ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာရှစ်ရွာကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီးတာကြောင့် ဇွန်လတစ်လအတွင်း လူနေအိမ် ၆၁ လုံးအပါအဝင် စစ်ရှောင်တဲတွေနဲ့ စပါးတိုက်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က မနေ့က သတင်းထုတ်ပြန်ပါတယ်။ မီးရှို့ခံရတဲ့ရွာတွေဟာ ဘိုတဲကုန်း၊ ပေကုန်း၊ ကတ္တာ၊ ရှမ်းကုန်း၊ ညောင်ကန်သာ၊ ပင့်သာ၊ တနယ်ကြီးကွင်း၊ ဝါးပိုးလျှို စတဲ့ရွာတွေဖြစ်ပြီး ဘိုတဲကုန်းနဲ့ ပေကုန်းရွာက နေအိမ် ၂၀ ကျော်စီနဲ့ အများဆုံးမီးရှို့ခံရကာ ပေကုန်းရွာတစ်ခုတည်းတင် စပါးတိုက် ၁၅ လုံးအထိ မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ခြောက်ရာကျော်ရှိတဲ့ ပင့်သာရွာဟာ ဇွန် ၂၇ ရက်က ငါးကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရတာကြောင့် မီးလောင်ပျက်စီးတဲ့ […]
ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း) ပြည်ပငွေလွှဲလုပ်ငန်းတွေနဲ့ ဒေါ်လာဈေးကွက်ကို စစ်ကောင်စီကတင်းကျပ်ထားတဲ့နောက်မှာ ဒေါ်လာကို မှောင်ခိုဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်နဲ့ အရောင်းအဝယ်ပြုလုပ်တယ်လို့ ဒေါ်လာနဲ့ နိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်သူတွေဆီက သိရပါတယ်။ ဈေးကွက်အတွင်း ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးကတော့ “လက်ရှိကတော့ တရားဝင်ဈေးကွက်လိုမရှိတော့ဘူး၊ ကြိုက်ရောင်းကြိုက်ဝယ်ပေါ့၊ ပေါ်ပေါ်ထင်ထင်ရောင်းလို့မရတော့ဘူးပေါ့၊ ဝယ်သူနဲ့ရောင်းသူ ဈေးကွက်ထဲက ပေါက်ဈေးအတိုင်းညှိပြီးပဲ အရောင်းအဝယ်လုပ်ကြတော့တယ်၊ ” လို့ ပြောပါတယ်။ ဇွန်လကုန်ပိုင်းက စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားတွေကို စစ်ဆေးတွေ့ရှိခဲ့တဲ့ လူပုဂ္ဂိုလ် ၅၁ ဦးနဲ့ ကုမ္ပဏီတစ်ခုကို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားပြီး တရားမဝင် နိုင်ငံခြားငွေလဲလှယ်မှုလုပ်ကိုင်သူတွေ၊ တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေကို ရှာဖွေဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ […]
စစ်တွေ- ၂၀၂၃၊ ဇွန် ၃၀ (မော်ကွန်း) စစ်တွေဆိပ်ကမ်းမှာ ရေနစ်ပျောက်သွားတဲ့ရန်ကုန်ကသင်္ဘောသားသုံးဦးထဲက တစ်ဦးရဲ့အလောင်းကို ဒီနေ့နံနက် ၈:၀၀ နာရီကျော်လောက်မှာ ရှာတွေ့ခဲ့တယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတာဝန်ခံကပြောပါတယ်။ “ငါးဖမ်းပိုက်ခွံမှာမိနေတာ။ အလောင်းကတော်တော်တော့ပုံပျက်နေပြီ။ ဂဏန်းတွေဘာတွေစားထားတာထင်တယ်” လို့သူကပြောပါတယ်။ အဲ့ဒီသင်္ဘောသားသုံးဦးလိုက်ပါလာတဲ့သင်္ဘောဟာ ရန်ကုန်ကနေစစ်တွေကိုကုန်ပစ္စည်းလာပို့တာဖြစ်ပါတယ်။ သင်္ဘောပေါ်မှာစားနပ်ရိက္ခာပျက်သွားလို့ လွန်ခဲ့တဲ့နှစ်ရက်ကညနေပိုင်းလောက်မှာ အဲဒီသင်္ဘောသား သုံးဦးဟာ သင်္ဘောပေါ်ကဖိုက်ဘာလှေနဲ့ဈေးထွက်ဝယ်ရင်း ချောင်နွယ်မင်းဂံဆိပ်ကမ်းအနီးမှာ ရေစီးသန်တာရယ် ပါလာတဲ့ပစ္စည်းအလေးချိန်ရယ်ကြောင့် လှေထဲရေဝင်နစ်မြုပ်ပြီး