သတင်းများ

ပျူတွေဖမ်းထားတဲ့ ပြည်သူ ခုနစ်ဦးကို PDF တွေ ကယ်ထုတ်နိုင်ခဲ့

July 13, 2023

ပေါက် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာသစ်မှာ ပျူစောထီးတွေဖမ်းဆီးထားတဲ့ ပြည်သူ ၇ဦးကို ဒီလ ဇွန် ၁၁ ရက်က PDF တွေရွာကိုဝင်စီးတိုက်ခိုက်ချိန်မှာ ကယ်ထုတ်နိုင်ခဲ့ တယ်လို့ Earthquake Peoples Defense Force ဆီကသိရပါတယ်။ တပ်ကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ဲ့ပြီး စစ်သားတွေနဲ့ ပျူစောထီးတွေထွက်ပြေးချိန်မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ Earthquake PDF အဖွဲ့ခေါင်းဆောင်ကပြောပါတယ်။ ” သူတို့ကအနီးနားရွာက လူတွေကိုဖမ်းတယ်၊ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းထားတာ၊ ကျွန်တော်တို့ရွာကိုဝင်စီးတဲ့အချိန် သူတို့ထွက်ပြေးတာနဲ့ ကယ်ထုတ်ခဲ့တာ”လို့ သူကပြောပါတယ်။ တပ်ကုန်းရွာသစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်နာရီနီးပါး တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်သားငါးဦးနဲ့ ပျူစောထီးခုနစ်ဦးသေဆုံးကာ လက်လုပ်သေနတ် ခုနစ်လက်ရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖက သတင်းထုတ်ပြန်ထားပါတယ်။ တပ်ကုန်းရွာသစ်က […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်က မြို့ကြီးရွာကို စစ်ကောင်စီတပ်လေယာဉ်နဲ့ပစ်ခတ်ပြီးမီးရှို့

July 13, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြို့ကြီးရွာကို စစ်ကောင်စီတပ်တွေ မနေ့ကနေ့လယ်ပိုင်းမှာ လေယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာတစ်ဝက်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၉ က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မြို့ထဲကနေပြီးတော့ မြို့ကြီးဘက်ကိုလာတဲ့စစ်ကြောင်းက ဒေသခံ(ပကဖ) အဖွဲ့တွေရှိတော့ မလာရဲတော့ လေယာဉ်ပစ်ကူခေါ်ပြီးပစ်ပြီးမှ ရွာကိုဝင်ပြီးမီးရှို့သွားတယ်။ အရေအတွက်တော့ မတွက်ရသေးဘူး။ အိမ်ခြေတစ်ဝက်နီးနီးလောက်ပါသွားတယ်။ ရွာတစ်ခြမ်းနီးနီးပါသွားတယ်။ အဲဒီရွာက ခန့်မှန်းချေ အိမ်ခြေနှစ်ရာနီးနီးလောက်ရှိတယ်” လို့ ပြောပါတယ်။ ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာရပြီး အသက် ၆၀ ကျော်အမျိုးသားတစ်ဦးရဲ့ မီးလောင်နေတဲ့ အလောင်းကိုလည်း တွေ့ရကြောင်းသူကဆက်ပြောပါတယ်။ “လေယဉ်နဲ့ပစ်လို့လား၊ သူတို့မီးရှို့သတ်ခဲ့တာလားမသိဘူး၊ အဲဒီရွာက အသက်၆၀ကျော် အဖိုးကြီးတစ်ယောက် အလောင်းတွေ့ရတယ်။ အခုလက်ရှိတော့ဒေသခံတွေက ရွာကိုဝင်လို့မရသေးဘူး” လို့ ဆိုပါတယ်။ […]

