မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း) ဒေါက်တာတေဇာဆန်းကိုဖမ်းပြမယ်လို့ကြွေးကြော်ခဲ့သူ စစ်ကောင်စီသတင်းပေး ဦးကျော်သင်းဆိုသူ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက် နေ့လယ် ၂း၃၀ အချိန်ခန့်က မန္တလေးမြို့၊ ၈၆လမ်း၊ ဗိုလ်အိမ်မီးပွိုင့်အနောက်ဘက် ဒေါနခြံရပ်ကွက်၊ ရွှေတချောင်းဘေးမှာရှိတဲ့ ဇွဲအောင်လက်ဖက်ရည်ဆိုင်ထဲမှာ ဦးကျော်သင်းဆိုသူကို လူတစ်စုကနေ ပစ်ခတ်သွားခဲ့တာဖြစ်ကြောင်း မြို့ခံများက ပြောပါတယ်။ “ခေါင်းကိုခြောက်ချက်ပစ်ခံရတာလို့ပြောတယ်။ အရေးပေါ်ကားနဲ့သယ်သွားတာ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ခံရသူ ဦးကျော်သင်းဟာ ကြံ့ဖွံ့ပါတီကဖြစ်ပြီး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကိုဖမ်းပြမယ်လို့ လူမှုကွန်ရက်ပေါ်တင်ခဲ့ဖူးပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ ဗိုလ်ကြီးတစ်ဦးရဲ့အိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ရန်ကုန် ကြည့်မြင်တိုင်ဖြစ်စဥ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း Mandalay […]
မုံရွာ-၂၀၂၁ဒီဇင်ဘာ၆(မော်ကွန်း) မုံရွာမြို့၊ဘုန်းစိုးရပ်ကွက် ဘုန်းစိုးလမ်းထဲမှာ ဒီနေ့မနက် ၁၀:၀၀ နာရီဝန်းကျင်က အမျိုးသားငါးဦးဆိုင်ကယ်နှစ်စီးနဲ့မောင်းနှင်လာချိန် စစ်ကောင်စီတပ်တွေက သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် လေးဦးဖမ်းခံရပြီးတစ်ဦးလွတ်မြောက်သွားတယ်လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်။ “သူတို့ကလမ်းမပေါ်မဟုတ်ဘူး။ရပ်ကွက်လမ်းထဲမှာစီးလာကြတာ။ နှစ်ယောက်တစ်စီးသုံးယောက်တစ်စီး။အဲ့အချိန်စစ်ကားနဲ့တိုးတာ လိုက်ပစ်တော့လေးယောက်ဖမ်းခံလိုက်ရတယ်။တစ်ယောက်တော့လွတ်သွားတယ်”လို့ ၎င်းဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးအမျိုးသားငါးဦးရဲ့ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ လက်ရှိအချိန်ထိမသိရသေးပါဘူး။ အာဏာသိမ်းစစ်ကောင်စီက မုံရွာမြို့မှာ အမျိုးသားနှစ်ဦးဆိုင်ကယ်မစီးရလို့ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ဒီဇင်ဘာ ၂ ရက်ကလည်း အလုပ်ကအပြန် ဆိုင်ကယ်နှစ်ယောက်ပိုးစီးလာတဲ့ အမျိုးသားနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးလွတ်မြောက်ခဲ့ပါတယ်။ #Dailynews
နေပြည်တော်-၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း) အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဌဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ဇမ္ဗူသီရိတရားရုံးက ဒီကနေ့ထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)တို့အတွက် အပြီးသတ်အမိန့်ချမှတ်လိုက်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို တစ်မှုကို နှစ်နှစ်စီနဲ့ စုစုပေါင်းထောင်ဒဏ် လေးနှစ်ချမှတ်ခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်ကိုတော့ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)တစ်မှုနဲ့ ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အာဏာသိမ်းစစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မ ၁၂ ခုနဲ့ တရားစွဲဆိုထားတာပါ။ ဒီအမှုတွေနဲ့ အမိန့်ချမှတ်လိုက်တဲ့အပေါ် ၎င်းတို့ရဲ့ ရှေ့နေအဖွဲ့နဲ့ဆက်သွယ်ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။ #Dailynews
