”စစ်ဘေးရှောင်တွေကလည်း ပြောပါတယ်။ အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်မှုမှာ ဒီနေ့အောင်မြင်သွားပြီး မနက်ဖြန်ပြန် လို့ရပြီဆိုရင်တောင် မနက်ဖြန်ထိ မစောင့်ဘူး၊ ဒီည ရှိသမျှကို ကြွပ်ကြွပ်အိတ်မှာ ထည့်ပြီးရွာပြန်မယ့်သူတွေချည်းပါပဲ”
စစ်ဘေးရှောင်များ နေရပ်ပြန်ရေးမှာ ငြိမ်းချမ်းရေးဆွေး နွေးပွဲအပေါ်တွင် မူတည်နေသည်။ ခိုင်မာသည့်ငြိမ်းချမ်းရေးရမှ သူတို့အိမ်ပြန်နိုင်မည်။
နည်းပညာတက္ကသိုလ်တွင် ခြောက်နှစ်ကြာ အောင် တက်ရောက်ပြီး ဘွဲ့ရသည်နှင့် သင့်ကိုယ် သင် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီ၊ အင်ဂျင်နီ ယာလုပ်ငန်းတွေကို တရားဝင်လုပ်ခွင့်ရပြီဟု ထင်ပါသလား။ ထိုသို့ထင်လျှင် သင်မှားသွားပြီဟုဆိုရမည်။ အကြောင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်(၂ဝ၁၃ နိုဝင်ဘာ)က ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥပဒေကြောင့်ဖြစ်သည်။ ယင်းဥပဒေအရ အဆောက်အအုံများကြီးကြပ်ဆောက် လုပ်ခြင်းကို အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြုလက်မှတ်ရ သူသာ လုပ်ကိုင်ခွင့်ရှိပြီး ယင်းလက်မှတ်မရှိဘဲ အင်ဂျင်နီယာဟူသည့်ဂုဏ်ပုဒ်သုံးစွဲခြင်း၊ သတ်မှတ်အင်ဂျင်နီယာလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်းသည် ပြစ်မှုမြောက်ပြီး ထောင်ဒဏ်အပြင် ငွေဒဏ် လည်း ကျခံရမည်ဖြစ်သည်။ အင်ဂျင်နီယာများအတွက် အင်ဂျင်နီယာကောင်စီရှိရန် လိုအပ်ပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းမှာ ကောင်းမွန် သော်လည်း ၎င်းကောင်စီသည် အများပြည်သူဘေးကင်းလုံခြုံစေ ရန် အင်ဂျင်နီယာဆိုင်ရာ စံချိန်စံညွှန်းများ သတ်မှတ်၍ စစ်ဆေး ကြပ်မတ်ပေးရမည်ထက် အင်ဂျင်နီယာများအား […]
Photo – Minn Lwin ဆိပ်ကမ်း ကုန်တင်ကုန်ချရုံရှေ့ရှိ ခုံတန်းလျားပေါ်တွင် တီရှပ်လက်တို အပြာရင့်ရောင်နှင့် ဆေးသားအရောင်တို့ ပြယ်လွင့်နေသော မဲပြာ ပုဆိုးအကွက်ခပ်စိပ်စိပ်အား ဝတ်ဆင်ထားသူတစ်ဦး ထိုင်နေသည်။ ထိုသူသည် ထိုင်နေလျက်က ဥဒဟိုသွားလာနေသော လမ်းသွား လမ်းလာများကို တစ်ချက်တစ်ချက်ငေးရီကြည့်သည်မှအပ ခပ်အေး အေးပင်ရှိ၏။ သူ့ပုံစံက အသားညိုညို၊ ခန္ဓာကိုယ်သေးသွယ်သွယ်နှင့် အရပ်က ငါးပေခြောက်လက်မခန့်ရှိသည်။ ယခင်က တုတ်ခိုင်ခဲ့ဟန်ရှိ သော လက်မောင်းသားတို့မှာ လျော့ရဲရဲနှင့် အကြောပြိုင်းပြိုင်းထ နေ၏။ ရင့်ကျက်တည်ငြိမ်မှုရှိသော မျက်နှာထက်တွင်တော့ အမာ ရွတ်ဗရပွနှင့် ဖြစ်သည်။ သူ၏ ဝဲဘက်မျက်ခုံးကွဲအက်ဒဏ်ရာ၊ နှာခေါင်းရိုးကျိုး သည့် ဒဏ်ရာ၊ နှုတ်ခမ်းကွဲရှဒဏ်ရာတို့အပြင် မျက်နှာပြင်နေရာ အများစုတွင် အညိုအမည်းစွဲနေသည့်ဒဏ်ရာတို့က လွှမ်းခြုံ ထားသည်။ သူ့ယာဘက် မျက်လုံးအိမ်အတွင်းမှာတော့ တိမ်စွဲ ထားသည့်ပမာ […]