အပြည့်အစုံဖတ်ရန်

Money Changer ကုမ္ပဏီ ၁၀ ခု လိုင်စင်ပိတ်သိမ်းခံရ

July 13, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း) နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ကိုင်တဲ့ Money Changer ကုမ္ပဏီ ၁၀ ခုရဲ့ လိုင်စင်တွေကိုရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ့ ငွေလဲလှယ်လုပ်ငန်း ၁၀ ခုဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ထားတာပါ။ အဲ့ဒီလို လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့တွဲထားတဲ့ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃,၁၀၀ ကျပ်ဝန်းကျင် ဖြစ်နေပြီး အဖမ်းအဆီးတွေကြောင့် ဈေးနှုန်းမငြိမ်မသက်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။ “အခုက ဝယ်သူနဲ့ရောင်းသူ တိုက်ရိုက်ချိတ်ပြီးပဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်လုပ်တာပေါ့၊ အဖမ်းအဆီးလည်း ကြမ်းနေတော့ ကောင်တာတွေက အရောင်းအဝယ်မရှိဘူး၊ […]

အပြည့်အစုံဖတ်ရန်

အာဇာနည်နေ့မှာ လုံခြုံရေးတင်းကျပ်တာဟာ စကစတွေ ပြည်သူကိုကြောက်လို့ဟုဆို

July 13, 2023

ရန်ကုန်-၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း) လာမယ့် ဇူလိုင် ၁၉ ရက်၊ ၇၆ နှစ်မြောက်အာဇာနည်နေ့၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ အာဇာနည်ဗိမာန်နဲ့ ဝန်ကြီးများရုံးကို လာရောက်မယ့်သူတွေကို လုံခြုံရေးတင်းကြပ်ထားတာဟာတော်လှန်ရေးအင်အားစုတွေကိုကြောက်ရွံ့လို့ လိပ်ပြာမလုံလို့လို့ ရန်ကုန်မှာစစ်ကောင်စီကိုတော်လှန်နေတဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) ဥက္ကဌဖြစ်သူကပြောပါတယ်။ လာရောက်ကြတဲ့ပြည်သူတွေအနေနဲ့ လက်ကိုင်ဖုန်း၊ မီးခြစ်၊ ပုလင်း/ဗူးအမျိုးမျိုး၊ ဗီနိုင်းစတွေ ၊ လက်ကိုင်အိတ်အမျိုးမျိုး၊ အလံတွေ၊ ကင်မရာ၊ ဘောပင်အမျိုးမျိုး၊ ပန်းခွေအမျိုးမျိုး၊ နဲ့ လက်ကိုင်အိတ်အမျိုးမျိုးစတဲ့ ပစ္စည်းတွေ ယူဆောင်လာရင် ဝင်ခွင့်မပေးဘူးလို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ “အမှားဘက်ရပ်တည်တဲ့သူတွေ၊ လိပ်ပြာမလုံတဲ့သူတွေကတော့ ဘယ်တော့မှနောက်ကျောမလုံကြဘူး။ အာဇာနည်နေ့မှာ တစ်ခုခုလုပ်ခံရမှာ၊ အမှန်တရားကိုဖော်ထုတ်ပြမှာ၊ သူတို့ကိုဆန့်ကျင်မှာကြောက်လို့ဒီလို မျိုးကာကွယ်ရေးပုံစံတွေလုပ်ထားတာ” လို့ ရေဘဝဲအဖွဲ့ရဲ့ဥက္ကဌဖြစ်သူကပြောပါတယ်။ စစ်ကောင်စီဟာ ဗိုလ်ချုပ်ပြတိုက်၊ အာဇာနည်ဗိမာန်နဲ့ ဝန်ကြီးများရုံး စတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ အခုကျရောက်မယ့် ၇၆ နှစ်မြောက် […]

