပြန်ဆယ်နေပါတယ်။ မရရင်တော့ ကျွန်တော်တို့ နည်းပညာ အကူအညီ ထပ်ပြီး ယူလိုက်ပါ့မယ်ခင်ဗျ၊ နည်းပညာအကူအညီနဲ့ ကျွန်တော်တို့ ရအောင်ပြန်ကြိုးစားကြည့်လိုက်ပါ့မယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Facebook page သည် Blue Mark ရရှိထားပြီး ဆန်ဈေးနှုန်း အခြေအနေများ၊ အသင်းချုပ်၏ လှုပ်ရှားမှုများကိုသာ တင်ပြနေခြင်းဖြစ်သည်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ : ၅၈ […]
ရေဂင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၉ (မော်ကွန်း) ချင်းပြည်နယ် ပလက်ဝမြို့တွင် ရန်ကုန်မှ ပြန်လာသည့် ကျောင်းသားများသုံးဦးနှင့်ဆရာတစ်ဦးတွင် COVID-19 တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ပလက်ဝမြို့တွင် ပထမဆုံး ကိုဗစ်လူနာများဖြစ်ကြောင်း ပလက်ဝမြို့နယ် အထွေထွေဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ စောသက်ဝင်းက ပြောသည်။ ၎င်းတို့မှာ ရန်ကုန်မှ သီးသန့်ကားဖြင့် နိုဝင်ဘာ ၁၃ ရက်က ထွက်လာခဲ့ပြီး ယနေ့ နံနက်တွင် ပလက်ဝမြို့သို့ ရောက်ရှိလာခဲ့ရာ ကျန်းမာရေး စစ်ဆေးရာတွင် Positive တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိထားကြောင်း ၎င်းကရှင်းပြသည်။ “ဘာရောဂါလက္ခဏာမှ မပြတဲ့အတွက် လောလောဆယ် ပလက်ဝမှာဘဲ စောင့်ကြည့်အနေနဲ့ ထားထားသေးတယ်။ တကယ်လို့ ရောဂါက အခြေအနေ တစ်ခုခုဖြစ်လာရင် […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၏ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်ပြီး ကမ်းလှမ်းချက်အပေါ် ပါတီဗဟိုကော်မတီအလုပ်အမှုဆောင်အစည်းအဝေး၏ အဆုံးအဖြတ် ရယူမည်ဟု မွန်ညီညွတ်ရေးပါတီက မော်ကွန်းသို့ပြောသည်။ “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ အားလုံးစုပေါင်း လုပ်ဆောင်မှသာလျှင် ဖက်ဒရယ်နိုင်ငံကို တည်ဆောက်နိုင်မယ်၊အမျိုးသားရေးကိုတည်ဆောက်နိုင်မယ်ဆိုတာ ကျွန်တော်တို့ပါတီမှာ မူလကတည်းက ရပ်တည်ချက် သဘောထားရှိပြီးသားပါ”ဟု ယင်းပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမ က ဆိုသည်။ ဗဟိုကော်မတီအလုပ်အမှုဆောင်အစည်းအဝေးကို တစ်ပတ်အတွင်း ပြုလုပ်မည်ဖြစ်သည်။ ယမန်နေ့တွင် နေ့လည် ၁ နာရီခွဲက NLD က မွန်ညီညွတ်ရေးပါတီ၏ ဗဟိုဌာနချုပ်ရုံးသို့ နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် တရားဝင်အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းစာထဲတွင် တိုင်းရင်းသားပါတီနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့၏ ရည်မှန်းချက်များတူညီသည့်အတွက် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."