မှတ်တမ်းများ

“နောက်ထပ်အပစ်အခတ်ရပ်စဲရေး ဆိုတာဖြစ်လာမှာမဟုတ်ဘူး၊ ဒီအချိန်မှာတော့ အခြေအနေ တစ်ခုအထိရောက်အောင် နှစ်ဖက်တပ်တွေ တိုက်ကြရလိမ့်မယ်လို့ ထင်ပါတယ်”

November 17, 2023

စစ်တွေ – ၂၀၂၃ နိုဝင်ဘာ ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကုန်ပိုင်းကစပြီး ပြင်းထန်လာတဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်လာနေပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် AA ဟာ ယခုလ ၁၃ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီလို တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ပြည်မနဲ့ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားလိုက်ပါတယ်။ အဲဒီ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို ရခိုင်ပြည်နယ်စစ်ပွဲအလားအလာနဲ့ ဒေသတွင်းသက်ရောက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ မော်ကွန်းကဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း – ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးလောက် အပစ်ရပ်ထားပြီးတော့မှ စစ်ကောင်စီတပ်တွေနဲ့ AA လက်နက်ကိုင်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာတာ ဘာကြောင့်လို့သုံးသပ်ပါသလဲ။ ဦးဖေသန်း […]

အပြည့်အစုံဖတ်ရန်

“မြောက်ပိုင်းမှာသိမ်းဆည်းရမိတဲ့ တပ်ရင်းလေးငါးရင်းစာလက်နက်တွေသာ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာပြီဆိုရင် နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းလောက် သေချာသွားပြီဆိုတဲ့အနေအထားပါ”

November 9, 2023

ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေရဲ့သက်ရောက်မှုနဲ့ နွေဦးတော်လှန်ရေးအလားအလာတွေကို စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့တာတွေထဲက ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ အခုရှမ်းမြောက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေဖြစ်နေတာ ဆရာလည်းသိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် ကောလင်းကို သိမ်းလိုက်သလို ခမ်းပတ်ကိုလည်း သိမ်းလိုက်ကြနိုင်တာ တွေ့ရတယ်။ ဒီလိုဖြစ်လာတဲ့ အခင်းအကျင်းတွေက တော်လှန်ရေးအောင်မြင်မှုအထိ အရှိန်တက်သွားနိုင်တဲ့အခင်းအကျင်းတွေလား။ ဒီတော်လှန်ရေးအောင်မြင်လာဖို့ အတိုက်အခံတွေဘက်က ဘာတွေဆက်လက်ပြင်ဆင် လုပ်ကိုင်သွားကြသင့်သလဲ။ ဆရာအမြင်လေးသိပါရစေ။ ဦးသန်းစိုးနိုင်။ ။ အခုကတော့ ‘၁၀၂၇-စစ်ရေး’ စီမံကိန်းက ရှမ်းပြည်မြောက်ပိုင်းကိုသိမ်းဆည်းပြီးပြီ။ ဝမ်းသာစရာ ကောင်းပါတယ်။ အဲဒီကအင်အားစုတွေ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာနိုင်တာဟာ တော်တော်ကြီးမားတဲ့အောင်မြင်မှုပါ။ အဓိပ္ပါယ်ကတော့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ကို သိမ်းပိုက်နိုင်လိုက်တဲ့အနေအထားဟာ စစ်ရေးအရပြောမယ်ဆိုရင် ‘၁၀၂၇-စီမံကိန်း’ ဘောင်ထက် ကျော်ပြီးတော့ မြန်မာပြည်အလယ်ပိုင်းကို ရောက်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နိုင်ငံရေးအရပြောရရင် ညီနောင်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းစည်းမိပြီးတော့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ကောလင်းခရိုင်ကို […]

အပြည့်အစုံဖတ်ရန်

“မြန်မာက တကယ့်ကို စားနပ်ရိက္ခာရှားပါးတဲ့ ၊ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ ရမယ့်လမ်းထဲ၊ ကြုံတွေ့ရမယ့် အခြေအနေ ရှိနေပြီ” 

