သတင်းများ

“အမှောင်မှိက်ဆုံးအချိန်ဟာ ရောင်နီလာတော့မယ့်အချိန်ပါပဲ” ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

December 15, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၅ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ လမ်းမပေါ်တက် ဆန္ဒဖော်ထုတ်တာ ရက်ပေါင်း ၃၁၁ ရက်ရှိလာတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်အဖြတ်ခံထားရဆဲ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်

December 15, 2021

ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး သတင်းအချက်အလက် စီးဆင်းမှူ နှေးကွေးအောင် လုပ်ထားတာ လေးလနီးပါးရှိလာနေပါပြီ။ ဒီလို သတင်းအချက်အလက်ရရှိမှုအခွင့်အရေးချိုးဖောက်ခံနေရပေမယ့်လည်း ဖားကန့်မြို့က တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ဟာ နေ့စဉ် လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်နေဆဲပါ။ ဒီကနေ့မှာလည်း ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထောက်ခံအားပေးကြောင်း ဖားကန့်သပိတ်က ပြသခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

တန့်ဆည်မှာ မိုင်းဆွဲခံရလို့ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးအပါအဝင် သေဆုံးသူများရှိ

December 15, 2021

တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦး အပါအဝင် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ ညနေ ၆း၄၅ ခန့်က တန့်ဆည်မြို့နယ်၊ရွာသာယာရွာကနေ ပြန်လာတဲ့ အိမ်စီးကားတစ်စီးနဲ့ ဆိုင်ကယ်ငါးစီးကို မှန်ကြိုင်၊မှန်ရင်းမူးဘောင်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီရဲနှစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ “ပေါက်ကွဲပြီးတော့ သေနတ်တွေရမ်းပစ်တာ တော်တော်ကို ဆူညံသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုမှာ ပြည်သူ့ရဲဘော်များအထိအခိုက်မရှိဘူးလို့ တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့-TPCက သတင်းထုတ်ပြန်ပါတယ်။ ညပိုင်း ၉:၀၀ နာရီဝန်းကျင်မှာလည်း တန့်ဆည်မြို့တွင်း အ.ထ.က ကျောင်းနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ချောင်းဆုံရွာက စစ်ခေါင်းဆောင်မိသားစုပိုင် မိုင်တဲတာဝါတိုင်လည်း ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ […]

အပြည့်အစုံဖတ်ရန်

“နွေဦးမှာစခဲ့တဲ့တော်လှန်ရေး နွေဦးမှာပဲ အဆုံးသတ်မယ်” စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း ယနေ့မြင်ကွင်း

December 14, 2021

ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း) ဖားကန့်မြို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှုကို ခံနေရတာ လေးလနီးပါးရှိလာပေမယ့်လည်း စစ်အာဏာရှင်ကို နေ့စဉ် ဆန့်ကျင်တော်လှန်နေတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ရက်ပေါင်း ၃၁၀ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ် ယနေ့မြင်ကွင်း

December 14, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း) ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွက် ဆန္ဒပြတဲ့ ကလေးမြို့ပင်မသပိတ်ရဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အရာတော် ကဲဘာရွာကို အာဏာသိမ်းစစ်ကောင်စီနဲ့ ပျူစောထီးတွေ မီးရှို့လို့ အိမ်ခြေ ရာချီကာ ပျက်စီး

December 14, 2021

အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကဲဘာကျေးရွာကို မနေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေရာချီပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ ကဲဘာကျေးရွာကို စစ်တပ်နဲ့ ဒေသခံပျူစောထီးတွေဟာ လက်နက်ကြီးတွေ ပစ်ဖောက်ဝင်ရောက်လာလို့ဒေသခံပြည်သူတွေ ပြေးလွှားရှောင်တိမ်းခဲ့ရပါတယ်။ အဲဒီနောက် စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရွာလုံးကို မီးရှို့ပစ်ခဲ့ရာ ကဲဘာရွာမှ အိမ်ခြေ(၁၀၀)နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ပြီးဆန်အပါအဝင်စားနပ်ရိက္ခာတွေကိုလည်း ဖျက်ဆီးသွားခဲ့ပါတယ်။ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ငြှိမ်းသတ်သူမရှိဘဲ နေ့လယ်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေ သလဲဘာရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ ရွာခံလူငယ်တချို့က မီးငြှိမ်းသတ်ခဲ့ရတာကြောင့် ညနေ (၃)နာရီခန့်မှ မီးငြိမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ကဲဘာရွာအပါအဝင် အရာတော်နယ်ထဲက ရွာပေါင်း ၁၅ […]

အပြည့်အစုံဖတ်ရန်

အကြမ်းဖက်ဖမ်းဆီးမှုတွေရှိပေမယ့် အောင်မြေသာစံပညာရေး ကျောင်းပေါင်းစုံသပိတ် မြို့လယ်မှာ ဆန္ဒပြ

