သတင်းများ

ပုဏ္ဏားကျွန်းမှာ ကြိုးတံတားပျက်ပေါ်ဖြတ်လျှောက်တဲ့လူတစ်ဦး ပြုတ်ကျပျောက်ဆုံး

July 10, 2023

ပုဏ္ဏားကျွန်း- ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း) ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာက မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ကြိုးတံတားပေါ်ဖြတ်သန်းသွားလာရင်း လူတစ်ဦးဒီနေ့နံနက် ၈:၃၀ နာရီလောက်မှာ တံတားပေါ်ကပြုတ်ကျပြီးပျောက်ဆုံးနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PDYO) တာဝန်ခံကပြောပါတယ်။ “ပျောက်သွားတဲ့သူကအသက် ၄၃ နှစ်၊ဦးထွန်းလှလို့သိရတယ်။ သူကတံတားပေါ်ကဖြတ်နေကျလို့ပြောတယ်။ အဲ့တံတားကမပြုပြင်ရသေးဘူး။ နံနက်ပိုင်းလောက်မှပြုတ်ကျသွားတာ။အခုထိကျွန်တော်တို့ရှာနေတုန်းပဲ” လို့သူကပြောပါတယ်။ အဲဒီကြိုးတံတားမှာ အရင်ကအခုလိုလူပြုတ်ကျပျောက်ဆုံးသွားတဲ့ဖြစ်ရိုးဖြစ်စဉ်မရှိဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်မှာ ရခိုင်ပြည်နယ်ထဲဝင်ရောက်ခဲ့တဲ့ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် အဲဒီကြိုးတံတားဟာပျက်စီးသွားခဲ့ပြီးအခုချိန်ထိမပြင်ဆင်ရသေးဘူးလို့သိရပါတယ်။ အဲဒီတံတားအောက်မှာတော့ ပုဏ္ဏားကျွန်းချောင်းရှိပြီး ရေစီးသန်တယ်လို့ဆိုပါတယ်။ ပျောက်ဆုံးနေသူကိုတော့ အခုချိန်ထိရှာမတွေ့သေးသလို PDYO နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းရေအာက်ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေဆဲလို့သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့်ထိခိုက်မှုအများဆုံးမြို့နယ်တွေထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့စာရင်းတွေအရသိရပါတယ်။ မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ရွာပေါင်း ၃၀၀ နီးပါးမှာ ၁၉၀ လောက်လုံးဝပျက်စီးသွားခဲ့တယ်လို့ PDYO ထံမှသိရပါတယ်။ ပုံစာ- ပျက်စီးသွားတဲ့ကြိုးတံတားအနီး […]

အပြည့်အစုံဖတ်ရန်

ရေဦးမြို့နယ် ရေမျက်ရွာကို အာဏာသိမ်းစစ်တပ် ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲ

July 10, 2023

ရေဦး – ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့မနက် ၉:၄၀ နာရီဝန်းကျင်က ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့တယ်လို့ Peoples Defense Comrade ဆီကသိရပါတယ်။ ရေမျက်ကျေးရွာကို တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Peoples Defense Comrade အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်ကပြောပါတယ်။ “ဂျက်ဖိုက်တာနှစ်စီးနဲ့ ရေဦးနယ်အနောက်ခြမ်းရေမျက်ကျေးရွာပတ်ပတ်လည်ကိုဗုံးကြဲချတယ်၊ပတ်ပတ်လည်စက်လက်နက်ကြီးတွေနဲ့ ဝဲပြီးပစ်တယ်”လို့သူကပြောပါတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်၅၀၀ ရှိတဲ့ ဗုံးသီးတွေကြဲချတာကြောင့် ကလေးတွေစာသင်နေတဲ့စာသင်ကျောင်းမှာ ဗုံးကျပေါက်ကွဲပြီးထိခိုက်ပျက်စီးမှုရှိသလို ဘုန်းကြီးကျောင်းကဘုရားတွေထိပြီးပြိုကျပျက်စီးတာရှိတယ်လို့ သူကပြောပါတယ်။ ဒီကနေ့လေကြောင်းကနေ ဗုံးကြဲတာကြောင့်ရွာသားတွေထွက်ပြေး​နေရပြီး လူထိခိုက်မှုနဲ့ ပျက်စီးမှုအသေးစိတ်ကိုမသိရသေးဘူးလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မေလ ၉ရက်ကလည်း ထန်းတောရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အုတ်တံတိုင်းတွေပြိုကျပျက်စီးခဲ့ပါတယ်။ ပုံစာ – ရေမျက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း […]