October 3, 2023

ဦးဝင်းမျိုးသူ (အလွတ်တန်း သုတေသနပညာရှင်) စိုက်ပျိုးရေးကိုအခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ ကြွေးကျော်သံမျိုးဟာ မြန်မာနိုင်ငံမှာ မကြားချင်မှ အဆုံးပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက် အစိုးရဆိုသူတိုင်းဟာ တောင်သူလယ်သမားတွေကို ပစ်ထားခဲ့ကြတာချည်းပါပဲ။ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ့်ကြံရည်ဖန်ရည်နဲ့ပဲ နိုင်ငံရဲ့ အကြီးဆုံးကုန်ထုတ်ကဏ္ဍကြီးကို တောင်သူလယ်သမားတွေ မောင်းနှင်လည်ပတ်နေတာ ရှေးကတည်းကပါ။ အခုတော့ အရပ်သားအစိုးရတွေကိုဖြုတ်ချပြီး စစ်တပ်ကအာဏာယူကာ အမှောင်ခေတ်ကို တစ်ကျော့ပြန်ဆွဲသွင်းနေစဉ်မှာ တောင်သူလယ်သမားတွေရော ဘယ်လိုဖြစ်နေပါသလဲ။ ဒီအကြောင်းကို မြန်မာ့လယ်ယာကဏ္ဍကို ဆယ်စုနှစ်နဲ့ချီ လေ့လာစောင့်ကြည်နေတဲ့ အလွတ်တန်းသုတေသနပညာရှင် ဦးဝင်းမျိုးသူကို မော်ကွန်း ဆက်သွယ်ဆွေးနွေးထားတဲ့အထဲက အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ အာဏာသိမ်းထားတာဟာ အခုဆိုရင် သုံးနှစ်အတွင်းကိုဝင်လာပြီ၊ မြန်မာငွေတန်ဖိုးကလည်း ထိုးကျသွားပြီ၊ လယ်သမားတွေ မဖြစ်မနေအသုံးပြုနေရတဲ့ သွင်းအားစုဈေးတွေက မြောက်တက်နေပြီ။ ဒီလိုအခြေအနေမှာ လယ်သမားဟာ ရှင်သန်ရေးအတွက် ဘယ်လောက်အထိ ရုန်းကန်နေရပြီလို့ ဆရာတို့သုံးသပ်ပါသလဲ။ ဦးဝင်းမျိုးသူ။ […]

အပြည့်အစုံဖတ်ရန်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် မေးမြန်းခြင်း

September 27, 2023

ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၇ (မော်ကွန်း) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်အားအနည်းငယ်ကနေ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ပဲခူး၊ တိုက်ကြီး နဲ့ မှော်ဘီမြို့နယ်တို့ကိုဦးတည်ပြီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ်က ဗုဒ္ဓသာသနာပြုတက္ကသိုလ်တစ်ခုမှာ ပျက်စီးမှုတစ်ချို့ရှိခဲ့ပြီး ရန်ကုန်မြို့အတွင်း မြို့နယ်တော်တော်များများမှာလည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုရက်ပိုင်း ရန်ကုန် နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဘာလို့ ငလျင်တွေ ခက်စိပ်စိပ် လှုပ်လာသလဲ။ ပြည်သူတွအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ငလျင်တွေဆက်တိုက်ဆိုသလို လှုပ်လာနေတယ်။ ဘာကြောင့် ရက်စိပ်စိပ် ငလျင်တွေလှုပ်လာရတာလဲ။ ဒေါက်တာယဉ်မျိုးမင်းထွေး – […]

အပြည့်အစုံဖတ်ရန်

“မြန်မာ့သမိုင်းမှာမကြုံဖူးတဲ့ နည်းပညာအခြေပြု အာဏာရှင်စနစ်တစ်ခု ဖြစ်လာပါပြီ။ ဒါကို Digital Dictatorship လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ တဦးချင်းစီ အခွင့်အရေးတွေသည် ပိုမို ဆုတ်ယုတ်လာဖို့ ရှိပါတယ်”

August 17, 2023

နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းကတာဝန်ရှိသူတစ်ဦး ရန်ကုန်-၂၀၂၃၊ ဩဂုတ်-၁၆ (မော်ကွန်း) အာဏာသိမ်းပြီးကတည်း စစ်တပ်ဟာ မြေပြင်မှာ လူထုကို ဖိနှိပ်သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို နည်းပညာတွေ အသုံးပြုစောင့်ကြည့်ပြီး လူမှုကွန်ယက်တွေပေါ်မှာလည်း ဖိနှိပ်ဖမ်းဆီးတာလုပ်နေဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်နေပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့၊ ဆန့်ကျင်နေတဲ့သူတွေကို ထောက်ခံတဲ့ စာသား၊ ဗီဒီယို တစ်ခုခုကို ရေးမိ၊ မှတ်ချက်ပြုမိတာနဲ့ ထိုသူတွေဟာ ထောင်နန်းစံနေရတာပါ။ ဒီလိုဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီဟာ လူထုကို လက်နက်နဲ့တင်မက နည်းပညာအသုံးပြုပြီးပါ ဖိနှိပ်ညှင်းပန်းနေတာလို့ ပြောကြပါတယ်။ ဒီတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာသာမက အင်တာနက်မှာပါ လူထုဟာ ဘာတွေကြုံနေရပြီး၊ ဘယ်လိုခြိမ်းခြောက်ခံနေရပါသလဲဆိုတာ အများပြည်သူသိစေဖို့ ဒစ်ဂျစ်တယ်အသိပညာ၊ ဗဟုသုတတွေမျှဝေနေတဲ့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းက တာဝန်ရှိသူတစ်ဦးကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာတွေထဲက ပြန်လည်ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ […]

အပြည့်အစုံဖတ်ရန်

“ဒေသခံတွေဟာ နဂိုကတည်းကဆင်းရဲနေတဲ့အခါမှ ာမိုခါမုန်တိုင်းကြောင့်ကြီးမားတဲ့အကြပ်အတည်းတွေ ကြုံနေရသလို ဆင်းရဲတဲ့ဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရတယ်”

July 21, 2023

စစ်တွေ- ၂၀၂၃၊ ဇူလိုင်၂၁ (မော်ကွန်း) ရခိုင်ပြည်နယ်ကို အင်အားပြင်းမိုခါဆိုက်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့တာ အခုဆိုနှစ်လကျော်ပါပြီ။ စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်သင့်ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းနေရပါသလဲ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ စစ်ကောင်စီအနေနဲ့ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာတွေကို ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုကူညီပေးနေတဲ့ ဝံလတ်ဖောင်ဒေးရှင်းရဲ့ဒါရိုက်တာ ဦးခိုင်ကောင်းစံကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မေး – အခုရခိုင်ပြည်နယ်မှာ မိုခါဆိုက်ကလုန်းဝင်ခဲ့တာ နှစ်လပြည့်ခဲ့ပြီ။ အခုရခိုင်ပြည်နယ်ရဲ့အကူအညီပေးရေးနဲ့ ပြန်လည်ထူထောင်ရေးအခြေအနေတွေ ဘယ်လောက်ခရီးပေါက်နေပြီလဲ။ ဖြေ – မိုခါမုန်တိုင်းကဘယ်လိုဖြစ်သွားလဲဆိုတော့၊ အရေးပေါ်ကူညီကယ်ဆယ်ရေးကဏ္ဍတောင်မှမလုပ်နိုင်ခဲ့ဘူး။ လူထုကတော့ ကိုယ့်ဟာနဲ့ကိုရုန်းကန်ပြီးတော့ ပျက်စီးသွားတဲ့အိုးအိမ်တွေကိုပြန်ပြင်ပြီးတော့မှ နေထိုင်နေကြရတာ။ နောက်တစ်ခုက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း(WFP) ကတော့ လူရှစ်သိန်းလောက်ကို စားနပ်ရိက္ခာတွေထောက်ပံ့ဖို့ ပြင်ဆင်ထားတဲ့ဟာကို လက်ရှိစစ်ကောင်စီကလုပ်ဆောင်ခွင့်မပေးတဲ့အခါ လုပ်ဆောင်နေတာတွေရပ်နားလိုက်ရတာကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေ ဖြစ်ပွါးစေတာပေါ့။ တစ်ခြား အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေရတာတော့ရှိတယ်။ ကြီးမားတဲ့အထောက်အပံ့တာတွေတော့နည်းတယ်။ ဆိုတော့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေတောင်မှ မလုပ်နိုင်ခဲ့ဘူးဆိုတဲ့အခါကျတော့ […]

