၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ မှတ်မှတ်ရရ ခြောက်တန်းနှစ်တွင် ကျွန်မ၏ဖေဖေက အစိမ်း နုရောင် ဒိုင်ယာရီစာအုပ်လေးတစ်အုပ် ဝယ်ပေးသည်။ မှတ်စုရေးရသည်ကို ဝါသနာအလွန်ပါသော ဖေဖေသည် ပစ္စည်းအသစ်တစ်ခုခုဝယ်လျှင် ဝယ်သည့်နေ့ကိုဖြစ်စေ၊ အကြောင်းအရာတစ်ခုခုထူးခြားလျှင်ဖြစ်စေ သူ၏စာအုပ် လေးထဲ၌ တခုတ်တရ ရေးမှတ်လေ့ရှိသည်။ စာအုပ်ထဲ၌ သာမက အိမ်နံရံ ပျဉ်ထောင်များနှင့် ထုတ်တန်းများပေါ်တွင် လည်း ရေးမှတ်တတ်သေးသည်။ ကျွန်မတို့အိမ်၏ နံရံပေါ်တွင် ‘မီတာဘောက်စ်တပ်ဆင် သည့်နေ့’၊ ‘ရေမော်တာ တပ်ဆင်သည့်နေ့’၊ ‘အိမ်ခေါင်မိုး ဓနိမိုး သည့်နေ့’၊ ‘သမီးမင်္ဂလာဆောင်သည့်နေ့’၊ ‘ဆွမ်းလှည့်’အစရှိ သော မြေဖြူခဲနှင့် ရေးထားသည့် စာတိုလေးနှင့် နေ့စွဲလေးများကို တွေ့နိုင်မည်ဖြစ်သည်။ ထိုအရာများအားလုံးသည် ကျွန်မဖေဖေ ၏ […]
၂၀၁၆-မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃)မှ အက်ဆေး ဆောင်းပါးဖြစ်ပါသည်။ မြတ်စုမွန် ရေးသည်။ ရေကြည်ရာမြက်နုရာအရပ်၊ သင့်တော် လျောက်ပတ်တယ်လို့ ယူဆရတဲ့အရပ် မှာ အခြေချနေထိုင်ရင်း ကိုယ့်ဇာတိမြို့ သံတွဲကို မပြန်ဖြစ်သည့် နှစ်တွေ မကြာ ခဏ ရှိခဲ့ဖူးသည်။ ငယ်တုန်းရွယ်တုန်းမှာ တော့ အတွေ့အကြုံအသစ်တွေ ရှာဖွေ ရင်း၊ အသိပညာအသစ်တွေ ဆည်းပူးရင်း ဇာတိမြို့ကို မေ့ဖျောက်ထားခဲ့ရဖူးသည်။ သို့သော် အသက်အရွယ်ကလေး ရလာသည်နှင့်အမျှ ဇာတိမြို့သည် လွမ်းစရာဖြစ်လာ၏။ မကြာခဏ ပြန်ချင်မိလာ၏။ ငယ်စဉ်ကလေးဘဝက တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်ဒေသတည်းသား ငယ်သူငယ်ချင်းများ၏ မျက်နှာတို့ကို မြင် ယောင်လာမိသည်။ ဒေသထွက်အစားအစာလေးများကို လွမ်း သည်။ မွေးရပ်မြေကို ခြေချချင်သည်။ မွေးရပ်မြေ၏ လေကို ရှူရှိုက်ချင်သည်။ သို့သော် စိတ်သွားတိုင်း ကိုယ်မပါခဲ့သည့် […]
Photo – Minn Lwin မြန်မာနိုင်ငံဟာ အယ်လ်နီညို (ရေနွေးစီး ကြောင်း) ဖြစ်စဉ်ဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ နိုင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ ဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့နိုင်ငံ ဖြစ်တာကြောင့်လည်း ရာသီဥတုဒဏ်ကြောင့် ဆန်စပါးအထွက်နှုန်းလျော့ကျပြီး စားနပ်ရိက္ခာ မလုံလောက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါ တယ်။ ဆန်စပါးကဏ္ဍနဲ့စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ်ဆိုတာကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကို မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ထားပြီး အချို့ကို ကောက်နုတ်ဖော်ပြပေးလိုက် ပါတယ်။ မော်ကွန်း။ ။ အယ်လ်နီညို(ရေနွေးစီးကြောင်း)ဖြစ်စဉ်ကြောင့် ပြည်တွင်းဆန်စပါးအထွက်နှုန်းကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ။ ဒေါက်တာစိုးထွန်း။ ။ ရာသီဥတုပြောင်းလဲဖောက်ပြန်တဲ့ အနေ အထားမှာတော့ ဆန်စပါးအထွက်နှုန်း လျော့ကျသွားနိုင်တယ်။ အယ်လ်နီညို Effect (အကျိုးဆက်)ကြောင့်လည်း […]
