ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာဟာ အခုဆို လေးလနီးပါးရှိလာပါပြီ။
သတင်းအချက်အလက်တွေ မျှဝေလို့မရအောင် ခုလို အင်တာနက်ကွန်ရက်တွေ ပိတ်ချထားပေမယ့် ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ကတော့ ပုံမှန်ချီတက် ဆန္ဒထုတ်ဖော်နေဆဲပါ။
ဒီကနေ့မှာလည်း သပိတ်ဟာ မြို့ထဲကို လှည့်လည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကိုထောက်ခံကြောင်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
#Dailynews

