ရန်ကုန် – နိုဝင်ဘာ ၂၀၂၃ (မော်ကွန်း) ကုမ္ပဏီဝန်ထမ်းကိုစိုးကြီးဟာ နေထိုင်ရာတောင်ဒဂုံကနေ ရုံးရှိရာသာကေတကိုသွားဖို့ လူတွေပြည့်ကျပ်နေတဲ့ YBS-၉၅ ကို ရုံးချိန်မီရေး တိုးတိုးခွေ့ခွေ့နဲ့ သူတက်စီးခဲ့ပါတယ်။ ဒီလိုနဲ့ ဆင်းမယ့်မှတ်တိုင်နီးလာလို့တံခါးပေါက်နားကို သူရွှေ့တဲ့အခါ သူ့အနားကို လူသုံးဦးတိုးကပ်လာတာကို သတိထားမိလိုက်တယ်။ သူ့ကိုအတင်းပူးကပ်နေတဲ့ ထိုသုံးဦးကိုမသင်္ကာတာကြောင့် ရင်ဘက်မှာလွယ်ထားတဲ့ကျောပိုး အိတ်ကို စမ်းကြည့်တဲ့အခါ ကျပ်ငါးသိန်းလောက်တန်တဲ့ဖုန်းမရှိတော့ပါဘူး။ “အဲဒါနဲ့ ရှေ့ကကပ်တဲ့တစ်ယောက်ကို လှမ်းဆွဲထားလိုက်တာ။ သူ့အိတ်ကိုစစ်တော့ ကျွန်တော်ဖုန်းမရှိဘူးဗျာ။ အနော်မာ မှတ်တိုင်ရောက်တော့ လေး၊ ငါးယောက်ဆင်းသွားတာပေါ့ဗျာ။ ကျွန်တော်လည်းလိုက်ဆင်းပြီး နောက်တစ်ယောက်ကို ပြေးဆွဲ လိုက်တာ၊ မင်းနေဦးဆိုပြီး လှမ်းဆွဲပြီးစစ်တော့ သူ့လက်ထဲကဖုန်းကလည်း ကျွန်တော့်ဖုန်းမဟုတ်ဘူး” လို့ ဩဂုတ်လ နှောင်းပိုင်းတုန်းကကြုံခဲ့ရတဲ့အဖြစ်ကို ကိုစိုးကြီးကပြန်ပြောပြတယ်။ ကားပေါ်မှာသူ့နားပူးကပ်တဲ့သူတချို့ကို ဒေါသတကြီးနဲ့ရှာဖွေတာမျိုးလုပ်ပေမယ့် အဲဒီလူတွေကတော့ သူ့ကိုတစ်စုံတစ်ရာ ပြန်ရန်ပြုတာမျိုးတော့မရှိခဲ့ဘူးလို့ ကိုစိုးကြီးကပြောပြတယ်။ ဖုန်းပြန်မရတာကြောင့် စိတ်လေပြီးကားမှတ်တိုင်မှာခဏထိုင်နေတုန်း […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ (မော်ကွန်း) ဒီမိုးတွင်း ဦးဖိုးဆယ် သူ့လယ်နှစ်ဧကကိုပြန်စိုက်ရတာ သုံးခါရှိပါပြီ။ အခြောက်စိုက်လို့ခေါ်တဲ့ မိုးမကျခင် ထွန်ယက်ကြဲပက်စိုက်တုန်းကတစ်ခါ၊ မိုးရွာပြီးနောက် ထွန်ယက်စိုက်တုန်းကတစ်ခါစိုက်ခဲ့ပေမယ့် ဒီအခင်းတွေက မျိုးမအောင်ခဲ့ဘူး။ ဒီတော့ ဩဂုတ်လိုမိုးလယ်ပိုင်းမှာ တခြားအခင်းကပျိုးနုတ်ပြီး ထပ်စိုက်ရတာပေါ့။ “ဒီတစ်ကြိမ်ပျက်ရင်တော့သွားပြီ၊ ထပ်စိုက်ချင်ရင်တောင်မမီတော့ဘူး” လို့ လယ်ကန်သင်းရိုးတွေပေါ်လျှောက်ရင်း အသက် ၆၄ နှစ်အရွယ် ဦးဖိုးဆယ်က ပြောပြတယ်။ ဦးဖိုးဆယ်က ရန်ကုန်တစ်ဖက်ကမ်း၊ ဒလမြို့နယ်၊ ခနောင်ကျေးရွာမှာနေထိုင်တဲ့ လယ်သမားပါ။ ဒီနှစ်သူစိုက်တဲ့ လယ် ၁၅ ဧက အနက် ဒီနှစ်ဧကကပျက်စီးခဲ့တာပါ။ “ကိုယ့်လယ်မှာ အပေါက်ကြီး(ကွက်လပ်)ဖြစ်နေတာမျိုးမလိုချင်လို့သာ ထပ်စိုက်နေရတာ။ ထွက်လာမယ့်စပါးနဲ့တွက်ရင် ဒီနှစ်ဧကကတော့ငါရှုံးပြီ” လို့ သူကညည်းတွားတယ်။ စက်ကိရိယာ၊ မျိုးစေ့၊ လုပ်သားနဲ့ သွင်းအားစုဖိုးပါထည့်တွက်ရင် တစ်ဧကစိုက်စရိတ်အရင်းက စပါးပေါ်ချိန်အထိဆိုရင် ကျပ်ငါးသိန်းဝန်းကျင်မှာရှိတော့ ဒီဒဏ်တွေကို […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ (မော်ကွန်း) တောင်ဒဂုံ (၁၄၀) ရပ်ကွက်က ဆိုင်ကယ်ကယ်ရီသမားဦးမျိုးဟာ ဘေးကာတွေ၊ ရှေ့မီးကြီးတွေမရှိတော့တဲ့ သူ့ရဲ့ ခပ်စုတ်စုတ်ဘေးတွဲဆိုင်ကယ်ကို ရောင်းချဖို့စီစဉ်နေပါပြီ။ သူဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက တောင်ဒဂုံမြို့နယ်ထဲမှာ ဆိုင်ကယ်ကယ်ရီဆွဲပြီး အသက်မွေးနေသူတစ်ဦးပါ။ ကလေးနှစ်ယောက်ဖခင်ဖြစ်တဲ့ သူ့ရဲ့ဝင်ငွေက တစ်ရက်ကို ကျပ်တစ်သောင်းနီးပါးရှိပါတယ်။ လွန်ခဲ့တဲ့ခြောက်လက သူ့ရဲ့ဆိုင်ကယ်ကို အင်ဂျင်ချဖို့ငွေလိုတာကြောင့် ရပ်ကွက်ထဲငွေတိုးချေးသူဆီကနေ ၂၀ တိုးနဲ့ ကျပ်တစ်သိန်းချေးယူခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ ဘေးတွဲဆင်ဖို့ ကျပ်တစ်သိန်းထပ်မံချေးယူခဲ့ရပါတယ်။ ချေးငွေနှစ်ကြိမ်အတွက် အတိုးတွေတက်လာခဲ့ပြီး ခြောက်လအတွင်း အတိုးရောအရင်းပါ လေးသိန်းနီးပါးရှိလာပြီးတဲ့နောက်မှာတော့ ဆိုင်ကယ်ကိုရောင်းချဖို့ဖြစ်လာတယ်လို့ ဦးမျိုးကပြောပါတယ်။ ဆိုင်ကယ်ကယ်ရီတွေ ပေါများလာမှု၊ စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုတွေကြောင့် ဝင်ငွေကျဆင်းခဲ့ပြီး အခုလို အကြွေးတွေတင်လာတာလို့ သူကပြောပါတယ်။ “အကြွေးဆပ်ဖို့ကို ဘယ်လိုမှမတတ်နိုင်တော့တာ။ ဆီဈေးနဲ့ ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှလိုက်မမီတော့ဘူး။ ဆိုင်ကယ်ရောင်းပြီး သူများဆိုင်ကယ်ပဲ […]
ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၂ (မော်ကွန်း) စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း၊ လူထုသပိတ်တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ရက်ပေါင်း ၈၆၃ မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ရုပ်သံ – Mawkun Magazine YouTube – https://youtu.be/siw14BBMu8E #Dailynews