အပြည့်အစုံဖတ်ရန်

ဝက်လက်၊ သုံးဆင့်ကန်ရွာကို အဏာသိမ်းစစ်တပ်မီးရှို့၊ ပြည်သူတစ်ဦး မီးလောင်သေဆုံး

July 13, 2023

ဝက်လက် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်အစောပိုင်းမှာ မီးရှို့ခဲ့ပြီးနောက် အမျိုးသားတစ်ဦးလည်း မီးလောင်သေဆုံးနေတာကိုတွေ့ခဲ့တယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။ “သေဆုံးသူရဲ့အလောင်းကို ကာကွယ်ရေးအဖွဲ့တွေ ရှင်းလင်းရေးဝင်ချိန်မှာ မီးလောင်သေဆုံးနေတာကိုတွေ့ခဲ့ရတာပါ”လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ သေဆုံးသူအမျိုးသားဟာ အသက် ၆၀ အရွယ်၊ လေဖြတ်နေသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တွေ့ရှိချိန်မှာ နေအိမ်ထဲမှာ မီးလောင်သေဆုံးနေတာမဟုတ်ဘဲ လမ်းပေါ်မှာ မီးလောင်ဒဏ်ရာတွေနဲ့လဲကျသေဆုံးနေတာပါ။ သုံးဆင့်ကန်ရွာဟာ နေအိမ် ၁၀၀ ကျော်ရှိပြီး စစ်တပ်မီးရှို့တာကြောင့် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့ကာ ပျက်စီးတဲ့နေအိမ်အတိအကျစာရင်းကိုတော့မသိရသေးဘူးလို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အား ၇၀ ဝန်းကျင်နဲ့ ဝက်လက်မြို့နယ်၊ သာလိုင်းရွာကိုမနေ့က ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ​ခြေထောက်မသန်သူ အသက်၆၀ ဝန်းကျင်အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။ သုံးဆင့်ကန်ရွာကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ပေါက်ကန်ဘူတာ၊ ပေါက်ကန်ရွာမတို့ကို […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ မြို့ကြီးရွာကို စစ်တပ်မီးရှို့လို့ နေအိမ်အလုံး ၅၀ ဝန်းကျင်ပျက်စီးပြီး အသက် ၉၀ အရွယ် အဘွားတစ်ဦးမီးလောင်သေဆုံး

July 13, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြို့ကြီးရွာကို စစ်တပ်က မီးရှို့ခဲ့ရာမှာ နေအိမ် အလုံး ၅၀ ဝန်းကျင်ပျက်စီးဆုံးရှုံးသွားခဲ့ကာ အဘွားအိုတစ်ဦးပါမီးလောင်သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။ မနေ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းတွေက မြို့ကြီးရွာကို မီးရှို့ခဲ့ကြတာပါ။ အခုအချိန်ထိ မြို့ကြီးရွာအပါအဝင် ကျေးရွာတချို့ ဘေးလွတ်ရာတွေဆီကို တိမ်းရှောင်နေရပြီး ရွာတွေကို မပြန်နိုင်သေးပါဘူး။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးများအကူညီလိုအပ်နေပြီး မိုးရွာသွန်းမှုကြောင့် ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်ကပြောပါတယ်။ မနေ့ကတိုက်ပွဲတွေကြောင့် ရွာသာယာရွာ ၊မြေကြက်ဆူ၊ရွာထောင်လေးရွာ၊နုံးကြီး၊မြို့ကြီး၊မြောက်နုံး၊ပြန်လှည့်၊ရုန်းလေးပင်စတဲ့ရွာတွေက ဒေသခံ ၁၀,၀၀၀ခန့်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိ

July 12, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၁၂ (မော်ကွန်း) ဒေါ်အောင်ဆန်းစုကြည်ကျန်းကျန်းမာမာရှိတယ်လို့ နေပြည်တော်အကျဉ်းထောင်မှာသွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရဲ့ပြောစကားကိုကိုးကားပြီးကျိုတိုသတင်းဌာနကရေးသားထားပါတယ်။ စနေနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်နှစ်နာရီနီးပါးတွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ အခုကျင်းပနေတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ရှင်းလင်းပြောကြားဖို့ရှိနေပြီးအသေးစိတ်ကိုလည်းထုတ်ပြန်မယ်လို့ ဘီဘီစီမြန်မာပိုင်း ကရေးသားထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းကာဖမ်းဆီးထားအပြီး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ဝန်ကြီးတစ်ဦးဖြစ်ပါတယ်။ ဂျာကာတာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုသူမပါဝင်ဘဲ မနေ့နံနက်ပိုင်းကတည်းကစတင်ကျင်းပနေတာပါ။ အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့တောင်တရုတ်ပင်လယ်အရေးကိုထည့်သွင်းဆွေးနွေးကြမှာပါ။ Photo : နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး (ပုံဟောင်း) #Dailynews