မြစ်ဆုံကိုဆရာအယူအဆကတော့ မလုပ်ပါနဲ့။ ဒီနေရာကဒေသခံတွေရဲ့ သူတို့ရဲ့အယူအဆကိုဘေးဖယ်လို့မရဘူး။ ဂျပန်နိုင်ငံကဖူဂျီလိုပဲကချင်တွေရဲ့အထိန်းအမှတ်က မြစ်ဆုံပဲ။
မြစ်ဆုံဆည်ကြီးမတည်ဆောက်ရင် တစ်နေ့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဧရာဝတီမြစ်ရေကြီးမှုကို တိုင်းပြည်က ပက်ပက်စက်စက်ခံစားသွားရမှာဖြစ်ပါတယ်။
Photo – Myat Su Mon မှတ်မှတ်ရရ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်း လေးကန်သို့ နှစ်ကြိမ်တိတိ ရောက်ခဲ့ဖူးသည်။ သို့သော် အလည် သဘော အပျော်ခရီးမျိုးသာဖြစ်သည်။ အင်းလေးကန်နှင့်ပတ်သက်၍ သတင်းများတွင် လွန်ခဲ့ သည့်ဆယ်စုနှစ်အတွင်း အမြဲတစေ ဖတ်ရှုခဲ့ရသည်မှာ အင်းလေး ကန်ကြီး ရေခန်းလာပြီဆိုသည့် သတင်းများသာဖြစ်သည်။ အင်းလေးကန်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသတင်းနှင့် ဆောင်းပါးများကို အထူးပြုရေးသားလေ့ရှိသည့် သတင်းစာဆရာများအတွက် ရေးမကုန်သော အရင်းအမြစ်ကြီး တစ်ခု ဖြစ်သည်။ ယခင်ကလည်း ရေးခဲ့သည်။ ယခုလည်း ရေး မကုန် သားမကုန် အကြောင်းအရာများ ရှိနေဆဲဖြစ်သည်။ နောင် လည်း ရှိနေဦးမည်ဖြစ်သည်။ ယခု ထိုအင်းလေးကန်သို့သွားရရန် အကြောင်းဖန်လာ သည်။ သည်တစ်ကြိမ်ခရီးကား အပျော်ခရီးမဟုတ်။ ရက်သတ္တ တစ်ပတ်ကြာနေထိုင်ကာ ရာသီဥတုဖောက်ပြန်ခြင်းနှင့် […]
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ အက်ဆေးဖြစ်ပါသည်။ ဝေလင်း ရေးသည်။ လွန်ခဲ့သော အနှစ် ၂ဝ က စာသင်ပေးခဲ့ဖူးသည့် ဆရာတစ်ယောက်နှင့် ရန်ကုန်မြို့လယ်တွင် သုံး ကြိမ်ခန့်ဆုံဖူးသည်။ ခြောက်တန်းကျောင်းသား ဘဝက အင်္ဂလိပ်စာသင်ပေးခဲ့ဖူးသော ဆရာဖြစ် ၏။ သို့သော် ဆရာ့ကို ကျွန်တော် နှုတ်မဆက်ဖြစ်။ နှုတ်လည်း မဆက်ချင်။ ဆရာ့ကိုတွေ့လျှင် ကျွန်တော့် သူငယ်ချင်းအေးလွင်ကိုလည်း သတိရမိ၏။ တစ်ရက်က ဧမာနွေလ ခရစ်ယာန်ဘုရား ကျောင်းအနီး လက်ဖက်ရည်ဆိုင်တွင် အမျိုးသမီးနှင့်အတူ မနက်စာစားပြီး ဆိုင်က ပြန်အထွက် ဆရာ့ကို ထပ်၍ တွေ့လိုက်သေးသည်။ ဆရာသည် ဆိုင်ထဲတွင် ထိုင်နေရင်း မဟာဗန္ဓုလပန်းခြံဘက် သို့ ငေးကြည့်ကာနေသည်။ စားပွဲတွင် သူတစ်ယောက်တည်းဖြစ်၏။ လက်ဖက်ရည်တစ်ခွက်ကို ရှေ့တွင် ချထားသည်။ […]
၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၂)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။ မောင်ဥယျာဉ် ရေးသည်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြီဆိုရင် ကျွန်တော် တို့အားလုံး မဖြစ်မနေလုပ်ကြရတဲ့ အလုပ်တစ် ခုရှိတယ်။ ဆင်စွယ်နန်းထက်မှာ စံမြန်းကြသူတွေ လည်း အဲဒီအလုပ်ကို လုပ်ကြသလို တဲအိုပျက်မှာ နေသူတွေလည်း အဲဒီအလုပ်ကို မမေ့မလျော့ လုပ်ကြတယ်။ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့ နေအိမ်ရုံးခန်း တွေမှာ သူရှိနေတတ်သလို ကျေးလက်က မူလ တန်းကျောင်းကလေးရဲ့ ရုံးခန်းထဲမှာလည်း သူ့ကို ကျွန်တော်တို့ တွေ့နိုင်တယ်။ မင်းစိုးရာဇာတွေရဲ့ အလုပ်စားပွဲပေါ်မှာရှိတဲ့အခါရှိပြီး မီးခိုးတလူလူ ထွက်နေတဲ့ လယ်စောင့်တဲလေးထဲမှာလည်း သူ ရောက်ချင် ရောက်နေတတ်တယ်။ အဲဒါကတော့ ပြက္ခဒိန်ပါပဲ။ ပြက္ခဒိန်တွေက ကျွန်တော်တို့ ရဲ့ လူမှုဘဝမှာ အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးတာ အမှန်ပဲ။ ပြက္ခဒိန်မရှိတဲ့ အိမ်၊ […]
