အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း) လာမည့်အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ(EAO) အစုအဖွဲ့ ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကို ယနေ့နံနက်က Online Video Conference ဖြင့် ကျင်းပသည်။ ယင်းအစည်းအဝေးတွင် EAO UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် သဘောတူထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်း စဉ်များ၊ ဖက်ဒရယ်အခြေခံမူများနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောသည်။ “တစ်ဖွဲ့ချင်းစီမှရရှိလာတဲ့ သဘောထားရပ်တည်ချက်များကို မိမိတို့ NCA-S EAO များအတွင်း […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၈ (မော်ကွန်း) ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခများကြောင့် တစ်လအတွင်း စစ်ရှောင်ဦးရေ ၉,၄၀၀ ကျော် တိုးလာကာ စစ်ရှောင်စခန်းများအတွင်း စားနပ်ရိက္ခာပြတ်လပ်လာကြောင်း Rakhine Ethnics Congress (REC)အဖွဲ့က မော်ကွန်းသို့ ပြောသည်။ “တိုက်ပွဲတွေဖြစ်နေတာရှိတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကလည်းပဲ သွားရောက်ထောက်ပံ့နိုင်ခြင်းမရှိဘူး။ အဲဒီတော့ အစိုးရဘက်ကလည်း မရဘူး။နိုင်ငံတကာဘက်ကလည်း မရတဲ့အခါ ဒေသခံတွေဆီကပဲ စားသောက်နေရတာ။ ဒေသခံကလည်း လူတွေအများကြီးကို မထောက်ပံ့နိုင်တော့ တဖြည်းဖြည်းနဲ့ စားနပ်ရိက္ခာတွေပြတ်တောက်နေတာဖြစ်တယ်”ဟု Rakhine Ethnics Congress အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။ ယင်းအဖွဲ့က နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သောစာရင်းများအရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင်စစ်ရှောင်စခန်း ၁၆၈ ခုရှိကာ […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၇ (မော်ကွန်း) COVID -19 ကာလအတွင်း အခြေခံလူတန်းစားများကို ငွေကြေးထောက်ပံ့ရာတွင် ရသင့်ရထိုက်သည့် အိမ်ထောင်စုများ ထောက်ပံ့ငွေမရရှိပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် တိုင်ကြားရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ COVID-19 ရောဂါကူးစက်ခံရမှုကာလအတွင်း နေအိမ်တွင်နေထိုင်ရေးအမိန့်(Stay at Home) သတ်မှတ်ထားသော မြို့နယ်များရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ငွေကျပ် ၄၀,၀၀၀ ကို ယခုလအတွင်း ထောက်ပံ့ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ facebook စာမျက်နှာတွင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ နေပြည်တော်၊ မွန်၊ ကယား၊ ရခိုင်နှင့်ကရင်ပြည်နယ်ရှိ မြို့နယ်အားလုံး၌ တိုင်ကြားစာဖြေရှင်းပေးမည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ခဲ့သည်။ နစ်နာခဲ့၍ […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၆ (မော်ကွန်း) ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အမည်စာရင်းအား ယမန်နေ့က အပြီးသတ်ကြေညာခဲ့ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းနှစ်ဦးက အနိုင်ရရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ဒေါ်ထုမေနှင့် ရှမ်းပြည်နယ် ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအတွက် ဦးဇုတ်ဒေါင်ဖြစ်သည်။ ထို့အပြင် ရှမ်းပြည်နယ် မက်မန်းမဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခမ်းရွှေက တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်မရန်ဂျာဆိုင်းခေါန်က တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦးက ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရတို့တွင် ဝန်ကြီးဖြစ်လာမည်ဖြစ်ပြီး ကျန်သည့်တစ်သီးပုဂ္ဂလကိုယ်စားလှယ်နှစ်ဦးက ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် […]
