သတင်းများ

လွှတ်တော်ကိုယ်စားလှယ်များ နေရပ်ပြန်နိုင်ကြောင်း အာဏာသိမ်းတပ်မတော်၏ တာဝန်ရှိသူများအသိပေး

February 2, 2021

ဓါတ်ပုံ-မော်ကွန်း – လွှတ်တော်ကိုယ်စားလှယ်များကိုထိန်းသိမ်းထားသည့် နေပြည်တော်စည်ပင်ရိပ်သာဝင်း အဝင်ဝ စည်သူ ရန်ကုန် -၂၀၂၁ ဖေဖော်ဝါရီ ၂ (မော်ကွန်း) နေပြည်တော်၊ စည်ပင်ရိပ်သာမှာ ဖမ်းဆီးခံ ထားရတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေကို နေရပ်သို့ ပြန်ခွင့်ပြုသည်ဟု တပ်မတော် တာဝန်ရှိသူ တွေက လိုက်လံအသိပေးကြောင်း ထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်နိုင်ဝင်းက “CECတွေရဲ့ သဘောထားအတိုင်းပဲလိုက်နာရမှာပေါ့။CECကလည်း ပြန်ခွင့်ပြုလိုက်ရင်တော့ ပြန်တော့မှာပေါ့နော်။အခုထိတော့ မသိသေးဘူး။CECက ညနေပိုင်းလောက်တော့ပြောလာလိမ့်မယ်ထင်တယ်”လို့ ပြောပါတယ်။ ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များကို နေရပ်ပြန်ခွင့် ပြုနေမှုနှင့်ပတ်သက်ပြီး ချက်ခြင်းမပြန်ကြသေးဘဲ ခေါင်းဆောင်များ၏ညွှန်ကြားချက်များကိုဆက်လက်စောင့်စားရန် ပါတီအနေဖြင့်မှာကြားထားသည်ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက သူ၏ လူမှုကွန်ယက်အကောင့် တွင် သတင်းထုတ်ပြန်ပါတယ်။ ထို့အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ (ပြုတ်/ဖြုတ်) ကို […]

အပြည့်အစုံဖတ်ရန်

နိုင်ငံအလိုက်အဂတိလိုက်စားမှုအညွန်းကိန်းတွင်မြန်မာအဆင့်ထပ်ကျ

January 29, 2021

Transparency International က နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုအညွှန်းကိန်း ( Corruption Perception Index) အောင်ပိုင် ရန်ကုန်-၂၀၂၀ ဇန်နဝါရီ ၂၉ (မော်ကွန်း) ၂၀၂၀ ခုနှစ်အတွက် အဂတိလိုက်စားမှုအဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ထက် အဆင့်ခုနစ်ဆင့် ကျဆင်းခဲ့ကြောင်း Transparency Myanmar Initiative Group က အစီရင်ခံစာ ထုတ်ပြန်သည်။ ထို့အပြင် နိုင်ငံအလိုက် ရမှတ်တွင်လည်း တစ်မှတ်ထပ်လျှော့ခံရကာ ၂၈ မှတ်သာ ရရှိခဲ့သည်ဟု အထက်ပါအဖွဲ့က ဖော်ပြသည်။ ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) က နှစ်စဉ်ထုတ်ပြန်နေသည့် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှုအညွှန်းကိန်း ( Corruption Perception Index) ကို ကိုးကား၍ ယခုအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။ […]

အပြည့်အစုံဖတ်ရန်

တွံတေးမြို့နယ်ရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို ယာယီရပ်ထားရန် တိုင်းအစိုးရညွှန်ကြား

January 27, 2021

ပုံစာ – တွံတေး – မအူပင်ကားလမ်းနဘေးရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ ဓာတ်ပုံ – ဦးရဲဝင်းထွဋ် ဂေထော ရန်ကုန်၊၂၀၂၀ ဇန်နဝါရီ ၂၇ (မော်ကွန်း) ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် တွံတေးမြို့နယ်ရှိ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကို ယနေ့တွင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ကွင်းဆင်းစစ်ဆေးခဲ့ပြီး စက်ရုံကို ယာယီရပ်ထားရန် ညွှန်ကြားခဲ့ကြောင်း တွံတေးမြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောသည်။ တွံတေးမြို့နယ်၊ မအူပင်-တွံတေးကားလမ်းမဘေးရှိ ယင်းစက်ရုံကြောင့် လေထု၊ ရေထုနှင့်မြေဆီလွှာ ညစ်ညမ်းမှုဒဏ်ခံနေကြရသည့်အတွက် ဇန်နဝါရီ ၂၆ ရက်တွင် ဒေသခံများက တိုင်းအစိုးရအဖွဲ့ရုံးအထိ လာရောက်တောင်းဆိုခဲ့ရာ တိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ” အခုလောလောဆယ် ရပ်ခိုင်းလိုက်တယ်။ ဒီဟာကို အစိုးရအဖွဲ့ကနေပြန်ပြီးတော့ စစ်‌ဆေးလို့ အနံမပျောက်မချင်း ပိတ်ထားဖို့ ဆုံးဖြတ်ချက်ပေးသွားတယ်။ လောလောဆယ် […]