မြစ်ကြီးနား – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း) ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ စုပေါင်းရုံးများရှိ ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်တရားလွှတ်တော်ရှေ့မှာရပ်တန့်ထားတဲ့ အိမ်စီးကားသုံးစီးရဲ့ကား ရှေ့ခြမ်းတွေနဲ့ကားမှန်တွေရယ်တရားလွှတ်တော် ဆိုင်းဘုတ်ရယ် ထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံဆိုပါတယ်။ ” အတိအကျဆိုရင် ၁၁ :၀၂ မိနစ်မှာထကွဲတာ။ တရားလွှတ်တော်ရုံးဆိုင်းဘုတ်ရှေ့မှာရပ်ထားတဲ့ အိမ်စီးကားတွေကားရှေ့ခြမ်းထိတယ်။ကားမှန်တွေကွဲတယ်။ တရားလွှတ်တော်ဆိုင်းဘုတ်လည်း ပျက်စီးသွားတယ်။ လူထိ ခိုက်တာမျိုးတော့မရှိဘူး”လို့ မြစ်ကြီးနားမြို့ ဒေသခံတဦးက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေနဲ့ရဲတွေရောက်ရှိလာပြီး စစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အနီးက စစ်ကောင်စီလက် အောက်ခံ ရဲစခန်းရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ #Dailynews
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ရက်ပေါင်း ၃၀၂ ရက် ဒီကနေ့ထိ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ” ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” ဆောင်ပုဒ်နဲ့အတူ လူငယ်တွေနဲ့ ပြည်သူတွေဟာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မိုးကုတ် – ၂၀၂၁ ဒီဇင်ဘာ ၄ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီဇင်ဘာ မနေ့ညနေပိုင်းက အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်မှာရှိတဲ့ ခဲခွဲစက်လုပ်ငန်း နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး နှစ်ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” သူတို့က အပြစ်မရှိဘူး။ ဘာကြောင့်ပစ်ခံရတာလဲမသိဘူး။ စစ်သားတွေက ပစ်ပြီးတော့ ဆိုင်ကယ်၊မီးစက်၊ ကျောက်သွေးခုံကအစ အကုန် ကားနဲ့တင်သွားတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ပစ်သတ်ခံရသူတွေအပြင် ဖမ်းဆီးခံထားရသူတွေရှိတယ်လို့ နီးစပ်သူ တွေဆီကသိရပါတယ်။ မိုးကုတ်မြို့မှာ ဒီကနေ့လည်း စစ်ကောင်စီတပ်တွေက ရပ်ကွက်တွေအတွင်း အင်အားအလုံးအရင်းနဲ့ဝင်ရောက်ရှာဖွေတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ #Dailynews
ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၅ ( မော်ကွန်း ) ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ် မှာ ချီတက်ကြတဲ့ အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်၊ ကားနဲ့ဝင်တိုက်ကာ အကြမ်းဖက် ဖြိုခွဲတာကြောင့် အနည်းဆုံး သုံးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရ၊ အဖမ်းခံရတယ်လို့ လွတ်မြောက်လာသူတချို့က ပြောပါတယ်။ ” ဒီမနက်သပိတ်ကို အနောက်က ကားနဲ့ဝင်တိုက်တာ။ သေနတ်နဲ့လည်းပစ်တယ်။ အတုံးအရုန်းလဲကုန်ကြတာ တွေ့ရတယ်။ ကျနော်က ခြေထောက်ဒဏ်ရာရခဲ့ပေမယ့် အခု လုံခြုံတဲ့နေရာ ရောက်ပါပြီ” လို့ ဆန္ဒပြပွဲကို သတင်းသွားယူခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။ သီးခြားအတည်ပြုလို့ မရသေးပေမယ့် MPA သတင်းဌာနက သတင်းထောက်တစ်ဦးအဖမ်းခံခဲ့ရသလို ဆန္ဒပြသူ သုံးဦးကနေ ငါးဦးအထိ ကျဆုံးခဲ့ကာ အများအပြား အဖမ်းခံရတယ်လို့ ပြောက်ကျားသပိတ်ကော်မတီဝင်တချို့က […]
ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ ၅ ( မော်ကွန်း) ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်က အာဏာရှင်ဆန့်ကျင်သော လူငယ်တွေရဲ့ ဆန္ဒပြသပိတ်ကို စစ်ကောင်စီတပ်သား တွေက အနောက်ဘက်ကနေ စစ်ကားနဲ့ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးတာကြောင့် ယနေ့မနက်ပိုင်းမှာ လူငယ်လေးဦးကျဆုံးကာ အများအပြားဒဏ်ရာရ၊ အဖမ်းခံရတယ်လို့ မျက်မြင်တွေ့သူတချို့က ပြောပါတယ်။ “ နောက်က ကားနဲ့ တိုက်တယ်။ အရှိန်ပြင်းပြင်းနဲ့တိုက်လို့သေသွားတယ်။ ပြီးတော့သေနတ်ကို မိုးပေါ်တောင် ပစ်တယ်။ လေးယောက်က ကားနဲ့ဝင်တိုက်တာ။ နေရာမှာတင် ပွဲချင်းပြီးပဲဗျာ” လို့ ဒေသခံတစ်ဦးက ပြောတယ်။ အနီးအနားတိုက်တွေပေါ် တက်ပြေးကြတဲ့ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့သလို ကျဆုံးသွားတဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ်သား တွေက သယ်ယူသွားတယ်လို့ ကြည့်မြင်တိုင် ဒေသခံတချို့က ပြောပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တခုအရ ချီတက်လမ်းလျှောက်နေတဲ့ […]
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၅ (မော်ကွန်း) စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ၃၀၁ ရက်ရှိလာခဲ့ပြီး ဒီကနေ့မှာလည်း လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကနီ – ၂၀၂၁ ဒီဇင်ဘာ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာ ရှစ်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မွှေနှောက်နေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ငွေသားနဲ့ပစ္စည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကနီမြို့နယ်ထဲက နတ်ကြီးကျေးရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာရှစ်ရွာကို နိုဝင်ဘာ၂၅ရက်နေ့ကနေ စတင်ဝင်ရောက်လာပြီး ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း၊ နတ်ကြီးရွာမှ အဖျော်ယမကာရောင်းတဲ့အိမ်က ငွေသား ၁၈သိန်းနဲ့ တခြားနေအိမ်တစ်အိမ်က ငွေသားငါးသိန်းခွဲတို့သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှ အာဏာသိမ်းစစ်တပ်ကပြန်ထွက်သွားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတချို့ အခုမှ ပြန်လာပြီး အိမ်တွေကို လာကြည့်နိုင်ကြတာပါ။ အိမ်အတော်များများကိုဝင်ရောက်မွှေ နှောက်ထားပြီး နေအိမ်တစ်အိမ်ကိုတော့ အိမ်နဲ့သုံးဘီးဆိုင်ကယ်ကိုပါဖျက်ဆီးသွားကြောင်း၊ ပစ္စည်းတွေလည်း ယူဆောင်သွားတာတွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ယမကာဆိုင်က […]
ကလေး – ၂၀၂၁ ဒီဇင်ဘာ ၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ သပိတ်ဟာ ဒီကနေ့ ရက် ၃၀၀ ပြည့်ခဲ့ပြီး နံနက်စောစောမှာ လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ ပင်မသပိတ်စစ်ကြောင်းရဲ့ ဆောင်ပုဒ်ကတော့ “မင်းတို့ဘယ်လောက်မီးရှို့ရှိူ့တော်လှန်ပန်းတွေပွင့်လန်းနေမယ်” ဖြစ်ပါတယ်။ Photo-CJ #Dailynews
မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၄ (မော်ကွန်း) စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံရတဲ့ မန္တလေး မဟာအောင်မြေမြို့နယ်မှာ “ငါတို့ တိုင်းပြည် အနာဂတ်အတွက် ငါတို့ကိုယ်တိုင် တိုက်ပွဲဝင်မယ်”လို့ ကြွေးကြော်ရင်း စုပေါင်းသပိတ်စစ်ကြောင်းဟာ ဒီကနေ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မဟာအောင်မြေ စုပေါင်းသပိတ်စစ်ကြောင်းက လူငယ်တွေဟာ ကြောက်ခေတ်ကို မှောက်ပစ်ကြ၊ တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်၊ စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်၊ သွေးကြွေးမှာဆွေးနွေးစရာမရှိ၊ အလံမလိပ်အသံမတိတ် စတဲ့ ကြွေးကြော်သံတွေနဲ့အတူ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့မှာ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ် ခြောက်ခုလုံးမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက ဆိုင်ကယ်တွေကားတွေကို လှည့်လည်စစ်ဆေး တင်းကျပ်နေပါတယ်။ ဓါတ်ပုံ-Poison #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."