သတင်းများ

အရာတော်မြို့နယ် သမရိုးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းတွေ ယူသွား

November 30, 2021

အရာတော် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သမရိုးကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က အရာတော်အရှေ့နယ်၊ သမရိုးကျေးရွာကို စစ်ကောင်စီတပ်တွေဟာ အင်အား(၅၀)ခန့်နဲ့ ဝင်ရောက်လာခဲ့ပြီး ရွာထဲက ပြည်သူတွေရဲ့နေအိမ်တွေ၊ စတိုးဆိုင်တွေကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများကိုလည်း ယူသွားခဲ့ကြောင်း ဒေသခံတွေက​ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကွန်ပျူတာ၊ ဖုန်းတွေနဲ့ ငွေစုထားတဲ့ ကလေးစုဘူးပါမကျန် သိမ်းဆည်းသွားပြီး နေအိမ်နဲ့ဆိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ စုစုပေါင်း အနည်းဆုံးသိန်း(၅၀)ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့မနက် ၅း၀၀ နာရီခန့်ကလည်း အရာတော်-မုံရွာ ကားလမ်းမပေါ်မှာ အိမ်စီးကားနဲ့လာတဲ့ စစ်ကောင်စီ တပ်သားတွေကို မဟာမိတ် ခုနှစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ […]

အပြည့်အစုံဖတ်ရန်

စစ်ကြောရေးမှ ပြန်လွတ်ပြီး တစ်လကျော်အကြာတွင် ကွယ်လွန်သွားသည့် NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်၏ ယနေ့ နာရေးမြင်ကွင်း

November 30, 2021

ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ဟာ စစ်ကောင်စီရဲ့ စစ်ကြောရေးကနေ ပြန်လည်လွတ်မြောက်လာပြီး တစ်လကျော်အကြာမှာ နှလုံးရောဂါနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။ မုံရွာအောင်ရှင်ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ မုံရွာအောင်ရှင်ဟာ အသက် (၇၇)နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ မုံရွာအောင်ရှင်ဟာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံရှိပြီး နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့လယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း လူငယ်တွေ ဆန္ဒပြ

November 30, 2021

ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့လယ်၌ လူငယ်များက ချီတက်ဆန္ဒပြသည်။ “Antifascist – Action” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ဟု ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ယခုဆန္ဒပြပွဲကို အထွေထွေသပိတ်ကော်မတီ (GSC) နှင့် ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ ၊ ဗိုလ်တထောင်ပုဇွန်တောင်လူငယ်သပိတ်ကော်မတီ ၊ တာမွေမြို့နယ်သပိတ်ကော်မတီ ၊ သာကေတမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ကြသည်ဟု GSC က လူမှုကွန်ရက်စာမျက်နှာမှာတွင် ဖော်ပြထားသည်။ အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နေရာစုံတွင် ပြောက်ကျားသပိတ်များ ခပ်စိတ်စိတ် ပြန်လည်ပေါ်ပေါက်နေပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည်ကို တွေ့ရသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

၂၉၅ ရက်မြောက် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် လမ်းပေါ်တက် ဆန္ဒပြ

November 30, 2021

ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၉ (မော်ကွန်း) “လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူကို သတ်ဖြတ်နေခြင်း ချက်ခြင်းရပ်”ဆိုသည့်ကြွေးကြော်သံနှင့်အတူ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ ဒီကနေ့ လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ဟာ ရက်ပေါင်း ၂၉၅ ရက်မြောက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီ ဒီပဲယင်းမှာ မီးရှို့ ဖျက်ဆီးမှုတွေ ဆက်လက်ကျူးလွန်နေ

