ကလေး – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း) ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်တိုက်ထုတ်ရေး ဆန္ဒပြပွဲတွေ ပျက်ရက်မရှိဘဲ ဆင်နွှဲလာတာ ဒီကနေ့ဆို ၃၀၅ ရက်မြောက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ ပြန်သိမ်းပိုက်ကြ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးသပိတ်ကို ပျက်ရက်မရှိဘဲ ချီတက်ဆန္ဒထုတ်ဖော်လာတာ ၃၀၄ ရက်ရှိလာတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဒုန်းတော-၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့သတ်ဖြတ်ခံထားရတဲ့အလောင်း လေးလောင်း ဒီကနေ့မနက်ပိုင်းကထပ်မံတွေ့ရှိတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ “ဒီနေ့ထပ်တွေ့တဲ့ဟာက အိမ်ထဲမှာမီးရှို့ခံရတာလေ။ အိမ်တစ်အိမ်မီးရှို့ခံရတာ အဲ့ထဲမှာသူတို့ကပုန်းနေတဲ့အချိန် မထွက်နိုင်တော့တာ။ နောက်ထပ်လေးယောက်ထပ်တွေ့တာ။မိန်းကလေးရောပါတယ်”လို့ အဲဒီဒေသခံကပြောပါတယ်။ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့မီးကျွမ်းနေတဲ့အလောင်းတွေ ထပ်မံတွေ့ရှိရတာလို့ဆိုပါတယ်။ မနေ့ကမုံရွာတစ်ဖက်ကမ်း ရွှေတောင်ဦးကုန်းပေါ်ကဆင်းလာတဲ့စစ်ကောင်စီတပ်တွေမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ရွာထဲကိုစစ်ဆေးပြီး စစ်ကောင်စီတပ်တွေက ဒုန်းတောရွာသား ၁၁ ဦးကို ကြိုးတုတ်မီးရှို့သတ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာ ဒုန်းတောရွာခံတွေအပြင် ဒုန်းတောနဲ့အနီးတဝိုက်မှာရှိတဲ့ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊အုန်တုံပင်၊ကျေးစာကျ စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်ကဒေသခံတွေထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Salingyi GZ အဖွဲ့ကလည်း ည၇နာရီကနေမနက်၆နာရီအတွင်း မုံရွာ-ပုသိမ်လမ်းနဲ့ ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းကိုအသုံးမပြုကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) လာမည့် ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ မြို့ခံပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ကလေးမြို့ ပင်မသပိတ်ကော်မတီက ဒီကနေ့ လှုပ်ရှားမှုတွေ ပြုလုပ်ပါတယ်။ မြို့ထဲက ဈေးတွေ ၊ လမ်းမတွေပေါ်မှာ လှုံ့ဆော်အသိပေးစာတွေ လိုက်လံဝေငှခဲ့ကြတာပါ။ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ကြမှာဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ကပေါင်းကျကျေးရွာကိုဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရိုက်ဖျက်တာတွေပြုလုပ်ခဲ့လို့ အိမ်တော်တော်များများပျက်စီးသွားခဲ့ပြီး အရေအတွက်အတိအကျမသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။ ကပေါင်းကျရွာကနေ စစ်ကြောင်းပြန်ခေါက်လာတဲ့ စစ်ကောင်စီတပ်ကို စီတုံးလုံးချောင်း၊ မယ်တော်ကြီးနတ်နန်းတောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူတွေရှိကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ TPCက ထုတ်ပြန်ပါတယ်။ တန့်ဆည်နယ်မြို့နယ် စင်းသင်းရွာမြောက်ဘက်၊ စိုင်ဂေါင်းချောင်းအနီး ရွှေမြောတဲတိုက်မှ ရွှေလုပ်နေသူ အရပ်သားသုံးဦးကိုလည်း သတ်ဖြတ်ပြီး အလောင်းမြေမြှုပ် ဖျောက်ဖျက်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ် တောင်ကြောင်းကျေးရွာ အနောက်ဘက် ၃၃ မိုင် ၀က်သိုက်တောအနီးကနေ […]
မုံရွာ – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် နှစ်နေရာက စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်အစောပိုင်းက နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နံနက် ၂:၀၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်များတပ်စွဲထားရာ ချင်းတွင်းတံတားအနောက်ဘက် ရွှေတောင်ဦးတပ်ကုန်းကို လက်နက်ကြီးတွေနဲ့အချက် ၂၀ခန့် သွားရောက်ပစ်ခက်ခဲ့ရာ ၇ချက်ခန့် ထိမှန်နိုင်ကြောင်း၊ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့အတွက် အဆုံးတိုင် လက်တုန့်ပြန်သွားမယ်လို့ မြောက်ယမားပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်တပ်တွေက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါပစ်ခတ်မှုဖြစ်ပွားအပြီး ၃ နာရီနီးပါးအကြာ မန္တလေး-မုံရွာလမ်း၊မုံရွာမြို့အဝင်မုခ်ဦးစစ်ကောင်စီတပ်စခန်းကိုလည်း ကားနဲ့ အလစ်အငိုက် လာရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိကာ ထိခိုက်မှုအရေအတွက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့-အောက်ချင်းတွင်းက သတင်းထုတ်ပြန်ပါတယ်။ ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာက အပြစ်မဲ့ပြည်သူ ၁၁ ဦး […]