အပြည့်အစုံဖတ်ရန်

လိုင်ဇာအနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံထောင်နဲ့ချီတိမ်းရှောင်နေရ

July 10, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၁၀ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ရဲ့ဌာနချုပ် လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေတိုက်ပွဲဖြစ်နေတာကြောင့် အဲဒီ့ပတ်ဝန်းကျင်ကျေးရွာတွေက စစ်ဘေးရှောင်တစ်ထောင်ခန့် ဝိုင်းမော်မြို့ကိုတိမ်းရှောင်လာတယ်လို့ အဆိုပါ စစ်ရှောင်တွေကို ကူညီသူတွေဆီကသိရပါတယ်။ အခုလ ၂ ရက်ကစပြီး လိုင်ဇာမြို့အဝင်က နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးကပြောပါတယ်။ “နမ်ဆန်ယန်ရွာက အရင်ကစစ်ရှောင်တွေ တိုက်ပွဲတွေမရှိတော့ ပြန်လာနေကြတဲ့ရွာ၊ အခုတစ်ကျော့ပြန်ပြန်ဖြစ်တော့ ပြန်ပြေးရတယ်။ ဝိုင်းမော်က ခရစ်ယာန်ကျောင်းတွေ၊ ယာယီစစ်ရှောင်စခန်းတွေမှာ နေကြတာပေါ့။ စုစုပေါင်း အိမ်ထောင်စု ၁၀၀ ၊ လူဦးရေ ၁,၀၀၀ လောက်ရှိတယ်” လို့ သူက ပြောပါတယ်။ လိုင်ဇာဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးကာ အင်အားဖြည့်တင်းနေပြီး ဒေသခံပြည်သူတွေ သွားလာရေးနဲ့လုံခြုံရေး အထူးဂရုပြုဖို့ […]

အပြည့်အစုံဖတ်ရန်

မြင်းမူမှာ အဖမ်းခံရတဲ့ရဲဘော်တစ်ဦးနဲ့ပြည်သူသုံးဦးကို စစ်တပ်က ဗုံးနဲ့အတူမီးရှို့ပြီးသတ်

July 9, 2023

မြင်းမူ – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အရှေ့ခြမ်း နဘဲကြူးကျေးရွာမှာ ဇူလိုင် ၇ ရက်၊ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူသုံးဦးကို အာဏာသိမ်းစစ်တပ်က ဗုံးနဲ့အတူမီးရှို့ပြီးသတ်ခဲ့တယ်လို့ နယ်မြေကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စစ်ကြောင်းထိုးလာချ်ိန်မှာ ထိပ်တိုက်တွေ့တဲ့ အမျိုးသားသုံးဦးနဲ့ သေနတ်လွယ်ထားတာကိုမိတဲ့ လူငယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ကို စစ်တပ်က နဘဲကြူးကျေးရွာသင်္ချိုင်းမှာ သတ်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဗုံးတွေနဲ့အတူ မီးရှို့သတ်တာကြောင့် ပေါက်ကွဲခဲ့ပြီး “ခုနကပြောတဲ့လူငယ်လေးဆိုရင် ခေါင်းနဲ့လည်ပင်းပဲရှိတော့တယ်၊အောက်ပိုင်းကရှာမရတော့ဘူး၊ ဖောက်ခွဲခံထားရတာဆိုတော့ အူတွေကသစ်ပင်တွေမှာချိတ်နေတာ”လို့ သူကပြောပါတယ်။ စစ်ကြောင်းထိုးလာတာကြောင့် နဘဲကြူးကျေးရွာသင်္ချိုင်းအနီးက ထုတ်လုပ်ရေးစခန်းတစ်ခုပါစီးနင်းခံလိုက်ရပြီး ထုတ်လုပ်ရေးစခန်းက ဗုံးသီးတွေနဲ့အတူ အဖမ်းခံရသူတွေကို မီးရှို့သတ်ခဲ့တာလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇူလိုင် ၇ ရက်နေ့မှာပဲ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရွာက နေအိမ်နှစ်ရာကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၅ရက်နေ့ကစတင်ပြီး မြင်းမူမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

