စည်သူ ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၃ (မော်ကွန်း) နိူင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးဝီရသူကို အွန်လိုင်းကနေ ဗီဒီယိုကွန့်ဖရန့် နဲ့ ချုပ်ရက်ရမာန်ယူပြီး အင်းစိန်ထောင်ပို့လိုက်တယ်လို့ အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းကပြောပါတယ်။ “ရမန်တွေကိုတော့ အခုနောက်ပိုင်းမှာ အချုပ်တရားခံအားလုံးကို ဗီဒီယိုကွန့်ဖရန့်နဲ့ယူတာဖြစ်ပါတယ်။ အချုပ်တရားခံတွေကို COVID – 19 မကူးစက်ဖို့ဖြစ်ပါတယ်။ လာရောက်တဲ့တစ်ခြားလူတွေကိုလည်း မကူးစက်ဖို့ဖြစ်တယ်” လို့ ဦးဇော်ဇော်ထွန်းကပြောပါတယ်။ ဒီကနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ လုံခြုံရေးယူထားတာကိုလည်း တွေ့ရပြီး တရားရုံးရှေ့မှာ ဦးဝီရသူကို ဝန်းရံသူတွေက We Love Wirathu စာတန်းပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး လာရောက်ဝန်းရံခဲ့ကြပါတယ်။ ၂၀၁၉ ဧပြီနဲ့မေမှာ မြိတ်မြို့နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပတဲ့ လူထုဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂ (မော်ကွန်း) ရန်ကုန်တိုင်း ဒလမြို့နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးပြီးသူ နိုဝင်ဘာ ၁ ရက်အထိ တစ်သောင်းကျော်ရှိသည်ဟု ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ခိုင်နွယ်ဝင်းက မော်ကွန်းသို့ပြောသည်။ ဒလမြို့နယ်တွင် အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိသည်။ မဲရုံသို့လာရောက်မဲမပေးနိုင်သူများကို ကော်မရှင်အဖွဲ့ခွဲမှ တစ်အိမ်တက်တစ်အိမ်ဆင်း ကြိုတင်မဲကောက်ယူမှု ကုန်သလောက်နီးပါးရှိနေပြီး ရပ်ကွက်၊ကျေးရွာ ကော်မရှင်ရုံး၌ ကြိုတင်မဲထည့်ရန် ၄,၀၀၀ ကျော်သာကျန်ရှိတော့သည်။ “ရုံးမှာလာပေးတဲ့သူလည်းရှိတယ်။ရွေးကောက်ပွဲနေ့မှာပဲ ပေးမယ့်သူလည်းရှိတယ်။ အချို့ကခရီးလွန်နေကြတာလည်းရှိတယ်”ဟု ဒေါ်ခိုင်နွယ်ဝင်းက ပြောသည်။ COVID-19 ရောဂါကာလ၌ အသက် ၆၀ အထက် မဲပေးခွင့်ရှိသူများသည် ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ […]
ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၆ (မော်ကွန်း) ရွှေ့ပြောင်းလုပ်သားအများဆုံးရှိတဲ့ လှိုင်သာယာမဲဆန္ဒနယ်နှစ်ခုမှာ မိမိနေထိုင်ရာအရပ်ပြင်ပကို ရက် ၉၀ ထက်မနည်း ရောက်ရှိနေသူတွေ ရောက်ရာအရပ်မှာ မဲပေးနိုင်ဖို့ ပုံစံ-၃(က) လျှောက်ထားသူ ၁၈,၀၀၀ နီးပါး ရှိတယ်လို့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ပုံစံ-၃(က) လျှောက်ထားသူ ၂,၇၉၉ ဦီး ရှိပြီး အနောက်ပိုင်းမြို့နယ်မှာတော့ ၁၅,၀၀၀ ရှိတယ် လို့ ကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေမှာ ဖော်ပြတယ်။ “ ရက်ပေါင်း ၉၀ ပြည့်အောင်နေတဲ့ စက်ရုံ၊အလုပ်ရုံကလူတွေများတာ။ မဲစာရင်းက နယ်မှာပါတယ်။ ရန်ကုန်မှာပေးတော့ လာလျှောက်ကြတာ” လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ဥက္ကဋ္ဌ ဦးကျော်သောင်းက ပြောပါတယ်။ ဒီနှစ်ရွေးကောက်ပွဲအတွက် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၃၆၂,၀၀၀ […]
သဇင်လတ် ရန်ကုန်-၂၀၂၀ အောက်တိုဘာ ၂၇ (မော်ကွန်း) မဲရုံအဖြစ်လျာထားခဲ့တဲ့ စာသင်ကျောင်းတွေ COVID-19 Quarantine စင်တာတွေဖြစ်သွားတဲ့အတွက် ယာယီမဲရုံ ၄၀၀ ကျော် အစားထိုး ဆောက်လုပ်သွားမယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မျိုးကြူက မော်ကွန်းကို ပြောတယ်။ “ ဆောက်တဲ့အခါမှာ ဆောက်တာ၊ လုပ်တာ၊ ဘတ်ဂျက်တွေ၊ ဘာတွေတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်ရေးမှူးအဖွဲ့ပေါ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးမှာဖြစ်တယ်” လို့ ဦးကျော်မျိုးကြူ က ပြောတယ်။ ယာယီမဲရုံတွေ တည်ဆောက်ထားမှု အခြေအနေကို နိုဝင်ဘာ ၅ ရက် ထက်နောက်မကျဘဲ တိုင်းကော်မရှင်ကိုတင်ပြဖို့ ညွှန်ကြားထားပြီး မဲရုံတွေအားလုံးကို ကျန်းမာ ရေးကန့်သတ်ချက်တွေနဲ့အညီ မဲပေးနိုင်ဖို့ ပြင်ဆင်သွားမယ်လို့ သူကပြောပါတယ်။ တိုင်းဒေသကြီးတစ်ခုလုံးက မဲပေးခွင့်ရှိသူပေါင်း ၅၆ သိန်းကျော်အတွက် မဲရုံပေါင်း ၅,၇၀၀ ကျော်လျာထားပြီး […]