အပြည့်အစုံဖတ်ရန်

ပုဂ္ဂလိကမူကြိုကျောင်းအချို့မှာ အဆုတ်ရောင်ရောဂါပိုးပျံ့နှံ့ဟု သတင်းများထွက်ပေါ်တာကြောင့် ကျောင်းအချို့ခေတ္တပိတ်

July 12, 2023

ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၂ (မော်ကွန်း) ရန်ကုန်ကပုဂ္ဂလိကမူကြိုကျောင်းတွေမှာ အဆုတ်ရောင်ရောဂါပိုးပျံ့နှံ့နေတယ်ဆိုတဲ့သတင်းတွေကြောင့် ကျောင်း တစ်ချို့ခေတ္တပိတ်လိုက်ပါတယ်။ ကလေးတွေကို အဆုတ်လေပြွန်ရောင်စေတဲ့ရောဂါပျံ့နေလို့ကလေးတွေကိုကျောင်းမပို့ကြဖို့ မိခင်အချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားချက်တွေကြောင့် ကလေးမိဘတွေကကျောင်းပိတ်ဖို့ တောင်းဆိုလာကြတာပါ။ “ကျောင်းဆေးခန်းမှာလာပြတဲ့ကလေးတွေကတော့ချောင်းဆိုးတာ၊ ဖျားနာတာတွေတော့ရှိတယ်။ အဆုတ်ရောင် ရောဂါလက္ခဏာတွေတော့မတွေ့ရသေးပါဘူး။ ဆရာဝန်တွေရယ်မိဘတွေရဲ့တောင်းဆိုချက်တွေအရ အခုလိုမျိုး တစ်ပတ်ပိတ်လိုက်တာပါ” လို့ ကျောင်းသားတစ်ထောင်ကျော်ရှိတဲ့ ဗဟန်းမြို့နယ်ကပုဂ္ဂလိကမူကြိုကျောင်းတစ်ခုက မှပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကျောင်းကို ဒီတစ်ပတ်တနင်္လာနေ့ကနေ သောကြာနေ့အထိပိတ်ထားတယ်လို့ သူကပြောပါတယ်။ ပုဂ္ဂလိမူကြိုကျောင်းတက်တဲ့ကလေးရဲ့မိခင်တစ်ဦးက “မီးမီးတို့ကျောင်းလည်း အခုပိတ်လိုက်ပြီ။ အဆုတ်လေပြွန်ရောင်တဲ့ရောဂါတွေပျံ့နေလို့ဆိုပြီး တနင်္လာနေ့ကစပိတ်လိုက်တာ”လို့ ပြောပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ (Bronchiolitis) ဆိုတာဟာ အဆုတ်လေပြွန်ရောင်ပြီး အသက်ရှုကြပ်တဲ့လက္ခဏာပြပြီး ချောင်းဆိုးတာကတစ်ဆင့်ကူးစက်နိုင်တယ်လို့ ကလေးဆရာဝန်တွေကပြောပါတယ်။ အခုချိန်ထိတော့ အဲဒီရောဂါရဲ့လက္ခဏာတွေကိုမတွေ့ရသေးဘဲရိုးရိုးရာသီ တုပ်ကွေးရောဂါတွေပဲတွေ့ရတယ်လို့ဆရာဝန်တွေကပြောပါတယ်။ ပုဂ္ဂလိကမူကြိုကျောင်းတစ်ခုမှကလေးမိဘတစ်ဦးကတော့ “အခုလိုကျောင်းတွေပိတ်လိုက်တာ အဆင်ပြေသွားတယ်။ ကလေးကသင်ခန်းစာလွတ်သွားမှာစိုးလို့အတန်းတက်နေတာ ခေါင်းကမထောင်နိုင်ဘူး။ အခုက တစ်အိမ်လုံးဖျားနေပြီ” လို့ ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေ ညောင်လေးပင်ခရိုင်မှာ အရပ်သား ၁၇ ဦးကိုဖမ်းဆီးပြီး တစ်ဦးကိုဓါးနဲ့ထိုးသတ်