မိုးနဲ့လေကို ချစ်မိသူ ဒီလိုနှင့် လွန်ခဲ့သည့် သုံးနှစ် (၂ဝဝ၉) ခုနှစ် အငြိမ်းစား ယူသည်အထိ မိုးလေဝသဌာနတွင် နှစ်ပေါင်း ၄၅ နှစ်ကြာအောင် လုပ်ကိုင်ဖြစ်ခဲ့သည်။ ဘဝတိုးတက်ရန် အခွင့်အလမ်းနည်းပါးသည့် ထိုအလုပ်ကို လုပ်ဖော်ကိုင်ဖက်များကပင် စွန့်ခွာသွားကြသည့် တိုင် သူက မစွန့်ပစ်နိုင်ဘဲ ဆက်လက်လုပ်ကိုင်နေခဲ့သည်ကို အတူ နေသည့်မိသားစုကပင် တစ်ခါတစ်ခါ နားမလည်နိုင်သည်အထိ ဖြစ်ကြရသည်။ တကယ်ဆို ဒီလုပ်ငန်းသည် သူရည်ရွယ်ခဲ့သည့် ငယ်အိပ် မက်လည်း ဘယ်တုန်းကမှ မဟုတ်ခဲ့ပါ။ သို့သော်လည်း သူ့ဘဝ တွင် မိုးလေဝသနှင့် အခြားပိုကောင်းသော အခွင့်အလမ်းတစ်ခု အနက် တစ်ခုကိုရွေးချယ်ရန် ဆုံးဖြတ်ချက်ချရသည့်အခါတိုင်း မှာ သူသည် မိုးလေဝသဘက်တွင်သာ နေခဲ့သည်။ တက္ကသိုလ်နှင့်မိုးလေဝသနှစ်ခုအနက် မိုးလေဝသကို ရွေးခဲ့ ပြီးမကြာမီ နောက်ထပ်ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုချရန် အခြေအနေ […]
“ကျန်းမာတော် မူကြပါစခင်ဗျာ” ရုပ်မြင်သံကြားစက်များ ပေါ်ဦးစဖြစ်သည့် ၁၉၈ဝ ခုနှစ် များမှပင် စတင်ကာကြားခဲ့ရသည့် အသံ။ မြင်ခဲ့ရသည့် အမူအရာ များပိုင်ရှင်။ နဖူးပြောင်သည်။ အသံသြဇာရှိသည်။ အများစိတ် မဝင်စားသည့်အကြောင်းအရာကို တီဗီဖန်သားပြင်တွင် စိတ်ပါ လက်ပါပြောနေသည်။ ည ၈ နာရီသတင်းအပြီးနှင့် ရုပ်မြင်သံကြားဇာတ်လမ်းများ မလာခင် ကြားအချိန်တွင် သူ့အရုပ်နှင့် သူ့အသံသည် ပေါ်လာ လေ့ရှိပြီး ရာသီဥတုအခြေအနေ ဖြစ်တန်ရာများကို စိတ်ပါလက်ပါ ရှင်းလင်းသည်။ အိပ်ရေးပျက်ခံကာ ရုပ်မြင်ဇာတ်လမ်းများကို စောင့်နေချိန်တွင်မှ သူ့အစီအစဉ်က ပေါ်လာတတ်သဖြင့် ကြည့်သူတွေက စိတ်မရှည်။ ပရိသတ်က တဖျစ်တောက်တောက် ပြောနေသည့်တိုင် သူကား ဖန်သားပြင်ပေါ်တွင် အကျအန ကြေညာ ပြောဆိုနေသည်။ ထိုထက်ဆိုးသည်မှာ လစဉ် လကုန်ရက်(၃ဝနှင့် ၃၁ ရက် များတွင်) သူ၏လချုပ်အစီရင်ခံဆိုသည်က […]
ဒီလုပ်ထုံးလုပ်နည်းမှာ မြေစာရင်း၊ အုပ်ချုပ်ရေးနဲ့ စည်ပင် သာယာအဖွဲ့အစည်းတွေကို ပါဝင်ခွင့်ပေးထားမှာဖြစ်ပေမယ့် ယခင်အစိုးရလက်ထက်ကလို အဆုံးအဖြတ်ပေးတဲ့နေရာတွေမှာ ဦးဆောင်ခွင့် မပေးတော့ပါဘူး။ မြေသိမ်းယူခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်မှုမရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဦးဆောင်ဖြေ ရှင်းမယ့် လုပ်ထုံး လုပ်နည်းမျိုး ရေးဆွဲထားတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်သူ့လယ်ယာမြေဖော်ဆောင်ရေး(ပလဖ)စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာများပေါ်တွင် ၂၀၁၅၊ဇွန်လက ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲ ပြုလုပ်နေစဉ်