သဇင်လတ် ရန်ကုန် ၂၀၂၀၊ နိုဝင်ဘာ ၁၂ (မော်ကွန်း) မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုသည့်အနေဖြင့် ရာထူးတိုးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်လိုသည့်ဒေသသို့ပြောင်းရွှေ့ရေးလျှောက်ထားခြင်းများကို ဦးစားပေးစဉ်းစားမည်ဟု အခြေခံပညာဦးစီးဌာန၏ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းကမော်ကွန်းသို့ ပြောသည်။ “ချက်ချင်း ရာထူးတိုးပေးမယ်တို့ နယ်ပြောင်းပေးမှာတော့မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုထိ အဆင့်မြှင့် တင်ပေးမှာပေါ့။ ဥပမာ အမှတ်ပေးပုံစံအရ အမှတ်ပိုတိုးပေးသွားတာမျိုးပေါ့”ဟု ဦးတင်မောင်ဝင်းကဆိုသည်။ ယခင်ရွေးကောက်ပွဲများတွင်ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ ယခုနှစ်တွင်COVID -19 ရောဂါဖြစ်ပွားမှုကြောင့် ဆရာ၊ ဆရာမများတာဝန်ထမ်းဆောင်ရာတွင် ပိုပင်ပန်းခဲ့သဖြင့်ဂုဏ်ပြုသည့်အနေဖြင့် လုပ်ဆောင်ပေး ခြင်းဖြစ်ကြောင်း၎င်းကရှင်းပြသည်။ ဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာများလည်းပေးအပ်ရန်စီစဉ်နေသည်ဟု ဆိုသည်။ ကရင်ပြည်နယ်၊ဘောဂလိမြို့နယ်၊ ရပ်ကွက် (၁) ၊ မဲရုံ (၁)တွင်မဲရုံမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဦးဖြိုးမောင်မောင်က “COVID -19 ဖြစ်နေတော့ နှာခေါင်းစည်းတွေတစ်နေကုန်တပ်ထားရတယ်။ Face Shield တွေလက်အိတ်တွေ နေကုန်စွပ်ထားရတာပေါ့။ […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၂ (မော်ကွန်း) အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးကာလနှင့်ရွေးကောက်ပွဲရက်များတွင် မဲမသမာမှုဖြစ်စဉ်များကြောင့် ၂၈ မှုအထိ အရေးယူထားကာ ဧရာဝတီတိုင်းမှအများဆုံးပါဝင်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ ရက်မှ ယမန်နေ့အထိ ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အရေးယူထားသည့် ကြေညာချက်များတွင် ဧရာဝတီတိုင်းတွင် ၁၂ မှု၊ ရန်ကုန်တိုင်းတွင်ငါးမှု၊ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းတွင် သုံမှုစီနှင့် မကွေးတိုင်း၊ကယား၊ရှမ်းနှင့်မွန်ပြည်နယ်တို့တွင် တစ်မှုချင်းစီ ပါဝင်သည်။ အရေးယူထားသော မဲမသမာမှုဖြစ်စဉ်များထဲတွင် မဲရုံတစ်ရုံထက်ပိုပြီး ထပ်မံဆန္ဒပြုမှု ၁၄ မှုရှိခဲ့ပြီး UEC အမှတ်တံဆိပ်မပါသော တံဆိပ်တုံးဖြင့် မဲပေးမှုသည် ခုနစ်မှုရှိခဲ့သည်။ ထို့အပြင် သူတစ်ပါးအယောင်ဆောင်၍ မဲပေးမှု၊ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲပျက်ပြားစေမှု၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ လိမ်လည်လက်မှတ်ရေးထိုးမှုနှင့်မဲဆန္ဒရှင်က မဲလက်မှတ်များကို ဆန္ဒပြုပြီး မဲပုံးသို့မထည့်ဘဲ […]
သဇင်လတ် ရန်ကုန်-၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း) ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးချိန်ကျော်သွားသည့်အတွက် မဲမပေးရဘဲ ပြန်သွားရသူများ ရှိခဲ့သည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသည့် New Myanmar Foundation အဖွဲ့က ပြောသည်။ ၎င်းအဖွဲ့၏အမှုဆောင်ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက “ မဲရုံတစ်ခုမှာဆိုရင် မဲရုံပိတ်သိမ်းတဲ့အချိန်မှာ မဲရုံအဝမှာမဲပေးမယ့်သူက နှစ်ရာလောက်ကျန်သေးတယ်။ ဒါပေမဲ့ မဲရုံမှူးက မဲပေးလို့မရတော့ဘူးဆိုပြီး ကြေညာလိုက်တော့လူတွေကပြန်သွားကြတယ်။ နောက်မှဆွေးနွေးပြီး မဲပေးလို့ရတယ်ဆိုပြီးပြန်ခေါ်တော့ အတော်များများကပြန်မလာကြတော့ဘူး”ဟု မြေပြင်အခြေအနေကို သူက ရှင်းပြသည်။ New Myanmar Foundationနှင့် ရွေးကောက်ပွဲပညာပေးရေးနှင့်စောင့်ကြည့်လေ့လာရေး မိတ်ဖက်များသည် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၀,၀၀၀ ဝန်းကျင်အနက် ၁,၂၀၀ တွင် စောင့်ကြည့်သူ ၁,၅၀၀ ခန့် ဖြင့် စောင့်ကြည့်ခဲ့သည်။ ၎င်းတို့စောင့်ကြည့်လေ့လာသည့် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း) ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ကိုယ်စားလှယ်အမည်စာရင်းအား တစ်ပတ်အတွင်း ကြေညာပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ ပြီးခဲ့တဲ့ရွေးကောက်ပွဲ(၂၀၁၅) က ၁၀ ရက်ကြာပါတယ်။ ကျွန်တော်တို့က အခု ငါးရက်၊ အများဆုံးခုနစ်ရက် ဒါနဲ့ပဲ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။ လက်ရှိတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အမည်စာရင်း ၃၀ ရာခိုင်နှုန်း၊ ၃၃၈ ဦး ကြေညာပြီးပြီဟု ၎င်းက ပြောသည်။ အများဆုံးအနိုင်ရသည့် ကိုယ်စားလှယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖြစ်သည်ဟု ၎င်းကပြောသည်။ လွှတ်တော်အသီးသီးအတွက် အနိုင်ရကိုယ်စားလှယ် ၁,၁၁၇ ဦးအား ကြေညာပေးရမည်ဖြစ်သော်လည်း ယမန်နေ့ […]