ပျောက်သွားတာလို့ ရှာဖွယ်ကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ ပျောက်ဆုံးသွားတဲ့အမျိုးသားသုံးဦးဟာ အသက် ၃၀ ဝန်းကျင်ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ကဖြစ်တယ်လို့သိရပါတယ်။ ပျောက်ဆုံးနေသေးတဲ့ နောက်ထပ်သင်္ဘောသားနှစ်ဦးကိုလည်း ရှာဖွေနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို နံနက် ၁၀:၀၀ နာရီ နဲ့ ညနေ ၄:၀၀ နာရီမှာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကပြောပါတယ်။ ပုံစာ- ပျောက်ဆုံးနေသည့်သင်္ဘောသားတစ်ဦးကိုပြန်လည်ရှာတွေ့ခဲ့စဉ် Photo – […]
ရန်ကုန် – ၂၀၂၃ ဇွန် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အခုလ ၉ ရက်ကစီးနင်းခဲ့ပြီးနောက် အနီးက ညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေကို စစ်ကောင်စီတပ်တွေ အကြိမ် ၂၀ ကျော်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်သုံးရာဝန်းကျင် ပျက်စီးသွားတယ်လို့ စစ်ဘေးရှောင်အရေးအကူအညီပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ညောင်ပင်ကြီးကျေးရွာအုပ်စုက ကျေးရွာရွာခုနစ်ရွာမီးရှို့ခံရတယ်။ ကွက်ကြားရှို့တာဆိုတော့ အိမ်ခြေက နှစ်ရာနဲ့သုံးရာကြားပဲ ခန့်မှန်းလို့ရတာဗျ။ အတိအကျတော့ ပြောမရဘူး။ (မီးရှို့တာ) အကြိမ် နှစ်ဆယ်ကျော်ပြီဗျ။ ဒေသခံသုံးထောင်ကျော်ထွက်ပြေးနေရတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို စီးနင်းမီးရှို့စဉ် လေးဦးအသတ်ခံရကာ ခုနစ်ဦးဖမ်းဆီးခံထားရပြီး တစ်ယောက်သာပြန်လွတ်လာသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကိုတော့ ဘယ်မှာထိန်းသိမ်းထားမှန်း မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ တပ်စွဲထားတာကြောင့် […]
ရန်ကုန် – ၂၀၂၃ ဇွန် ၃၀ (မော်ကွန်း) မနေ့က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတဲ့ သထုံနဲ့ဘီးလင်းကိုဆက်သွယ်ထားတဲ့ ကျုံအိတ်တံတားကို စစ်ကောင်စီဘက်က ယာယီပြင်ဆင်မှုတွေပြုလုပ်နေပြီး အဲ့ဒီတံတားနဲ့အနီးတဝိုက်မှာလည်း လုံခြုံရေးအထူးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။ မိုင်းဖောက်ခွဲခံရပြီးနောက်မှာ တံတားကိုသွားရောက်ပြင်ဆင်တဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေလည်း ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရလို့ သထုံခရိုင် လမ်းဦးစီးမှူးနဲ့ ထွေ/အုပ်ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကာ စစ်သားနဲ့ရဲ ၂၀ ခန့် ဒဏ်ရာရသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ တံတားနဲ့အနီးတစ်ဝိုက်လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနေရာယူကာ လုံခြုံရေးတင်းကျပ်ထားပြီး တံတားကိုလည်း ယာယီပြင်ဆင်ဖို့လုပ်ဆောင်နေတယ်လို့ အဆိုပါလမ်းပိုင်းမှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားဟာ တံတားတစ်ခြမ်းကျိုးကျသွားတာဖြစ်ပြီး ကျန်တဲ့ တစ်ခြမ်းကနေ အိမ်စီးကားတွေကိုတော့ တစ်စီးချင်းစီ ဖြတ်သန်းခွင့်ပေးနေတယ်လို့ သူကပြောပါတယ်။ “ကျွန်တော်တို့ကုန်ကားတွေကတော့ ပိတ်နေတာပေါ့၊ ကားလေးတွေကိုတော့ တံတားတခြမ်းကနေ တစ်စီးချင်းစီပေါ့ ကူးခွင့်ပေးတယ်၊ မြဝတီအဆင်းကားတွေ အကုန်ပိတ်မိနေတယ်အဲ့ဒီမှာ။ […]