ရေဂင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၇ (မော်ကွန်း) လူအစုလိုက်အပြုံလိုက် COVID – 19 ကူးစက်ခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ဆိုင်မန်နေဂျာတို့ရဲ့ အာမခံလျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဒီနေ့ပယ်ချလိုက်တယ်လို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ပြောပါတယ်။ “ကျွန်တော်တို့က အာမခံလျောက်တယ်။အစိုးရရှေ့နေက ကန့်ကွက်တော့ တရားရုံးကစောသေးတယ်ဆိုပြီး အာမခံပယ်လိုက်တယ်။ နောက်ကျမှ အခြေအနေကိုတင်ပြပြီး လိုအပ်တဲ့ဆေးစာတွေနဲ့ ခိုင်လုံအောင်ပြပြီး ထပ်လျောက်ရမှာ”လို့ တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းကပြောပါတယ်။ အဆိုပါအမှုကို အပတ်စဥ် သောကြာနေ့တိုင်း စစ်ဆေးရန်တင်ပြထားမှုကို တရားရုံးက လက်ခံလိုက်တယ်လို့ သူကပြောပါတယ်။ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုဖို့ သင်္ဃန်းကျွန်းမြို့နယ် COVID ကော်မတီက […]
ရေဂင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် ပြန်လည်စိစစ်ပေးရန် ပြည်နယ်အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ သဘောထားမှတ်ချက်ကို တောင်းခံထားကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအုတ်ငေါလ်က ပြောသည်။ “ ပလက်ဝနယ်နဲ့ ပတ်သက်လို့ ဒီနေ့နောက်ဆုံးထားပြီး ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေဆီကနေ သဘောထားတောင်းခံခိုင်းတယ်။ ဒီနေ့ နေ့လယ်ကပဲ အစည်းအဝေးလုပ်ပြီး ညနေမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို စာပို့ဖို့လုပ်ထားတယ်” ဟု သူက ပြောသည်။ ပလက်ဝမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးစံသာကျော်က ပလက်ဝမြို့နယ်အတွင်း မဲပေးနိုင်မည့် မဲဆန္ဒရှင် ဦးရေ ၆၃,၀၀၀ ကျော်ရှိနေပြီး မဲရုံပေါင်း ၁၇၆ ရုံ၊ မဲရုံဝန်ထမ်း ၂,၀၀၀ ကျော် ရှိကြောင်း ပြောသည်။ ပလက်ဝတွင် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင် အသက် ၉၁ နှစ်သည် ယနေ့မွန်းလွဲ ၃:၂၅ အချိန်တွင် ကွယ်လွန်ခဲ့သည်။ ၎င်းသည် စက်တင်ဘာ ၂၉ ရက်တွင် နေမကောင်းသည့်အတွက် မင်္ဂလာဒုံ ကုတင် ၁ဝဝဝ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူ၍ စစ်ဆေးခဲ့ရာ ၎င်းနှင့် သမီးဖြစ်သူတွင် COVID – 19 လူနာအဖြစ် အောက်တိုဘာ ၂ ရက်တွင်အတည်ပြုခဲ့သည်။ ၎င်းသမီးဖြစ်သူက “လွန်ခဲ့တဲ့တစ်ပတ်လောက်က ဖေဖေ Nagative ပြန်ပြပါတယ်။ အဲဒီကနေ အခု အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်တာနဲ့ ခွဲစိပ်လိုက်ပါရတယ်။ ဒီနေ့ဆုံးပါတယ်။ အခု ခုတင် ၁၀၀၀ […]
ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၃ (မော်ကွန်း) ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပရခြင်းအပေါ် ပြန်လည်စိစစ်ပေးရန် ယင်းမြို့နယ်တွင် ယှဉ်ပြိုင်မယ့် ရခိုင့်ဦးဆောင်ပါတီ (AFP)၏ ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မနေ့ကတင်ပြလိုက်သည်။ “ကျွန်တော်တို့ဆီကိုမိတ္တူပေးထားလို့သိရတယ်။ အဓိကတင်တာက UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကိုတင်တာ”ဟု ပေါက်တောမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောထွန်းရွှေက မော်ကွန်းသို့ပြောသည်။ ပေါက်တောမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၅၃ ခုရှိကာ လက်ရှိအခြေအနေမှာ ယင်းရပ်ကွက်နှင့်ကျေးရွာအုပ်စုများအားလုံးတွင် နယ်မြေအေးချမ်းပြီး မဲဆန္ဒရှင်အားလုံး လုံခြုံမှုရှိကြောင်း တွေ့မြင်နေရသည်ဟု တင်ပြချက်တွင်ဖော်ပြထားသည်။ သို့ဖြစ်ပါ၍ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (င)အရ မဲဆန္ဒရှင်များမှာလည်း ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ကြောင်းတွေ့ရှိရသည်ဟု ဖော်ပြထားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ ရခိုင့်ဦးဆောင်ပါတီ၏ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၂ (မော်ကွန်း) ပုသိမ်မြို့အတွင်း Stay at Home အမိန့်ချိုးဖောက်၍ မဲဆွယ်အင်အားပြလှည့်လည်ရာတွင် ဦးဆောင်သူ ၂၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်၊ တရားစွဲဆိုသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။ ၎င်းတို့ကိုအရေးယူရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို အောက်တိုဘာ ၁၇ ရက်ကတင်ပြခဲ့ပြီးနောက် ငါးရက်အကြာတွင် ယခုလိုအရေးယူရန် အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။ “ မြို့မိ၊ မြို့ဖတွေက ကျွန်တော့်ကို ဖိအားပေးတာတွေရှိပါတယ်။ သတင်းသမားတွေလည်းပါတယ်။ ဒီလိုမဲဆွယ်အင်အားပြသူတွေကို ဘယ်လိုအရေးယူမလဲဆိုပြီး။ ဒါကြောင့် ဦးဆောင်သူတွေရဲ့ အချက်အလက်တွေကိုယူပြီး တိုင်းအစိုးရကို အစီရင်ခံခဲ့တာပါ” ဟု ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောသည်။ ထိုအမှုဖွင့်ခံရမည့် ၂၂ ဦးသည် အောက်တိုဘာ ၁၇၊ […]
ဂေထော ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း) Stay at Home သတ်မှတ်ထားသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် ရှစ်မြို့နယ်မှ အသက် ၆၀ အထက် ကြိုတင်မဲလျှောက်ထားသူ လေးထောင်ကျော်ရှိကြောင်း ယင်းပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မော်ကွန်းသို့ပြောသည်။ COVID-19 ရောဂါကူးစက်မှုအခြေအနေအရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ရက်အထိ နေအိမ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ နှစ်သိန်းကျော်ရှိခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်က […]
စည်သူ ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း) လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က မြို့ပေါ်ရပ်ကွက် ၂၀ ခုမှာသာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တာကြောင့် မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး မဲပေးခွင့် ဆုံးရှုံးမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကျောက်ဖြူမြို့နယ်က ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာအုပ်စုအားလုံးကို ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီမြို့နယ်အတွင်းမှာ ဆန္ဒမဲပေးခွင့် ရှိသူ ၁၂၀,၀၀၀ ကျော်ရှိတဲ့အထဲက ၂၅,၀၀၀ ကျော်သာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတော့မှာပါ။ မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်တွေဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ အမှတ်(၂) ကိုယ်စားလှယ်လောင်းလေးဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ “သဲထဲရေသွန်ဆိုတဲ့ဟာလည်း […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း) မိုင်းကိုင် မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် ယင်းမြို့ နယ်ရှိ နိုင်ငံရေးပါတီလေးခုမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ရေးထိုး၍ ပြန်လည်တင်ပြထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က ပြောသည်။ စိုင်းကျော်ညွန့်က “မိုင်းကိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ စေ့စပ်ညှိနှိုင်းတယ်။ စေ့စပ်ညှိနှိုင်းပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို စာတင်ထားပါတယ်” ဟု ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်းပခွင့်မရှိသည့် နယ်မြေစာရင်းကို ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ပါဝင်ခဲ့သည့်အတွက် ယခုကဲ့သို့တင်ပြရခြင်းဖြစ်သည်။ တင်ပြတောင်းဆိုလိုက်သည့်ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီတို့ ပါဝင်သည်။ “မိုင်းကိုင်က ကျွန်တော်တို့ နိုင်ထားတဲ့နေရာလေဗျာ။ မဲလည်းအပြတ်အသတ်ကွာပါတယ်။ ကျွန်တော်တို့အတွက် ကိုယ်စားလှယ်လောင်းသုံးယောက် နစ်နာသွားဖို့ရှိပါတယ်။ ပါတီအရ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."