November 30, 2021

ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ ကျေးရွာတွေကိုဝင်ရောက်ဖျက်ဆီးမီးရှို့တာတွေ ဆက်လက်ပြုလုပ်နေပြီး ပြည်သူတွေရဲ့ပစ္စည်းတွေနဲ့ ဘုန်းကြီးကားကိုပါသိမ်းဆည်းတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နေ့ကတည်းက ကျေးရွာတွေကို ရဟတ်ယာဥ်တွေနဲ့ပစ်ခတ်တဲ့အထိ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၂၈ ရက်နဲ့ ဒီကနေ့တွေမှာလည်း ဖျက်ဆီးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဆပ်ပြာကျင်းတောတိုက်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး လယ်ထွန်စက် ဆိုင်ကယ်နဲ့ စက်ဘီးများလည်းမီးထဲပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆပ်ပြာကျင်းတောတိုက်မှာ နေကြတဲ့ ပြည်သူတွေရဲ့ ဆန်တွေကို သွန်ပစ်ပြီး ရွှေ ငွေ တွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တောင်သူခွင် လုပ်ငန်းဝင်ချိန်များပင်လျှင် လုပ်ငန်းဖြောင့်ဖြောင့်မလုပ်နိုင်လောက်အောင် စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတိုင်း တိမ်းရှောင်လိုက် ရွာပြန်ကပ်လိုက်နဲ့ အခက်အခဲကြီးမားပါတယ်”လို့ […]

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပြည်သူ့သပိတ် လမ်းမပေါ်တက် ဆန္ဒပြ

November 30, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၉ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလကျော်လာပြီဖြစ်ပေမယ့် ဖားကန့်မြို့ပြည်သူတွေရဲ့ သပိတ်တိုက်ပွဲတွေကတော့ ရပ်တန့်သွားခြင်းမရှိပါဘူး။ ဒီကနေ့မှာလည်း ဖားကန့်မြို့ လူမျိုးပေါင်းစုံ ပြည်သူ့သပိတ်စစ်ကြောင်းဟာ အင်အားကောင်းကောင်းနဲ့ လမ်းမပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ NUG ၊ KIA ၊ PDF တွေကို ထောက်ခံကြောင်း၊ အဆုံးထိတိုက်ပွဲဝင်သွားမယ့်အကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ မှတ်တမ်း – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဖားကန့်ပြည်သူများ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန္ဒပြ

November 29, 2021

ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း) အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့မှာ ဒီကနေ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြပါတယ်။ လုံးခင်း၊ ဝှေခါး၊ ဆိုင်းတောင်နဲ့ ဖားကန့်တို့က ပြည်သူတွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကာ KIA ၊ PDF နဲ့ NUG တို့ကို ထောက်ခံကြောင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရုပ်သံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် နှလုံးရောဂါဖြင့် သေဆုံး

November 28, 2021

ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း) NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ ဒီနေ့မနက် ၆ နာရီခွဲခန့်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလ ၁၈ ရက်မှ ပြန်လည် လွတ်မြောက်ခဲ့တာပါ။ အာဏာသိမ်း စစ်ကောင်စီရဲ့ ရေကြည်အိုင် စစ်ကြောရေးစခန်းမှ လွတ်မြောက်လာပြီးနောက် ရက် ၄၀ ကြာမှ သေဆုံးသွားခဲ့တာပါ။ မုံရွာအောင်ရှင်ဟာ အသက် (၇၇)နှစ်ရှိပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး နဲ့ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာချုပ်တာဝန်ကိုထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ မုံရွာအောင်ရှင်ဟာ ယခင်က ပန်းနာရင်ကြပ်ရောဂါခံရှိပြီး နေအိမ်မှာပဲ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူကို သတ်ဖြတ်နေခြင်း ချက်ခြင်းရပ်” စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ သပိတ် ချီတက်ဆန္ဒပြ

November 28, 2021

ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ပြည်သူတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်သတ်ခဲ့လို့ မနေ့က ကျည်ထိမှန် သေဆုံးသူတွေရှိခဲ့ပြီး ဒီလုပ်ရပ်အပေါ် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်က ဆန္ဒပြသပိတ်မှောက်လိုက်ပါတယ်။ “လေကြောင်းတိုက်ခိုက်မှုနဲ့ ပြည်သူကို သတ်ဖြတ်နေခြင်း ချက်ခြင်းရပ်”ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ကလေးမြို့ ပင်မသပိတ်ဟာ လှည့်လည်ချီတက် ဆန္ဒပြကြပါတယ်။ ဒီကနေ့ဟာ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ၂၉၄ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပစ်သတ်တဲ့ ဒီပဲယင်းမှာ စစ်ရှောင် ထောင်ချီရှိလာ