အပြည့်အစုံဖတ်ရန်

“နိုင်ငံတော်အဆင့်အနေနဲ့တောင်မကဘဲ နိုင်ငံတကာရဲ့အကူအညီနဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေ ရန်ပုံငွေတွေရှာပြီးတော့ လုပ်ဆောင်မှ အဆင်ပြေမယ့်အခြေအနေတွေရှိတယ်”

May 19, 2023

ရန်ကုန် – ၂၀၂၃ မေ ၁၉ (မော်ကွန်း) မေလ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ အလွန့်အလွန်အင်အားပြင်း ဆိုက်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသတွေဖြစ်တဲ့ ရခိုင်၊ ချင်း၊ မကွေး၊စစ်ကိုင်းနဲ့ကချင်ပြည်နယ်တွေဟာ မုန်တိုင်းဒဏ်ခံခဲ့ရပါတယ်။ အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသကတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ရှည်လျားစွာနယ်နမိတ်ထိစပ်နေတဲ့ ရခိုင်ပြည်နယ်ဖြစ်ပြီး ပြည်နယ်ရဲ့မြို့တော် စစ်တွေအပါအဝင် မြောက်ဘက်ပိုင်းက ဒေသတွေဟာ ဆိုးရွာစွာပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်ကို သဘာဝဘေးကျရောက်တဲ့ဒေသအဖြစ်ကြေညာခဲ့ပြီး မုန်တိုင်းကြောင့် လူပေါင်း ၁၅၀ နီးပါးသေပြီး အအောက်အအုံပေါင်း ၄၅,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ NUG အစိုးရကတော့ မုန်တိုင်းကြောင့် ၄၅၅ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတယ်။ ရခိုင်ပြည်နယ်အတွင်း လတ်တလော ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေပုံတွေ၊ လိုအပ်ချက်တွေနဲ့ စိန်ခေါ်မှုဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မြေပြင်မှာကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ […]

အပြည့်အစုံဖတ်ရန်

“ငြိမ်းချမ်းရေးနဲ့အမျိုးသားတန်းတူရေးကိုလိုချင်တယ်ဆိုရင်  အာဏာရှင်စနစ်ကို လုံးဝဖယ်ရှားနိုင်ဖို့လိုပါတယ်”

March 31, 2023

မြေပြန့်ဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(PPDF-Kham Dom)ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်သားသစ်တွေ စတင်ခေါ်ယူနေပြီး ပအိုဝ်းလူထုကိုယ်စားပြုတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ ရှင်သန်မှု၊ စိန်ခေါ်မှု၊ ရပ်တည်ချက်နဲ့ အခက်အခဲတွေကို PPDF-Kham Dom ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ဝေထူးကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – PPDF Kham Dom က တပ်သားသစ်တွေ ခေါ်ယူတာဟာ တပ်ဖွဲ့အနေနဲ့ အရင်ထက် ပိုပြီးပြောင်းလဲမှုတွေဖြစ်လာလို့လား၊ ပုံမှန်အနေအထားပဲလား။ ဖြေ – PPDF Kham Dom အနေနဲ့ တပ်သားသစ်ခေါ်ယူတာသည် အရင်ကလို ပုံမှန်အနေအထားအရခေါ်ယူတာမဟုတ်ပါဘူး။ အရင်ကလည်း ဒီလိုခေါ်ယူခဲ့ခြင်းမျိုးလည်းမရှိဘူးပေါ့လေ။ တစ်ခါမှမရှိခဲ့ဘူး။ ဒါသည် ပထမဆုံးအကြိမ်အနေနဲ့ တပ်သားသစ်ကို ကျွန်တော်တို့ရဲ့ PPDF Kham Dom စာမျက်နှာကနေ တရားဝင်ခေါ်ယူခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နားလည်တာက ဒီ ၂၀၂၃ ခုနှစ်မှာ […]

