သတင်းဆောင်းပါးများ

ဘိန်းနွံထဲက ရုန်းနေရဆဲ ငွေတောင်ပြည်

February 15, 2016

ဘိန်းစိုက်ပျိုးမှု ကျဆင်းမသွားရတဲ့ အကြောင်းကို ရဲမှူးကြီးရွှေညာမောင်က လည်း အခုလို မှတ်ချက်ပေးပါတယ်။

”ဒီဘိန်းစိုက်တောင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ဈေးကွက်စီးပွားရေးစနစ်၊ လမ်းပန်းဆက် သွယ်ရေး၊ ဒါတွေကို ကိုယ်တို့က အပြည့် အဝ မဖန်တီးပေးနိုင်ဘူး”

အပြည့်အစုံဖတ်ရန်

မြန်မာပြည် မြောက်ဖျားက အရိုင်းပန်းများ

February 10, 2016

”အခြားဘာ(သီးနှံ) မှလည်း မစိုက်ထားဘူး။ ဘိန်းကိုပဲ အားကိုးထား တာ။ အဲဒါ(ဘိန်းခင်း)ကို လာဖျက်ရင် တော့ ကျွန်မ တို့ဘဝတွေ အကုန်လုံး အဲဒီ မှာ ပါသွားပြီ” ။

အပြည့်အစုံဖတ်ရန်

ရှမ်းတောင်တန်းက ဘိန်းသံသရာ

February 9, 2016

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။ သန်းထိုက်နှင့် ကျော်မျိုးထွန်း ရေးသည်။ ဖြူလွလွတိမ်တွေချိတ်ဆွဲထားတဲ့ ကောင်းကင် ပြာပြာကြီးရဲ့ အောက်မှာ တောင်တန်း တွေက စိမ်းညို့ ညို့နဲ့။ ကျွန်တော်တို့ရှေ့မှာ မားမားကြီးရပ်နေတဲ့ ဒီတောင်တန်းတွေပေါ်မှာတော့ သစ် ကြီးဝါးကြီးတွေ သိပ်မရှိဘဲ ခင်တန်းအုပ်လေးတွေနဲ့ အကွက်စိမ်းစိမ်းအခင်းလေး တွေပဲ တွေ့နေရပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ငါးထောင်ကျော် မှာ စိုက်ပျိုးထားတဲ့ ဒီအခင်းလေးတွေကတော့ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဘိန်းခင်းတွေပါပဲ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်အတွင်းမှာပါတဲ့ မဲနယ်တောင် တန်းတွေရဲ့တစ်ခြမ်းမှာ ဘိန်းတွေ အပြည့် အသိပ်စိုက်ထားပြီး နောက်တစ်ခြမ်းမှာ တော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထ နေတယ်။ အရင်နှစ်တွေက တစ်တောင် လုံး ဘိန်းစိုက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ […]

အပြည့်အစုံဖတ်ရန်

၂၀၁၆ သတင်းဆောင်းပါးဆုပေးပွဲတွင် မော်ကွန်းမှ ဆုသုံးဆုရရှိ

February 9, 2016

Timeless Feature ဆုကိုသတင်းထောက် ခင်မောင်မြင့်နှင့် သက်ဦးမွန်လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) The Best Investigative Feature ဆုကိုသတင်းထောက်သန်းထိုက် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS) ၂၀၁၅၊ ၂၀၁၆ နှစ်နှစ်ဆက်တိုက် ဆုရရှိသောသတင်းထောက်သက်ဦးမွန် အမှတ်တရစကားပြောနေစဉ် (ဓာတ်ပုံ – YJS)   ရန်ကုန်သတင်းစာပညာကျောင်း (Yangon Journalism School – YJS) နှင့် ပျိုးပင်တို့ကကျင်းပသည့် ၂၀၁၆ သတင်းဆောင်းပါးဆုပေးပွဲတွင် မော်ကွန်းမဂ္ဂဇင်းကဆုသုံးဆုလက်ခံရရှိခဲ့သည်။ The Best Reporting Feature ဆုကိုသတင်းထောက်သက်ဦးမွန်က “အညာဒေသဒုတိယအီသီယိုးပီးယားဖြစ်လာမလား” ဟူသောသတင်းဆောင်းပါးဖြင့်ဆုရရှိခဲ့ပြီး The Best […]