မုံရွာ – ဇူလိုင် ၂၀၂၃ (မော်ကွန်း) ဟိုအရင်က လမ်းဘေးခွေးလေခွေးလွင့်ဆို ခြံဝန်းအနီးနားကပ်လာတာနဲ့ အော်ဟစ်မောင်းထုတ်တတ်တဲ့ဒေါ်ဌေးဟာ လွန်ခဲ့တဲ့ရှစ်လလောက်ကစပြီး လမ်းဘေးခွေးတွေကို သူ့အိမ်အနီးဝန်းကျင်မှာ အချိန်မှန်အစာကျွေး ဂရုစိုက်တတ်လာပါတယ်။ ဘာကြောင့် အခုလိုဂရုတစိုက်ကျွေးမွေးနေရလဲဆိုတော့ “သူခိုးတွေပေါလို့ဟေ့၊ လမ်းဘေးခွေးတွေကို နေ့တိုင်းအစာကျွေးထားရတာ။ သူတို့က လူစိမ်းဝင်လာတာနဲ့ဟောင်တော့ နည်းနည်းတော်သေးတာပေါ့” လို့ ဒေါ်ဌေးက ပြောပါတယ်။ သူနေထိုင်တဲ့အောင်ချမ်းသာရပ်ကွက်ဟာ မုံရွာမြို့မြောက်ပိုင်းမှာရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ (၁၆) နဲ့ ဘေးချင်းကပ် ရပ်ကွက်ကြီးတစ်ခုဖြစ်ပါတယ်။ (Photo : Mawkun) အရင်က ခွေးချစ်သူတွေလောက်သာဂရုစိုက်တဲ့ လမ်းဘေးခွေးလေခွေးလွင့်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သောင်းကျန်းလာတဲ့သူခိုးတွေကြောင့် အခုဆို သားပေါက်တာနဲ့ အလုအယက်အိမ်မှာခေါ်မွေးတာ၊ အိမ်အနီးနားလမ်းတွေမှာ နေထိုင်စေတာမျိုးတွေအထိ ဂရုစိုက်ခံလာရတဲ့ အဖိုးတန်ခွေးလေးတွေဖြစ်လာပါတယ်။ ဒီလိုတွေဖြစ်လာတာဟာ အောင်ချမ်းသာရပ်ကွက်တစ်ခုတည်းမဟုတ်ဘဲ စစ်ကိုင်းတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မုံရွာမြို့ပေါ်ကရပ်ကွက်အများစုမှာလည်း လမ်းဘေးခွေးသားပေါက်တာနဲ့ သူ့ထက်ငါ […]
ရန်ကုန်–မေ ၂၀၂၃ မော်ကွန်း ပဲခူးမြစ်အရှေ့ဘက်ကမ်းနဖူးပေါ်မှာ ရေလုပ်ငန်းလုပ်ပြီးအေးအေးချမ်းချမ်းနေထိုင်နေတဲ့ ကိုမောင်ဦးရဲ့မိသားစုဆီကို သူတိုနဲ့သိကျွမ်းဖူးခဲ့တဲ့ ရန်ကုန်မြို့၊ ယုဇနဥယျာဉ်မြို့တော်ကအမျိုးသမီးနှစ်ဦး ပြီးခဲ့တဲ့နှစ်လယ်ပိုင်းမှာ ရောက်ရှိလာပြီး ကိုမောင်ဦးကို ထိုင်းနိုင်ငံမှာအလုပ်အကိုင် တရားဝင်ရရှိစေမယ်လို့ အဲ့ဒီအမျိုးသမီးနှစ်ဦးကစည်းရုံးပြောဆိုခဲ့ပါတယ်။ အဲဒီအမျိုးသမီးနှစ်ဦးဟာပွဲစားခ၂၈သိန်းကျပ်ရပြီးနောက်ကိုမောင်ဦးအပါအဝင်လူခုနစ်ဦးကိုရန်ကုန်မှာပတ်စ်ပို့ပြုလုပ်ပေးခဲ့ပြီး၂၀၂၂အောက်တိုဘာထဲမှာမြဝတီနယ်စပ်ကနေထိုင်းနိုင်ငံကိုသောင်ရင်းမြစ်ကိုဖြတ်ကျော်ပို့ဆောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဆပ်ပြာကုမ္ပဏီတစ်ခုမှာ တစ်လကို ငွေကျပ် ၁၂ သိန်းနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရမယ်ဆိုတာကြောင့် ကိုမောင်ဦးတို့ဟာ ထွက်ခွာလာခဲ့ကြတာပါ။ ထိုင်းနိုင်ငံရောက်သွားတဲ့အခါမှာတော့ သူတို့ပြောထားသလို ဆပ်ပြာကုမ္ပဏီမှာမဟုတ်ဘဲ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ စောင်စက်ရုံတစ်ခုမှာပဲ သူတို့ကိုအလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒီ စက်ရုံမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ဇယ်ဆက်သလို အလုပ်လုပ်နေရပြီး နေ့စဉ်အလုပ်ခွင်မှာလည်း အော်ဟစ်ကြိမ်းမောင်းခိုင်းစေတာကို ခံခဲ့ရပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကိုလည်း စက်ရုံဝင်းအတွင်းမှာရှိတဲ့ အခန်းဖွဲ့မထားတဲ့ တိုက်တန်းလျားတစ်ခုမှာ နေထိုင်စေပါတယ်။ အဲ့ဒီတိုက်တန်းလျားထဲမှာ အလုပ်သမားတွေဟာ တန်းစီကာကျပ်ကျပ်တည်းတည်းအိပ်စက်ရပြီး ရေချိုးခန်း၊ အိမ်သာ […]
ကော်သူးလေ – ၂၀၂၃ ဖေဖေါ်ဝါရီ (မော်ကွန်း) အသက် ၃၅ အရွယ် နော်ထားထားဟာ ငယ်စဉ်ကနေ ဒီနေ့အထိ စစ်ရဲ့အနိဋ္ဌာရုံတွေကို မျက်မြင်ကြုံတွေ့ ခံစားလာခဲ့ရသူပါ။ ခုချိန်မှာတော့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သူဟာ အိပ်မက်ကနေလန့်လန့်နိုးရတဲ့ အကြိမ်တွေ စိပ်လာနေပါြပီ။ စစ်ပွဲတွေကြားထဲ အသက်လုပြေးခဲ့ရတဲ့ နေ့တွေထဲက ဖြစ်ရပ်တချို့ကို သူ့စိတ်မှာရော၊ အတွေးထဲကနေပါ ခုထိ ထုတ်ပစ်လို့မရခဲ့ပါဘူး။ “မိုးတွေသည်းထန်နေတဲ့ကာလပေါ့၊ ကျွန်မတို့မိသားစုတွေ KNU နယ်မြေထဲကို ထွက်ပြေးရတဲ့ အချိန်၊ ဘယ်လောက်ထိအသက်လုပြီးပြေးရလဲဆို တောထဲမှာ လမ်းသွားရင်း ထမင်းကိုစားခဲ့ရတာ”လို့ နော်ထားထားကပြောတယ်။ နောက်ကနေ ဆက်တိုက်ပစ်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်တွေဟာ သူတို့မိသားစုတွေ ထွက်ပြေးရာလမ်းကြောင်းမှာ ဘေးကိုကျလိုက်၊ ဖြတ်သွားလိုက်နဲ့ KNU ထိန်းချုပ်နယ်မြေရောက်အောင် အထိပါပဲ။ အဲဒီအချိန်မှာပဲ နော်ထားထားကို ကျည်ဆန်မှန်သွားပြီဆိုပြီး ဘေးမှာပါသူတစ်ဦးက တရွတ်တိုက် […]
ရန်ကုန် – ၂၀၂၃၊ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်မီးအရှိန်တွေကြောင့် မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းပုံမှန်အတိုင်းလည်ပတ်ဖို့ဆိုတာ နောက်ထပ် ၁၀ နှစ်လောက်အချိန်ယူရဦးမယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်က မော်ကွန်းကိုပြောပါတယ်။ “ခရီးသွားလုပ်ငန်းပြန်ဦးမော့လာတယ်ဆိုတာကို ကိန်းဂဏန်းတွေနဲ့ကြည့်မယ်ဆိုတော်တော်ကြီးလိုပါသေးတယ်။ ဆိုလိုတာ ခရီးသည် ၄ ဒသမ ၃ သန်း ၂၀၁၉ တုန်းကရခဲ့တယ်။ ဒါပေမယ့်အဲ့ဒီ ၄ ဒသမ ၃ သန်း အခြေအနေကို ပြန်ရမှ ပုံမှန်အခြေအနေပြန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် လောက် ကြိုးစားရမယ့်သဘောမှာရှိပါတယ်။” လို့ ဦးနောင်းနောင်းဟန်ကပြောပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ မှာ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၃၆ သန်းရှိခဲ့ပြီး ၂၀၂၁ မှာ တော့ […]
စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၈ (မော်ကွန်း) နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းနဲ့ ပေါင်းစည်းညီညွတ်ခြင်းအတွက် ဒီကနေ့ည ၈:၃၀ ကနေ ၈:၄၀ ထိ အမှောင်အတိပြသခြင်း၊ မီးပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်းပြုလုပ်မှာဖြစ်ကာ ပြည်သူတွေပါဝင်ပေးဖို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တောင်းဆိုလိုက်ပါတယ်။ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ ဆားလင်းကြီးမြို့နယ်ထဲက ဈေးတစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ကို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ရုပ်သံ-CJ #Dailynews
အရာတော် – ၂၀၂၂ အောက်တိုဘာ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်၊ လေကြောင်းကနေတိုက်ခိုက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ကချင်ပြည်နယ်၊ ဖားကန့်၊ အနန့်ပါဒေသက ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ဒီကနေ့ည တစ်နိုင်ငံလုံးအမှောင်အတိဖုံး၊ မီးပိတ်သပိတ်မှာ ပါဝင်ပေးကြဖို့ အရာတော်မြို့နယ်လူထုသပိတ်ကော်မတီက တောင်းဆိုထားပါတယ်။ “ကချင်မြေကို ထိတာ၊ ကချင်လူထုကို ဦးတည်တိုက်ခိုက်တာဟာ ကျွန်မတို့ အားလုံးကို ဦးတည်တာပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ သွေးစည်းညီညွတ်မှုကို ပြသကြမယ်။ ကချင်လူထုနှင့်အတူ ရပ်တည်တော်လှန်ကြောင်း ပြသကြမယ်” လို့ သပိတ်ကော်မတီကလှုံ့ဆော်ထားပါတယ်။ ဒီကနေ့ည ၈:၃၀ ကနေ ၈:၄၀ ထိ ၁၀ မိနစ် မီးပိတ်၊ အသံတိတ်ပြီးနောက် အကျယ်လောင်ဆုံးဟစ်ကြွေးသံတွေနဲ့ အာဏာရှင်တွေကို တုံ့ပြန်ကြဖို့၊ ကျဆုံးခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့ ရဲဘော်၊ ပြည်သူတွေအတွက် ဆုတောင်းပေးကြဖို့လည်း တောင်းဆိုထားပါတယ်။ ရုပ်သံ […]