ကျွန်တော်တို့ ပြင်ဦးလွင်တက်ကြဖို့ မိတ်ဆွေဖြစ်တဲ့ ဦးကျော်ဆန်း မိသားစုက အဖော်စပ်တယ်။ အဖော်စပ်တဲ့အချိန် က နှစ်ဆန်းပိုင်း ရာသီဥတုအေးတဲ့အချိန်။ ကျွန်တော်ရယ်၊ ကျွန်တော့်အိမ်သူရယ် ကလည်း အဖော်ကောင်းရင် ကျောက်မြောင်း တစ်ခေါက်ဆိုတဲ့ တွဲလက်ညီတဲ့ ဇနီးမောင်နှံတွေလေ။ ပြင်ဦးလွင်ကို တက်ဖို့ ရက် ရွေးကြတော့ သူတို့ကလေးတွေ ကျောင်းပိတ်ရက်နဲ့ ဆုံတဲ့ တနင်္ဂနွေနေ့ရယ်၊ ဦးကျော်ဆန်းအလုပ်အားတဲ့ ဥပုသ်နေ့ရယ် တိုက်ဆိုင်တဲ့ ဇန်နဝါရီ ၃ ရက်ကို ရွေးလိုက်ကြတယ်။ မနက်စော စောတက်ပြီး ညနေမှ ပြန်ကြမယ်။ ဇန်နဝါရီ ၃ ရက် မနက် မန္တလေးအနောက်ခြမ်းမှာရှိတဲ့ စိန်ပန်းရပ်က ဦးကျော်ဆန်းတို့အိမ်ကို ကျွန်တော်တို့လင်မယား ဆိုင် ကယ်နဲ့ ထွက်လာခဲ့ကြတယ်။ ဦးကျော်ဆန်းတို့အိမ် ရောက်ခါနီး တော့ ဦးကျော်ဆန်းရဲ့ မဟေသီ အန်တီဝါက အဆင်သင့်ဖြစ်နေ […]
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့်မြင့်တက် နေရ တာလဲ၊ သိသိသာသာလျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ ဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UN Office on Drugs and Crime – UNODC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ထရိုးစ်ဗက်စ်တာ (Mr.Troels Vester) ကို အီးမေးလ်ကတစ် ဆင့် မေးမြန်းထားပါတယ်။ မော်ကွန်း။ ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘိန်းစိုက်တဲ့အခြေအနေက ငြိမ်နေတဲ့အတွက် အားတက်စရာလို ဖြစ်ပေမယ့် စိုက်တဲ့ဧရိယာ က မြင့်နေတုန်းပဲ။ ဘာကြောင့်ပါလဲ။ ဗက်စ်တာ။ ။ ၂ဝဝ၆ အထိ မြန်မာနိုင်ငံက ဘိန်းစိုက်တဲ့နေရာ […]
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့် မြင့်တက် နေရတာလဲ၊ သိသိသာသာ လျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့် လဲဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက Transnational Institute (TNI) မှ သုတေသီ မစ္စတာတွမ်ခရေမာ (Tom Kramer) ကို အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပါတယ်။ TNI အဖွဲ့ဟာ နယ်သာလန်အခြေစိုက် နိုင်ငံတကာသုတေသနနဲ့ မူဝါဒ ပြောင်းလဲရေး လျှောက်လဲတင်ပြတဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂ဝ၁၄ တုန်းက ‘တစ်ကျော့ပြန်-မူလအခြေအနေဆိုးသို့ ပြန်လည်ဆိုက် ရောက်လာသည့် ရွှေတြိဂံဒေသ’ အမည်ရှိ အစီရင်ခံစာကို ထုတ် ပြန်ခဲ့ပါတယ်။ မော်ကွန်း။ ။ ဘိန်းစိုက်တဲ့ဧကဟာ ဘာကြောင့် ဆက်မြင့်နေရ တာလဲ။ ခရေမာ။ ။ မြန်မာမှာ ဘိန်းစိုက်ပျိုးမှုကို မောင်းနှင်နေတဲ့ အရေး […]
ဦးတင်မောင်။ ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ပညာ ရှင်တွေနဲ့ပူးပေါင်းတာ အားနည်းတယ်။ ဒီနေ့ ဒီအချိန်အထိ ပညာရှင်တွေ ပြောတာကို နားမထောင်ကြဘူး။ မလိုက်နာဘူး၊ မလုပ်ဘူး။
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."