အပြည့်အစုံဖတ်ရန်

ဧရာဝတီစင်တာရှိ ကျန်းမာရေးနှင့်စေတနာ့ဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံ

January 27, 2021

ဓါတ်ပုံသတင်း စည်သူ ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၂၇ (မော်ကွန်း) သင်္ဃန်းကျွန်းရှိ ဧရာဝတီ COVID-19 ကုသရေးစင်တာတွင် တာဝန်ယူကုသကူညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်း ၆၁၅ဦးအနက်မှ ၂၀၀ ကို COVID-19 ရောဂါကာကွယ်ဆေး ယနေ့ စတင်ထိုးပေးနေသည့် မြင်ကွင်းများဖြစ်ပါသည်။ ထိုစင်တာရှိ ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ ဝန်ထမ်းများကို သုံးရက်အတွင်း ကာကွယ်ဆေ းထိုးပေးမည်ဟု စင်တာတာဝန်ခံဖြစ်သူက ပြောပါသည်။ အိန္ဒိယနိုင်ငံမှ ဇန်နဝါရီ ၂၂ တွင် လက်ဆောင်အဖြစ်ပေးသည့် ထိုရောဂါကာကွယ်ဆေးလုံးရေ တစ်သန်းခွဲကို ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှတိုက်ပွဲဝင်နေသည့်နိုင်ငံအနှံ့မှ ကျန်းမာရေး ဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်းများကို ထိုးနှံပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲ တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့ ရန်ကုန်တွင် ဆန္ဒပြ

January 26, 2021

ပုံစာ – တက်ကြွလှုပ်ရှားသူအချို့က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး “ပြည်သူ့ဆန္ဒထုတ်ဖော်ပွဲ”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေစဉ် ဂေထော ရန်ကုန်-၂၀၂၀ ဇန်နဝါရီ ၂၆ (မော်ကွန်း) ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က သမ္မတရုပ်ရှင်ရုံအရှေ့တွင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ် ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က သမ္မတရုပ်ရှင်ရုံအရှေ့တွင် ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေစဉ် ပုံစာ – ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ တက်ကြွလှုပ်ရှားသူအချို့က Sule Square ရှေ့တွင် ဆန္ဒပြနေစဉ် ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှုမရှိဟုဆိုကာ ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံရှေ့မှ မြို့တော်ခန်းမအရှေ့အထိ တက်ကြွလှုပ်ရှားသူ ၃၀ ခန့်က ဆိုင်းဘုတ်များကိုင်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုပွဲတွင် ပါဝင်သည့် မရမ်းကုန်းမြို့နယ်မှ မတင်မေအောင်က “ မဲမသမာမှုကို […]

အပြည့်အစုံဖတ်ရန်

ပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ရွှေနဂါးဓာတ်မြေသြဇာစက်ရုံကို အစိုးရအဖွဲ့ကွင်းဆင်းစစ်ဆေးမည်

January 26, 2021

ဂေထော ရန်ကုန်၊ ၂၀၂၀ ဇန်နဝါရီ ၂၆ (မော်ကွန်း) ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကိုကွင်းဆင်းစစ်ဆေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောကြောင်း စက်ရုံအရေးဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ လာရောက်တောင်းဆိုသည့် ဒေသခံများကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မအူပင်-တွံတေးကားလမ်းမဘေးရှိ ရွှေနဂါးဓါတ်မြေဩဇာစက်ရုံကြောင့် လေထု၊ ရေထုနှင့်မြေဆီလွှာညစ်ညမ်းကာ ဒုက္ခရောက်နေကြသည့် ကျေးရွာများမှ ဒေသခံ ၂၀ ဦးသည် တိုင်းအစိုးရအဖွဲ့ရုံးသို့ ယနေ့မနက်ပိုင်းတွင် လာရောက်ကာ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “ သူ့(ဝန်ကြီးချုပ်)အနေနဲ့ မနက်ဖြန် ဝန်ကြီးနှစ်ဦး လာပြီးတော့ စစ်ပေးမယ်။ ရုံးအဖွဲ့ကိုလည်း အကြောင်းကြားပါ့မယ်လို့ပြောပါတယ်။ သန်ဘက်ခါကျရင် သူကိုယ်တိုင်ကျေးရွာကိုလာပြီး ရွာသားတွေနဲ့တွေ့ဆုံမယ်။ ဒီစက်ရုံနဲ့ပတ်သက်ပြီး သူကိုယ်တိုင် ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး အခုနက ပြောပါတယ်”ဟု ဒေသခံများကို ကူညီပေးနေသည့် ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရခဲ့သူ ဦးရဲဝင်းထွဋ်က ပြောသည်။ ၎င်းစက်ရုံသည် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင်မြေ […]

