တကယ်တော့ ၁၉၈ဝ ကျော် ကာလတွေအထိ တွင်းရေ တစ်မျိုးတည်းကိုသာ သောက်ရေ၊ သုံးရေ၊ ချိုးရေ ထည်လဲသုံးခဲ့ ကြတာကလား။ ရေတွင်းတစ်ခါတူးပြီးရင် တစ်သက်လုံးသုံးပေ တော့ပဲ။
ရွေးကောက်ပွဲကာလတွင် ပေးခဲ့သော ကတိကဝတ်များကို အစိုးရသစ်က အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြဖို့ ဘာကြောင့်လိုအပ်တာပါလဲ။ စောင့်ကြည့်သည့်အခါတွင်လည်း မည်သို့စောင့်ကြည့် သင့်ပါသလဲ။ ဘယ်အချက်တွေကို အထူးသဖြင့် စောင့်ကြည့် သင့်ပါသလဲ။ နိုင်ငံတကာမှာရော မည်သို့စောင့်ကြည့်ကြ ပါသလဲ။ အထက်ပါမေးခွန်းများအတွက် အဖြေရရှိဖို့ ရွေး ကောက်ပွဲဆိုင်ရာ ကတိကဝတ်များနှင့် စပ်လျဉ်းပြီး ကိုယ် တိုင်စောင့်ကြည့် လေ့လာသူတစ်ဦးဖြစ်သကဲ့သို့ အသိပညာ ပေးသူတစ်ဦးလည်း ဖြစ်သည့် အလွတ်တန်းသတင်းစာဆရာ ဦးညွန့်ဝင်းကို မော်ကွန်းက တွေ့ဆုံမေးမြန်းထားပါသည်။ ဦးညွန့်ဝင်းသည် ယခင်က မြန်မာတိုင်းမ်ဂျာနယ်၊ The Trade Times ဂျာနယ်နှင့် The Farmer Journal များတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လူ့အခွင့် အရေးနှင့် ဒီမိုကရေစီဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ […]
‘မွေးစားသား၊ မွေးစားသမီး’ဆိုသည့် စကားလုံးတို့၏ အဓိပ္ပာယ်သည် သူတို့ကို ခွဲခြားနှိမ်ချရန်မဟုတ်ဘဲ မေတ္တာဖြင့် ကြီးပြင်းရှင်သန်ခွင့်ပေးရမည့်သူများဖြစ်သည်ဟု လူ့အသိုင်း အဝိုင်းတစ်ခုလုံးက လက်ခံလာနိုင်ကြပါစေဟု ဆုတောင်းမိသည်။
ထွန်းဝင်းငြိမ်း ရေးသည်။ (နှစ်) ‘ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး’ဟူ၍ မြန် မာမှုနယ်ပယ်တွင် ဆိုရိုးစကားရှိသည်။ ပန်းတိမ်၊ ပန်းပဲ၊ ပန်းပု၊ ပန်းတဉ်း၊ ပန်းပွတ်၊ ပန်းယွန်း၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့၊ ပန်းချီဟူ၍ ပန်းဆယ်မျိုးဟု တင်စားသော မြန်မာ့ယဉ်ကျေးမှု အနုပညာလုပ်ငန်းဆယ်မျိုးဖြစ်သည်။ ယဉ်ကျေးမှုလက်ရာများ သည် ပန်းဆယ်မျိုးကို အခြေခံ၍ ဖန်တီးခဲ့ကြသည်။ ပန်းဆယ်မျိုး တွင် ပန်းချီသည် အခြေခံဖြစ်သလို အခေါင်ချုပ်လည်း ဖြစ်သည်။ ကျန်သော ပန်းအတတ်ပညာများတွင် ပန်းချီပညာသည် တစ် နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်။ မြန်မာ့ပန်းချီ မြစ်ဖျားခံရာဖြစ်သော ပုဂံခေတ်တွင် ဂူ၊ ကျောင်း၊ တန်ဆောင်းတို့ကို အမြောက်အမြားတည်ခဲ့ကြသော အခါ ပန်းချီပညာသည် အဓိကအခန်းမှ ပါဝင်လာသည်။ ဂူ၊ ကျောင်း၊ […]
Photo: Tun Win Nyein ပန်းချီပေါ်ဦးသက်၏ လက်ရာ ၂၀၁၆-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၅) မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ ကျွန်တော်၏ ငယ်စဉ်ဘဝသည် မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ ကြီးပြင်းခဲ့သည်။ မိဘများ၊ ဆွေမျိုးများသည် ဘုရားကြီးစောင်း တန်းများတွင် ဈေးရောင်းကြ၏။ နိဗ္ဗာန်ကုန်လုပ်ငန်းများ ဆောင်ရွက်ကြ၍ အသက်မွေးကြ၏။ ရှမ်းပြည်ဘက်မှ ဘုရားဖူးလာကြ သည့် ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ တောင်ရိုး၊ ဓနု စသည့် တိုင်းရင်းသား များကို ဧည့်တဲကြီးများဖြင့် တည်းခိုစေပြီး မန္တလေးမြို့ပေါ်နှင့် စစ်ကိုင်း၊ မင်းကွန်းစသော အနီးအပါးမှ ထင်ရှားသော ဘုရားများသို့ လိုက်ပါပို့ဆောင်ပေးရသည့် ဧည့်လမ်းညွှန်လုပ်ငန်းကိုလည်း ကျွန်တော်၏ အဘိုးအဘွားများက ဆောင်ရွက်ခဲ့ကြပေသည်။ ထို့ကြောင့် ကျွန်တော်သည် အတော်ငယ်ငယ်ကပင် […]