July 11, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်(ညောင်လေးပင်)မှာ အခုလ ၆ ရက်ကနေ ၉ ရက် အထိ လေးရက်အတွင်း စစ်ကောင်စီတပ်တွေဟာ အရပ်သား ၁၇ ဦးကိုဖမ်းဆီးပြီး တစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ခလယ်လွီထူခရိုင် သတင်းနဲ့ပြန်ကြားရေးက မနေ့ကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုလ ၆ ရက်ကလယ်ဒိုမြို့နယ် ကျော်မော်ဘုရားကြီးရွာက အရပ်သား နှစ်ဦး၊ ၇ ရက်က ဗမာဝက်လာတောရွာကတစ်ဦးနဲ့ ဒါးကုလားရွာကနှစ်ဦး၊ ၉ ရက်က ကျောက်မော်ဘုရားကြီးက အရပ်သား ၁၀ ဦးနဲ့ ပဒဲကောရွာက အရပ်သားနှစ်ဦး စုစုပေါင်း ၁၇ ဦးကို ကျောက်တံခါးမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖမ်းဆီးသွားတဲ့အရပ်သားတွေကို လက်ရှိအချိန်အထိ ကျောက်တံခါးရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

ပုဏ္ဏားကျွန်းမှာ ကြိုးတံတားပျက်ပေါ်ကပြုတ်ကျသူရဲ့အလောင်းပြန်တွေ့

July 11, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာက မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ဦးရာဇ်တော်ကြိုးတံတားပေါ်မှာ မနေ့မနက်ပိုင်းက ချောင်းထဲပြုတ်ကျသေဆုံးခဲ့တဲ့သူအလောင်းကို ဒီနေ့လယ်ပိုင်းက ပြန်ရှာတွေ့ပြီလို့ ကယ်ဆယ်ရှာဖွေရေးလုပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းPDYO က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့လည်း တောက်လျှောက်ရှာနေကြတာ၊ ကင်းချောင်းမှာပဲ ပြန်တွေ့တာခင်ဗျ။ အလောင်းက ပြုတ်ကျတဲ့နေရာနဲ့ နီးနီးလေးပဲဗျ။ အခုနာရေးကားနဲ့တင်ပြီး ဆေးရုံပို့မလို့၊ လူနာရှင်မိသားစုက ဆေးရုံပို့ပေးပြောလို့ ကျွန်တော်တို့ ဆေးရုံပို့မလို့လုပ်နေတာ” လို့ ၎င်းကပြောပါတယ်။ ချောင်းထဲပြုတ်ကျသေဆုံးသူဟာ အသက် ၄၃ နှစ်အရွယ် ဦးထွန်းလှလို့သိရပြီး အရင်ကအဲဒီကြိုးတံတားမှာ အခုလိုလူပြုတ်ကျသေဆုံးတဲ့ ဖြစ်ရိုးဖြစ်စဉ် မရှိခဲ့ဘူးလို့ဆိုပါတယ်။ ဦးရာဇ်တော်ကြိုးတံတားဟာ ပုဏ္ဏားကျွန်းမြို့နဲ့ ဦးရာဇ်တော်ဘုရားကိုဆက်သွယ်ထားတဲ့ ကြိုးတံတားတစ်ခုဖြစ်ပြီး အခုနှစ် မေ ၁၄ ရက်က ရခိုင်ပြည်နယ်ထဲဝင်ရောက်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် […]