November 28, 2021

ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူတွေကို ပစ်သတ်ခဲ့ပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်နေရသူ ထောင်ချီရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ အခုလို ရဟတ်ယာဉ်တွေနဲ့ မပစ်ခတ်မီ ယခင်ရက်တွေကတည်းက ဒီပဲယင်းနယ်က ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာပါ။ မနေ့က ညနေပိုင်းမှာတော့ ရဟတ်ယာဉ်တွေနဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးရတဲ့ ဒေသခံပြည်သူတွေရှိခဲ့ပါတယ်။ “ကျည်ထိတဲ့သူတွေကတော့ ညောင်လှမှာတင် ကွမ်းယာဆိုင်နားတစ်ယောက်၊ ဆီဆိုင်နားတစ်ယောက်ထိထားတယ်။ တချို့လည်းအဆက်အသွယ်မရဘူး။ ကျဆုံးတစ်ယောက်တွေ့ရတယ်လည်းပြောတယ်။ အကုန်လုံးထွက်ပြေးနေရတော့ အတည်ပြုလို့မရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ညောင်လှကျေးရွာက ကလေးငယ်တစ်ဦးလည်း ပြေးရင်းလွှားရင်းပျောက်ဆုံးသွားတာကြောင့် လိုက်ရှာနေကြပေမယ့် ခုမနက်ထိရှာမတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းအရှေ့ခြမ်းရှိ ညောင်လှ၊ မိုးညှင်းကုန်း၊ ဝဲကြီး၊ […]

အပြည့်အစုံဖတ်ရန်

အမျိုးသားနေ့အထိမ်းအမှတ် စစ်အာဏာရှင်ကို မန္တလေးမှာ ဆန့်ကျင်တော်လှန် ဆန္ဒပြ

November 28, 2021

မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့မှာ သံဃာတော်တွေနဲ့အတူ မန္တလေးက ကျောင်းသားပြည်သူတွေ၊ တက်ကြွတဲ့ အမျိူးသမီးတွေ အားလုံးစုပေါင်းပြီး မန္တလေးမြို့တွင်းလမ်းမထက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ “ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာဘယ်ကောင်နေရဲလဲ” “ထန်တလန် နှင့် ဒီပဲယင်း” နောက်မှာ ငါတို့ရှိတယ် အားတင်းထားပါ” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ “အာဏာရှင်ဆိုတာ ဘယ်တော့မှအရှင်ထွက် မထွက်ဘူး၊” “ရှေ့ကိုချီတက် တွဲလက်ခိုင် လွတ်လပ်ရေး ပန်းတိုင် လှမ်းနိုင်ခဲ့တာ တို့မမေ့ ထူးမြတ် အမျိုးသားနေ့” စတဲ့ စာသားများကိုင်‌ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ Poison #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကျွန်မခံ “ဘူး” ငြင်းဆန် ၊ အမျိုးသားနေ့အဓိဌာန် ကလေးမြို့ သပိတ်စစ်ကြောင်း လမ်းမပေါ်တက်ဆန္ဒပြ

November 27, 2021

ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ စစ်ကျွန်မခံ “ဘူး” ငြင်းဆန် ၊ အမျိုးသားနေ့အဓိဌာန် ဆောင်ပုဒ်နဲ့ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရက်ပေါင်း ၂၉၃ ရက်မြောက် ချီတက်ဆန္ဒပြခဲ့တဲ့ ဒီသပိတ်ဟာ ပြည်သူတွေကို အာဏာရှင်အလိုကျ ငြိမ်ခံမနေဘဲ အလံနဲ့အသံကြားရာအရပ်က ပူးပေါင်းပါဝင်ဖို့ တောင်းဆိုထားပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 216 217 218 219 220 221 222 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."