အပြည့်အစုံဖတ်ရန်

“ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စဖြစ်တယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆမျိုးကိုတော့ ပြောင်းလဲဖို့လိုအပ်လိမ့်မယ်”

March 15, 2023

ရန်ကုန် – ၂၀၂၃ မတ် ၁၅ (မော်ကွန်း) အခုလ ၁၁ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းကယားနယ်စပ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက သံဃာသုံးပါးနဲ့ အရပ်သား ၁၉ ဦးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့အပေါ်နဲ့ အာဏာသိမ်းစစ်တပ်ဩဇာခံ ပအိုဝ်းဌာနေအသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) ရဲ့ ‌အခြေအနေတွေကို ပအိုဝ်းလူမျိုးကိုယ်စားပြုအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ဥက္ကဋ္ဌ ခွန်ဦးနဲ့ မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ပင်လောင်းမှာ အာဏာသိမ်းစစ်တပ်က လုပ်သွားတဲ့လူသတ်မှုကို တောင်ကြီးမှာ ပအိုဝ်းဒေသခံပြည်သူတွေကိုခေါ်ပြီး ဆန္ဒပြခိုင်းတယ်ဆိုပြီး သတင်းတွေတက်လာတယ်၊ မီဒီယာတချို့ကတော့ တစ်အိမ်ကိုတစ်ယောက်မတက်မနေရဆိုပြီး PNO ဘက်ကနေပြီး စေခိုင်းတာမျိုးရှိတယ်လို့ ကျွန်တော်တို့ သိရတယ်၊ သူတို့လုပ်ရပ်ဟာ ပြည်သူတွေကို အသုံးချနေတဲ့ပုံမျိုးဖြစ်နေမလား PYO ဘက်က ဘယ်လိုမျိုးမှတ်ချက်ပေးချင်လဲ။ ဖြေ – ဒီဟာက ပုံစံအသစ်တော့မဟုတ်ပါဘူး၊ […]

အပြည့်အစုံဖတ်ရန်

” ငြိမ်ဝပ်သွေးအေးမနေကြဘဲနဲ့ ဘာသိဘာသာဖြစ်မနေကြဘဲနဲ့ အာဏာရှင်ကို ရဲဝံ့ညီညွတ်စွာ တော်လှန်ပေးကြပါလို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်”

March 10, 2023

ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် နှစ်နှစ်ပြည့်၊ သပိတ်ခေါင်းဆောင်နှင့်မေးမြန်းခြင်း စစ်ကိုင်းတိုင်း – ၂၀၂၃ မတ် ၁၀ (မော်ကွန်း) သပိတ်စထွက်တဲ့နေ့ကနေ ဒီကနေ့ထိ ပျက်ရက်မရှိ လမ်းမပေါ် တက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကာ ဆန္ဒပြတဲ့ ယင်းမာပင်-ဆားလင်းကြီးသပိတ်ဟာ ၂၀၂၃ မတ်လ ၉ ရက်က နှစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ သပိတ် နှစ်နှစ်ကာလအတွင်း ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ တော်လှန်ရေးမှာ သပိတ်တွေရဲ့ အရေးပါမှုအကြောင်းတွေကို သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုလွမ်းသူကို မော်ကွန်းက မေးမြန်းထားပါတယ်။ Mawkun Magazine #Dailynews

အပြည့်အစုံဖတ်ရန်

“အဓိကကတော့ အောက်ခြေပြည်သူလူထုပါပဲထိမှာ၊ လုပ်ငန်းတွေကလည်း နားကြရုံ၊ ပြန်ကြရုံပေါ့”