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာဟာ အခုဆို လေးလနီးပါးရှိလာပါပြီ။ သတင်းအချက်အလက်တွေ မျှဝေလို့မရအောင် ခုလို အင်တာနက်ကွန်ရက်တွေ ပိတ်ချထားပေမယ့် ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ကတော့ ပုံမှန်ချီတက် ဆန္ဒထုတ်ဖော်နေဆဲပါ။ ဒီကနေ့မှာလည်း သပိတ်ဟာ မြို့ထဲကို လှည့်လည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ #Dailynews
ဒီပဲယင်း – ၂၀၂၁ ဒီဇင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ်တွေဟာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းချထားမှုကို လိုက်လံစောင့်ကြည့်နေပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေစခန်းချတဲ့နေရာကို သုံးဘက်ပိတ်ပြီး PDF တွေက ဦးစွာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲချိန် နှစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာလာတာကြောင့် လေကြောင်းပစ်ကူတွေပါအသုံးပြုလာပြီးနောက် ကျန်ရှိတပ်သားတွေလည်ရ ဆုတ်ခွာသွားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အများအပြားသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း၊ PDFဘက်ကတစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိကြောင်း ဒေသခံကဆိုပါတယ်။ ဒီပဲယင်းမြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေပြန်လည်စတင်ဖြစ်ပွားနေတာကြောင့် ကျေးရွာ ၁ဝ ရွာထက်မနည်းက […]
ရေး – ၂၀၂၁ ဒီဇင်ဘာ ၇ (မော်ကွန်း) မွန်ပြည်နယ်ရေးမြို့က စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် အနောက်မှာရှိတဲ့ ဆက်သွယ်ရေးတပ်ကို ဒီကနေ့ နေ့လယ်ပိုင်းက လျှော့တိုက်ဒုံးနဲ့ ပစ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အဝေးပစ်နဲ့လှမ်းပစ်တာ၊ လူအထိအခိုက်မရှိဘူး၊ တပ်ခြံစည်းရိုးတော့ပွင့်သွားတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ အဆိုပါ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်ကို တာဝေးပစ် လျှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YSTF က ဆိုပါတယ်။ YSTF အနေနဲ့ ခေတ်မီလက်နက်တွေကို စမ်းသပ်ထုတ်လုပ်နေတာဖြစ်ပြီးယခုပစ်ခတ်မှုမှာ အောင်မြင်စွာ ပစ်ခတ်နိုင်တယ်လို့ ကြေညာပါတယ်။ မွန်ပြည်နယ်ရေးမြို့က မြို့မရဲစခန်းကိုလည်း ဒီဇင်ဘာ ၆ရက်နေ့ က ကြည့်မြင်တိုင်သပိတ် ဖြိုခွင်းခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့သေးပါတယ်။ #Dailynews
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၆(မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ကားနှင့်တိုက်သတ်ခဲ့သည့် ရန်ကုန်သပိတ် လူငယ်များနှင့်အတူ ရပ်တည်ကြောင်း ဖားကန့်မြို့ပင်မသပိတ်စစ်ကြောင်းက ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။ စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ကျူးလွန်မှုကို ဖားကန့်မြို့ခံနေရတာဟာ သုံးလခွဲကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြောင်းလည်း သပိတ်က ပြသခဲ့ကြပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၆ရက် (မော်ကွန်း) ဒီကနေ့ ဒီဇင်ဘာ ၆ ရက်ည ၈နာရီ ရန်ကုန်မြို့ ရဲ့နေရာတော်တော်များများ မှာ သံပုံးတီးသံတွေ ပြန်လည်အရှိန်မြင့်လာပါတယ်။ “မိုးရွာတာလားမသိဘူးဆိုပြီးထွက်ကြည့်တာ။ သံပုံးတွေတီးနေကြတာ။ အဲ့လိုနဲ့ကျွန်တော်တို့လည်း ထွက်တီးကြတာ” လို့ သုဝဏ္ဏမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးကပြောပါတယ်။ မနေ့က ကြည်မြင့်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းက ပျောက်ကြားသပိတ်ကို စစ်ကောင်စီတပ်တွေ ကားနဲ့တိုက်ပြီး အနည်းဆုံး လူငယ်လေးဦးကျဆုံးသွားပြီး အများအပြားဖမ်းခံခဲ့ရပြီးနောက် ညပိုင်း သံပုံတီးသံတွေ ပြန်လည်မြင့်တက်လာတာပါ။ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ တို့နဲ့ ထောင်ဒဏ်လေးနှစ်စီ၊ နောက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဌဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ၅၀၅(ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် အသီးသီး ဒီကနေ့ […]
အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ဒီကနေ့ နယ်ခံPDF တွေနဲ့ ပျူစောထီးတွေပါဝင်တဲ့စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီး ၅ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ သလဲဘာကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို အရာတော် – မြင်းမူ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနက် ၄:၀၀ နာရီခန့်မှာ သလဲဘာရွာတွင်း၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မနက် ၆:၀၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ သလဲဘာရွာထဲမှ ပျူစောထီးခေါင်းဆောင်တွေရဲ့ နေအိမ်တချို့ကို ပြည်သူပိုင်အဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းချိတ်ပိတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အလားတူ ဒီကနေ့မွန်းလွဲပိုင်းက ကန့်ဘလူမြို့နယ်မှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."