အညာမှာ လက်နက်ကြီးနဲ့ ရွာတွေဆီပစ်လို့ ညသန်းခေါင်ထွက်ပြေးနေကြရ

July 9, 2023

ယင်းမာပင် – ၂၀၂၃ ဇူလိုင် ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အခုညပိုင်း အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ရင်းတွေဆီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံတွေ ညနက်ချိန်မှာ ထွက်ပြေးနေကြရပါတယ်။ ဒီကနေ့ ညနေပိုင်းမှာ ယင်းမာပင်ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ယင်းမာပင်ရဲတပ်ရင်း ၂၈ တို့ တိုက်ပွဲတွေအပြီး ရဲတပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဆီကို ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဒေသတော်လှန်ရေးသမားတွေဆီကသိရပါတယ်။ ” အစကတော့ မပြေးဘူးဗျ ပိတ်မိသလိုဖြစ်တာပေါ့။ နောက်တော့ ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ထုတာအပြင်၊ စစ်ကူပါလာတယ်ဗျ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတစီးနဲ့ ချင်းတွင်းတံတားဖြတ်လာပြီး ရဲတပ်ရင်းဆီကို ကားမမောင်းဘဲ အောက်ဇေယျမြို့သစ်စာသင်ကျောင်းကနေ ခြေလျင်လျောက်လာကြတယ်။ ဒါကြောင့် ပြည်သူတွေက ရွာတွေထဲညဝင်မှာကြောက်လို့ ထွက်ပြေးကြတာ” လို့ ဒေသရပ်ကျေး ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ညနေပိုင်းတိုက်ပွဲမှာ နှစ်ဘက်တပ်တွေအကြား ဒေသခံတွေ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရစစ်သားများကုသနေစဥ် အခြားလူနာများကို ဆေးရုံဆင်းခိုင်း

July 8, 2023

မိုးကုတ် – ၂၀၂၃ ဇူလိုင် ၈ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြည်သူ့ဆေးရုံကြီးမှာ ဇွန်လကုန်အတွင်းအာဏာသိမ်းစစ်တပ်ရဲ့ဒဏ်ရာရစစ်သား ၃၀ ကျော် လာရောက်ဆေးကုတဲ့အချိန် သတင်းပေါက်ကြားမှာစိုးတာကြောင့် အခြားဆေးကုသမှုခံယူနေတဲ့ လူနာတွေကို ဆေးရုံဆင်းခိုင်းခဲ့တယ်လို့ အမည်မဖော်လိုသူဒေသခံတွေဆီကသိရပါတယ်။ “သူတို့ဒဏ်ရာရစစ်သားများတယ်၊ ဆေးရုံအပေါ်ထပ်မှာ လာကုတာ၊ နည်းနည်းကောင်းတဲ့ လူနာတွေဆို ဆေးရုံတန်းဆင်းခိုင်းလိုက်တာ၊ မကောင်းသေးတဲ့သူဆိုရင် မန္တလေးဘက်ကိုလွှဲလိုက်တယ်”လို့ အမည်မဖော်လိုတဲ့ ဆေးရုံဝန်ထမ်းတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့၊ အုံဒန်ကျေးရွာမှာရှိတဲ့ အာဏာသိမ်းတပ်စခန်းက စစ်သားတွေ ဇွန်လ ၂၀ရက်နေ့က မိုးကုတ်အခြေပြုတပ်ရင်း များအဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကိုခံခဲ့ရပြီးနောက် စစ်သား ၃၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တာလို့ မိုးကုတ်အခြေပြုတပ်ရင်းများက သတင်းထုတ်ပြန်ထားပါတယ်။ “ခုက လူနာတော့လက်ခံတယ်၊ သူတို့ ကြည့်မပေးချင်တဲ့လူနာဆိုမကြည့်ပေးဘူးတဲ့၊ ကလေးပျက်ကျတဲ့ မိခင်တစ်ယောက်ကိုလည်း မကုပေးဘဲ ပစ်ထားလို့ပြသနာတက်ကြသေးတယ်၊ အဲ့ဒါ တခြား ခုနစ်မိုင်ဆေးရုံကိုလွှဲလိုက်တာပဲ”လို့ မိုးကုတ်မြို့တွင်း ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မုံရွာမှာ လက်နက်သွားပို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရလို့ နှစ်ဦးသေ

July 7, 2023

စစ်ကိုင်း – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာကို လက်နက်ခဲယမ်းတွေသွားပို့တဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော် မနေ့ကညနေပိုင်းမှာမိုင်းဆွဲခံရပြီး နှစ်ဦးပွဲချင်းပြီးသေတယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Brave Heart Army (BHA) က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မိုင်းဆွဲခံရတဲ့စစ်ကောင်စီတပ်သား ၂၁ ဦးဟာ မုံရွာမြို့အထွက် မုံရွာ-မန္တလေးကားလမ်းမပေါ်က စွမ်းရည်ထက်ဆီဆိုင်အနီး စစ်ဆေးရေးဂိတ်ကနေ တောပုပျူစောထီးရွာကို သွားခဲ့တာဖြစ်ပါတယ်။ “စစ်ခွေးတွေ အလာတုန်းကတော့ မိုင်းကွင်းပေါ်ကမသွားလို့ ကျွန်တော်တို့မခွဲလိုက်ရဘူး။ လာတော့ မိန်းလမ်းအတိုင်းလာတာဗျ။ အပြန်မှာသတင်းအတိအကျရပြီး ကျွန်တော်တို့မိုင်းကွင်းပေါ်ရောက်တော့ မိုင်းဆွဲနိုင်လိုက်တယ်။ မိုင်းဆွဲတဲ့နေရာမှာ ပဒေသာငါးလုံးတွဲ တစ်ပွိုင့်ဆွဲလိုက်တယ်။ စစ်ခွေးနှစ်ကောင်က အဲဒီမိုင်းကွင်းပေါ်မှာပဲ ပွဲချင်းပြီးတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေလည်းရှိသေးတယ်ဗျ” လို့ BHA က တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲခံရပြီး […]

အပြည့်အစုံဖတ်ရန်

အာဆီယံဘုံသဘောတူညီချက်တွေလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက နိုင်ငံတကာသံတမန်တွေကို ရှင်းပြ

July 7, 2023

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း) စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနဟာ မနေ့က ရန်ကုန်မြို့မှာ နိုင်ငံတကာသံတမန်တွေကိုခေါ်ယူတွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားမှုအစီအစဉ်ကို ရန်ကုန်မြို့အခြေစိုက်သံတမန်တွေနဲ့ ကုလသမဂ္ဂဋ္ဌာနေကိုယ်စားလှယ်တို့ကို ခေါ်ယူတွေ့ဆုံကာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသိန်းဆွေက အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နေတယ်လို့လည်းထည့်သွင်းပြောခဲ့တယ်လို့ဆိုပါတယ်။ အာဆီယံတူညီဆန္ဒငါးချက်ဖော်ဆောင်ရာမှာ အရေးကြီးဆုံးအချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုများရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေကျင်းပရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေးတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ထည့်သွင်းပြောခဲ့တာပါ။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ထဲက အချက်တစ်ခုဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးဆိုတဲ့အချက်ကိုတော့ သူ့အနေနဲ့ထည့်သွင်းပြောခဲ့တာ မရှိခဲ့ပါဘူး။ ဒါ့အပြင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တွေကိုလည်း အဖျက်အမှောင့်လုပ်ငန်းတွေ၊ အကြမ်းဖက်မှုတွေလုပ်ဆောင်နေပြီး စစ်ကောင်စီရဲ့ […]