ကိုယ်တိုင်လည်း ဘာမျှ မလုပ်ဘဲနှင့် ဘုရားကို နားပူနားဆာ လုပ်၍ ဆုတောင်းရမည်ကို မောင်ကျပ်ခိုး တွေးရင်း ခပ်ရှက်ရှက် ဖြစ်လာသောကြောင့် တန်ခိုးကြီးသည်၊ ဆုတောင်းပြည့်သည်ဟု ထင်ရှားသော ရေဆန်ကျွန်းမြတ် ဆင်းတုတော် (၁၀၀၀) ကို ဦးချပြီး ပြန်ထွက်ခဲ့လေသည်။
ကျော်ဇေယျ မေးသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ရှိ၊ မရှိနှင့် ဘာသာရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုသာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက မည်သို့ကိုယ်တွယ ်ဖြေရှင်းပေးနေသည်၊ မည်သည့် လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသည် စသည့် အကြောင်းအရာများကို သိရှိနိုင်စေရန်မော်ကွန်းက အင်တာဗျူးတွေ့ဆုံလိုကြောင်း ဝန်ကြီးဌာနသို့ ဆက်သွယ် ခဲ့ရာ တွင် လူတွေ့မဟုတ်ဘဲအီးမေးလ်မှတဆင့် မေးမြန်းရန်နှင့် မေးမြန်းလိုသည့်မေးခွန်းများ ကိုအီးမေးလ်မှတစ်ဆင့်ပို့ပေး ရန် ပြန်လည် အကြောင်းကြားခဲ့ပါသည်။ သို့ဖြစ်၍ မော်ကွန်းက မေးခွန်းများကို အီးမေးလ်မှတစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ မေးခွန်းများနှင့်ပတ်သက်၍ ဌာနတွင်းအစည်းအဝေးထိုင်ပြီးသည့်နောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(သာသနာရေး)မှ ညွှန်ကြားရေးမှူး၊ ဦးအောင်ဆန်းဝင်း ကအီးမေးလ်မှတဆင့် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ သို့သော် ဖြေကြားမှုတချို့သည် ပြည့်စုံလုံလောက်သည့်ဖြေကြားမှုမဟုတ်သည့်တိုင် မြန်မာနိုင်ငံ၏ဘာသာရေး၊ သာသနာ ရေးနှင့် […]
၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။ ထွန်းဝင်းငြိမ်း ရေးသည်။ (တစ်) ‘ နော့နော့’ဆိုသည်မှာ လူတစ်ယောက်အမည် ဖြစ်သည်။ အတော်များများက သူ့ကို ‘နောက်နောက်’ဟုသာ ခေါ်ကြသည်။ ဆင်များကို ခိုင်းစေသော ဘာသာစကား ‘ နော့နော့ ‘ဟူသောစကားလုံးကိုသာ သူက နားလည်၍ သူ့ကို ‘ နော့နော့ ‘ သို့မဟုတ် ‘နောက်နောက်’ဟု ခေါ်ကြခြင်းလည်းဖြစ်သည်။ ‘အောင်းအောင်း’ဟု ပြောလျှင်လည်း ‘နောက်နောက်’က နားလည်သည်။ ထိုသို့ပြောသူအနားသို့ သွား၍ ထိုင်သည်။ ဆင်ထိန်းများပြောသော ဝေါဟာရ အတော်များများနှင့် ဆက်ဆံမှ သူနဲ့က အဆင် ပြေသည်။ သို့မဟုတ်လျှင် ဗမာလိုလည်း မတတ်။ ကရင်လိုလည်း မသိ။ ရှမ်းလိုလည်း […]
၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ မိတ်ဆွေ၊ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုတာတွေ ကို ယုံကြည်ပါသလား။ ကျွန်တော်တို့ လူအဖွဲ့အစည်း က ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေ ထိုင်ရာ လူမှုအဝန်းအဝိုင်းဖြစ်တယ်။ကံနဲ့ပတ် သက်တဲ့ တေးသီချင်းတွေ၊ ကဗျာတွေ၊ ပုံတိုပတ်စ တွေ၊ စကားပုံတွေ အများကြီးရှိတယ်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတွေ စုဝေးနေထိုင်တဲ့ လူ့ အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်က ခြွင်းချက် မဟုတ်ပါဘူး။ ကံကို ယုံကြည်သူတွေထဲမှာ ကျွန်တော်လည်း ပါတာပေါ့။ ကံကို ယုံကြည်စွာနဲ့ပဲ လစဉ်နီးပါး အောင်ဘာလေထီထိုး ဖြစ်တယ်။ ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက ထီ တွေထိုးလာလိုက်တာ အသက်လေးဆယ်ဝန်းကျင်ရောက်တဲ့ အထိ […]
