ဦးကျော်စွာဆွေကလည်း ” Policy Making Process (မူဝါဒချမှတ်ခြင်း) တွေကို စနစ်ကျတဲ့ စမတ်ကျတဲ့ပုံစံနဲ့ Run (လုပ်)ဖို့ လိုတယ်။ အချိန်ကိုလည်း ထိုက်သင့်သလောက် ယူဖို့လို တယ်။ ထိုက်သင့်တဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံမှုတွေ၊ အကြံဉာဏ် တောင်းခံမှုတွေကို ပိုလုပ်ဖို့လိုတယ်”ဟု အစိုးရကို အကြံပြုသည်။
”အဓိက မျက်ကြည်လွှာအရ နည်းတာက စည်းရုံးမှုအား နည်းတာဖြစ်လို့ စည်းရုံးမှုအားကောင်းအောင် ကျန်းမာရေးပညာ ပေးဝန်ထမ်းတွေကို များများ ခန့်နိုင်အောင် တင်ပြထားပါတယ်”ဟု ပါမောက္ခဒေါက်တာတင်ဝင်းက ရှင်းပြသည်။
”ငါးဖမ်းဆီးခွင့်ပေးတဲ့ရည်ရွယ်ချက်က အခွန်လည်းရ ငါးသယံဇာတလည်း ထိန်းသိမ်းဖို့အတွက် လုပ်ခဲ့တာ၊ အခု ဖြစ် နေတာက ရည်ရွယ်ချက်နဲ့ ပြောင်းပြန်ပဲ”
ရေဘုရင်နှင့် သရုပ်ပြကစားရသည်မှာလည်း လွယ်လှ သည်တော့ မဟုတ်။ မိကျောင်းဆိုသည့် သတ္တဝါမှာ အမြဲတမ်း လူကို ရန်မူတတ်ပြီး ယဉ်လည်း မယဉ်၊ အခင်လည်း မရှိသည့် သတ္တဝါဖြစ်ကာ အလွန်ဉာဏ်များသည်။
မြန်မာနိုင်ငံတွင် ဥပဒေအသစ် များကို ရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် တစ် ချိန်တည်းမှာပင် ပြည်သူများအကြားတွင် ဥပဒေဆိုင်ရာ ဗဟုသုတများ နည်းပါးနေ သေးသည့်အချက်ကိုလည်း ရှေ့နေများက ထောက်ပြကြသည်။
အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးအောင်နိုင်စိုးက ”အင်္ဂလိပ်က ထားပေး ခဲ့တဲ့ ဥပဒေတွေထဲမှာ အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေတွေက အများကြီးဗျ။ အသုံးမချနိုင်တာ”ဟု ဆိုသည်။
စတော့ဈေးကွက်ကို ပြည်သူလူထုသိရှိနားလည်လာရန် ပညာပေးမှုအပိုင်းတွင် ရေတိုအနေဖြင့် သတင်းမီဒီယာများမှ တစ်ဆင့် စာရေးပြီးပညာပေးခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ ဟောပြောပွဲများ ပြုလုပ်ပေးရန် လိုအပ်သကဲ့သို့ ရေရှည်အတွက် ပညာပေးခြင်းကိုမူ အခြေခံပညာအလယ်တန်းမှစတင်ပြီး စတော့ဈေးကွက်၊ အများပိုင်ကုမ္ပဏီ စသည်တို့နှင့် ပတ်သက် သည့် သင်ခန်းစာများကို ထည့်သွင်းသင်ပြသင့်သည်ဟု ဦးသက် ထွန်းဦးက ပြောသည်။
ကွက်ပေးတဲ့ မရဏရောဂါတွေကို ကုသနိုင်မယ့်ဆေးဝါး တွေ၊ ရောဂါရှိမရှိ စစ်ဆေးနိုင်တဲ့ကိရိယာတွေ မြန်မာနိုင်ငံမှာ ရှိ နေပြီလို့ ဆရာဝန်တွေက ပြောကြပါတယ်။ ရောဂါဖြစ်ရင် ကျန်း မာရေးဌာနက အသင့်အနေအထားရှိနေပေမယ့် လူတွေအနေနဲ့ ကြွက်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ပတ်ဝန်း ကျင်သန့်ရှင်းရေးလုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းကြပါတယ်။