ပုလဲ – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၁ ဦးရှိလာတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ခံ ကိုဇော်ထက်ကပြောပါတယ်။ မနေ့ ညနေပိုင်းမှာ စစ်တပ်က ပုလဲမြို့နယ်၊ ညောင်ကုန်းရွာနဲ့ ချင်ပစ်ရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီလိုဗုံးကြဲတိုက်ခိုက်လို့ မနေ့က ညောင်ကုန်းရွာမှာ ကိုးဦး၊ ချင်ပစ်ရွာကတစ်ဦး ဆယ်ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ အမျိုးသားခုနစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ သံဃာတစ်ပါးတို့ပါဝင်ပါတယ်။ ဒီနေ့မှာတော့ မနေ့က ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးသွားသူရှိတယ်လို့ ပုလဲ ပ.အ.ဖဆီကသိရပါတယ်။ “ဒဏ်ရာရသူတွေကို NUG ဆေးရုံမှာဆေးကုသပေးနေပါတယ်၊ တစ်ယောက်ကတော့ မနေ့ညကဆုံးတယ်၊ တစ်ယောက်က ဒိီမနက်ဆုံးတယ်၊ ကျန်လေးယောက်ကတော့ဆေးကုသမှုခံယူနေတယ်”လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုဇော်ထက်ကပြောပါတယ်။ နေအိမ် ၁၃ လုံးနဲ့ ဘုန်းကြီးကျောင်းနှစ်ဆောင်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးမှုရှိတယ်လို့ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း) NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ မစုံလင်တော့တဲ့အတွက် အဖွဲ့ငါးဖွဲ့ တပေါင်းတစည်းတည်း စုပေါင်းဆွေးနွေးရေးမူကိုကိုင်စွဲပြီး ဆွေးနွေးနေတယ်လို့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်ငါးဖွဲ့တို့တွေ့ဆုံတဲ့အစည်းအဝေး ပထမနေ့နှုတ်ခွန်းဆက်စကားပြောရာမှာ ဗိုလ်မှူးကြီးခွန်ဥက္ကာက အခုလိုထည့်သွင်းပြောခဲ့တာပါ။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA) စတဲ့ငါးဖွဲ့ဟာ ယခုလ ၂၆ ရက်ကနေ ၂၈ ရက်ထိ နေပြည်တော်ကိုလာရောက်ပြီး စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေတာဖြစ်ပါတယ်။ အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ကနေ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် အဖွဲ့ဝင်အချိုု့ […]
တောင်ကြီး – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း) ယခုလ ၂၆ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာကျင်းပတဲ့ စစ်ကောင်စီရဲ့မူးယစ်ဆေးဝါးဖျက်ဆီးရေးအခမ်းအနားမှာ မူးမေ့သွားခဲ့တဲ့ကျောင်းသားတွေ မနေ့ည ၇:၀၀ လောက်က ဆေးရုံကဆင်းသွားပြီလို့ တောင်ကြီးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှသိရပါတယ်။ အဲဒီနေ့က ကျောင်းသား/သူတွေဟာ နံနက်စောစောထလာရတာကြောင့် အစာမစားလာခဲ့ရတာရယ်၊ နေအပူရှိန်အောက်ပြေးလွှားဆော့ကစားနေတာကြောင့် ရေဓာတ်ခမ်းခြောက်ပြီး အခမ်းအနားမကျင်းပမီ မူးယစ်ဆေးဝါးတွေမီးမရှို့ခင်ကတည်းက မူးမေ့သွားကြတာလို့ ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “လူနာစုစုပေါင်း ၃၀ ကျော်တယ်။ အဲဒီ့ထဲကမှ ဆေးရုံပို့ရအဆင့်ကတော့ ၁၃ ယောက်ရှိပါတယ်။ ကျွန်တော်တို့ ရှေးဦးသူနာပြုနည်းနဲ့ကုလို့မရလို့ ဆရာဝန်တွေက ဆေးရုံမှာကုသမှုခံယူဖို့လွှဲပြောင်းခဲ့တာ။ Drip တွေဘာတွေ ချိတ်လိုက်ရတယ်။ အခုတော့အားလုံးဆေးရုံကဆင်းသွားကြပြီ။”လို့သူကပြောပါတယ်။ တောင်ကြီးမြို့မှာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်တိုက်ဖျက်ရေးနေ့ကို နှစ်စဉ်ကျင်းပခဲ့သလို စာသင်ကျောင်းတွေက ဆရာ/မ ကျောင်းသား/သူတွေလည်းနှစ်စဉ်တက်ရောက်ကြတာပါ။ တောင်ကြီးမြို့ခံတစ်ဦးကတော့ “အစကတည်းကဒီလိုဖြစ်စရာကိုမလိုတာ။ နေပူကြီးထဲမှာ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း) ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံမှာ အလုပ်သမားအရေးတောင်းဆိုလို့ ဖမ်းဆီးခံခဲ့ရတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ ပါဝင်ကူညီခဲ့သူတွေကို အကြမ်းဖက်မှုပုဒ်မတွေ၊ နိုင်ငံရေးပုဒ်မတွေနဲ့ အရေးယူဖို့စီစဉ်နေတယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ယခုလ ၁၂ ရက်က သာဓုကန်စက်ဇုန်မှာရှိတဲ့ ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အခြေခံလုပ်ခလစာ ၄,၈၀၀ ကျပ်ကနေ ၅,၆၀၀ ကျပ် တိုးမြှင့်သတ်မှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ အဲဒီ့နောက် ဆန္ဒပြဖို့ဦးဆောင်တဲ့အလုပ်သမားတွေကို ဆူပူအောင်လှုံ့ဆော်တယ်ဆိုကာ အလုပ်ကထုတ်ပယ်လိုက်ပြီးနောက် အလုပ်သမားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေက သွားရောက်ညှိနှိုင်းပေးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံဘက်က အလုပ်သမားခေါင်းဆောင်တွေကို ယခုလ ၁၆ ရက်မှာ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ ခေါ်ယူညှိနှိုင်းခဲ့ပြီး ထွေအုပ်ရုံးကအပြန်လမ်းမှာပဲ အလုပ်သားသမဂ္ဂခေါင်းဆောင်မသူသူစံအပါအဝင်ရှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။ အဆိုပါဖမ်းဆီးထားသူတွေကို […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း) ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ဆောနဲ့မင်းတပ်လမ်းပေါ်မှာ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်တွေ အထိနာတာကြောင့် လေကြောင်းကဗုံးကြဲတိုက်ခိုက်ပေမယ့် ကာကွယ်ရေးအဖွဲ့တွေရော ဒေသခံတွေပါ ထိခိုက်မှုမရှိဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။ “မနေ့ကပို့တဲ့သတင်းအရတော့ ဂျက်သုံးစီးနဲ့ ခုနစ်ကြိမ် လာရောက်တိုက်ခိုက်တယ်။ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ထပ်မဖြစ်တော့ဘူးဗျ။ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်မှုတော့ မရှိဘူးခင်ဗျ။ ဒေသခံထိခိုက်တာလည်း မကြားရဘူးဗျ။ အကုန်လုံးရှောင်နေကြတယ်။ တိုက်ပွဲနဲ့နီးတော့လေ။ (ဒီနေ့တော့) စစ်ရေးတင်းမာနေတာတွေရှိတယ်” လို့ပြောပါတယ်။ မနေ့မနက် ၇ နာရီနဲ့ ၈ နာရီဝန်းကျင်ကတည်းက ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ကာ ဒီနေ့လယ်အထိ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာအနီးက ဒေသခံတွေက ကြိုတင်စစ်ရှောင်နေတာကြောင့် ဖမ်းခံရတာ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၇ (မော်ကွန်း) ရန်ကုန်မှာ တက္ကစီယာဉ်စီးခတွေ တစ်ကီလိုမီတာကို ၆၀၀ ကျပ်အဖြစ် သတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောပါတယ်။ ကားပေါ်တက်တာနဲ့ ၁,၅၀၀ ကျပ်အပါအဝင် တစ်ကစ်လိုမီတာကို ၆၀၀ ကျပ်ကျသင့်မှာပါ။ ယာဉ်စီးခ အနည်းဆုံး ၂,၁၀၀ ကျပ်ကျသင့်မယ့်သဘောပါ။ လက်ရှိမှာ တက္ကစီတွေကိုမီတာပြစက်တွေတပ်ဆင်ခိုင်းထားတာတော့မရှိသေးဘဲ ခရီးသည်တွေအနေနဲ့ သွားမယ့်ခရီးအကွာအဝေးနဲ့ကျသင့်ငွေကိုမှန်းဆတွက်ချက်နိုင်အောင်ရယ်၊ တက္ကစီယာဉ်မောင်းတွေနဲ့ တက္ကစီအက်ပလီကေးရှင်းဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေအနေနဲ့လည်း ဒီနှုန်းထားအတိုင်းတပြေးညီဖြစ်ဖို့သတ်မှတ်လိုက်တာလို့ဦးလျန်ကျင့်မန်ကပြောပါတယ်။ “အဓိကကတော့ ခရီးသည်တွေအတွက်သင့်တင့်တဲ့ နှုန်းထားဖြစ်အောင်သတ်မှတ်လိုက်တာပါ။ အရင်တုန်းက ဘာမှမရှိတော့ ယာဉ်မောင်းကတောင်းချင်တဲ့ဈေးနှုန်းတောင်းတယ်။ အဲ့ဒါကိုအခြေခံနှုန်းတစ်ခုရှိဖို့သတ်မှတ်လိုက်တာပါ။ ဈေးလည်းဆစ်လို့ရတာပေါ့လေ” လို့ သူကပြောပါတယ်။ ဒီနှုန်းထားဟာ စံသတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး အခြေအနေအပေါ်မူတည်ကာ ပိုမိုကောက်ခံတာတွေလည်းရှိကောင်းရှိနိုင်မယ်လို့ ဦးလျန်ကျင့်မန်ကပြောပါတယ််။ အခုနှုန်းထားကို Yangon City Taxi အသင်းကအဆိုပြုတင်ပြခဲ့တာဖြစ်ပြီး ယခုလ ၂၃ […]
ရန်ကုန် – ၂၀၂၃ ဇွန် ၂၆ (မော်ကွန်း) ချင်းပြည်နယ်နဲ့မကွေးတိုင်းအစပ် ဆောနဲ့မင်းတပ်လမ်းပေါ်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေအထိနာလို့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မော်ကွန်းကိုပြောပါတယ်။ “မြို့ပေါ်ကိုကြဲတာမဟုတ်ဘူး။ တိုက်ပွဲကို လေယာဉ်နဲ့ကြဲနေတာခင်ဗျ။ (စစ်ကောင်စီဘက်က) အကျအဆုံးတော့ရှိမှာပါ။ လေယာဉ်ကတောင် လာပစ်ကူရတယ်ဆိုတော့ သူတို့တော်တော်များများထိခိုက်မှုများတယ်။ အထိနာတဲ့အချိန်မှပဲ လေယာဉ်ကလာပစ်တာကို။ အခုတော့ငြိမ်သွားပြီ” လို့ ဆလိုင်းယောမာန်ကပြောပါတယ်။ တိုက်ပွဲဟာ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာတစ်ကြိမ်နဲ့ ၈ နာရီဝန်းကျင်မှာတစ်ကြိမ်ဖြစ်ခဲ့ပြီး CDF မင်းတပ်နဲ့ မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက်အကျဆုံးမရှိဘူးလို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာဟာ ဒေသခံတွေနဲ့လည်း ဝေးတာကြောင့် ဒေသခံထိခိုက်မှုမကြားရသေးပေမယ့် ဘယ်အချိန်တိုက်ပွဲပြန်ဖြစ်နိုင်တယ်ဆိုတာ မသိနိုင်သေးဘူးလို့ ပြောပါတယ်။ ချင်းနဲ့မကွေးတိုင်းအစပ်ကဒေသတွေမှာ အခုလ အစောပိုင်းကတည်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."