အပြည့်အစုံဖတ်ရန်

ဆဲဗင်းဇူလိုင် မမေ့နိုင်

July 7, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၇ (မော်ကွန်း) ၆၁ နှစ်ပြည့် ဆဲဗင်းဇူလိုင်အထိမ်းအမှတ် ဒီနေ့မှာ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း(OCTOPUS)အဖွဲ့က ရန်ကုန်မြို့တစ်နေရာမှာ “ဆဲဗင်းဇူလိုင်းစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ” ဆိုတဲ့ စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်တွန်းလှုံဆော်မှုတစ််ခုပြုလုပ်ခဲ့ပါတယ်။ “ဒီနေ့ ၆၁ နှစ်မြောက်(ဆဲဗင်းဇူလိုင်)နေ့မှာ ကျောင်းသားထုကိုလေးစားဦးညွှတ်တဲ့အနေနဲ့အခုလိုချိတ်ဆွဲခဲ့တာဖြစ်ပါတယ်လို့” OCTOPUS အဖွဲ့ရဲ့ ဥက္ကဌ ကပြောပါတယ်။ ဆဲဗင်းဇူလိုင်အရေးတော်ပုံဟာ စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းအစိုးရကို တော်လှန်ဆန့်ကျင်ခဲ့တဲ့ ပထမဦးဆုံးကျောင်းသားလှုပ်ရှားမှုဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး မတ်လ ၉ ရက်မှာ တက္ကသိုလ်အက်ဥပဒေကိုဖျက်သိမ်းကာ စစ်အစိုးရရဲ့ တင်းကြပ်တဲ့အဆောင်စည်းကမ်းတွေကို ဆန့်ကျင်ဆန္ဒပြလာရာကနေ ဇူလိုင် ၇ ရက်မှာ ဗိုလ်ချုပ်နေဝင်းစစ်အစိုးရက ကျောင်းသားထုကိုစတင်အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ ဗိုလ်ချုပ်နေဝင်းရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ ရာနဲ့ချီသေဆုံးခဲ့ပြီး နောက်တစ်နေ့မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကို အာဏာသိမ်းစစ်တပ်ကဗုံးခွဲဖျက်ဆီးလိုက်တယ်လို့ သမိုင်းမှတ်တမ်းတွေကဖော်ပြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီကဖမ်းသွားတဲ့ ကန့်ဘလူဒေသခံ ၁၄ ဦး အသက်အန္တရာယ်စိုးရိမ်ရ

July 7, 2023

စစ်ကိုင်း – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဒေသခံပြည်သူ ၆၀ ဦးထဲက ၁၄ ဦး ဒီနေ့အထိပြန်မလွတ်သေးတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “နှိပ်စက်ခံရတယ်လို့ ပြန်ကြားရတာပဲ၊ အသေးစိတ် သိဖို့တော့ မလွယ်ဘူးဖြစ်နေတာ။ ချောင်းခြားရွာအနီး ၁၂ ယောက်ဖမ်းခံရတဲ့ထဲက အမျိုးသား ငါးယောက်ကျန်တယ်။ အဲဒီငါးယောက်ထဲက တစ်ယောက်သေဆုံးသွားပြီလို့ကြားနေရတယ်။ သတင်းကတော့ အတည်ပြုမရသေးဘူး။ အမျိုးသားတွေပဲကျန်တေယ်လို့ သိရပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတာပေါ့” လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံ ၆၀ ဦးမှာ အင်းမရွာက ၁၂ ဦးနဲ့ မိဿလင်ကုန်းက ၄၈ ဦးဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံပျူစောထီးအဖွဲ့တွေက အခုလ ၄ ရက်နဲ့ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ ဆားလင်းကြီး ပုသိမ်-မုံရွာလမ်းဘေးကျေးရွာများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်နေကြရ