July 26, 2022

အာဏာသိမ်းစစ်တပ်ထိန်းချုပ်လိုက်တဲ့ ဒေါ်လာငွေအကြပ်အတည်းကြောင့် စီးပွားရေးကဏ္ဍမှာ ဘယ်လိုတွေထိခိုက်နေပြီလဲဆိုတာကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးနဲ့ မော်ကွန်းကမေးမြန်းထားပါတယ်။ စစ်ကောင်စီက အညှိုးထားပြီး မတရားအရေးယူခံရမှာစိုးတဲ့အတွက် အမည်မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။ မေး – ခုလက်ရှိ ပြည်တွင်းမှာလုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အတိုင်းအတာက အာဏာမသိမ်းခင်ကနဲ့ ဘာတွေကွာသွားလဲ။ ဖြေ – တကယ်တော့ နိုင်ငံခြားနဲ့ဆက်စပ်ပြီး ပို့ကုန်၊ သွင်းကုန်စီးပွားရေးလုပ်ငန်းတွေက COVID-19 ကာလမှာကတည်းက စပြီးအဆင်မပြေတာ၊ ဒါပေမဲ့ လုပ်လို့ကိုင်လို့ရခဲ့တယ်။ ထိတယ်ဆိုပေမယ့် ဒီခေတ်လောက်ထိတော့မဟုတ်ဘူး။ ဘဏ်တွေနဲ့ ဒေါ်လာအလုပ်လုပ်ရတာ အဆင်ပြေခဲ့တယ်၊ ယုံကြည်မှုရှိခဲ့တယ်။ အခုကတော့ ပို့ကုန်ရော သွင်းကုန်ရော ဒေါ်လာနဲ့လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်ရဲ့ ဒေါ်လာကိုင်တွယ်မှု စီမံခန့်ခွဲမှုအပေါ်မှာ ဘာမှဆက်လုပ်လို့မရဘဲ ငုတ်တုတ်ထိုင်နေရတဲ့ အဆင့်ကိုရောက်နေပြီ။ ရပ်တဲ့သူတွေလည်း ရပ်ကုန်ပြီ။ မကြာခင်ထပ်ပြီးလည်း လုပ်ငန်းငယ်တွေကနေစပြီး ပြိုလဲကြဖို့ရှိတယ်။ မေး – […]

အပြည့်အစုံဖတ်ရန်

” ဒီအစိုးရက နိုင်ငံတော်ကို သစ္စာဖောက်တဲ့အစိုးရ၊ ကိုယ့်အခြေခံဥပဒေကို လက်နဲ့ရေးပြီး ခြေနဲ့ဖျက်တဲ့ အစိုးရ၊ တရားမဝင်တဲ့ အစိုးရ “

February 3, 2021

ဓါတ်ပုံ- Soe Naing Than Fb ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း) တပ်မတော်က နိုင်ငံတောအာဏာကိုသိမ်းယူလိုက်ပြီး နှစ်ရက်အကြာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းလိုက်ခြင်းအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ပါတယ်။ မော်ကွန်း။ ။ မနေ့ကညနေပိုင်းမှာ တပ်မတော်ကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါတဲ့ လူတွေရဲ့နာမည်စာရင်းကိုထုတ်ပြန်တေ့ာ အရပ်သားတွေပါလာတယ်။အဲဒီအပေါ် ဆရာဘယ်လိုမြင်လဲ။ ဦးသန်းစိုးနိုင်။ ။ ကျွန်တော်တွေ့လိုက်တာ အရပ်သား သုံးယောက်ပေါ့။တွေ့လိုက်တဲ့ သုံးယောက်က တစ်ယောက်က ဖဒိုမန်းငြိမ်းမောင်ရယ်၊ သိန်းညွန့်ရယ်၊ ဦးခင်မောင်ဆွေ သုံးယောက်ပေါ့။ သူတို့သုံးယောက်ပါသွားတာ သိပ်မဆန်းဘူး။ ဦးသိန့်ညွန့်နဲ့ ဦးခင်မောင်ဆွေက NLD ကနေ သစ္စာဖောက်ကွဲသွားတဲ့လူတွေ။ နောက်ပြီး ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ပေါင်းပြီးတော့ NLD အစိုးရကို တောက်လျှောက်ဖြုတ်ချတိုက်ခိုက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ ဖဒိုမန်းငြိမ်းမောင်ဆိုတာက ကိုကိုးကျွန်းကထွက်ပြေးတဲ့ အမှတ်သားတော့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတစ်လျှောက်လုံး […]

အပြည့်အစုံဖတ်ရန်
1 2 3 4 38

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."