ပုလဲ – ၂၀၂၃ ဇွန် ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၁ ဦးရှိလာတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ခံ ကိုဇော်ထက်ကပြောပါတယ်။
မနေ့ ညနေပိုင်းမှာ စစ်တပ်က ပုလဲမြို့နယ်၊ ညောင်ကုန်းရွာနဲ့ ချင်ပစ်ရွာကို ဂျက်ဖိုက်တာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီလိုဗုံးကြဲတိုက်ခိုက်လို့ မနေ့က ညောင်ကုန်းရွာမှာ ကိုးဦး၊ ချင်ပစ်ရွာကတစ်ဦး ဆယ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီအထဲမှာ အမျိုးသားခုနစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ သံဃာတစ်ပါးတို့ပါဝင်ပါတယ်။
ဒီနေ့မှာတော့ မနေ့က ဒဏ်ရာရသူတွေထဲက ထပ်မံသေဆုံးသွားသူရှိတယ်လို့ ပုလဲ ပ.အ.ဖဆီကသိရပါတယ်။
“ဒဏ်ရာရသူတွေကို NUG ဆေးရုံမှာဆေးကုသပေးနေပါတယ်၊ တစ်ယောက်ကတော့ မနေ့ညကဆုံးတယ်၊ တစ်ယောက်က ဒိီမနက်ဆုံးတယ်၊ ကျန်လေးယောက်ကတော့ဆေးကုသမှုခံယူနေတယ်”လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုဇော်ထက်ကပြောပါတယ်။
နေအိမ် ၁၃ လုံးနဲ့ ဘုန်းကြီးကျောင်းနှစ်ဆောင်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်တွေလည်းသေဆုံးမှုရှိတယ်လို့ သူကပြောပါတယ်။
#Dailynews