အပြည့်အစုံဖတ်ရန်

ပင်လယ်ကိုတွယ်ဖက် အသက်မွေးတဲ့ မိန်းမသား

January 27, 2016

နံနက်သုံးနာရီဝန်းကျင်။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမည်းမှောင် လို့။ တစ်ချက်တစ်ချက် ခွေးဟောင်သံသဲ့သဲ့ ကြားရတာက လွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေတယ်။ အများသူငှာ အိပ်လို့ကောင်းနေတဲ့အချိန်မှာ လယ်စောင့် တဲသာသာ မြေစိုက်အိမ်လေးအတွင်းမှာတော့ မခင်မာဟာ သူ့ရဲ့ တစ်နေ့တာကို အစပျိုးဖို့ အိပ်ရာကနေ ကုန်းရုန်းထလိုက်တယ်။ သူနဲ့အတူ အလုပ်လိုက်လုပ်ဖို့ သမီးကြီး မေသဇင်ကိုပါ အိပ်ရာက လှုပ်နှိုးလိုက်တယ်။ လူတွေရဲ့လှုပ်ရှားသံကိုကြားလိုက်တာနဲ့ တစ်ပြိုင်နက် အိမ် ပေါ်တင်မွေးထားတဲ့ ဝက်တစ်ကောင်က တအွန်းအွန်း အသံတွေ ထွက်လို့ အစာတောင်းပါတော့တယ်။ ဒီတော့လည်း မခင်မာဟာ လုပ်ငန်းခွင်အတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ပလတ်စတစ်ရေပုံးအမည်းကြီးတစ်လုံးထဲကို စုပြုံထည့်ရင်း တစ် ဖက်ကလည်း ဝက်စာကျွေးဖို့ကို ပြင်ဆင်ရပါတယ်။ ပင်လယ်ထဲရောက်တဲ့အခါ နေပူဒဏ်ခံနိုင်ဖို့ သားအမိနှစ် ယောက်စလုံး အနွေးထည်တွေကို ကိုယ်စီကိုယ်ငှ ဝတ်လိုက်ကြ တယ်။ […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ

January 25, 2016

ဓာတ်ပုံ- ကကပြည် ရန်ကုန် – ဇန်နဝါရီ ၂၅၊  ၂၀၁၆ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့မွန်းလွဲပိုင်းက နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေး၊ လွှတ်တော်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးကိစ္စများနှင့် နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများဆွေးနွေးခဲ့သည်ဖော်ပြထားသော်လည်း ဆွေးနွေးမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြသည်ဟု ဖော်ပြသည်။ ယမန်နေ့က ၎င်းဘုရင့်နောင်ရိပ်သာတွင်ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၏နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် သုံးနာရီကြာတွေ့ဆုံခဲ့သည်။      ။

အပြည့်အစုံဖတ်ရန်

ဒေသခံတွေ ထိတ်လန့်နေတဲ့ ပိုက်လိုင်းလုံခြုံမှု

January 20, 2016

Photo: Lynn Myat                         ပိုက်လိုင်းအနီး အမှိုက်များ မီးရှို့ထားသည်ကို ကျောက်မဲမြို့နယ်၊ နောင်ပိန်လေးရွာအနီးတွင် ဤသို့မြင်တွေ့ခဲ့ရသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုက ဒေသခံတွေမှာ တူညီတဲ့စိုးရိမ်မှုကို ပြောပါဆိုရင် ပိုက်လိုင်း ပေါက်ကွဲမှာကို အဓိကစိုးရိမ်နေကြတာကို ပြရမှာဖြစ်ပါတယ်။ ပိုက်လိုင်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်ရင် လူမှုအဖွဲ့အစည်း တွေကလည်း မေးခွန်းထုတ်ကြပါတယ်။ မြန်မာ-တရုတ် ဂက်စ်     ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (Myanmar-China Pipeline Watch Committee- MCPWC) မှာ အတိုင်ပင်ခံ လုပ်နေတဲ့ ဦးရည်မွန် (ခ) ကဗျာဆရာမောင်တင်သစ်ကလည်း   ပိုက်လိုင်းကြံ့ခိုင်မှုကို တကယ်လွတ်လပ်တဲ့ အဖွဲ့တွေ၊ ပညာရှင် တွေက အကဲဖြတ်ဆန်းစစ်ဖို့ လိုလိမ့်မယ်လို့ အကြံပြုတယ်။ ”ပိုက်လိုင်းတည်ဆောက်တဲ့အခါမှာဘယ်လောက်စံချိန်စံ ညွှန်းနဲ့ညီအောင် […]