အပြည့်အစုံဖတ်ရန်

သမ္မတနှင့် UECထောက်ခံပွဲ ရန်ကုန်တွင်ပြုလုပ်

January 24, 2021

စည်သူ ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၂၄ (မော်ကွန်း) နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ထောက်ခံတယ်ဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက “သမ္မတနဲ့ UECကိုထောက်ခံပါတယ်၊ပြည်သူတင်မြောက်တဲ့ အစိုးရသစ်ကို ထောက်ခံပါတယ်၊တတိယအကြိမ် လွှတ်တော်ခေါ်ယူတာကို ထောက်ခံပါတယ်” ဆိုတဲ့ ကြွေးကြော်သံများနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဆိုပါ ထောက်ခံပွဲနဲ့ပတ်သက်ပြီး ဦးဆောင်သူ ဦးအောင်ကျော်က “ကိုယ်ရဲ့ရည်ရွယ်ချက်နဲ့ လုပ်တယ်။မှန်ကန်နေတဲ့ တစ်ခုကို ကျွန်တော်တို့က ပြောပြ ထောက်ခံမှသာလျင် သိမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တယ်”လို့ပြောပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်ပွဲကို တက်ကြွလှုပ်ရှားသူ‌တွေက ဦးဆောင်ခဲ့ကြပြီး ဝန်းရံသူအင်အား ၅၀ခန့်က နေ့လည် ၃နာရီကနေ ၄နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လွှတ်တော်သုံးရပ်စလုံးမှာ နေရာစုစုပေါင်း ၉၀၀ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပုံစာ […]

အပြည့်အစုံဖတ်ရန်

အိန္ဒိယမှ COVID-19 ကာကွယ်ဆေးများစတင်ရောက်ရှိ

January 22, 2021

ရန်ကုန်- ၂၀၂၁-ဇန်နဝါရီ-၂၂( မော်ကွန်း) အိန္ဒိယနိုင်ငံကနေ ပေးပို့တဲ့ ပထမဆုံး COVID-19 ဗိုင်းရပ်စ်ပိုးကာကွယ်ဆေးတွေဟာ ဒီနေ့ နေ့လည် ၂နာခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ကနေ Air India Airline နဲ့ ရောက်လာတာပါ။ ဒီကာကွယ်ဆေးတွေကို ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရှေ့တန်းက တိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးနှံ့မယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မနေတုန်းက ပြောထားပါတယ်။ အလုံးရေ တစ်သန်းခွဲ စတင်ရောက်ရှိမှာ ဖြစ်ပြီး လူဦးရေ ခုနှစ်သိန်းခွဲလောက်အတွက် လုံလောက်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က သူ့မိန့်ခွန်းမှာ ရှင်းပြထားပါတယ်။ ဓါတ်ပုံ – မော်ကွန်း #Dailynews

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၁၇၀ကျော် USDPပါတီ တင်သွင်းထား

January 21, 2021

စည်သူ ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၂၁ (မော်ကွန်း) ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက တရားမဲ့ပြုကျင့်မှုကိစ္စတွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာ ၁၇၀ ကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်းတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မော်ကွန်းကိုပြောပါတယ်။ ဘာသာရေးကိုခုတုံးလုပ်ပြီး မဲဆွယ်မှုတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ငြိစွန်းတာတွေကို ကန့်ကွက်ထားတာလို့ သူကပြောပါတယ်။ “ရွေးကောက်ပွဲကော်မရှင်က တကယ့်ကိုသမာသမတ်ကျကျ လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ပါတီကတော့ တိုင်ထားတဲ့ဟာ အများစု၊ ရာနှုန်းပြည့်လောက် နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဦးသိန်းထွန်းဦးက ပြောပါတယ်။ USDP ပါတီရဲ့ ကန့်ကွက်လွှာတင်သွင်းခံထားရတဲ့သူတွေထဲမှာ ပဲခူးတိုင်းဒေသကြီး၊ ပြည် မဲဆန္ဒနယ်က အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြည်သူ့လွှတ်ဝောာ်ကိုယ်စားလှယ် ဒေါက်တာခင်မိုးမိုးကြည်လည်း ပါပါတယ်။ သူက မဲကွာခြားချက် ၈၃,၀၀၀ ကျော်နဲ့ အနိုင်ရခဲ့တာပါ။ ကန့်ကွက်လွှာတင်သွင်းခံရမှုကို ဥပဒေအတိုင်းပဲ ဖြေရှင်းသွားမယ်လို့ […]

