စည်သူ
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၆(မော်ကွန်း)
ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိ၊ပွင့်လင်းမြင်သားမှုမရှိလို့ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ရဲစခန်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း ၁,၁၀၀ ကျော်ရှိတယ်လို့ ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ၁,၀၄၁ ခု နဲ့ ရဲစခန်းကို ၁၂၆ခု တိုင်ကြားထားတာဖြစ်ပါတယ်။
တိုင်ကြားထားတဲ့ အမှုတွေကို မှန်မှန်ကန်ကန်သာဘက်မလိုက်ပဲ ဆုံးဖြတ်မယ်ဆိုရင် ရလဒ်က အပြောင်းအလဲရှိနိုင်တယ်လို့ ဦးခင်ရီက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယနေ့ ရန်ကုန်မှာ ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြည်ခိုင်ဖြိုးပါတီက ထိပ်သီးခေါင်းဆောင်များနဲ့ အခြားပါတီအသီးသီးက ဥက္ကဋ္ဌများလည်း တတ်ရောက်ခဲ့ပါတယ်။
ပုံစာ : ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ ယနေ့ ရန်ကုန်မြို့မှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
Photo:Sithu
#Dailynews