December 13, 2021

မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၁ (မော်ကွန်း) အကြမ်းဖက်ဖမ်းဆီးမှုတွေရှိနေပေမယ့် မန္တလေးမြို့က အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းဟာ မြို့လယ်ခေါင်လူစည်ကားရာနေရာမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆည်းဆာသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ပညာရေးဝန်ထမ်းတွေဦးဆောင်တဲ့ ဒီသပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေ လှည့်လည်စစ်ဆေးလေ့ရှိတဲ့ မြို့လယ်ခေါင်လမ်းတွေပေါ် ဒီကနေ့ ညနေပိုင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။ ခြေလျင်လမ်းလျှောက်ဆန္ဒပြကြသလို ဆိုင်ကယ်တွေနဲ့လည်း လိုက်ပါဝန်းရံဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့က သပိတ်စစ်ကြောင်းတစ်ခုကို ရန်ကုန်မှာလိုပဲ ကားနဲ့တိုက်ဖမ်းခဲ့တာကြောင့် ဆန္ဒပြလူငယ်တချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဓါတ်ပုံ-အောင်မြေသာစံ ပညာရေး ကျောင်းပေါင်းစုံသပိတ် #Dailynews

အပြည့်အစုံဖတ်ရန်

ရေစကြို၊ ရွှေလှံရွာက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီမီးရှို့ဖျက်ဆီး၊ PDF နဲ့ တိုက်ပွဲပြင်းထန်

December 13, 2021

ရေစကြို – ၂၀၂၁ ဒီဇင်ဘာ ၁၂ (မော်ကွန်း) မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာမှာ စစ်ကောင်စီက ဒေသခံတွေရဲ့နေအိမ်တွေကိုမီးရှိူ့ဖျက်ဆီးခဲ့ပြီး နယ်ခံ PDF တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက် ၁၁း၃၀ အချိန်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFအဖွဲ့တွေကြား နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေဆုံးကာ နှစိဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ နေ့လယ် ၁:၀၀ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေဟာရေစကြိုနယ်ကနေ မြောင်နယ်အကူးမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ထပ်မံသေဆုံးသူတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၆၀ မမ နဲ့ ၄၀ […]

အပြည့်အစုံဖတ်ရန်

ပျက်ရက်မရှိတဲ့ ကလေးမြို့ ပင်မသပိတ် လမ်းမပေါ်ထွက်ကာ ဆက်လက်ချီတက် ဆန္ဒပြ

December 13, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ နေ့စဉ် ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ရက်ပေါင်း ၃၀၈ ရက်ရှိလာပါပြီ။ ဒီကနေ့မှာလည်း ပင်မသပိတ်ဟာ လူငယ်တွေ ပြည်သူတွေနဲ့အတူ လမ်းမပေါ်တက်ကာ စစ်အာဏာရှင်တိုက်ထုတ်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလက်အောက်ခံ ရေဦးမြို့မရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး တိုက်ခိုက်ခံရ

December 13, 2021

ရေဦး -၂၀၂၁ ဒီဇင်ဘာ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် စစ်ကောင်စီလက်အောက်ခံ မြို့မ ရဲစခန်းနဲ့ အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ရုံးတို့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက အဲဒီ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သွားတာဖြစ်ပြီး ထိခိုက်မှုတွေရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရေဦး PDF ၊ ရေဦးမြို့ပြပြောက်ကျားအဖွဲ့(YUG)၊ရေဦး ပ.က.ဖ၊ Myanmar Defence Force-Depayin နဲ့ အထူးကွန်မန်ဒိုအဖွဲ့ တို့ ပူးပေါင်းကာ တချိန်တည်းမှာ လက်နက်ကြီး လက်နက်ငယ်များနဲ့ လျှပ်တပြတ် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာကြောင့် ထန်းတောကြီးရွာ‌ကနေအိမ်နှစ်လုံးပျက်စီး

December 11, 2021

ထန်းတောကြီး-၂၀၂၁ ဒီဇင်ဘာ ၁၁(မော်ကွန်း) စစ်ကိုင်းတိုင်း၊မုံရွာမြို့တစ်ဖက်ကမ်း မုံရွာ-ပုသိမ်လမ်းမကြီးအနီးမှာရှိတဲ့ ထန်းတောကြီးကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဒီနေ့လယ် ၁ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အပေါက်ကြီးကလည်းအကြီးကြီးပဲ။စာသင်ကျောင်းရဲ့အရှေ့ဘက်မှာတစ်လုံးကျတာ။လူတွေကတော့မထိဘူး။အပြင်ဘက်မယ်။အိမ်ကတော့ပေါက်သွားတာ”လို့ ဒေသခံတစ်ဦးကဖြစ်စဉ်ကိုပြောပြပါတယ်။ အဲဒီပစ်ခတ်မှုမှာ ရွာခံတွေအပြင်ရောက်နေကြတာကြောင့် လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။ စစ်ကောင်စီတပ်တွေက ဒုန်းတောကျေးရွာအနီးကနေ ထန်းတောကြီးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က စစ်ကောင်စီတပ်တွေဟာ ဒုန်းတောရွာခံ၁၁ဦးကို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့တာကြောင့်ထန်းတောကြီးရွာအပါအဝင် ဒုန်းတောကျေးရွာအနီးကရွာခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ Photo: Supplied #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်ကောင်စီရဲ့ စောင့်ကြည့် တင်းကြပ်မှုတွေကြားက လမ်းပေါ်တက်လာတဲ့ ကလေးမြို့ ပင်မသပိတ်

December 11, 2021

ကလေး – ၂၀၂၁ ဒီဇင်ဘာ ၁၁ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက ကလေးမြို့မှာ စောင့်ကြည့် တင်းကြပ်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ လမ်းမပေါ်တက်လာခဲ့ပါတယ်။ ကလေးမြို့ ပင်မသပိတ်ဟာ ရက်ပေါင်း ၃၀၇ တိုင် ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတာပါ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 211 212 213 214 215 216 217 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."