စည်သူ
ရန်ကုန် -၂၀၂၀ နိုဝင်ဘာ ၂၁(မော်ကွန်း)
ကလေးလုပ်သားတွေကို ပေါက်စီမုန့်တိုက်က နှိပ်စက်ညှဉ်းပန်းတယ်ဆိုတာကြောင့် လူမှုဖူလုံရေးသင်တန်းမှာခေတ္တထိန်းသိမ်းထားဖို့ ကျန်းမာရေးစစ်ဆေးရာမှ ကလေးလုပ်သား ၁၀ ဦးမှာ COVID-19 တွေ့ရှိခဲ့ပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က “ကလေးအလုပ်သမား၂၂ယောက်ကို လူမှုဖူလုံရေးသင်တန်းကျောင်းတွေမှာ ခေတ္တထိန်းသိမ်းထားဖို့ Covidပိုးရှိ၊ မရှိ စစ်ဆေးတဲ့အခါ ကလေး ၁၀ယောက်မှာ Positiveတွေ့တာလို့” ပြောပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရရွှေစံလှပေါက်စီမုန့်တိုက်က ကလေးလုပ်သားတွေကို နှိပ်စက်ညှဉ်းပန်းပြီး အတင်းအဓ္ဓမ္မအလုပ်ခိုင်းစေမှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် မနေ့ညက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ကလေးများကိုကို ခေါ်ယူထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ပိုးတွေ့ခဲ့တဲ့ ကလေးအလုပ်သမား ၁၀ဦးဟာ မိန်းကလေး ကိုးယောက်နဲ့ ယောကျာ်လေး တစ်ယောက်ဖြစ်ပြီး သူတို့ကို တိုင်းဒေသကြီးကိုဗစ်စင်တာနဲ့ ချိတ်ဆတ်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေါက်တာအေးမူယာကျော်ကပြောပါတယ်။
ပုံစာ – ကလေးလုပ်သားများကို အတင်းအဓ္ဓမအလုပ်ခိုင်းစေမှု တွေရှိသည်ဟုဆိုတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီမုန့်တိုက်
Photo: Mawkun
#Dailynews