အပြည့်အစုံဖတ်ရန်

Music Zone KTV ပိုင်ရှင် ဦးဇော်မင်း ကျန်းမာရေးအာမခံရရှိ

January 21, 2021

စည်သူ ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၂၁ (မော်ကွန်း) အသည်းကင်ဆာရောဂါကို နိုင်ငံခြားမှာ ခွဲစိတ်ကုသမှုခံရဖို့ ရှိနေတာကြောင့် Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အာမခံပေးလိုက်တယ်လို့ သူ့ရဲ့ ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။ ပထမတစ်ကြိမ် ကျန်းမာရေးအာမခံ‌လျှောက်စဉ်တုန်းက အစိုးရရှေ့နေတွေရဲ့ ကန့်ကွက်မှုကြောင့် မရခဲ့ပေမယ့် ဒီဇင်ဘာ ၈ ရက်တုန်းက ဒုတိယအကြိမ်တင်ပြခဲ့တဲ့ အာခမံပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ခွင့်ပြုပေးလိုက်တာလို့၎င်းက ပြောပါတယ်။ COVID-19 ရောဂါပိုး ကူးစက်မှုမြင့်တက်နေစဉ်ကာလအတွင်းမှာ KTV ဖွင့်လှစ်ခဲ့တာကြောင့် ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ ဦးဇော်မင်းနဲ့ သူ့ဆိုင်မန်နေဂျာတို့ကို သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ အာဏာပိုင်တွေက တရားစွဲခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၆ […]

အပြည့်အစုံဖတ်ရန်

ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် တမူးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားခံရ

January 18, 2021

စည်သူ ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဦးနိုင်နိုင်ဝင်းကို ရွေးကောက်တင် မြှောက်ခံရသူအဖြစ်မှ ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်းကြားခံထားရ တယ်လို့ ကာယကံရှင်က ပြောပါတယ်။ “ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ထုချေလွှာတင်ရမှာဖြစ်တယ်။ အဲဒါကတော့ ရှေ့နေနဲ့ တိုင်ပင်နေတယ်။ မပတ်သက်တဲ့အကြောင်းကို မပတ်သတ်ကြောင်းရှင်းရမှာပေါ့။ စိုးရိမ်စိတ်တော့မရှိဘူး။ ကိုယ်လုပ်ခဲ့တာတွေက အားလုံးမှန်မှန်ကန်ကန် လုပ်ခဲ့တာ”လို့ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။ အရပ်သားမဲဆန္ဒရှင်တစ်ဦးက ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာလို့ သူက ပြောပါတယ်။ တိုင်းကြားခံထားရတဲ့အကြောင်းအရာတွေကတော့ ကြိုတင်မဲကိစ္စ၊ မဲလက်မှတ်ဖြတ်ပိုင်း မှားယွင်းတဲ့ကိစ္စ၊ တပ်မတော်က ထုတ်ပြန်ထားတဲ့ မဲစာရင်း မသမာမှုစိစစ်ချက်တွေအပါအဝင် အချက် ငါးချက်နဲ့ […]

အပြည့်အစုံဖတ်ရန်

တစ်နိုင်ငံလုံးတွင် မင်္ဂလာဒုံမြို့နယ်သည် COVID – 19 အတည်ပြုလူနာ အများဆုံးရှိသည့် မြို့နယ်ဖြစ်

January 18, 2021

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၁၈ (မော်ကွန်း) နိုင်ငံအတွင်း မြို့နယ်အလိုက် COVID – 19 ရောဂါပိုး ကူးစက်ခံရမှုနှုန်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က အများဆုံးဖြစ်ကြောင်း နောက်ဆုံးထုတ်ပြန်ထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြသည်။ ဝန်ကြီးဌာနက ရောဂါကူးစက်မှုအခြေအနေနှင့်ပတ်သက်ပြီး ပထမဆုံး ပိုးတွေ့လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀၊ မတ် ၂၃ မှ ယခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ ရောဂါကူးစက်ခံရသူ ပေါင်း ၁၃၃,၈၆၉ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၉ မြို့နယ်သာ ပိုးကူးစက်ခံရသည့်လူနာမရှိသေးကြောင်း ဖော်ပြသည်။ မင်္ဂလာဒုံမြို့နယ်သည် ပိုးကူးစက်ခံရသည့်လူနာ ၆,၀၂၄ ဦးဖြင့် လတ်တလောတွင် အမြင့်ဆုံး ဖြစ်နေပြီး […]

အပြည့်အစုံဖတ်ရန်
1 … 241 242 243 244 245 246 247 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."