July 6, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းကျေးရွာတွေဟာ အခုညမှာ အာဏာသိမ်းစစ်တပ်ဝင်ရောက်လာလို့ ထွက်ပြေးနေကြရပါတယ်။ ဇူလိုင် ၅ ရက် ည ၁၀း၀၀ နာရီလောက်ကတည်းက မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်ကားတွေဟာ ချင်းတွင်းတံတားကိုဖြတ်ပြီး ဝင်ရောက်လာတာလို့ ဒေသခံတွေဆီကသိရပါတယ်။ “မုံရွာ နမခက ခွေးကားတွေ မလာခင် ခရိုင်ရဲတပ်ရင်း(၂၈)က ရခတွေကအရင် ကင်းပုန်းဝတ်တာဗျ။ယင်းမာပင်မြို့နယ်၊ အောင်မိုးရွာအနီးပေါ့ဗျာ။ မကြာပါဘူး နမခကခွေးကား သုံးစီးက ပုသိမ်-မုံရွာလမ်းအတိုင်းတောင်ကိုမောင်းလာတော့တာပဲ။ အဲဒီသတင်းကြားတော့ တာဝန်ရှိသူတွေက လမ်းဘေးဝဲယာရှိကျေးရွာတွေကို ရှောင်ခိုင်းတော့တာပဲ။ အချို့လည်း ကြားကြားချင်း ရှောင်ကြတယ်။ အချို့ကတော့ ရဲတပ်ရင်းအနီးက လက်နက်ကြီးတွေထုမှထွက်ကြတာ ညသန်းခေါင်ကျော်နေပြီလေ။ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခများလှပြီလို့” ဒေသတွင်းစစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ပုသိမ် – မုံရွာလမ်းဘေးရွာတွေက […]

အပြည့်အစုံဖတ်ရန်

ဗဟန်းကလူနှစ်ဦးကို အကြောင်းပြချက်မဲ့ဖမ်းဆီး

July 6, 2023

ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၆ (မော်ကွန်း) မနေ့ညက ဗဟန်းမြို့နယ်နေထိုင်သူနှစ်ဦးကို ရဲတပ်ဖွဲ့ကအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့ည ၉:၄၅ နာရီလောက်က ဆရာစံမြောက်အနောက်ရပ်ကွက်၊ သီရိဂုဏ်ရည်ခြံထဲကတစ်ယောက်၊ မြို့ပတ်လမ်းအပိုင်း ၃ က တစ်ယောက်၊ စုစုပေါင်း နှစ်ယောက်ဖမ်းခံလိုက်ရတာပါ။” လို့ ဗဟန်းမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။ ဧည့်စာရင်းဝင်စစ်ရင်းအဖမ်းခံရတာမဟုတ်ဘဲ မှုခင်းရဲတပ်ဖွဲ့မှ အိမ်စီးကားသုံးစီး၊ ဗဟန်းရဲစခန်းမှ အင်အား ၁၀ ဦးအပါ မီးတန်းမော်တော်ယာဉ်တစ်စီးနဲ့ လိပ်စာအတိအကျသတင်းရပြီး ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကိုဘာအမှုနဲ့ဖမ်းဆီးထားလည်းဆိုတာတော့မသိရသေးပါဘူး။ အခုချိန်ထိတော့ပြန်မလွတ်သေးဘူးလို့သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်ညပိုင်းလောက်မှာ ဗဟန်းမြို့နယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဦးစီးဌာနတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာပါ။ ရန်ကုန်ကမြို့နယ်အချို့မှာ တစ်ပြိုင်နက်တည်းဗုံးခွဲတိုက်ခိုက်တွေဖြစ်ပွါးခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုတွေကို Anonymous Freedom Fighter Force – AFF ကဦးဆောင်ပြီး Freeland Attack Force- FLA၊ […]

အပြည့်အစုံဖတ်ရန်
1 … 115 116 117 118 119 120 121 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."