အပြည့်အစုံဖတ်ရန်

နောက်အစိုးရ ကိုင်တွယ်ရမည့် ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ

January 13, 2016

ကျွန်တော်တို့ မော်ကွန်းသတင်းထောက်တွေဟာ ရခိုင် ပြည်နယ်၊ ကျောက်ဖြူကနေ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် (တရုတ်နိုင်ငံ နယ်စပ်)အထိ ပိုက်လိုင်းဖြတ်သန်းရာဒေသတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ တွေ့ရှိလာတဲ့သတင်းအချက် အလက်တွေကို လူ့အခွင့်အရေးဆိုင်ရာပညာရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့သလို လူ့အခွင့်အရေးစာတမ်းတွေနဲ့လည်း ချိန်ထိုး ကြည့်ခဲ့ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတချို့နဲ့လည်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ပိုက်လိုင်းဖြတ်တဲ့လမ်းကြောင်းတစ်လျှောက်မှာ ဒေသခံ တွေရဲ့လယ်ယာတွေ၊ ခြံတွေနဲ့ အခြားပုဂ္ဂလိကပိုင်ဆိုင်မှုတွေ ဖယ် ရှားခံရတာ၊ စီမံကိန်းလုပ်ငန်းတွေကြောင့် ပျက်စီးသွားတာ၊ လျော်ကြေးငွေ ထိုက်သင့်သလောက်မရတဲ့ ပြဿ      နာတွေဟာ ထင်သာမြင်သာတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဖြစ်တယ် လို့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ၊ သုတေသနလုပ်ငန်း တွေ ဆောင်ရွက်နေတဲ့ Equality Myanmar က ညွှန်ကြားရေး မှူး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Fortify […]

အပြည့်အစုံဖတ်ရန်

ရှမ်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 12, 2016

Photo: Lynn Myat                                  ပိုက်လိုင်းသည် နမ့်ခမ်းမြို့နုယ်၊ မန့်ဟောင်းကျေးရွာအနီးမှ ရွှေလီမြစ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲသို့ ဝင်ရောက်သွားသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ကျော်မျိုးထွန်း နှင့် မြန်မာ-တရုတ်ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဖြတ် သွားရာ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေ တွေကိုလေ့လာဖို့ နိုဝင်ဘာ တတိယပတ်ထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ကျွန်တော်တို့ သွား ရောက်ခဲ့ကြပါတယ်။ ပိုက်လိုင်းဟာ ရှမ်းပြည်နယ် မှာဆိုရင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနဲ့ နမ့်ခမ်းမြို့နယ်တွေကို ဖြတ်သွားပါတယ်။ ပိုက်လိုင်းတစ်လျှောက် လျော်ကြေးငွေမမျှတမှု၊ အုပ်ချုပ် ရေးပိုင်းမှာ ခြစားမှု၊ လယ်ယာမြေပျက်စီးဆုံးရှုံးမှု၊ အသက်မွေး ဝမ်းကျောင်းတွေ ထိခိုက်မှု၊ ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာ အချို့ ထိခိုက်မှုတွေကို တွေ့မြင်ကြားသိခဲ့ရုံမက သဘာဝပတ်ဝန်း ကျင်ပျက်စီးထိခိုက်မှုနဲ့ ပိုက်လိုင်းမတော်တဆ […]