ရေဂင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း) နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at Home) ကန့်သတ်ချက်ကို ဖောက်ဖျက်ခဲ့သည့် The Myst Bar & Lounge Yangon အမှုမှ ဖမ်းဆီးထားသူများကို ယနေ့အထိ ရုံးတော်ထံ တရားစွဲဆိုတင်ပြလာခြင်းမရှိသေးကြောင်း ဗဟန်းမြို့နယ်တရားသူကြီး ဦးခင်ဇော်ကပြောသည်။ “ ၈၁ ယောက်ကို အာမခံပေးတယ်ဆိုတာကလည်း ကျွန်တော်တို့မသိပါဘူး။ သက်ဆိုင်ရာ ရဲစခန်းဆီကနေ ဘာမှမလာသေးတာပါ” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ်ရှိ The Myst Bar & Lounge Yangon ကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးစဉ် ထို Bar အတွင်းမှ နိုင်ငံခြားသားများအပါအဝင် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း) ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက်ကြာသည်အထိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရား၀င်ကြေညာသည်မှာ ၁၀၀ မပြည့်သေးပေ။ ယမန်နေ့ညနေပိုင်းမှစတင်ကာ အနိုင်ရသူ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook Page မှ စတင်ကြေညာပေးလျက်ရှိရာ ယနေ့ ညနေ ၄:၀၈ အချိန်အထိ လွှတ်တော်အသီးသီးအတွက် အနိုင်ရရှိသူလွှတ်တော်ကိုယ်စားလှယ် ၉၆ ဦးကိုသာ ကြေညာနိုင်သည်ကိုတွေ့ရသည်။ ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်သုံးခုမှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ် ၃၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်သုံးခုမှ ရွေးကောက်ခံရသည့်ကိုယ်စားလှယ် ၁၃ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုမှ ရွေးကောက်ခံကိုယ်စားလှယ် ၅၀ ဦးသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပခဲ့သည့် […]
စည်သူ၊ရေဂင် ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း) လူအစုလိုက်အပြုံလိုက် COVID – 19 ကူးစက်ခဲ့တဲ့ Music Zone KTV ပိုင်ရှင်နဲ့ဆိုင်မန်နေဂျာတို့ဟာ အင်းစိန်ထောင်ထဲမှာ ကျန်းမာရေးစစ်ဆေးမှုခံယူနေတာကြောင့် ဒီနေ့ ရုံးထုတ်မစစ်ဆေးနိုင်ဘူးလို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ရှေ့နေက ပြောပါတယ်။ “လာမည့် ၂၄ရက်နေ့မှ ပြန်ရုံးထုတ်မယ်”လို့တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။ သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုဖို့ သင်္ဃန်းကျွန်းမြို့နယ် COVID ကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။ […]
ဂေထော ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း) ကြိုတင်မဲကာလ၌ ဆန္ဒမဲပေးရန်ပျက်ပြားစေခြင်းဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်အပါဝင် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ နှင့် အမှတ် ၂ တို့တွင် ဝင်ပြိုင်ကြသည့် ဦးသန်းငွေနှင့် ဦးမြသောင်းတို့ကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈ နှင့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊၅၉ တို့နှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆန္ဒမဲပေးရန်ပျက်ပြားစေခြင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်၍ ၎င်းတို့တင်မြှောက်ခံရရေးအတွက် မြို့နယ်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့အား မမှန်မကန်စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးအောင်ကျော်လွင်က “မဲဘယ်လောက်ရလဲ၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."