ဓာတ်ပုံ -မီမီခိုင် ပုဂံမြို့ဟောင်းအတွင်းရှိ မနူဟာဘုရားကျောင်းဆောင်ကြီး အနောက်ဘက်တွင် ပုဂံ၏ ကျော်ကြားလှသည့် ရွာတစ်ရွာ ရှိသည်။ သို့သော် ထိုရွာကလေး၏အမည်ကို ပုဂံသို့မရောက်သေးသူတိုင်းလည်း ကြားသိနိုင်ပါသည်။ ရွာအမည်က မြင်းကပါ ဖြစ်သည်။ မြင်းကပါရွာသို့သွားမည်ဆိုလျှင် မနူဟာဘုရားကြီး၏ဘေးဘက်ခြမ်း မြင်းကပါရွာသို့ဆိုသည့် ဆေးရောင်ခပ်မှိန်မှိန်သာ ရှိနေတော့သည့် ဆိုင်း ဘုတ်ကလေးရှိရာ လမ်းအတိုင်း ဝင်သွားရမည်ဖြစ်သည်။ ရွာလမ်း အတိုင်း နှစ်မိုင်ခန့် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပြီး ဘယ်ဘက်သို့ နှစ်ခါချိုးကွေ့လျှင် လမ်း၏လှည်းဦးတိုက်၊ လှေဦးတိုက် အနေ အထားမှာ ဝါးအသုံးပြု မြေစိုက်အိမ်အိုလေးတစ်လုံးကို တွေ့ရမည် ဖြစ်သည်။ အိမ်ရှင်ဖြစ်သူသည် အိမ်အိုကလေးကို ဝါးခြမ်းပြားလေး များကို ဆန်ခါကွက်သဖွယ်ခပ်ကျဲကျဲရက်ကာ ခြံစည်းရိုးပြုလုပ် ပြီး ကာရန်ထားသေးသည်။ အဆိုပါ အိမ်အိုကလေးနှင့် အတွင်း ဘက်ခြံစည်းရိုးတို့အကြား လွတ်နေသည့် မြေကွက်လပ်တွင် ရွာဓလေ့ကွပ်ပျစ်တစ်လုံးချထားသည်ကို […]
မြန်မာနိုင်ငံတွင် လိင်လုပ်ငန်းဝန်ဆောင်မှုကို မည်သို့ကိုင် တွယ်ရမည်ဆိုသည့် မေးခွန်းကို ဒေါက်တာစစ်နိုင်က ယခုလို မှတ် ချက်ပေးဖြေကြားသည်။
”ကမ္ဘာပေါ်မှာတော့ ပြည့်တန်ဆာဥပဒေနဲ့ပတ်သက်ရင် တစ်နိုင်ငံပြီး တစ်နိုင်ငံ ဖြည်းဖြည်းချင်း ရာဇဝတ်မသင့်စေတဲ့ ဘက်ကို သွားနေကြမှာပါ”
အစိုးရကိန်းဂဏန်းများအရ လက်ရှိ မြန်မာနိုင်ငံလူဦးရေ သန်း ၆ဝ ရဲ့ ၂၆ ရာခိုင်နှုန်း (လေးယောက်မှာ တစ်ယောက်နှုန်း)ဟာ ဆင်းရဲမွဲတေမှုမျဉ်းကြောင်း (တစ်နေ့ ဝင်ငွေ တစ်ဒေါ်လာ သို့ မဟုတ် ၉၈ဝ ကျပ်) အောက် ရှိနေတယ်လို့ ဆိုပါတယ်။
သမီးငယ်မသေဆုံးမီ ‘ဖေဖေ၊ ဖေဖေ’ဟူသော နောက်ဆုံး ညည်းတွား ရေရွတ်သံကို ဦးဘန်မွေးတစ်ယောက် ယနေ့ထိ ကြားယောင်နေဆဲပင်။ အသက် ၄၅ နှစ်အရွယ် ဦးဘန်မွေးသည် သူ့သမီး မလေးဘန်အကြောင်းကို စကားပြန်မှ တစ်ဆင့် ပြန်ပြောပြနေစဉ် သမီးငယ် ပုံ မှန်ဆော့ကစားလေ့ရှိသည့် အိမ်ရှေ့ကွပ် ပျစ်ကို စိုက်ကြည့်ကာ မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။
အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသူ မစ္စတာ ဒေါ်နယ် ထရမ့်ပ်ကို မလိုလားကြောင်း ဘော်စတွန်မြို့လယ်တွင် လူထောင်ချီ၍ ဆန္ဒထုတ်ဖော်။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."