အပြည့်အစုံဖတ်ရန်

အလယ်ပိုင်းဒေသလူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 11, 2016

Photo: Minn Lwin                             ဝက်မစွတ်ကျေးရွာ စေတီပုထိုးများအနီးမှ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွားသည့် အမှတ်အသားဆိုင်းဘုတ်တစ်ခု ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ မင်းလွင်နှင့် သက်ဦးမွန် ရေးသည်။ မြန်မာ-တရုတ် ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စုံစမ်းဖော်ထုတ် ရေးသားနိုင်ဖို့  ကျွန်တော်တို့သတင်းထောက်နှစ်ယောက်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက မြို့နယ်ခုနစ်မြို့နယ်ကို သွားရောက်ဖို့ သတင်းခန်းအစည်းအဝေးကနေ တာဝန်ပေးလိုက်ပါတယ်။ ရန်ကုန်ကနေ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ကို နိုဝင်ဘာလ ၁၄ ရက်မှာ ကျွန်တော်တို့စထွက်ခဲ့ကြပြီး ခရီးစဉ်စဆုံး ၁၁ ရက်ကြာသွားခဲ့ကြတာပါ။ ခရီးစဉ်အတွင်းမှာ အမ်း၊ ငဖဲ၊ ရေနံ […]

အပြည့်အစုံဖတ်ရန်

မနောမြေမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့

January 7, 2016

ဓါတ်ပုံ : ဉာဏ်လင်း ၂၀၁၂- အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂)မှ  သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။ ဉာဏ်လင်း၊ တီတိုး နှင့် ဆိုင်းမိုင် (မြစ်ကြီးနား) ရေးသားသည်။ သူငယ်ငယ်က မြင်တွေ့ခဲ့ရသည့် ကချင်ပြည်နယ်၏ တောတောင်ရေမြေ ပုံရိပ်များက အသက် ၇ဝ နား သီသီဝေ့နေသည့် ဦးခေါဘောမ်၏ စိတ်သန္တာန်မှာ ယနေ့အထိ မှတ်မှတ် ထင်ထင် ရှိနေကြတုန်း။ သူတို့မိသားစုနေထိုင်သည့် ဖားကန့်ဘက်မှာ ကျား၊ ဆင်၊ ပြောင်၊ ကျွဲရိုင်း၊ ဝက်ဝံ အစရှိသည့် တောရိုင်းတိရစ္ဆာန်များမှာ မတွေ့ချင်၊ မမြင်ချင်မှ အဆုံး။ သစ်နှင့် ဝါးဆိုသည် များမှာလည်း သုံးမကုန်၊ ဖြုန်းမကုန်၊ ပေါချင်တိုင်းပေါများခဲ့သည်များကို ဦးခေါဘောမ် လွမ်းနေမိသည်။ ”ကျွန်တော်တို့ရွာကိုက ကျွန်းတောထဲမှာလေ။ ကြိုက်သလောက်သုံးလို့ရတယ်။ […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်ဘက်က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ

January 6, 2016

Photo: Khin Maung Myint                                 အမ်းမြို့နယ်၊ အောက်ကျွန်းကျေးရွာချောင်းကမ်းနားတွင် ဓာတ်ငွေ့ပိုက်လိုင်းပေါ်နေသည်ကိုတွေ့ရစဉ်  ယခုဆောင်းပါးသည် ၂၀၁၆-ဇန်နဝါရီလထုတ် ၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁) မှ မျက်နှာဖုံး ဆောင်းပါးဖြစ်ပါသည်။  ခင်မောင်မြင့် နှင့် မောင်သင်တုန်း ရေးသည်။ မြန်မာ-တရုတ် ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း စတင် တဲ့ ရခိုင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အသက်မွေးဝမ်း ကျောင်းပုံစံ ပြောင်းလဲသွားတာတွေကို သိရဖို့ စီမံကိန်းအစဖြစ်တဲ့ ကျောက်ဖြူမြို့နယ်နဲ့ အမ်း မြို့နယ်က ပိုက် လိုင်းဖြတ်သွားတဲ့ကျေးရွာတွေကို နိုဝင်ဘာတတိယပတ်အတွင်းမှာ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့ကြပါတယ်။ နှစ်ပတ်တာ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်အတွင်းမှာ ကျောက်ဖြူမြို့နဲ့ အမ်းမြို့ပေါ်က ရပ်ကွက်တွေ အပါအဝင် ကျေးရွာ၂ဝ ဝန်းကျင်မှ ဒေသခံ ၁၅ဝ လောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ ပါတယ်။ ပိုက်လိုင်းစီမံကိန်းကြောင့် […]

အပြည့်အစုံဖတ်ရန်
1 … 19 20 21 22 23 24 25 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."