အပြည့်အစုံဖတ်ရန်

အာဆီယံဘုံသဘောတူညီချက်တွေ အလုပ်ဖြစ်မှာမဟုတ်

July 11, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၁ (မော်ကွန်း) အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေကိုဘေးဖယ်ထားပြီး ယခင်က သဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကိုပဲကိုင်ဆွဲထားတာဟာ အလုပ်ဖြစ်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေပြီး အဲ့ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးနေပါတယ်။ အာဆီယံဟာ ဘုံသဘောတူညီချက်တွေကိုကိုင်ဆွဲထားပေမယ့် စစ်ကောင်စီအနေနဲ့ အဲဒီ့အချက်တွေကိုလည်း လိုက်နာလုပ်ဆောင်လာဖို့ အရိပ်အယောင်မရှိသေးဘူးလို့လည်း ဦးကြီးမြင့်က သုံးသပ်ပါတယ်။ “ပြည်ပနိုင်ငံတွေက ဒီလိုမြင်တယ်ဗျ၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာလုပ်တဲ့ ရွေးကောက်ပွဲကို သူတို့အသိအမှတ်ပြုတယ်၊ အဲဒီ့ ရွေးကောက်ပွဲကို ဖြုတ်ချတဲ့သူနဲ့ ပြန်ဆွေးနွေးပြီး ပြန်ညှိနှိုင်းကြဖို့ တောင်းဆိုတယ်ဗျာ။ အဲ့ဒါကိုလုပ်ရင် သူတို့အကူအညီပေးမယ်ပေါ့။ ဒီက မင်းအောင်လှိုင်က အစကတည်းက သူသမ္မတလုပ်ချင်လို့ အာဏာသိမ်းတာဗျာ၊ ဘယ်လိုလုပ် လိုက်နာမှာလဲ၊ တကယ်က ဒီမှာက တော်လှန်ရေးလမ်းပဲရှိတော့တာ၊ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မှာ စစ်ကြောင်းထိုးမှာကြောင့် လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်တွေကို ပိတ်ခိုင်း

July 10, 2023

မိုးကုတ် – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှာကြောင့် လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်တွေကို မနေ့ကစတင်ပြီးပိတ်ခိုင်းနေတယ်လို့ လုပ်ကွက်လုပ်ကိုင်သူတွေဆီကနေသိရပါတယ်။ မိုးကုတ်မြို့တွင်းနဲ့ မြို့အနီးနားရွာတွေက လက်လုပ်လက်စားကျောက်မျက်လုပ်ကွက်တွေဆီကို အာဏာသိမ်းစစ်တပ်ကလာပြီး တဲတွေဖြုတ်သိမ်းဖို့နဲ့အလုပ်ပိတ်သိမ်းဖို့ လာပြောခဲ့တာလို့ ဒေသခံတစ်ဦးက ​​ပြောပါတယ်။ “စစ်ကြောင်းထိုးမယ်ပြောတယ်၊ ဘယ်နှစ်ရက်ကြာမလဲတော့မသိဘူး၊ ရွာတွေမှာလည်းတပ်တွေလာစွဲတယ်၊ လက်နက်ကြီးတွေလည်းအသင့်ချိန်ထားကြတယ်”လို့ မြို့အနီးကျေးရွာတစ်ရွာကဒေသခံတစ်ဥိီးကပြောပါတယ်။ မိုးကုတ်မြို့ဒေသခံတွေက ကျောက်မျက်လုပ်ငန်းကိုအဓိကထားလုပ်ကိုင်တဲ့အပြင် အခြားဒေသတွေကပါ အလုပ်လာလုပ်နေတာတွေရှိပြီး ရုတ်တရက်အလုပ်ပိတ်သိမ်းခိုင်းတာကြောင့် ပြန်ဖို့လမ်းစရိတ်အခက်ခဲတွေရှိနေတယ်လို့ အဝေးရပ်ကအလုပ်လာလုပ်သူတစ်ဦးကပြောပါတယ်။ ” မိသားစုလိုက်လာကြတာဆိုတော့ ပြန်စရိတ်တင်ကို သုံးသိန်းလောက်ကုန်မှာ၊ နောက်အလုပ်ပြန်ဖြစ်ရင်လည်းလာရဦးမှာ၊ ဘယ်တော့ပြန်လုပ်ရမယ်ဆိုတာမသိသေးဘူး၊ ခုပြန်ဖို့လည်းအခက်ခဲတွေရှိနေတယ်”လို့သူကပြောပါတယ်။ မိုးကုတ်မြို့အနီးပတ်ဝန်းကျင်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၁၆ရက်တုန်းက အုံဒန်ကျေးရွာအနီးက ဒေသခံတွေက်ို စစ်တပ်ထဲခေါ်ပြီး ရွာတွေမီးရှို့ရင်လည်း PDF တွေကရှို့တာလို့သတင်းဖြန့်ပေးဖို့ခေါ်ပြောခဲ့တာရှိတယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့၊ […]

အပြည့်အစုံဖတ်ရန်
1 … 114 115 116 117 118 119 120 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."