( ၂၀၁၆ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၅) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ ) ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွား ခဲ့တာဟာ ဇွန်လထဲမှာ လေးနှစ်ပြည့်ပါပြီ။ ဒီလေးနှစ်အတွင်းမှာ အစိုးရဟောင်းဟာ ဘာတွေလုပ်ပြီး ဘာတွေမလုပ်နိုင်ခဲ့ ဘူးလဲ၊ အစိုးရသစ်အတွက် ဘာတွေဟာ စိန်ခေါ်မှုဖြစ်မလဲ၊ ရေတိုရေရှည်မှာ ဘာ တွေကို ဦးစားပေးကိုင်တွယ်သွားရမလဲဆို တာတွေနဲ့ ပတ်သက်ပြီး ရခိုင် အရေးကျွမ်း ကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (Dr.Jacques.P.Leider) ကို မော်ကွန်းက အခုလိုမေးမြန်းထားပါတယ်။ မော်ကွန်း။ ။ ရခိုင်ကိစ္စကိုဖြေရှင်းတဲ့ အခါ မှာ အစိုးရသစ်အနေနဲ့ ဘယ်လိုစိန်ခေါ်မှု တွေကို ရင်ဆိုင်ရမလဲ။ Jacques.P.Leider ။ ရခိုင်ပြည် နယ်ကိစ္စက ရေရှည်ဖြေရှင်းရမယ့် […]
၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မီးဖိုချောင်တာဝန်ကျ ဆရာမသည် စိတ်ရှည်လှသည်။ သည်တစ်ကြိမ် သူကိုယ်တိုင် မရေတော့ဘဲ ခေါင်းဆောင်ဖြစ်သူကို ထပ်၍ ရေတွက်ခိုင်းသည်။ ရေနေရင်းကပင် ဂဏန်းမှားရွတ်မိ သဖြင့် အားလုံးဝိုင်း၍ ရယ်ကြကာ နောက်ဆုံးတစ်ကြိမ် ရေကြ ပြန်လေသည်။ ဘဲဥတစ်လုံး လျော့နေသည့်အတွက် မည်သို့ အပြစ်ပေး မည်ကို မသိသော်လည်း သူတို့မျက်နှာအမူအရာကလေးများ နှင့် ဂဏန်းရေတွက်သံတို့ကို မြင်ရ၊ ကြားရပြီး ဘေးမှရပ်ကြည့်နေသူ ကျွန်မ၏ရင်ထဲဝယ် တထိတ်ထိတ်ဖြစ်နေမိသည်။ စိတ်ထဲမှ လည်း ”ပြည့်ပါစေ၊ ပြည့်ပါစေ”ဟု ဆုတောင်းနေမိသည်။ ကျွန်မ ဆုတောင်းပြည့်ပါသည်။ နောက်ဆုံးအကြိမ်တွင် ဘဲဥအရေအတွက်ပြည့်သွားသဖြင့် ကလေးများ၏သက်ပြင်းချသံ၊ ဆရာမနှင့်အတူ ရယ်မောသံတို့ ကို ကြားလိုက်ရသည်။ […]
၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄)မှ ပို့စကဒ် ဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မတ်လ လဆန်းပိုင်းက ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ဖြစ်သည်။ တကယ်တော့ ရန်ကုန်မြို့ အပြင်ဘက်ဟုဆို၍ရရုံသာဝေးသည့် ရွာကလေး တစ်ရွာသို့ဖြစ်သည်။ ထိုရွာမှာ ရန်ကုန်တိုင်းဒေသ ကြီး၊ ကော့မှူးမြို့နယ်အတွင်းတည်ရှိသည့် ငှက် အော်စမ်းကျေးရွာဖြစ်သည်။ အရပ်အခေါ် ကလေးထောင်ဟု သုံးနှုန်းကြသည့် ‘ငှက် အော်စမ်း လူငယ်သင်တန်းကျောင်း’တည်ရှိရာ ထိုရွာကလေး သည် ရန်ကုန်မြို့မှ မိုင် ၃ဝ ကျော်ဝေးသည်။ ယခင်က မညီညာ သောမြေသားလမ်းဖြစ်သည့် ကော့မှူး-ငှက်အော်စမ်းလမ်းသည် ယခု ဖြောင့်ဖြောင့်ဖြူးဖြူးကွန်ကရစ် လမ်းမကြီး ဖြစ်နေပြီ။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ငှက်အော်စမ်းလူငယ်သင်တန်း ကျောင်းသို့ အကြိမ်ကြိမ်ရောက်ခဲ့ဖူးသည်။ ထိုသင်တန်းကျောင်း တွင် ဘဝမျိုးစုံ၊ ဇာတ်လမ်းမျိုးစုံကို ဖြတ်သန်းခဲ့ဖူးသည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."