ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၆(မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ကားနှင့်တိုက်သတ်ခဲ့သည့် ရန်ကုန်သပိတ် လူငယ်များနှင့်အတူ ရပ်တည်ကြောင်း ဖားကန့်မြို့ပင်မသပိတ်စစ်ကြောင်းက ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။
စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ကျူးလွန်မှုကို ဖားကန့်မြို့ခံနေရတာဟာ သုံးလခွဲကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။
ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံကြောင်းလည်း သပိတ်က ပြသခဲ့ကြပါတယ်။
#Dailynews