ကွမ်းယာရောင်းချသူတွေဟာ အခြေခံလူတန်းစားအများစုဖြစ်ပြီး ဈေးရောင်းတတ်တဲ့သူတွေဖြစ်တာကြောင့် ဝင်ငွေရလွယ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်က သုံးသပ်ပါတယ်။
လုပ်ငန်းရှင်နှင့် လုပ်သားကြားက ပြဿနာ ရေလုပ်သားများ ကျန်းမာရေးမကောင်းသည့်အချိန် ဆေးဝါးကုသရန် ၎င်းတို့ကိုကုန်းပေါ်သို့တင်မပေးရခြင်းနှင့် ပတ်သက်ပြီး ဖောင်ပိုင်ရှင်များမှာ ပြောစရာရှိနေသည်။ ”တချို့ကျတော့ ကျန်းမာရေးမကောင်းလို့ဆိုပြီး ကုန်းပေါ်တင်ပေးတယ်။ ကုန်းပေါ်ရောက်တော့ ထွက်ပြေးသွားတာတွေ လည်းရှိတာပဲ။ ဆေးရုံပေါ်မှာ ဆေးကုနေရင်း ထွက်ပြေးသွား တာလည်းရှိတယ်”ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင်ပိုင်ရှင် တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က ဆက်လက်ပြောသည်။ ကျားဖောင်လုပ်သားအချို့သည် ကြိုတင်စရန်ငွေများကို ထုတ်ယူထားပြီး ပင်လယ်ထဲသို့ ရောက်သည့်အခါ ရေထဲခုန်ချ ထွက်ပြေးတတ်ကြသလို အလုပ်လုပ်နေစဉ် ဖောင်ကြိုးဖြတ်ကာ ထွက်ပြေးကြခြင်းများလည်းရှိသည်ဟုဆိုသည်။ ဖောင်တွင် တပ်ထားသော ဖော့သီးများ၊ ဘောကွင်းများဖြင့် ထွက်ပြေးကြသလို ဖောင်ဖွဲ့ထားသည့် ဝါးများကို ဖြုတ်ယူပြီးလည်း ထွက်ပြေးကြ သည်ဟု ဆိုသည်။ ”စရန်ငွေယူပြီးပြေးတာက အဓိကဆုံးရှုံးတယ်။ ဒီလုပ်ငန်းက အချိန်နဲ့လုပ်ရတဲ့အတွက် နောက်ထပ်လူသစ်ထပ်ထည့်ရ တာပဲ”ဟု ခါးပြတ်ကျေးရွာမှ ကျားဖောင် […]
”အလုပ်ရှင်တွေနစ်နာရင် ငွေကြေးပဲနစ်နာတာ။ အလုပ်သမားတွေနစ်နာရင် ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရတာ။ ကျားဖောင်လုပ်သားတွေရဲ့ဘဝက ဘာမှအာမခံချက်မရှိဘူး”
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့စီးပွားရေးလုပ် ငန်းရှင်တွေ ကုန်ထုတ်လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ထိထိ ရောက်ရောက်ပံ့ပိုးပေးဖို့၊ ပြည်နယ်အတွင်းမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေ ဖော်ဆောင်ပေးပြီး ပြည်နယ်မှာ နေထိုင်တဲ့ လူတွေအတွက် အလုပ်နေရာတွေ ဖန်တီးပေးဖို့လုပ်ငန်းရှင်တွေက တောင်းဆိုကြပါတယ်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."