ရန်ကုန် – ဩဂုတ် ၂၀၂၂ (မော်ကွန်း) ညရှစ်နာရီကျော်တဲ့အထိ သားငယ်ဖြစ်သူ အာကာမိုးကိုကို အိမ်ပြန်မရောက်သေးတဲ့အပြင် ဖုန်းအဆက်အသွယ်ပါမရလို့ ဒေါ်မို့မို့သင်းဟာ သားဖြစ်သူအတွက် မိုးချုပ်လေ သောကများလေဖြစ်နေပါတယ်။ ညကိုးနာရီဝန်းကျင်မှာတော့ သားကြီးဖြစ်သူကိုခေါ်ပြီး ကားတစ်စီးနဲ့ သားငယ်ရှိနိုင်မယ့်နေရာတွေကို လှည့်ပတ်ရှာဖွေခဲ့ပေမယ့် အရိပ်ယောင်တောင် မတွေ့ရပါဘူး။ ညနက်လာတဲ့အပြင် ကာဖျူးအမိန့်ရှိတာကြောင့် ည၁၂ ဝန်းကျင်အထိပဲ ရှာခဲ့ပြီး အိမ်ပြန်လာရပါတယ်။ သားဇောကြောင့် မနက်၅နာရီဝန်းကျင်မှာ ဒေါ်မို့မို့သင်းတစ်ယောက်တည်း မြို့အနှံ့ နောက်တစ်ခေါက် ထပ်ရှာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ဖုန်းကိုဆက်သွယ်ရခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းလက်ခံဖြေကြားပေးသူကတော့ သူ့သားငယ်မဟုတ်ပါဘူး။ “ဖုန်းကိုင်တော့ ကိုယ့်သားလေးထင်ပြီး အန်တီကဝမ်းသာပြီး သားလေးလား၊ အာကာလားမေးတာ။ လှိုင်သာယာ သောင်ကြီးရဲစခန်းက စခန်းမှူးပါတဲ့။ သားလေးဘာဖြစ်လို့လဲဆိုတော့ လှိုင်သာယာပြည်သူ့ဆေးရုံကြီးကို အခုလာခဲ့ပါတဲ့။ အခုကစိတ်ပူသွားပြီလေ။ ရန်ဖြစ်လို့ပဲလား၊ သူများရိုက်လို့လားပေါ့”လို့ ဒေါ်မို့မို့သင်းက အဲ့ဒီနေ့က အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်။ […]
အာဏာသိမ်းစစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့လူသတ်ကျူးလွန်မှုကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် PNFC ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးဦးကို ကြိုးပေးသတ်ဖြတ်ခဲ့လို့ ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရားမဝင်တဲ့အတွက် ဒီလို အပြစ်ပေးပိုင်ခွင့်မရှိဘူးဆိုတာကို အရင်ဆုံးအကျယ်တဝင့်ရှင်းပြပေးပါဦး။ ဖြေ – ဒီကြိုးမိန့် သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ကိစ္စက ဥပဒေအကြောင်းအချင်းအရာကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက လက်ရှိပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆိုတာမရှိသေးဘူး။ အမည်နာမအားဖြင့်သာလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုပေမယ့်လည်း ပြည်သူ့အစိုးရဆိုတာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း အရေးပေါ်ကာလာပြဌာန်းချက် ဥပဒေပုဒ်မ ၄၁၇ အရ ယာယီသမ္မတကနေ နိုင်ငံတော်ရဲ့အာဏာသုံးရပ်ကို ခေတ္တယာယီလွှဲပြောင်းပေးထားတဲ့ အနေအထားပဲဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအရကြည့်မယ်ဆိုရင်လည်း စကစသည် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."